fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

မူးယစ်ဆေးဝါးစွဲလန်းခြင်းရောဂါ

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/01/2017
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ယနေ့မြန်မာနိုင်ငံမှာတောရောမြို့ပါ မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြားဝယ်ယူရရှိနိုင်ပါတယ်။ ၂၀၁၆ ခုနစ် UNODL ရဲ့ အစီရင်ခံစာအရနိုင်ငံအသီးသီးရဲ့ မူးယစ်ဆေးဝါးသုံးစွဲမှှုနဲ့ မှုးယစ်ဆေးဝါးနဲ့ ဆက်စပ် သေဆုံးမှုများပိုမို များပြား လာတယ်လို့ သိရတယ်။ ကမ္ဘာပေါ်ရှိ လူဦးရေသန်း ၂၅၀ ဟာ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိနေပြီး အသက်အရွယ်အားဖြင့် အသက် ၁၅ နှစ်မှ ၆၄ နှစ်ကြား လူငယ်များဖြစ်ကြတယ်။

ဆေးဝါးကုသမှုနဲ့ ပတ်သက်ရင်လည်း အရှေ့တောင်အာရှဒေသမှာ ဘိန်းအမျိုးအစားဆေးဝါး၊ ဘိန်းမဲ၊ ဘိန်းဖြူကိုကုသမှု စခန်းများမှာကုသမှု ပေးနေသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်နေသလို စိတ်ကြွ ရူးသွပ်ဆေးသုံးစွဲမှု များပြားလာမှုနဲ့ ဆေးကုသမှုပေးနိုင်မှု လိုအပ်နေသေးကြောင်း ဖော်ပြထားတာတွေ့ရတယ်။

မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံရဲ့ရှေးဦးမူးယစ်အန္တရာယ် တားဆီးကာကွယ်ရေးဆောင်ရွက်စဉ် ကာလတိုင်းနဲ့ပြည်နယ် အလိုက် ဆေးစွဲမှု မှတ်ပုံတင်ထားသူ ၄၈၈၂၅ ဦးရှိခဲ့ပေမဲ့ ယနေ့ ရှစ်သောင်းကျော်ရှိနေရာ မှတ်ပုံတင်ခြင်းမရှိဘဲ ဆေးစွဲသူများအ မြောက်အမြားရှိနေပါတယ်။ ယခင်ကဘိန်းဖြူ၊ ဘိန်းမဲသာ အဓိကထား ရာမှာ ယခုအခါစိတ်ကြွ ရူးသွပ်ဆေးသုံးစွဲမှု များပြားလာတာကို သတင်းစာများမှာဖမ်းဆီးရမိတဲ့ သတင်းများအရ သိရပါတယ်။ ဟိုးယခင်ကလို ခက်ခက်ခဲခဲရှာစရာမလိုဘဲ ကော်ရှူခြင်း၊ စိတ်ကြွဆေးပြားစတာတွေဟာ လက် တစ်ကမ်းမှာရှိနေတာကလည်း မှုးယစ်ဆေးသုံးစွဲသူများ ပိုမိုများပြား လာရခြင်းပဲဖြစ်ပါတယ်။ ယခင်က ကျေးလက်ဒေသနေ ဘိန်းမဲသုံးစွဲသူများနဲ့ မြို့ကြီးတွေမှာ ဘိန်းဖြူသုံးစွဲသူနှစ်မျိုးရှိရာ စိတ်ကြွ ဆေးသုံးစွဲသူသိန်းနဲ့ ချီပြီးရှိလာပါတယ်။ မှုးယစ်ဆေးဝါး အန္တရယ်ကိုတိုက်ဖျက်ဖို့ လိုလာပြီဖြစ်တယ်။

ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ မူးယစ်ဆေးဝါးပြဿနာများကို လူငယ်ရေးရာမူဝါဒဖြစ်မြောက်ရေး အလုပ်ရုံ ဆွေးနွေးပွဲများမှ အများဆုံးဆွေးနွေးနေရပြီး လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေးနှင့်မူးယစ်ဆေးဝါး အားကစားအလုပ်အ ကိုင်ဖွံ့ဖြိုးရေးစာပေ၊ ယဉ်ကျေးမှုနဲ့အနုပညာ၊ နိုင်ငံသားကောင်း ငြိမ်းချမ်း ရေးနဲ့ဘဝလုံခြုံရေး၊ ကျား၊ မ မတူညီမျှမှုသုတေသန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့ လက္ခဏများမှ လူငယ် များရင်ဆိုင်ရတဲ့ဲပြဿနာများ၊ အခက်အခဲများကိုဖြေရှင်းဖ့ို သဘော ထားဆန္ဒများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လူငယ့်ရေးရာ မူဝါဒဖြစ်မြောက်ရေးအဖွဲ့များက စစ်တမ်းကောက်ယူလျှက် ရှိကြောင်းသိရတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ၃၇ မြို့နယ်က မြို့နယ်တာဝန်ခံလူငယ်တွေကို ခေါ်တယ်။ လူငယ်ဝါဒ ဘာလဲ ဆိုတာရှင်းပြ တယ်။ ဘယ်လိုကဏ္ဍတွေမှာ ဘယ်လိုအချက်တွေ ထည့်သွင်းသင့်တယ် ဆွေးနွေးကြတယ်။ မူးယစ်ဆေးဝါး၊ ပညာရေးနှင့် အလုပ်အကိုင် အကြီးအကျယ်ဆွေးနွေး ဖြစ်ကြတယ်လိ့ု ကိုဇော်သူရိန်ထွန်း ကဆို တယ်။

ကရင်ပြည်နယ် လူငယ်ရေးရာမူဝါဒဖြစ်မြောက်ရေး တာဝန်ခံကိုစောကျော်ခေါင်လိန်က “အဓိကဆွေး နွေးဖြစ်တာပညာ ရေးပဲ။ အလုပ်အကိုင် အခွင့်အလမ်းတို့ဖြစ်ပြီး မူးယစ်ဆေးဝါးကတော့ အဓိကတရားဥပဒေ စိုးမိုးမှုပဲဆိုတယ်၊
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာမူဝါဒဖြစ်မြောက်ရေး တာဝန်ခံကိုနေလင်းကျော်က တော်တော် များများကတော့ ပညာရေးပဲဆွေးနွေးတယ်။ သင်ရိုးညွန်တမ်းများ နိုင်ငံတကာအဆင့်မီဖို့ ဆရာတွေ အရည်အ ချင်း မြှင့်ဖို့အဓိကပြောကြတယ်။ ကျောင်းပြီး၊ အလုပ်မရတာ၊ ထိုင်းနဲ့မလေးဖက်သွားတာ မူးယစ်ဆေးဝါးနဲ့ ပတ် သက်တာတို့များတယ်လို့ ပြောကြားခဲ့တယ်။
ဆေးစွဲခြင်းဆိုတာတစ်ကမ္ဘာလုံးလက်ခံထားတဲ့ အဓိပါ္ပယ်အရဆေးတစ်မျိုးမျိုးကို ပြတ်တောင်း ပြတ်တောင်းဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ၊ သောက်သုံး၊ မှီဝဲလာရာမှာ ယင်းဆေးကိုအန္တရယ်အားဖြင့် ၎င်းစိတ်ဓာတ် အားဖြင့်၎င်း (သို့) နှစ်မျိုးစလုံး အားဖြင့် ၎င်းမှီခိုတွယ်တာမှုရှိနေတဲ့ အခြေအနေပဲဖြစ်တယ်ဆိုတယ်။

စွဲလန်းစေပြီး ဘေးဖြစ်စေတဲ့ဆေးဝါးများမှာ မူးယစ်ဆေးဝါးများ၊ စိတ်ကျဆေးများ၊ စိတ်ကြွဆေးများ၊ စိတ်ငြိမ်ဆေးများ၊ အာရုံပြောင်းဆေးများနဲ့အိပ်ဆေးများတို့ပါဝင်ပါတယ်။ မူးယစ်ဆေးဝါးတို့မှာဘိန်းပင်၊ ဆေး ခြောက်ပင်၊ ကိုကင်းပင်တို့မှ ထုတ်လုပ် တဲ့အရာဝတ္ထုများနဲ့ မူးယစ်ထုံထိုင်းပြီး ဘေးဖြစ်စေတဲ့ အခြားပြင်ဆင် ပြုလုပ်ထားတဲ့ ဆေးဝါးများ ပါဝင်ပါတယ်။ ယင်းအပြင် အခြားစွဲနေတတ်တဲ့ဓာတ်ပစ္စည်းများ၊ အရက်အမျိုးမျိုး၊ ထန်းရေ၊ ဓနိရည်နဲ့အကိုက်အခဲပျောက်ဆေး၊ ဆေးလိပ်နဲ့ကွမ်းယာ တို့ဖြစ်တယ်။ အချို့ကော်ရှူတတ်ပြီး၊ အချို့ဓာတ်ဆီရှူတာမျိုးလဲစွဲလန်းတတ်တယ်။

မူးယစ်ဆေးဝါးဥပဒေအရ ထုံထိုင်းဘေးဖြစ်စေတဲ့ ဆေးဝါးများမှာ ကိုကင်း၊ ဆေးခြောက်၊ ဘိန်းစိမ်း၊ မော်ဖင်း၊ ကိုဒင်း၊ ပက်သဒင်း၊ မီသာဒုန်း၊ ဘိန်းဖြူခေါ်ဟီရိုးအင်၊ အယ်အက်စတီ၊ ရာမဆေးပြားနဲ့ မက်သာကွိုင်းဆေးလုံးများအသုံးများ ထင်ရှား တယ်။ ဆေးစွဲခြင်းလက္ခဏများမှာ ဆေးမှီဝဲခြင်းမှ တဒင်္ဂစိတ်ရွှင်လန်းမှု ဆေးမှီဝဲခြင်းမှ တင်္ဒဂစိတ်ရွှင်လန်းမှု၊ သက်တောင့် သက် သာရှိမှုစတဲ့ အကျိုးကျေးဇူးများ တောင်းတပြီးဆေး မစားရ၊ ဆေးမသုံးရမနေနိုင် ဖြစ်လာတယ်။ ကိုယ်ခန္ခ္ဓာအနေနဲ့ ဆေးစွဲ ခြင်းဟာ မှီဝဲတဲ့ဆေးကို ဖြတ်လိုက်တာနဲ့ ခန္ခ္ဓာကိုယ်မှာမအီမသာဖြစ်ပြီး အမျိုးမျိုးလက္ခဏများ ပေါ်ပေါက်လာခြင်းဖြစ်တယ်။

းစွဲတဲ့အခါတူညီတဲ့ အာနိသင်ကိုရစေဖို့ မှီဝဲတဲ့ဆေးပမာဏ ပိုမိုလိုအပ်လာတယ်။ အိပ်ဆေးစွဲရင် အိပ်မပျော်စေဖို့ တစ်ခါထက် တစ်ခါ ဆေးလုံးအရေအတွက် ပိုမိုသောက်ရခြင်း၊ ဆေးစွဲလာရင် ကျန်းမာရေးချို့တဲ့လာခြင်း၊ အာရုံပြောင်းလဲခြင်း၊ စိတ္တဇရော ဂါဖြစ်ခြင်း၊ လူမှုရေးအရ ပြဿနာပေါ်ခြင်း၊ ပတ်ဝန်းကျင်ကိုပါထိခိုက်လာခြင်း၊ ဥပမာလုယက်မှု၊ လူသတ်၊ ဓားမြတိုက်မှုစတဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ဆေးစွဲရခြင်းအရင်းခံအကြောင်းရင်းတွေမှာ (၁) ပတ်ဝန်းကျင်မှ မိဘဆွေမျိုး၊ အပေါင်းအသင်း၊ လူငယ်လူရွယ်တို့ရဲ့ အပြုအမူကိုတွေ့မြင်လို့ အတုမြင်အတတ်သင်သုံးစွဲမိခြင်း (၂) မူးယစ်ဆေးဝါးသုံးစွဲဖို့ အပေါင်းအ သင်းများက တိုက်တွန်းဆွဲ ဆောင်ခြင်း (၃) မိဘများရဲ့သွန်သင်ဆုံးမမှုလွဲမှားခြင်း (၄) သူငယ်ချင်းများ၊ ရွယ်တူ တန်းတူများသုံးစွဲနေရင် အားကျမခံ အပြိုင် အဆိုင်သုံးစွဲခြင်း (၅) ဆေးသုံးစွဲရာမှ ခေတ်မီတယ်လို့ အယူအဆလွဲ မှားခြင်း (၆) အထူးအဆန်းသဘောလက်တည့်စမ်းခြင်း (၇) မိမိရဲ့ ပူပင်သောကဗျာပါဒများ မပျောက်စေဖို့ မှီဝဲသုံးစွဲခြင်း (၈) လူငယ်များရဲ့ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းမှုကြောင့် မူးယစ် ဆေးဝါးသောက်သုံးမိခြင်း (၉) ဆေး ဝါးရဲ့ တဒင်္ဂအာနိသင်ကို ကြိုက်နှစ်သက်ရာမှ ဆေးစွဲလာခြင်း (ဥပမာ စိတ်ကူးယဉ်ကောင်း ခြင်း၊ လိင်စိတ်တက် ကြွခြင်းထင်ရာမှ ကြိုက်နှစ်သက်ကြခြင်း (၁၀) ဆေးဝါးအဖြစ်မှီဝဲရာမှ တန်ဆေးလွန်ဘေး ဆေးစွဲလာခြင်း (ဥပမာ ကိုယ်လက်ကိုက်ခဲနာကျင်ရင် ပက်သဒင်းကို ထိုးရာမှ စွဲလန်းလာပြီး သောက်လေသောက်လေ ငတ်မပြေဆို သလိုတစ် ဆင့်ပြီးတစ်ဆင့် တိုးပြီးမှီဝဲသုံးစွဲတတ်ကြပါတယ်။

မြန်မာနိုင်ငံ ယခင်ကဘိန်း (ဘိန်းဖြူ)နဲ့ ဆေးခြောက်စွဲခြင်းပဲရှိခဲ့ရာမှ ကိုကင်း၊ မော်ဖင်း၊ ကိုဒင်း၊ ပက်သဒင်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေး၊ အိပ်ဆေး၊ စိတ်ငြိမ်ဆေးတို့သုံးစွဲသူများ အသင့်တင့်ရှိလာကာ (LSD) ဆေးစွဲသူ များ၊ အရက်စွဲ၊ ဆေးလိပ်စွဲ၊ ကွမ်းစွဲ သူများအထိ ရှိလာပါတယ်။ ဆေးစွဲခြင်းဟာ ကာယကံရှင်ရဲ့စိတ်ရောကိုယ်ပါ ဒုက္ခပေးရုံမက ပတ်ဝန်းကျင်ကိုပါ အနှောင့်အယှက် အန္တရာယ်ဖြစ်စေတယ်။ ဘယ်မူးယစ်ဆေးဝါးမဆို ဆေးစွဲလာ ပြီးနောက်ဆုံးမှာ အလွန်အကျွံမှီဝဲခြင်း၊ အသက်ရှုခြင်း၊ နှလုံးခုန် ခြင်းရပ်ကာ နောက်ဆုံးအသက်ဆုံးရှုံးသည်အထိ ဆေးလွန်ဆေးမှီဝဲတာရှိတယ်။

ဘိန်းဖြူသုံးစွဲသူအနေနဲ့ ဆေးလွန်ခြင်း၊ ဆေးထိုးတဲ့နေရာမှာ အနာဖြစ်ခြင်း၊ သွေးပြန်ကြောရောင်ခြင်း၊ တစ်ကိုယ်လုံး အသည်းရောင် ဘီ၊ စီနှင့် အိပ်ချ်အိုင်ဗီရောဂါပိုးများ ကူးစက်ခံရခြင်း၊ ဖျားခြင်း၊ သွေးဆိပ်တက်ခြင်း၊ နှလုံးအတွင်း အမြှေး ရောင်ခြင်း၊ အသည်းရောင်ခြင်း၊ အသည်းပြည်တည်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ်ပြည် တည်ခြင်း၊ စိတ္တဇရောဂါစွဲကပ်ခြင်း၊ အာဟာရချို့တဲ့ခြင်းနဲ့ မူးယစ်ဆေးဝါးရောင်းသူတို့က အမြတ်ပိုရဖို့ ပင်နဆ လင်အမှုန့်စသဖြင့် ရောနှောတဲ့အခြားပစ္စည်း တွေကြောင့် အဆိပ်သင့်ခြင်းစတဲ့ အန္တရာယ်များတွေ့ကြုံရတယ်။

မတော်တဆဆေးလွန်၍ ၎င်းခိုက်ရန်ဖြစ်ပွား၍လည်းကောင်း၊ ရောဂါပိုးဝင်ရောက် ပျံ့နှံ့၍ ၎င်းရောဂါပိုး များဝင်ရောက် ပျံ့နှံ့ပြီးလည်းကောင်း၊ သေကြောင်းစိတ်ဖောက်ပြန်ပြီး မိမိနှင့်အခြားသူများ သက်သေခြင်းကြောင့် လည်းကောင်း၊ လူ့ဘဝမှာ သက်တမ်းစေ့မနေရဘဲ မှုခင်းကျူးလွန်လို့ ထောင်ကျခံရတဲ့အထိ ဖြစ်တယ်။ အက် အက်စ်ဒီစွဲသူများဟာ ဆေးအာနိသင်ရှိစဉ်မှာ မရှိကိုအရှိထင်ပြီး အထပ်မြင့်မှခုန်ချသေဆုံးရတယ်။

ဆေးစွဲခြင်းကြောင့် အအိပ်ပျက်၊ အစားပျက်၊ ပျို့အန်ခြင်းတွေကြောင့် အစားကောင်းကောင်းမစားနိုင်ဘဲ အာဟာရ ချို့တဲ့ကြတယ်။ အာဟာရချို့တဲ့လို့ ကိုယ်ခန္ဓာရောဂါခုခံမှုစနစ်လျော့နည်းကာ ရောဂါပိုးအလွယ်တကူ ဝင်ရောက်နိုင်လို့ ရောဂါထူ ပြောကြပါတယ်။ မူးယစ်ဆေးဝါးအာနိသင်ရှိလာချိန်မှာ စိတ်မမှန်ခြင်း၊ မူးယစ်ဆေးဝါး မှီဝဲသုံးစွဲဖို့ အလွန်လိုအပ်ခြင်းတို့မှာ ဆင် ခြင်တုံတရားနည်းပြီး ရာဇဝတ်မှုများကျူးလွန်ခြင်းနဲ့ မိသားစုလုံခြုံရေး ပျက်စီးခြင်းများ၊ အိမ်ထောင်ရေးပြိုကွဲခြင်းများအထိ ရှိလာ ပါတယ်။ အရက်စွဲရင်လည်း စိတ္တဇနာ၊ အသည်းအဆီ ဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်းမှာအမာရွတ်ထင်ခြင်း၊ နာတာ ရှည်အသည်းရောင်ရောဂါ၊ အသည်းကျွတ် ဆတ်ခြင်း၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာရောဂါတို့ဖြစ်ပြီး အချိန်မတိုင်မီ သေဆုံးရပါတယ်။

ဆေးလိပ်အလွန်အကျွံသောက်သူများလည်း လျှာကင်ဆာ၊ အဆုတ်လေပြွန်ရောင်ခြင်း၊ အဆုတ်ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ သွေးတိုးရောဂါ၊ ခန္ဓာကိုယ်အနှံ့ နေရာအနှံ့သွေးကြောပိတ်ရောဂါအမျိုးမျိုး၊ ခြေပုပ် လက်ပုပ်ရောဂါ၊ နှလုံးပုပ်ရောဂါစတဲ့ အန္တရာယ်များနဲ့ကြုံတွေ့ရတတ်တယ်။ ဆေးလိပ်အလွန်သောက်သူ မိခင်များမှ နေ့မစေ့ပေါင်မပြည့်ကလေးများမွေးကာ ဦးနှောက် အသိဉာဏ်နဲ့ကိုယ်ခန္ဓာ ဖွံ့ဖြိုးကြီးထွားမှုနှေးကွေးခြင်း၊ ကိုယ်ရည်ကိုယ်သွေးညံ့ဖျင်းတဲ့ ဉာဏ်တုံးတဲ့ကလေးများ မွေးဖွားတတ် တယ်။

ဆေးစွဲခြင်းမဖြစ်စေဖို့ ပြည်သူတိုင်းအမျိုးသားရေးအမြင်နဲ့ ဆွဲဆောင်စည်းရုံးပြီး ဆေးဖြတ်စေသင့်ပါတယ်။ စွဲတတ်တဲ့ ဘယ်ဆေးဝါးကိုမဆို ကိုယ်သဘောနဲ့အပေါင်းအသင်းများ၏ တိုက်တွန်းမှုနဲ့ ဆရာဝန်ရဲ့ညွန် ကြားချက်မရှိဘဲ လုံးဝမမှီဝဲသင့်ပါ ဘူး။ တတ်ယောင်ကား မလုပ်သင့်ပါ။ မိမိကိုယ်မိမိ ထိန်းနိုင်တဲ့သူလို့ ထင်မြင် ယူဆပြီး ဘယ်မူးယစ်ဆေးဝါးကိုမဆို မစမ်းသင့်ပါ။ ဘယ်ဆေးဝါးကိုမဆို သုံးစွဲလာရင် တန်ဆေးလွန်ဘေးစကား အရအလွန်အကျွံမဖြစ်စေသင့်ပါ။ ဆေးတစ်မျိုးမျိုးစွဲနေရင်လည်း သက်ဆိုင်ရာဆရာဝန်နဲ့ အချိန်မီပြသတိုင်ပြင်ကာ ကုသမှုခံယူရမယ်။ ကိုယ့်ပတ်ဝန်းကျင်ရှိ အပေါင်းအသင်းများ၊ မိသားစု များတို့မှာ ဆေးစွဲခြင်းလက္ခဏာများ တွေ့မြင်ရရင် ဆေးဖြတ်ဖို့ အချိန်မီတိုက်တွန်းစီစဉ်ပြီး ဆေးပြတ်၊ အရက်ပြတ်အောင် နှစ်သိမ့်ဆွေးနွေးပညာပေး သင့်တယ်။

မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေး အထူးသဖြင့် စိတ်ကြွဆေးစွဲခြင်းပြဿနာဟာ တောရောမြို့ပါပျံ့နှံ့နေ ပြီးတရားမဝင် ဥပဒေလက်တစ်လုံးခြား ရောင်းချနေကြသလို လူငယ်ထုအတွင်းဆေးစွဲတဲ့ ဦးရေတိုးပွားလို့လာတယ်။ အင်အယ်ဒီအစိုးရ ပြည် ထဲရေးဝင်ကြီးဌာန ရက် ၁၀၀ စတင်ခဲ့တဲ့ မေလ ၁ ရက်နေ့မှ သြဂုတ် ၈ ရက်အ တွင်း မူးယစ်ဆေးစွဲသူများသာမိပြီး မူးယစ် ဆေးဝါးရောင်းချသူနဲ့ ထုတ်လုပ်ဖြန့်ချီသူမမိဘဲ ဖြစ်နေခြင်း၊ စိတ်ကြွ ရူးသွပ်ဆေးပြား၊ မူးယစ်ဆေးများပိုင်ရှင်မဲ့မိနေခြင်းတို့ဟာ လိုင်းကြေးပေးပြီး ရှောင်ကွင်းနေမှန်းသိသိကြီးနဲ့ အစိုး ရအဖွဲ့မပြောသာအောင် ပိပိရိရိလုပ်ဆောင်နေတယ်။ ဖိလစ်ပိုင်လို နှိမ်နှင်းဖို့ လိုကောင်းလိုလာပြီပဲဖြစ်ပါတယ်။

Author – ဒေါက်တာလွင်သန့် (Healthcare Journal)

Previous Post

စကားပြောဆိုရာတွင်

Next Post

ကလေးငယ်များနှင့် ပုံမှန်အိပ်စက်ခြင်းစက်ဝန်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များနှင့် ပုံမှန်အိပ်စက်ခြင်းစက်ဝန်း

ဆေးစွဲခြင်း

ပန်းသေပန်းညှိုးရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.