ပါရာဆက်တမော (Paracetamol or Acetaminsphen) ဆေးမှာ အလွယ်တကူ ဝယ်ယူနိုင်သော ဆေးဝါးများ တွင် သီးသန့်တစ်မျိုးလည်းဖြစ်စေ၊ အခြားဆေးများနှင့် တွဲစပ်၍ ဖြစ်စေပါရှိသည်။ နာကျင်ကိုက်ခဲမှု ဝေဒနာများ ကို သက်သာပျောက်ကင်းစေရန် သုံးစွဲလေ့ရှိကြသည်။
ပါရာဆက်တမော အဆိပ်သင့်မှုကို ခန္ဓာကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ၁၄၀ မီလီဂရမ်ထပ်ပိုသော ပမာဏကို သုံးစွဲမှီဝဲမိလျှင် ရုတ်တရက် ချက်ချင်းဖြစ်ပေါ်နိုင်သည်။ ၆၀ ကီလိုဂရမ် ခန္ဓာကိုယ်အလေးချိန် ရှိသူအ ဖို့ ၈၄၀၀ မီလီဂရမ် သုံးစွဲမိလျှင် ရုတ်တရက် အဆိပ်သင့်နိုင်သည်။ ပါရာဆက်တမော ဆေးလုံးတစ်လုံးတွင် ၅၀၀ မီလီဂရမ် ပါသဖြင့်ဆေးလုံးအရေအတွက် ၁၆ လုံးခန့်နှင့် ညီမျှသည်။ ပါရာဆက်တမော ဆေးကို အလွယ် တကူဝယ်ယူ ရရှိနိုင်ကြသဖြင့် သေကြောင်းကြံစည်သူ တချို့သည် ပါရာဆက်တမောဆေးကို အသုံးပြုတတ်ကြ သည်။
ဆေးသောက်ပြီး မကြာမီမှာပင် လူနာသည် ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်လာပြီး အန်လေ့ရှိသည်။ ၂၄ နာရီမှ ၄၈ နာရီကြာသည်အထိ အခြားလက္ခဏာများ မဖြစ်ပေါ်သေးဘဲ ရှိတတ်သည်။ အသည်း၏ ဇီဝဓာတ်ကူပစ္စည်း (Transaminaso) ပမာဏသွေး၌ မြင့်တက်လာသည်။ အသည်းကလာပ်စည်းများ ပျက်ယွင်းသေဆုံးသွားပြီး အသားဝါခြင်း၊ သတိလစ်မေ့မြောခြင်း၊ ကျောက်ကပ်လုပ်ငန်းပျက်ယွင်းခြင်းနှင့် သေဆုံးခြင်းတို့ ဖြစ်နိုင်သည်။
လူနာအား အန်စေခြင်း သို့မဟုတ် အစာအိမ်ဆေးကြောပစ်ခြင်းဖြင့် ပါရာဆက်တမောဆေးများကို အစာအိမ်မှ ဖယ်ထုတ်ပစ်ရမည်။ Activated charcoal ပေးနိုင်သည်။ ဆေးသောက်ပြီး ၃ နာရီ၊ ၄ နာရီကြာမြင့် ပြီးမှ လူနာအားတွေ့ရှိခြင်းဖြစ်လျှင် အစာအိမ်ဆေးခြင်း သို့မဟုတ် လူနာအား အန်အောင်ပြုလုပ်ခြင်းသည် အကျိုးမရှိတော့သဖြင့် မလုပ်ဆောင်သင့်တော့ပါ။
ဖြေဆေးသောက်ဆေး (Acetyleysteine) ပေးနိုင်သည်။ အသည်းထိခိုက်မှု မရှိစေရန် အထောက်အပံ့ ဖြစ်စေမည့် ကုသမှုများ ဆောင်ရွက်သွားရန် လိုအပ်သည်။ သွေး၌ ပါရာဆက်တမောပါဝင်မှု မြင့်တက်နေလျှင် ဖြေဆေး (Acetyleysteine) ကို ခန္ဓာကိုယ်အလေးချိန် တစ်ကီလိုဂရမ်အတွက် ၁၄၀ မီလီဂရမ် တိုက်ကျွေးရ မည်။ ဆေးပမာဏကို တစ်ဝက်လျှော့၍ လေးနာရီ တစ်ကြိမ်ဆက်လက်တိုက်ကျွေးရပါမည်။ “၁၇” ကြိမ်ထိ တိုက်ကျွေးနိုင်သည်။ သွေး၌ ပါရာဆက်တမော လုံးဝမရှိတော့သည်အထိပေးရန် လိုအပ်သည်။
လူနာအား ပါရာဆက်တမောသောက်ပြီး ၈ နာရီအတွင်း ဖြေဆေးပေးနိုင်လျှင် ထိရောက်မှုကောင်းမွန် ကြောင်း တွေ့ရသည်။ အကယ်၍ ၁၆ နာရီကျော်သွားလျှင် အကျိုးသက်ရောက်မှု နည်းသွားနိုင်သည်။ ကနေဒါ နှင့် ဥရောပနိုင်ငံများတွင် ဖြေဆေး (Acetyleysteine) ကအကြောမှ ပေးသွင်းလေ့ရှိသည်။
Author -ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)