စကားပြောဆိုရာတွင် ချောချောမွတ်မွတ် ပြောဆိုနေနိုင်နေရင် အမှုမဲ့အမှတ်မဲ့ပါပဲ။ အဆင်မပြေဖြစ်လာမှသာ စိတ်ညစ်တတ် ကြပါတယ်။
စကားပြောအဆင်မပြေဘူးဆိုတာ စကားထစ်တာလည်းပါမယ်။ နာမည်တွေပဲ မခေါ်တတ်တာလည်းပါမယ်။ သူများဘာပြော တာလဲ မသိတာပါမယ်။ သူများပြောတာနားလည်ပြီး ပြန်မပြောတတ်တာလည်းပါမယ်။ ထပ်တလဲ လဲရွတ်ဆိုလို့မရတာပါမယ်။ စကားမပီတာပါမယ်။ စကားသံအနိမ့်အမြင့် မရှိတာပါမယ်။ အသံဝင်နေတာတွေပါ မယ်။ အများကြီးပါ။
စကားပြောတဲ့အခါ ကောင်းကောင်းပြန်မပြောနိုင်တာ၊ တစ်ဖက်လူပြောတာ နားမလည်တာ၊ ထပ်တလဲလဲမရွတ်နိုင်တာ၊ နာမည် မခေါ်နိုင်တာတွေက ဦးနှောက်ထဲကစကားပြောဆိုဖို့ သတ်မှတ်ထားတဲ့နေရာတွေမှာ ပြဿနာ တစ်ခုခုရှိနေလို့ပါ။ လေဖြတ် တာကြောင့် ဖြစ်တတ်ပါတယ်။ တချို့ကျတော့လည်း ဒါတွေဖြစ်နေပြီး လေဖြတ် တာကိုမသိတတ်ကြပါဘူး။ ဒါတွေက အာရုံ ကြောသမားတော်တွေနဲ့ ပြပြီးဆက်ကုရပါတယ်။
တချို့ကျ စကားမပီတာပါ။ ကလေးဘဝက လျှာခင်ကလိုတာထက် ပိုတွဲနေတတ်လို့ စကားမပီတာလည်း ရှိတတ်တယ်။ စကားပြောဖို့ လုပ်ဆောင်ပေးတဲ့ ကြွက်သားတွေ အားနည်းနေတာတွေလည်းဖြစ်တတ်တယ်။ ကြွက်သားကိုထိန်းပေးတဲ့ အာရုံကြောအားနည်း နေရင်လည်းဖြစ်တတ်တယ်။ လျှာလေး အာလေးဖြစ်တာတို့၊ လျှာလိပ်တာတို့ဆိုပြီး ပြောတတ်ကြတယ်။ အရက်သောက်တဲ့သူတွေမှာလည်း ဖြစ်နိုင်တယ်။ ဦးနှောက်နဲ့ အာရုံကြောတစ်ခုခု ပြဿနာရှိလည်း ဖြစ်နိုင်တယ်။ အဲဒါဆိုရင် လည်း အာရုံကြောသမားတော် ပြရပါတယ်။
နောက်တစ်ခုကတော့ စကားသံအနိမ့်အမြင့်မလုပ်နိုင်တာမျိုးပါ။ ဒါကကြွက်သားတွေရဲ့ ပြဿနာဖြစ်နိုင်တယ်။ စကားပြော တဲ့ကြွက်သားတွေကိုယ်တိုင် အားနည်းတဲ့ရောဂါမျိုးတွေ၊ Parkinson ရောဂါသမားတွေ ဖြစ်နိုင်ပါ တယ်။
အသံဝင်သွားတာတွေလည်း ရှိတတ်တယ်။ အသံအရမ်းအသုံးပြုသူတွေ၊ တချို့သောအလုံးအကျိတ်တွေ ဖိထား တာတွေကြောင့် လည်း ဖြစ်နိုင်တယ်။ ဘာကြောင့်ဖြစ်လဲဆိုတာကို လိုက်ရှာပြီးကုသရပါတယ်။
စကားထစ်တာတွေလည်း ရှိကြပါတယ်။ ဘာရောဂါမှမရှိဘဲ ဖြစ်နိုင်တယ်။ တချို့က ငယ်ငယ်မှာ စနောက်ရင်းစကားထစ်သ လိုပြောရင်းနဲ့ အကျင့်ပါသွားတာ၊ တချို့ကျတော့ စာဖတ်တာ၊ သီချင်းဆိုတာအကောင်း စကားပြောမှဖြစ်တာ။ အမြဲမဟုတ်ဘဲ တစ်ခါတစ်လေမှ ဖြစ်နေတာတွေလည်း ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တော့ ဦးနှောက်နဲ့အာရုံကြောဆိုင် ပြဿနာရှိ၊ မရှိရှာ ဖို့လိုပါတယ်။ ဘာမှမရှိဘဲ ဖြစ်နေခဲ့ရင်တော့ စကားပြောဆိုတာကို ပြန်လေ့ကျင့်ပေးရပါမယ်။ အသံထွက်ပြီးစာဖတ်ရမယ်၊ ဖြည်းဖြည်းမှန်မှန်ပြောရမယ်။ လောပြီးမပြောရဘူး။ ဘာကိုမှလည်း ကြောက်စရာမလိုပါဘူး။ ပြန်ကျင့်ပြီးလုပ်ပေးလု့ိရပါတယ်။ အချိန်တော့ယူ ရတတ်ပါတယ်။
Author – Dr. CST