ဓမ္မပဒ၊ အဂ္ဂကထာ(၄)၊ ပုဗ္ဗဝင်္ဂ၊ ဝိသာခါသတ္ထုအဆိုအရ ကောင်းခြင်းငါးဖြာဟူသည် ဆံပင်၏ကောင်း ခြင်း၊ အသားကောင်းခြင်း၊ အရိုးကောင်းခြင်း၊ အရေကောင်းခြင်း၊ အရွယ်ကောင်းခြင်းတို့ဖြစ်ပေသည်။
ဆံပင်၏ ကောင်းခြင်းဆိုသည်မှာ ဆံပင်သည် ဒေါင်းမြီးတိုစည်းနှောင်ထားဘိသကဲ့သို့ ညီညွှတ်ခြင်း၊ ဆံ ပင်၏အရောင်အဆင်း သန့်ရှင်းတောက်ပလျှက်မည်းနက်ခြင်း၊ ထွေးယှက်လိမ်ကောက်ခြင်း၊ ပကတိအားဖြင့်ဆံ ပင်တို့သည် ရနံ့သင်းပျံ့ခြင်း၊ ဆံပင်ကိုဖြန့်၍ချသည်ရှိသော် ခြေဖနောင့်အထိ ရှည်လျား၍မြေသို့ မထိဘဲသားလှီး ဓားကဲ့သို့ ကော့ညွတ်ပြီးတက်နေခြင်းတို့ပင်ဖြစ်သည်။
အသား၏ကောင်းခြင်းဆိုသည်မှာ ဆေးမဆိုးတဲ့ နီမြန်းသော နှုတ်ခမ်းရှိခြင်း၊ ထက်အောက်နှုတ်ခမ်းတို့ သည်ကောင်းစွာစေ့စပ်သည်ဖြစ်၍ ထိ၍နေခြင်း၊ ခြေဖဝါးတို့သည် ချိတ်ရည်ဖြင့် တည်သကဲ့သို့ နီမြန်းနေခြင်းတို့ သည် အသား၏ ကောင်းခြင်းဖြစ်၏။
အရိုး၏ ကောင်းခြင်းဆိုသည်မှာ သွားတို့သည် မခေါ၊ မပေါ်၊ မစိပ်၊ မကြဲ ပုလဲကို စီထားသကဲ့သို့ရှိခြင်း၊ အနိမ့်အမြင့်မရှိ ပကတိညီညွှတ်ခြင်း၊ အရိုးအဆက်တို့သည် ပြေပြစ်ချောမွေ့မှုရှိခြင်းတို့ ပင်ဖြစ်သည်။
အရေ၏ ကောင်းခြင်းဆိုသည်မှာ မည်းသော ညီသော အဆင်းရှိ အမျိုးသမီးတွင် ညိုသည်ဖြစ်စေ၊ မတွန့်မလိမ်သော ကိုယ်ရေရှိခြင်း၊ ချောမောပြေပြစ်ခြင်း၊ ကြာညိုပွင့်နှင့် တူသောအဆင်းရှိခြင်း၊ လိမ်းကျံခြယ် လှယ်ခြင်းမရှိဘဲ ပကတိအသားအရောင်ကောင်းခြင်းဖြစ်သည်။
အရွယ်၏ ကောင်းခြင်းဆိုသည်မှာ သားဆယ်ယောက်ပင် ဖွားမြင်သော်လည်း သားတစ်ကြိမ်သာ ဖွား သကဲ့သို့ အရေအဆင်းယုတ်လျော့ပျက်စီးခြင်းမရှိ အသက်အရွယ်ကြီးသည့်တိုင်အောင် ပျိုမျစ်နုနယ်နေခြင်းမျိုး ကို ဆိုလိုသည်။
Author – Mg Lu Chaw