fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ
သစ်ကြားသီးအကြောင်းသိကောင်းစရာ
845
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/06/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
Dr 528
(Unicode)
သစ်ကြားသီးကို အင်္ဂလိပ်လို Walnut လို့ခေါ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပေါများစွာထွက်ရှိပါတယ်။ဈေးကလည်း အရမ်းသိပ်မကြီးပါဘူး။
ဒါပေမယ့် သစ်ကြားသီးကို ကြိုက်နှစ်သက်စွာစားသုံးတဲ့သူအရေအတွက်ကတော့နည်းပါတယ်။
သစ်ကြားသီးကိုစားသုံးရာမှာ လှော်ပြီး အသီးထဲကအစေ့ကိုထုတ်ယူစားကြလေ့ရှိပါတယ်။
အရင်ခေတ်တုန်းက လူအများစုဟာ သစ်ကြားစေ့မှာအဆီဓါတ်တွေအများကြီးပါတဲ့အတွက် သစ်ကြားသီးစားရင် အဆီတက်ပြီးဝတာ၊သွေးကြောကျဉ်းတာတွေဖြစ်နိုင်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။
သို့သော် နောက်ပိုင်းသုတေသနတွေ သေချာလုပ်ကြည့်တဲ့အခါ သိလာရတာက သစ်ကြားသီးမှာပါဝင်တဲ့အဆီဓါတ်က လူတွေကိုဒုက္ခဖြစ်စေတဲ့အဆီဓါတ်တွေမဟုတ်ဘဲ လူတွေအတွက် အကျိုးပြုတဲ့ အဆီဓါတ်တွေဖြစ်နေတာကိုတွေ့ရပါတယ်။
အဲ့အဆီဓါတ်တွေထဲမှာမှ လူသားများကိုကောင်းကျိုးများစွာပြုတဲ့ အိုမီဂါ သရီး(Omega 3)နဲ့ အိုမီဂါ ဆစ်(Omega 6) အဆီဓါတ်နှစ်မျိုးဟာ အချိုးညီညီနဲ့ များပြားစွာပါဝင်နေပါတယ်။
အိုမီဂါသရီး အဆီဓါတ်က ဦးနှောက်မှတ်ဉာဏ်ကောင်းစေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော်နဲ့ ဖွဲ့စည်းထားပါတယ် ။ ဦးနှောက်ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ အိုမီဂါ သရီး အဆီဓါတ် လိုအပ်ပါတယ်။ အိုမီဂါသရီးအဆီဓါတ်နည်းရင် ဦးနှောက်စွမ်းဆောင်ရည်ကျပြီး အာရုံစူးစိုက်နိုင်စွမ်းနည်းလာတာ၊စိတ်ဓါတ်ကျလွယ်လာတာ၊ အယ်လ်ဇိုင်းမားခေါ် သူငယ်ပြန်ရောဂါဖြစ်ပွားနိုင်ခြေများလာတာ စတာတွေဖြစ်လာနိုင်ပါတယ်။
အိုမီဂါဆစ် အဆီဓါတ်ကတော့ အိုမီဂါသရီးလိုပဲ ဦးနှောက်ကိုအကျိုးပြုတဲ့နေရာမှာတစိတ်တပိုင်းအနေနဲ့ပါဝင်ပါတယ်။
ဒါ့အပြင် အိုမီဂါ ဆစ် အဆီဓါတ်ရဲ့ တခြားကောင်းကျိုးတွေအနေနဲ့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
အာရုံကြောကိုက်ခဲနာကျင်မှုတွေ(Neuropathic Pain)နဲ့ အရိုးအဆစ်တွေရောင်ရမ်းနာကျင်မှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
သွေးဖိအားကိုလည်းလျော့နည်းစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။
အရိုးတွေရဲ့ကြံ့ခိုင်မှုကိုလည်း ပိုကောင်းစေပါတယ်။
နိုင်ငံတနိုင်ငံနဲ့တနိုင်ငံ ဒေသတခုနဲ့တခု နေထိုင်စားသောက်တဲ့ပုံစံတွေ ကွဲတဲ့အတွက် တချို့သောဒေသက အစားစာတွေဟာ အိုမီဂါ သရီးအဆီဓါတ်နည်းပါးပြီး အိုမီဂါ ဆစ် အဆီဓါတ်များပြားနေတတ်ပါတယ်။တချို့အစားစာတွေကျတော့လည်း အိုမီဂါဆစ် အဆီဓါတ်နည်းပြီး အိုမီဂါ သရီး အဆီဓါတ်များနေတတ်ပါတယ်။
အဲ့အခါကျ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဆီဓါတ်တွေမရဘဲဖြစ်တတ်ပါတယ်။
ဒီပြသာနာကိုတော့ နေ့တိုင်း သစ်ကြားသီးလက်တဆုပ်လောက်စားခြင်းဖြင့်ဖြေရှင်းနိုင်ပါတယ်။
သစ်ကြားသီးမှာ အိုမီဂါ သရီး(Omega 3)နဲ့ အိုမီဂါ ဆစ်(Omega 6) အဆီဓါတ်နှစ်မျိုးဟာ အချိုးညီညီနဲ့ များပြားစွာပါဝင်နေပါတယ်။
ဒါ့အပြင် သစ်ကြားသီးမှာ အမျှင်ဓါတ်၊ရေဓါတ်၊အန်တီအောက်ဆီးဒင့်ခေါ် ဓါတ်တိုးဆန့်ကျင့်ပစ္စည်း၊ဗီတာမင်အေ၊ဘီ၊စီ၊အီး၊ကေ၊ကယ်လ်ဆီယံ၊သံဓါတ်၊မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ်၊ဇင့်ဓါတ်တွေများပြားစုံလင်စွာပါဝင်ပါတယ်။
ဒီလိုအကျိုးပြုဓါတ်တွေစုံလင်စွာပါဝင်တဲ့အတွက် သစ်ကြားသီးနေ့စဉ်စားခြင်းဖြင့် အူမကြီးကင်ဆာ၊ဆီးကျိတ်ကင်ဆာစတဲ့ကင်ဆာရောဂါတွေကိုလည်းကာကွယ်ပေးနိုင်ခြင်း
အသားအရေလှပစိုပြေစေနိုင်ခြင်း
သွေးတွင်းအဆီဓါတ်ကျစေပြီး နှလုံးကိုကျန်းမာစေနိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေပါရရှိနိုင်ပါတယ်။
ဒါကြောင့် သစ်ကြားသီးကိုနေ့စဉ် နေ့လည်စာထမင်းမစားခင်မှာ လက်တဆုပ်လောက်စားပေးကြပါလို့တိုက်တွန်းချင်ပါတယ်။
Dr 528
Previous Post
ကြက်သီးမွှေးညင်းထခြင်းအကြောင်း
Next Post
သားအိမ်အလုံးများ စိုးရိမ်ရသလား
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
127
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.3k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.5k
အလွှာခြားတာကောင်းလား?
2 years ago
1.1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
609
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
သားအိမ်အလုံးများ စိုးရိမ်ရသလား
အသံဝင်ခြင်း
မွေးကင်းစ ကလေးငယ်များနဲ့ပတ်သတ်ပြီးသိထားသင့်သည်များ
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.