(Zawgyi)
ႏွင္းခူဆိုတာ ဘာပါလဲ။
အမ်ားအားျဖင့္ အေရျပားေျခာက္ေသြ႕ကာ အျပင္လိုက္ မ်က္ႏွာ ၊ေျခလက္ ၊လက္ေကာက္ဝတ္ ၊ဦးေရျပား ၊ဒူးႏွင့္တံေတာင္ဆစ္ တို႔တြင္ ေတြ႕ရေသာ
ယားနာအကြက္မ်ားကို ေခၚပါတယ္ ။ယားသျဖင့္ ကုတ္ဖဲ့လိုက္ ၊အေရျပားတြင္ အဖုအပိမ့္ေတြလိုက္ ၊အနီျပင္ျဖစ္လိုက္ ႏွင့္ ေတာ္႐ုံမေပ်ာက္ဘဲ အေရျပားကတစိုစို ျဖစ္လိုက္ႏွင့္ ၾကာေသာ္ အေရျပားကထူလာ မာလာကာ ျပန္မက်က္သည့္ အေရျပားေရာဂါကို ႏွင္းခူလို႔ ဆိုပါတယ္ ။အေရျပားအနာက ေျခာက္ေနလွ်င္ ႏွင္းခူအေျခာက္ ဟုေခၚၿပီး စိုေနလွ်င္ ႏွင္းခူ အစို ဟုေခၚႏိုင္သည္ ။ႏွင္းခူသည္ ကူးစက္ေရာဂါ မဟုတ္ပါ ။ထို႔ေၾကာင့္ အတူေန အတူစား႐ုံျဖင့္ မကူးစက္ပါ ။
ႏွင္းခူ က ဘာေၾကာင့္ ဘယ္သူေတြမွာ ပိုျဖစ္တတ္လဲ။
ခုထိ ဘာေၾကာင့္ ျဖစ္ရတာလဲလို႔ အတိအက် ေတာ့ မေျပာႏိုင္ေသးပါဘူး ။ဒါေပမယ့္ ျဖစ္ေစတဲ့ အေၾကာင္းအရင္းမ်ားစြာ ရွိပါတယ္ ။တခ်ိဳ႕က မ်ိဳး႐ိုးအရ ျဖစ္
တတ္တယ္။ သူတို႔ေတြမွာ ႏွင္းခူအျပင္ ရင္ၾကပ္ပန္းနာ ၊ဓာတ္မတည့္ျခင္း တို႔နဲ႔ပါတြဲေတြ႕ရတတ္တယ္ ။တခ်ိဳ႕က်ေတာ့ အေရျပားကို လာဆြတဲ့ အရာတို႔ေၾကာင့္ျဖစ္တတ္တယ္။
သဘာဝသစ္ပင္ ပန္းပင္မ်ား
အထူးသျဖင့္ အေမြးအမွင္ရွိေသာ သစ္ပင္ ပန္းမန္ သစ္႐ြက္မ်ားေၾကာင့္ ပိုျဖစ္တတ္တယ္။ တခ်ိဳ႕ကေတာ့ ၾကက္သြန္ျဖဴ/နီ ၊သစ္ေတာ္သီးခြံ စတာတို႔ ထိတာ
ေလာက္နဲ႔ပင္ ယားတတ္၏။
ေဆးပစၥည္းမ်ား
တခ်ိဳ႕ေသာ လိမ္းေဆးမ်ား ၊အထူးသျဖင့္ စထရပ္တိုမိုင္စင္ပါေသာ လိမ္းေဆးတို႔သည္ လူတခ်ိဳ႕တြင္ ယားယံျခင္းကို ျဖစ္ေစ၏။ထို႔ေၾကာင့္ အေရျပားယားနာကို ဆရာဝန္ ၫႊန္ၾကားခ်က္မပါဘဲ မိမိသေဘာနဲ႔ မလိမ္းသင့္ေပ။
အဝတ္အစား အဆင္တန္ဆာ
အဝတ္တြင္ တပ္ဆင္ထားေသာ နစ္ကယ္လ္ပစၥည္းမ်ား(ေဘာ္လီ ၊ေဘာင္းဘီတို႔ရွိ ခ်ိတ္မ်ား ၊ဇစ္မ်ား ) ၊ရာဘာပစၥည္းမ်ား ၊ေဆးဆိုးပန္း႐ိုက္ထည္မ်ား ၊အေရာင္တင္ ဓာတုပစၥည္းမ်ား ၊တခ်ိဳ႕က်ေတာ့ ဖိနပ္ႀကိဳးနယ္စဥ္ပါလာေသာ ဓာတုပစၥည္းတို႔ေၾကာင့္ အေရျပားယားတတ္၏ ။နားကပ္ ၊ဆြဲႀကိဳးတို႔ေၾကာင့္လည္း ျဖစ္တတ္သည္။
အလွကုန္ပစၥည္းမ်ား
မ်က္ႏွာလိမ္းေဆး ၊မ်က္ႏွာသစ္ေဆး ၊မိတ္ကပ္ ၊ႏႈတ္ခမ္းနီ ၊ပါးနီ ၊ေရေမႊး ၊ေခါင္းေလွ်ာ္ရည္၊ဆံပင္ဆိုးေဆးတို႔သည္ တခ်ိဳ႕လူတို႔တြင္ မတည့္ဘဲ ယားယံတတ္၏။
အိမ္သုံးပစၥည္းမ်ား
အေရာင္တင္ ေပၚလစ္ေဆး ၊ေခ်းခြၽတ္ေဆး ၊ဆပ္ျပာမႈန႔္ ၊ပိုးသတ္ေဆး တခ်ိဳ႕သည္လည္း ယားယံျခင္းကိုျဖစ္ေစ၏။
စက္႐ုံအလုပ္႐ုံ
အထူးသျဖင့္ ေဆးဆိုးပန္း႐ိုက္လုပ္ငန္း ၊ဘတ္ထရီလုပ္ငန္း ၊သားေရနယ္စက္႐ုံ အေရာင္တင္လုပ္ငန္းတို႔တြင္ လုပ္ကိုင္သူမ်ား တြင္ ပိုျဖစ္တတ္၏ ။
ေရာဂါလကၡဏာက ဘယ္လိုျပသလဲ။
ဦးစြာ ထိေတြ႕ေသာ အေရျပားတြင္ နီၿပီး ယားမည္။ ထို႔ေနာက္ အေရျပားတြင္ အဖုအဖိမ့္ ေပၚလာကာ ကုတ္က အရည္တစိုစိုႏွင့္ ျဖစ္မည္ ။ၾကာလွ်င္ အေရျပားသည္ ေျခာက္ၿပီး ထူလာ မာလာေပမည္။
ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ ျပမလဲ။
ယားနာမွာ ႏွင္းခူမွန္းေသခ်ာသေလာက္ရွိလွ်င္ နီးစပ္ရာဆရာဝန္နဲ႔ တိုင္ပင္သင့္တယ္ ။ဆရာဝန္က လိမ္းေဆး ၊လိုအပ္လွ်င္ ေသာက္ေဆးေပးပါလိမ့္
မယ္။
မိမိဘာသာ ဘာလုပ္ႏိုင္မလဲ။
တစ္ေန႔တစ္ခါသာ ေရခ်ိဳးပါ။ ဆပ္ျပာအစား မြိဳက္ခ်ာ႐ိုက္ဇာ ကိုသာ သုံးပါ ။ေရခ်ိဳးကန္ႏွင့္စိမ္ခ်ိဳးတတ္သူမ်ားအဖို႔ အေရျပားႏူးညံ့ေစေသာ ေဆးရည္
(emollient cream/liquid paraffin) တို႔ ထည့္ခ်ိဳးပါ ။ေရခ်ိဳးၿပီးသည္ႏွင့္ မြိဳက္ခ်ာ ႐ိုက္ဇာ ထပ္လိမ္းပါ ။အဘယ္ေၾကာင့္ဆိုေသာ္ အေရျပား၏ အစိုဓာတ္ကို ထိန္းထားေပးေသာေၾကာင့္ ျဖစ္၏။ထို႔ေၾကာင့္ အေရျပား ေျခာက္ေသြ႕လာတိုင္းျပန္လိမ္းေပးပါ။အယားသက္သာေစသည့္ လိမ္းေဆး(ကာလာဒ႐ိုင္း)မ်ား ၊ေသာက္ေဆးမ်ား (ဘာမီတြန္) တို႔ေသာက္ႏိုင္ေပသည္။လက္သည္း ညႇပ္ထားပါ။
ဘယ္လို ကာကြယ္မလဲ။
အေရျပားကို ဆြေပးသည့္ အထက္တြင္ေဖာ္ျပထားေသာ အရာမ်ား ၊လုပ္ငန္းခြင္မ်ားကို ေရွာင္ပါ ။ေရကို ခဏ ခဏ မခ်ိဳးပါနဲ႔ ။အသားအေရကို မေျခာက္
ေသြ႕ပါေစနဲ႔ ။အသားအလွဆီ၊ မြိဳက္ခ်ာ႐ိုက္ဇာကို သုံးပါ ။လက္သည္းကို ပုံမွန္ညႇပ္ပါ ။ေနပူထဲမေနပါနဲ႔။
Author – ေခတ္သစ္ဇီဝက
(Unicode)
နှင်းခူဆိုတာ ဘာပါလဲ။
အများအားဖြင့် အရေပြားခြောက်သွေ့ကာ အပြင်လိုက် မျက်နှာ ၊ခြေလက် ၊လက်ကောက်ဝတ် ၊ဦးရေပြား ၊ဒူးနှင့်တံတောင်ဆစ် တို့တွင် တွေ့ရသော
ယားနာအကွက်များကို ခေါ်ပါတယ် ။ယားသဖြင့် ကုတ်ဖဲ့လိုက် ၊အရေပြားတွင် အဖုအပိမ့်တွေလိုက် ၊အနီပြင်ဖြစ်လိုက် နှင့် တော်ရုံမပျောက်ဘဲ အရေပြားကတစိုစို ဖြစ်လိုက်နှင့် ကြာသော် အရေပြားကထူလာ မာလာကာ ပြန်မကျက်သည့် အရေပြား ရောဂါကို နှင်းခူလို့ ဆိုပါတယ် ။အရေပြားအနာက ခြောက်နေလျှင် နှင်းခူအခြောက်ဟုခေါ်ပြီး စိုနေလျှင် နှင်းခူ အစို ဟုခေါ်နိုင်သည် ။နှင်းခူသည် ကူးစက်ရောဂါ မဟုတ်ပါ ။ထို့ကြောင့် အတူနေ အတူစားရုံဖြင့် မကူးစက်ပါ ။
နှင်းခူ က ဘာကြောင့် ဘယ်သူတွေမှာ ပိုဖြစ်တတ်လဲ။
ခုထိ ဘာကြောင့် ဖြစ်ရတာလဲလို့ အတိအကျ တော့ မပြောနိုင်သေးပါဘူး ။ဒါပေမယ့် ဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ် ။တချို့က မျိုးရိုးအရ ဖြစ်
တတ်တယ်။ သူတို့တွေမှာ နှင်းခူအပြင် ရင်ကြပ်ပန်းနာ ၊ဓာတ်မတည့်ခြင်း တို့နဲ့ပါတွဲတွေ့ရတတ်တယ် ။တချို့ကျတော့ အရေပြားကို လာဆွတဲ့ အရာတို့ကြောင့်ဖြစ်တတ်တယ်။
- သဘာဝသစ်ပင် ပန်းပင်များ
အထူးသဖြင့် အမွေးအမှင်ရှိသော သစ်ပင် ပန်းမန် သစ်ရွက်များကြောင့် ပိုဖြစ်တတ်တယ်။ တချို့ကတော့ ကြက်သွန်ဖြူ/နီ ၊သစ်တော်သီးခွံ စတာတို့ ထိတာလောက်နဲ့ပင် ယားတတ်၏။ - ဆေးပစ္စည်းများ
တချို့သော လိမ်းဆေးများ ၊အထူးသဖြင့် စထရပ်တိုမိုင်စင်ပါသော လိမ်းဆေးတို့သည် လူတချို့တွင် ယားယံခြင်းကို ဖြစ်စေ၏။ထို့ကြောင့် အရေပြားယားနာကို ဆရာဝန် ညွှန်ကြားချက်မပါဘဲ မိမိသဘောနဲ့ မလိမ်းသင့်ပေ။ - အဝတ်အစား အဆင်တန်ဆာ
အဝတ်တွင် တပ်ဆင်ထားသော နစ်ကယ်လ်ပစ္စည်းများ(ဘော်လီ ၊ဘောင်းဘီတို့ရှိ ချိတ်များ ၊ဇစ်များ ) ၊ရာဘာပစ္စည်းများ ၊ဆေးဆိုးပန်းရိုက်ထည်များ ၊အရောင်တင်ဓာတုပစ္စည်းများ ၊တချို့ကျတော့ ဖိနပ်ကြိုးနယ်စဉ်ပါလာသော ဓာတုပစ္စည်းတို့ကြောင့် အရေပြားယားတတ်၏ ။နားကပ် ၊ဆွဲကြိုးတို့ကြောင့်လည်း ဖြစ်တတ်သည်။ - အလှကုန်ပစ္စည်းများ
မျက်နှာလိမ်းဆေး ၊မျက်နှာသစ်ဆေး ၊မိတ်ကပ် ၊နှုတ်ခမ်းနီ ၊ပါးနီ ၊ရေမွှေး ၊ခေါင်းလျှော်ရည်၊ဆံပင်ဆိုးဆေးတို့သည် တချို့လူတို့တွင် မတည့်ဘဲ ယားယံတတ်၏။ - အိမ်သုံးပစ္စည်းများ
အရောင်တင် ပေါ်လစ်ဆေး ၊ချေးချွတ်ဆေး ၊ဆပ်ပြာမှုန့် ၊ပိုးသတ်ဆေး တချို့သည်လည်း ယားယံခြင်းကိုဖြစ်စေ၏။ - စက်ရုံအလုပ်ရုံ
အထူးသဖြင့် ဆေးဆိုးပန်းရိုက်လုပ်ငန်း ၊ဘတ်ထရီလုပ်ငန်း ၊သားရေနယ်စက်ရုံအရောင်တင်လုပ်ငန်းတို့တွင် လုပ်ကိုင်သူများ တွင် ပိုဖြစ်တတ်၏ ။
ရောဂါလက္ခဏာက ဘယ်လိုပြသလဲ။
ဦးစွာ ထိတွေ့သော အရေပြားတွင် နီပြီး ယားမည်။ ထို့နောက် အရေပြားတွင်အဖုအဖိမ့် ပေါ်လာကာ ကုတ်က အရည်တစိုစိုနှင့် ဖြစ်မည် ။ကြာလျှင် အရေပြားသည် ခြောက်ပြီး ထူလာ မာလာပေမည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲ။
ယားနာမှာ နှင်းခူမှန်းသေချာသလောက်ရှိလျှင် နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်သင့်တယ် ။ဆရာဝန်က လိမ်းဆေး ၊လိုအပ်လျှင် သောက်ဆေးပေးပါလိမ့်
မယ်။
မိမိဘာသာ ဘာလုပ်နိုင်မလဲ။
တစ်နေ့တစ်ခါသာ ရေချိုးပါ။ ဆပ်ပြာအစား မွိုက်ချာရိုက်ဇာ ကိုသာသုံးပါ ။ရေချိုးကန်နှင့်စိမ်ချိုးတတ်သူများအဖို့ အရေပြားနူးညံ့စေသော ဆေးရည်
(emollient cream/liquid paraffin) တို့ ထည့်ချိုးပါ ။ရေချိုးပြီးသည်နှင့် မွိုက်ချာ ရိုက်ဇာ ထပ်လိမ်းပါ ။အဘယ်ကြောင့်ဆိုသော် အရေပြား၏ အစိုဓာတ်ကို ထိန်းထားပေးသောကြောင့် ဖြစ်၏။ထို့ကြောင့် အရေပြား ခြောက်သွေ့လာတိုင်းပြန်လိမ်းပေးပါ။အယားသက်သာစေသည့် လိမ်းဆေး(ကာလာဒရိုင်း)များ ၊သောက်ဆေးများ (ဘာမီတွန်) တို့သောက်နိုင်ပေသည်။လက်သည်း ညှပ်ထားပါ။
ဘယ်လို ကာကွယ်မလဲ။
အရေပြားကို ဆွပေးသည့် အထက်တွင်ဖော်ပြထားသော အရာများ ၊လုပ်ငန်းခွင်များကို ရှောင်ပါ ။ရေကို ခဏ ခဏ မချိုးပါနဲ့ ။အသားအရေကို မခြောက်
သွေ့ပါစေနဲ့ ။အသားအလှဆီ၊ မွိုက်ချာရိုက်ဇာကို သုံးပါ ။လက်သည်းကို ပုံမှန်ညှပ်ပါ ။နေပူထဲမနေပါနဲ့။
Author – ခေတ်သစ်ဇီဝက