fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆိပ် အတောက်တွေ ထွက်သွားအောင် ဘာတွေ လုပ်သင့်သလဲ????

72
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/03/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ခႏၶာကိုယ္မွာ ရွိေနတဲ့ အဆိပ္ အေတာက္ေတြ ထြက္သြားေအာင္ ဘာေတြ လုပ္သင့္သလဲ????

အခုရက္ပိုင္း social media မွာ Detox (detoxification) လို႔ေခၚတဲ့ ခႏၶာကိုယ္ က အဆိပ္အေတာက္ ေတြ စြန႔္ထုတ္ေပးတဲ့ နည္းလမ္းမ်ိဳးစုံေတြ ေပၚလာပါတယ္။ တခ်ိဳ႕ က မွန္သလို တခ်ိဳ႕ က်ေတာ့ လည္း လိုက္ လုပ္ရင္ သိပ္ၿပီးထူးထူးျခားျခား အက်ိဳး အာနိသင္ေတြ သိပ္မရွိပါဘူး။ ပိုက္ဆံကုန္ အခ်ိန္ကုန္ခံ ၿပီး အက်ိဳးမရွိျပန္ ရင္ လည္း အခ်ည္းႏွီး ျဖစ္မွာ စိုးတာ နဲ႔ အာဟာရဆိုင္ရာ ဘက္ကေန ဘယ္လို စားေသာက္ ေနထိုင္သြားရင္ ခႏၶာကိုယ္ ရဲ႕ အဆိပ္အေတာက္ေတြ ကို ထုတ္ေပးသလို ျဖစ္ေစလဲ ဆိုတာေတြ ကို ေဖာ္ျပေပးခ်င္ပါတယ္။

ပထမဆုံး အေနနဲ႔ အဆိပ္အေတာက္ ဆိုတာဘာေတြလဲ။ ကြၽန္ေတာ္ တို႔ ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာ ေတြထဲ မွာ အသားငါး ေတြ အျပင္ အဲ့ဒီ အသား ငါးေတြ ကို ကင္တာ ေၾကာ္တာ အခ်ဥ္ေဖာက္ တာ စသျဖင့္ နည္းမ်ိဳးစုံ နဲ႔ လုပ္စား ခ်က္စားလာၾကပါတယ္။

အသားေတြ စားရင္ protein ရရွိပါတယ္။ protein က ခႏၶာကိုယ္ ထဲ မွာ လို အပ္တဲ့ေနရာ မွာ အဆင့္ဆင့္သုံးစြဲ ေျပာင္းလဲ ၿပီး ေနာက္ဆုံး အသုံးမလိုေတာ့ တဲ့ ပိုလွ်ံေနတဲ့ protein ဓါတ္ေတြဟာ နာက္ဆုံး စြန႔္ပစ္ ပစၥည္း အေနနဲ႔ Urea (ယူရီးယား) ဆိုၿပီး ထြက္လာပါတယ္။ အဲ့ဒီ့ ယူရီးယားကို ဆီးကေန တဆင့္ ျပန္ထုတ္ေပးရပါတယ္။ ဒါက ေတာ့ ဇီဝ ကမၼ ျဖစ္စဥ္အရ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ က လုပ္ေပးေနတာပါ။

ေနာက္တစ္ခု ေတာ့ အသားေတြ ငါးေတြ ကို တာရွည္ခံေအာင္ ယမ္းစိမ္းလို႔ေခၚတဲ့ nitrosamines ေတြ ထပ္ထည့္ၾကပါတယ္။ အဲ့ဒီ ဓါတ္ပစၥည္းေတြ ကလည္း ခႏၶာကိုယ္ အတြက္ အဆိပ္တစ္မ်ိဳးလို႔ ေျပာလို႔ရပါတယ္။ ကင္ဆာ ျဖစ္ပြားေစႏိုင္ပါတယ္။ ေနာက္ၿပီး သဘာဝ မဟုတ္ဘဲ အေရာင္ဆိုးထားတဲ့ အစားအစာ ေတြ အသီးအႏွံ ေတြ အေရာင္လွ ေအာင္ ေဆးဆိုးထားတာေတြ စားမိျပန္ရင္လည္း အဆိပ္ အေတာက္ေတြ ျဖစ္တဲ့ အတြက္ အသည္းကို ထိခိုက္ေစျပန္ပါတယ္။

ေနာက္ၿပီး အသားေတြ ကင္စားတဲ့ အခါ မီးကြၽမ္းသြားတဲ့ အပိုင္းေတြ စားမိတဲ့ အခါမွာ ကင္ဆာ ျဖစ္ေစႏိုင္တဲ့ အျပင္ ထပ္ခါထပ္ခါ ေၾကာ္ထားတဲ့ ဆီ နဲ႔ေၾကာ္ထားတဲ့ ဆီေၾကာ္ေတြ စားမိျပန္ရင္လည္း trans fat လို႔ ေခၚတဲ့ ေျပာင္းလဲ ဆီေတြ စားမိတဲ့ အတြက္ ေသြးတြင္းဂကိုလက္စထေရာ တက္တာ၊ ႏွလုံးေသြးေၾကာက်ဥ္းတာ စတာေတြပါ ျဖစ္တတ္ပါတယ္။

ဒီလိုမ်ိဳး အစားအစာမ်ိဳးစုံ ကေန ကြၽန္ေတာ္တို႔ကို နည္းမ်ိဳးစုံ အႏၲရာယ္ေပးေနတဲ့ အတြက္ ကြၽန္ေတာ္တို႔ ဘက္ကလည္း ျပန္လည္ ခုခံေပးဖို႔လိုအပ္ပါတယ္။ လုပ္ေပးဖို႔ကေတာ့ လြယ္ပါတယ္ အစားအေသာက္ ကို ေသခ်ာေလး စားေပးဖို႔ပါပဲ။ဒါေပမယ့္ မွန္ကန္တဲ့ နည္းလမ္းကို အသုံးျပဳဖို႔လိုပါတယ္။

အသီးအ႐ြက္ ကို လတ္လတ္ဆတ္ဆတ္ စားပါ။ အသီးကိုလွီးၿပီး တစ္ေနကုန္ေရစိမ္ေသာက္တာ က မွန္ကန္တဲ့ နည္းလမ္းတစ္ခု မဟုတ္ပါဘူး။ ေရစိမ္ထားေတာ့ အခ်ဥ္ေဖာက္ သလိုျဖစ္လာမယ္။ ၿပီးေတာ့ ထည့္ထားတဲ့ ေရ လွီးလိုက္တဲ့ အသုံးမေဆာင္ပစၥည္းေတြ က မသန႔္ျပန္ရင္လည္း ဘတ္တီးရီးယား ပိုးမႊားေတြ ေပါက္လာႏိုင္ၿပီး Detox မျဖစ္တဲ့ အျပင္ ေရာဂါ ပါ ပိုေစႏိုင္ပါတယ္။

ဒါဆိုရင္ အသီး ဘယ္ေလာက္ စားေပးရမလဲ ဆိုေတာ့ ပန္းသီး၊ လိေမၼာ္သီး၊ ပန္းသစ္ေတာ္၊ မာလကာသီး လိုမ်ိဳး အလုံးႀကီး မ်ိဳး ဆိုရင္ ၂ လုံးေလာက္ ေန႔စဥ္ ပုံမွန္စားေပးသင့္ပါတယ္။ ဆီးခ်ိဳေရာဂါ ရွိတဲ့ သူေတြ အေနနဲ႔ ကေတာ့ သက္ဆိုင္ရာ ဆရာဝန္နဲ႔ ေဆြးေႏြး တိုင္ပင္ၿပီး မိမိ တစ္ေန႔ ဘယ္ေလာက္စားလို႔ရလဲ ဆိုတာ တြက္ခ်က္ၿပီးမွ စားသင့္ပါတယ္။

သစ္သီး ေတြ ကို ေဖ်ာ္ေသာက္လည္း အဆင္ေျပပါတယ္။ ဒါေပမယ့္ လတ္လတ္ဆတ္ဆတ္ ေဖ်ာ္ေသာက္ေပးတာ အေကာင္းဆုံးပါ။ သၾကား အမ်ားႀကီး မထည့္သင့္ပါဘူး။

အ႐ြက္ မ်ားမ်ား စားေပးပါ။ အ႐ြက္ ေတြ ကလည္း အခုေနာက္ပိုင္း ပိုးသတ္ေဆးေတြ ဓါတ္ေျမၾသဇာ ေတြ အမ်ားႀကီး သုံးလာတဲ့ အတြက္ ေသခ်ာ ေဆးေပးဖို႔လိုပါတယ္။ ဘယ္လို ေဆးသင့္လဲ ဆိုေတာ့ ေရ သုံးထပ္ အနည္းဆုံးေဆး ၿပီး မိနစ္ သုံးဆယ္ ခန႔္ ေရစိမ္ ထားပါ။ ဒါကေတာ့ အလြယ္ဆုံး နည္းလမ္းပါ။

ေနာက္တနည္း ကေတာ့ ရွာလကာရည္ ကို ေရေရာ ၿပီး ေဆးေပးလည္းရပါတယ္။ အမ်ားသိထားတဲ့ အတိုင္း အ႐ြက္ေတြ က အစိမ္းစားမွ လိုအပ္တဲ့ ဗီတာမင္ ႏွင့္ သတၱဳ ဓါတ္ေတြ ရမွာ ျဖစ္တဲ့ အတြက္ ပိုးသတ္ေဆး ႏွင့္ ဓါတ္ေျမၾသဇာ အႏၲရာယ္ မျဖစ္ေအာင္ ေသခ်ာေဆးေၾကာေပးဖို႔ လိုအပ္ပါတယ္။

အ႐ြက္သုတ္ စားတာမ်ိဳး၊ ေဖ်ာ္ရည္ လုပ္ေသာက္တာ မ်ိဳး ေတြ ကေတာ့ ပါဝင္သမွ် ဗီတာမင္ႏွင့္ သတၱဳ ဓါတ္ေတြ အကုန္ရႏိုင္ပါတယ္။ ျပဳတ္စား ေၾကာ္စား လိုက္ရင္ေတာ့ ဗီတာမင္ သတၱဳ ဓါတ္ေတြ မရေတာ့ေပမယ့္ အမွ်င္ဓါတ္ေတြ အမ်ားႀကီး ရလို႔ ဝမ္းမွန္ေစၿပီး အူလမ္းေၾကာင္း ကို ရွင္းေစကာ အူမႀကီး ကင္ဆာ ေရာဂါေတြ ကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

အခုေဖာ္ျပ တဲ့ နည္းလမ္းေတြ က Detox လုပ္တဲ့ နည္းလမ္းေတြပါပဲ။ သတိထားမိပါသလား Detox လုပ္ဖို႔ အတြက္ သီးသန႔္ နည္းလမ္းေတြ လည္း မလိုပါဘူး။ သီးသန႔္ ေဈးႀကီးတာေတြ လည္း မစားသင့္ပါဘူး။ မိမိစားေနၾက ပုံစံ ကို စနစ္တက် နဲ႔ နည္းမွန္လမ္းမွန္ ျပင္ဆင္ စားသုံးေပးဖို႔ပဲ လို အပ္တာပါ။

ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္

ခန္ဓာကိုယ်မှာ ရှိနေတဲ့ အဆိပ် အတောက်တွေ ထွက်သွားအောင် ဘာတွေ လုပ်သင့်သလဲ????

အခုရက်ပိုင်း social media မှာ Detox (detoxification) လို့ခေါ်တဲ့ ခန္ဓာကိုယ် က အဆိပ်အတောက် တွေ စွန့်ထုတ်ပေးတဲ့ နည်းလမ်းမျိုးစုံတွေ ပေါ်လာပါတယ်။ တချို့ က မှန်သလို တချို့ ကျတော့ လည်း လိုက် လုပ်ရင် သိပ်ပြီးထူးထူးခြားခြား အကျိုး အာနိသင်တွေ သိပ်မရှိပါဘူး။ ပိုက်ဆံကုန် အချိန်ကုန်ခံ ပြီး အကျိုးမရှိပြန် ရင် လည်း အချည်းနှီး ဖြစ်မှာ စိုးတာ နဲ့ အာဟာရဆိုင်ရာ ဘက်ကနေ ဘယ်လို စားသောက် နေထိုင်သွားရင် ခန္ဓာကိုယ် ရဲ့ အဆိပ်အတောက်တွေ ကို ထုတ်ပေးသလို ဖြစ်စေလဲ ဆိုတာတွေ ကို ဖော်ပြပေးချင်ပါတယ်။

ပထမဆုံး အနေနဲ့ အဆိပ်အတောက် ဆိုတာဘာတွေလဲ။ ကျွန်တော် တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာ တွေထဲ မှာ အသားငါး တွေ အပြင် အဲ့ဒီ အသား ငါးတွေ ကို ကင်တာ ကြော်တာ အချဉ်ဖောက် တာ စသဖြင့် နည်းမျိုးစုံ နဲ့ လုပ်စား ချက်စားလာကြပါတယ်။

အသားတွေ စားရင် protein ရရှိပါတယ်။ protein က ခန္ဓာကိုယ် ထဲ မှာ လို အပ်တဲ့နေရာ မှာ အဆင့်ဆင့်သုံးစွဲ ပြောင်းလဲ ပြီး နောက်ဆုံး အသုံးမလိုတော့ တဲ့ ပိုလျှံနေတဲ့ protein ဓါတ်တွေဟာ နာက်ဆုံး စွန့်ပစ် ပစ္စည်း အနေနဲ့ Urea (ယူရီးယား) ဆိုပြီး ထွက်လာပါတယ်။ အဲ့ဒီ့ ယူရီးယားကို ဆီးကနေ တဆင့် ပြန်ထုတ်ပေးရပါတယ်။ ဒါက တော့ ဇီဝ ကမ္မ ဖြစ်စဉ်အရ ကျွန်တော်တို့ ခန္ဓာကိုယ် က လုပ်ပေးနေတာပါ။

နောက်တစ်ခု တော့ အသားတွေ ငါးတွေ ကို တာရှည်ခံအောင် ယမ်းစိမ်းလို့ခေါ်တဲ့ nitrosamines တွေ ထပ်ထည့်ကြပါတယ်။ အဲ့ဒီ ဓါတ်ပစ္စည်းတွေ ကလည်း ခန္ဓာကိုယ် အတွက် အဆိပ်တစ်မျိုးလို့ ပြောလို့ရပါတယ်။ ကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။ နောက်ပြီး သဘာဝ မဟုတ်ဘဲ အရောင်ဆိုးထားတဲ့ အစားအစာ တွေ အသီးအနှံ တွေ အရောင်လှ အောင် ဆေးဆိုးထားတာတွေ စားမိပြန်ရင်လည်း အဆိပ် အတောက်တွေ ဖြစ်တဲ့ အတွက် အသည်းကို ထိခိုက်စေပြန်ပါတယ်။

နောက်ပြီး အသားတွေ ကင်စားတဲ့ အခါ မီးကျွမ်းသွားတဲ့ အပိုင်းတွေ စားမိတဲ့ အခါမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ အပြင် ထပ်ခါထပ်ခါ ကြော်ထားတဲ့ ဆီ နဲ့ကြော်ထားတဲ့ ဆီကြော်တွေ စားမိပြန်ရင်လည်း trans fat လို့ ခေါ်တဲ့ ပြောင်းလဲ ဆီတွေ စားမိတဲ့ အတွက် သွေးတွင်းဂကိုလက်စထရော တက်တာ၊ နှလုံးသွေးကြောကျဉ်းတာ စတာတွေပါ ဖြစ်တတ်ပါတယ်။

ဒီလိုမျိုး အစားအစာမျိုးစုံ ကနေ ကျွန်တော်တို့ကို နည်းမျိုးစုံ အန္တရာယ်ပေးနေတဲ့ အတွက် ကျွန်တော်တို့ ဘက်ကလည်း ပြန်လည် ခုခံပေးဖို့လိုအပ်ပါတယ်။ လုပ်ပေးဖို့ကတော့ လွယ်ပါတယ် အစားအသောက် ကို သေချာလေး စားပေးဖို့ပါပဲ။ဒါပေမယ့် မှန်ကန်တဲ့ နည်းလမ်းကို အသုံးပြုဖို့လိုပါတယ်။

အသီးအရွက် ကို လတ်လတ်ဆတ်ဆတ် စားပါ။ အသီးကိုလှီးပြီး တစ်နေကုန်ရေစိမ်သောက်တာ က မှန်ကန်တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါဘူး။ ရေစိမ်ထားတော့ အချဉ်ဖောက် သလိုဖြစ်လာမယ်။ ပြီးတော့ ထည့်ထားတဲ့ ရေ လှီးလိုက်တဲ့ အသုံးမဆောင်ပစ္စည်းတွေ က မသန့်ပြန်ရင်လည်း ဘတ်တီးရီးယား ပိုးမွှားတွေ ပေါက်လာနိုင်ပြီး Detox မဖြစ်တဲ့ အပြင် ရောဂါ ပါ ပိုစေနိုင်ပါတယ်။

ဒါဆိုရင် အသီး ဘယ်လောက် စားပေးရမလဲ ဆိုတော့ ပန်းသီး၊ လိမ္မော်သီး၊ ပန်းသစ်တော်၊ မာလကာသီး လိုမျိုး အလုံးကြီး မျိုး ဆိုရင် ၂ လုံးလောက် နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။ ဆီးချိုရောဂါ ရှိတဲ့ သူတွေ အနေနဲ့ ကတော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ပြီး မိမိ တစ်နေ့ ဘယ်လောက်စားလို့ရလဲ ဆိုတာ တွက်ချက်ပြီးမှ စားသင့်ပါတယ်။

သစ်သီး တွေ ကို ဖျော်သောက်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် လတ်လတ်ဆတ်ဆတ် ဖျော်သောက်ပေးတာ အကောင်းဆုံးပါ။ သကြား အများကြီး မထည့်သင့်ပါဘူး။

အရွက် များများ စားပေးပါ။ အရွက် တွေ ကလည်း အခုနောက်ပိုင်း ပိုးသတ်ဆေးတွေ ဓါတ်မြေသြဇာ တွေ အများကြီး သုံးလာတဲ့ အတွက် သေချာ ဆေးပေးဖို့လိုပါတယ်။ ဘယ်လို ဆေးသင့်လဲ ဆိုတော့ ရေ သုံးထပ် အနည်းဆုံးဆေး ပြီး မိနစ် သုံးဆယ် ခန့် ရေစိမ် ထားပါ။ ဒါကတော့ အလွယ်ဆုံး နည်းလမ်းပါ။

နောက်တနည်း ကတော့ ရှာလကာရည် ကို ရေရော ပြီး ဆေးပေးလည်းရပါတယ်။ အများသိထားတဲ့ အတိုင်း အရွက်တွေ က အစိမ်းစားမှ လိုအပ်တဲ့ ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ရမှာ ဖြစ်တဲ့ အတွက် ပိုးသတ်ဆေး နှင့် ဓါတ်မြေသြဇာ အန္တရာယ် မဖြစ်အောင် သေချာဆေးကြောပေးဖို့ လိုအပ်ပါတယ်။

အရွက်သုတ် စားတာမျိုး၊ ဖျော်ရည် လုပ်သောက်တာ မျိုး တွေ ကတော့ ပါဝင်သမျှ ဗီတာမင်နှင့် သတ္တု ဓါတ်တွေ အကုန်ရနိုင်ပါတယ်။ ပြုတ်စား ကြော်စား လိုက်ရင်တော့ ဗီတာမင် သတ္တု ဓါတ်တွေ မရတော့ပေမယ့် အမျှင်ဓါတ်တွေ အများကြီး ရလို့ ဝမ်းမှန်စေပြီး အူလမ်းကြောင်း ကို ရှင်းစေကာ အူမကြီး ကင်ဆာ ရောဂါတွေ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အခုဖော်ပြ တဲ့ နည်းလမ်းတွေ က Detox လုပ်တဲ့ နည်းလမ်းတွေပါပဲ။ သတိထားမိပါသလား Detox လုပ်ဖို့ အတွက် သီးသန့် နည်းလမ်းတွေ လည်း မလိုပါဘူး။ သီးသန့် ဈေးကြီးတာတွေ လည်း မစားသင့်ပါဘူး။ မိမိစားနေကြ ပုံစံ ကို စနစ်တကျ နဲ့ နည်းမှန်လမ်းမှန် ပြင်ဆင် စားသုံးပေးဖို့ပဲ လို အပ်တာပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Previous Post

အားဖြည့်ဆန်ဆိုတာဘာလဲ????

Next Post

သင်တနေ့တာ လိုအပ်တဲ့ အမျှင်ဓါတ် ပြည့်ဝရဲ့လား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်တနေ့တာ လိုအပ်တဲ့ အမျှင်ဓါတ် ပြည့်ဝရဲ့လား

Shock ရှိတဲ့ မေးခွန်းများ

ကြက်ညှာချောင်းဆိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.