၎) အကြောင်းအမျိုးမျိုးကြောင့် စွပ်ထားတဲ့ သွားတုတွေ ဟ လာရင်လည်း အတွင်းထဲက နဂိုသွားတွေက အထက်ပါအခြေအနေ ဖြစ်လာနိုင်ပါတယ်။
၈) လက်သည်းကိုက်ခြင်း
၉) ကွမ်းစားခြင်း
၎) သွားပိုးစားတာ ၊ သွားဖုံးရောဂါတွေကို ကုသရမယ်
Dr. Moe Wai (မိုးပုလဲ)
>>> ??လူအများစုသတိမထားမိတဲ့ သွားအခြေနေရာတွေပျက်စီးခြင်း?? <<<
?သွားနဲ့သွားဖုံး ထိစပ်နေတဲ့နေရာတွေ တဖြည်းဖြည်းချင်း ပျက်စီးသွားတဲ့ ပြဿနာက ချက်ချင်းတော့ မသိသာပါဘူး။
?ရေရှည်မှာ သွားတွေကျဉ် ၊ သွားကိုက် ၊ သွားပိုးစားလာနိုင်ပြီး သွားတွေလည်း လှပမှု မရှိနိုင်တော့ပါဘူး။
အဓိက ဖြစ်ရတဲ့ အကြောင်းရင်းက
၁) သွားတိုက်တာ ပုံစံမကျခြင်း ၊ ကြမ်းကြမ်းတမ်းတမ်း သွားတိုက်ခြင်း
၂) သွားတိုက်တံအမွှေး မာကျောလွန်းခြင်းတွေကြောင့် ဖြစ်နိုင်သလို
၃) သွားတိုက်ဆေးအပြင်းစားတွေကို ရေရှည်သုံးမိလို့လည်း ဖြစ်နိုင်ပါတယ်။
၄) အကြောင်းအမျိုးမျိုးကြောင့် စွပ်ထားတဲ့ သွားတုတွေ ဟ လာရင်လည်း အတွင်းထဲက နဂိုသွားတွေက အထက်ပါအခြေအနေ ဖြစ်လာနိုင်ပါတယ်။
၅) သက်တမ်းလွန် အံကပ်တွေကို မပြုပင်ပဲ ဆက်လက်အသုံးပြုနေခြင်း
၆) သွားပိုးစားတာကြောင့်လည်း ဖြစ်တတ်ပါတယ်။
၇) နှစ်နဲ့ချီပြီး သွားဖုံးတွေမကောင်းခြင်း
၈) လက်သည်းကိုက်ခြင်း
၉) ကွမ်းစားခြင်း
၁၀) အချိုအချဉ်ပြင်းတဲ့ အစားအသောက်တွေ အလွန်းအကျူးစားသုံးခြင်း
၁၁) နှုတ်ခမ်းမှာ အပေါက်ဖောက်ခြင်း
၁၂) သွားကြားထိုးတံတွေကြောင့်လည်း အထက်ပါ အခြေအနေ ဖြစ်လာတတ်ပါတယ်။
ကုသမှုပုံစံကတော့ ဖြစ်ရတဲ့အကြောင်းရင်းပေါ် မူတည်ပြီး ကွာခြားပါလိမ့်မယ်။ ဖြစ်နေတဲ့နေရာကို ကုသဖို့ထက် နောက်ထပ်ပိုပြီးဆိုးမလာအောင် ဂရုစိုက်ဖို့က ပိုအရေးပါပါတယ်။
၁) စနစ်မှန်တဲ့ သွားတိုက်နည်းကိုကျင့်သုံးရမယ်
၂) သွားတိုက်တံပျော့ပျော့ အသုံးပြုရမယ်
၃) သွားအစွပ် ၊ အံကပ်တွေမကောင်းတော့ရင် အသစ်ပြန်လဲရမယ်
၄) သွားပိုးစားတာ ၊ သွားဖုံးရောဂါတွေကို ကုသရမယ်
သွားအခြေတွေပျက်စီးနေတဲ့နေရာတွေကိုတော့ သွားဆေးခန်းမှာ သွားဖာတာပဲဖြစ်ဖြစ် ၊ အခြားသင့်တော်တဲ့ကုသမှု ၁ခုခု ခံယူရပါလိမ့်မယ်။
Dr. Moe Wai (မိုးပုလဲ)