အိပ်မပျော်ခြင်း (Insomnia)
၁။ အိပ်မပျော်ခြင်းဆိုတာဘာလဲ။
အိပ်ဖို့ခက်ခဲတယ် (သို့မဟုတ်) ခဏခဏပြန်နိုးနေတာကို ခေါ်ပါတယ်။
၂။ ဒီရောဂါခံစားနေရတဲ့သူတွေမှာ ဘယ်လို လက္ခဏာတွေ တွေ့ရတတ်လဲ။
အောက်ဖော်ပြပါ အချက်ထဲမှ (၁)ချက် (သို့) (၁)ချက်နှင့်အထက်ရှိနိုင်ပါတယ်။
စတင်အိပ်စက်ဖို့အရမ်းခက်ခဲခြင်း။
အိပ်စက်နေစဉ်မကြာခဏပြန်နိုးခြင်း။ ပြန်အိပ်ဖို့ခက်ခဲခြင်း။
အိပ်ရာနောက်ကျမှဝင်သော်လည်း နံနက်အစောကြီးပြန်နိုးနေခြင်း။
အိပ်ရာနိုးသောအခါတွင် ပင်ပန်းနေခြင်း။
၃။ အိပ်မပျော်ခြင်းရောဂါ၏အမျိုးအစားများ။
(၂)မျိုးခွဲလို့ရပါတယ်။
ပထမ (၁)မျိုးကတော့ အိပ်မပျော်ခြင်းရောဂါခံစားနေရသူသည် အခြားသော နာတာရှည်ရောဂါဝေဒနာများကြောင့် မဟုတ်ဘဲ မိမိစိတ်၊ ပတ်ဝန်းကျင်တို့ကြောင့် အိပ်မပျော်ခြင်းဖြစ်တာ ဖြစ်ပါတယ်။
ဥပမာ
စိတ်ဖီစိးမှုများခြင်း။
ဖျားနာခြင်း။
မိမိနှင့် မရင်းနှီးသေးသော နေရာသစ်တွင်အိပ်စက်ခြင်း။
မိမိပတ်ဝန်းကျင်တွင် ဆူညံလွန်းသောအသံများ၊ စူးရှလွန်းသော အလင်းများရှိခြင်း။
ရာသီဥတု အလွန်အမင်း ပူခြင်း၊အေးခြင်း။
ပုံမှန်အိပ်ချိန်ပြောင်းလဲသွားခြင်း တို့ပါဝင်ပါတယ်။
ဒုတိယ (၁)မျိုးကတော့ နာတာရှည်ရောဂါများကြောင့် အိပ်မပျော်ခြင်း ဖြစ်ပါတယ်။
ဥပမာ
ရင်ကြပ်ရောဂါ။
စိတ်ကျရောဂါ။
အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းရောဂါ။
မြစ်ပွားနာ (Cancer) ရောဂါ။
ဒီရောဂါတွေမှာ သုံးရတဲ့ ဆေးအချို့ကြောင့် (သို့မဟုတ်) ရောဂါကြောင့် အလွန်အမင်းနာကျင်ကိုက်ခဲခြင်းကြောင့် အိပ်မပျော်နိုင်ခြင်း ဖြစ်ပါတယ်။
၄။ ဘယ်လိုကုုသနိုင်လဲ။
ပထမ (၁)မျိုးကိုတော့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။
ပုံမှန်အိပ်ချိန်နှင့် ထချိန်ကို သတ်မှတ်ပါ။ သတ်မှတ်ထားသော အချိန်များတွင် အိပ်နိုင်၊ ထနိုင်အောင်ကြိုးစားပါ။
အလင်းရောင်ထွက်သော လျှပ်စစ်ပစ္စည်းများ (ဖုန်း၊ Tablet, Laptop, Tv) များကို အိပ်ရာဝင်ခါနီးအချိန်တွင် ရှောင်ပါ။
ကဖိန်းဓာတ်ကို ညနေပိုင်းတွင် ရှောင်ပါ။
မိမိ၏အိပ်ခန်းကို မိမိသက်တောင့်သက်သာဖြစ်သောအနေအထားမျိုးရအောင် ပြင်ဆင်ပါ။
ဒုတိယ (၁)မျိုးကတော့ မိမိတွင် ဖြစ်နေသော နာတာရှည်ရောဂါကို သက်ဆိုင်ရာ ဆရာဝန်များနှင့်ပြသ၍အရင်ဆုံး ကုသသင့်ပါတယ်။
ပြည့်ဝသော အိပ်စက်အနားယူခြင်းများပိုင်ဆိုင်နိုင်ကြပါစေ။
ဒေါက်တာထွန်း