ကြွက်နို့
ယခုခေတ်လူငယ်အမျိုးသမီးရော အမျိုးသားများသည် မိမိတို့၏အရေပြားအလှအပကို အထူးစိတ်ဝင်စားဂရုစိုက်ကြပါတယ်။
မိမိအရေပြားပေါ်တွေရုပ်ဆိုးစေသောကြွက်နို့များကိုမည်ကဲ့သို့ဖယ်ရှားသင့်သလဲဆိုသောမေးခွန်းများက OnDoctorမှာအမြဲမေးလေ့ရှိကြပါတယ်။ ကြွက်နို့သည် human papilloma virus ကြောင့်ဖြစ်ပွားပါတယ်။ အဖြစ်များလေ့ရှိတဲ့အရေပြားကြွက်နို့ကို ဖယ်ရှားကုသတဲ့နည်းလမ်းမျိုးစုံရှိပါတယ်။ အိမ်သုံးပစ္စည်းများဖြင့်ကုသခြင်း၊ ကြွက်နို့ကပ်ပလာစတာဖြင့်ကပ်ခြင်း၊ သို့မဟုတ် အရေပြားဆရာဝန်နဲ့ပြသပြီး ဖြတ်ခြင်း ၊ ခဲ၍ကြွေကျစေခြင်းစသောနည်းလမ်းများဖြစ်ပ်တယ်။ ခြေ/လက်တွေမှာအဖြစ်များတဲ့ကြွက်နို့များသည် အခြားနေရာများတွင်ဖြစ်လေ့ရှိသောကြွက်နို့များထက် အိမ်သုံးပစ္စည်းများအသုံးပြု၍ဖယ်ရှားကုသရာတွင်ပိုမိုပျောက်ကင်းလွယ်သည်။
ကြွက်နို့ကို မိမိအိမ်သုံးပစ္စည်းများဖြင့်အလွယ်တကူဖယ်ရှားနိုင်သောနည်းလမ်းများကတော့
(၁)ကြွက်နို့ကို ကြက်သွန်ဖြူဖြင့်ပွတ်တိုက်ပေးခြင်း
(၂)ကြွက်နို့အပေါ်ကို မုန့်ဖုတ်ဆိုဒါ သိပ်ထားခြင်း၊ ကြက်ဆူဆီသုပ်လိမ်းခြင်း
(၃)cevit အမူန့်ချေသိပ်ခြင်းနှင့် နာနတ်သီးအရည်စိမ်ခြင်း စသည့်နည်းလမ်းများဖြစ်ပါတယ်။
ကြွက်နို့ကို အသားမာဖြင့် မမှားဖို့ဂရုပြုရမှာဖြစ်ပါတယ်။ ကြွက်နို့သေချာခဲ့လျှင် ကြွက်နို့ကပ်ပလာစတာကပ်၍ ဖယ်ရှားကုသလို့ရပါတယ်ဟု အရေပြားဆရာဝန်အများစုက ပြောကြားထားပါတယ်။ ကပ်ခွာများတွင် ဆယ်လီစလစ်အက်ဆစ်ပါရှိပြီး ပျောက်ကင်းရန် ၆ပတ်ခန့်ကြာမြင့်တတ်ပြီး အောင်မြင်ရန် ၅၀%ရှိပါတယ်။ အေးခဲစေတဲ့နည်းကတော့ ၄၀%ခန့်ပျောက်ကင်းနိုင်ပါတယ်။ မျက်နှာ ၊ နူတ်ခမ်းနှင့် လိင်အင်္ဂါမှာကြွက်နို့ပေါက်သော် ကြွက်နို့ကပ်ပလာစတာလုံးဝအသုံးမပြုသင့်ပါ။ ဆရာဝန်နှင့် သေချာကုသမူခံယူသင့်ပါတယ်။ အရေပြားဆရာဝန်နှင့်ပြသ၍ ကြွက်နို့ကိုအမြန်ဆုံးဖယ်ရှားနိုင်ပါတယ်။ ကြွက်နို့ကိုတိုက်ရိုက်ဖယ်ရှားခြင်းနှင့် မိမိကိုယ်ခံစွမ်းအားမြှင့်တင်၍ ပျောက်ကင်းစေခြင်း စသည့်နည်းလမ်းများရှိပါတယ်။
နည်းလမ်းအချို့ကတော့
(၁)နိုက်ထရိုဂျင်ပါသောအရည်ဖြင့်ကြွက်နို့ကိုကြွေကျစေခြင်း
(၂)ဆယ်လီစလစ်အက်ဆစ်ဖြင့် ကုသခြင်း
(၃)လေဆာ သို့မဟုတ် ခွဲစိတ်ခြင်းဖြင့် ကုသခြင်း
(၄)လိမ်းဆေးဖြင့်ပိုးကိုသေစေခြင်းဖြင့် ကုသခြင်း။
ကြွက်နို့ကိုလေဆာ၊ ခွဲစိတ်ခြင်းဖြင့်ဖယ်ရှားခြင်းသည် အခြားနည်းလမ်းများထက် ကုန်ကျစရိတ်များနိုင်သော်လည်း လွယ်ကူမြန်ဆန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။
Author: Dr. ပြည့်ရှင်း