fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

သွေးတွင်း ပိုတက်ဆီယမ် များရင် ဘယ်လို စားသောက် သင့်သလဲ????

515
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/04/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
142 min read
A A

ေသြးတြင္း ပိုတက္ဆီယမ္ မ်ားရင္ ဘယ္လို စားေသာက္ သင့္သလဲ????

လူ႔ ခႏၶာကိုယ္ မွာ ဇီဝကမၼ ျဖစ္စဥ္အရ အသက္ရွင္ေနထိုင္ႏိုင္ဖို႔အတြက္ အဓိက အေျခခံ က်တဲ့ ကစီဓါတ္၊ အသားဓါတ္၊ အဆီဓါတ္ ေတြ ကအေရးပါသလို ဗီတာမင္ ႏွင့္ သတၱဳ ဓါတ္ေတြ ကလည္း မရွိမျဖစ္လိုအပ္ပါတယ္။ ဒါေၾကာင့္ ဗီတာမင္ ႏွင့္ သတၱဳ ဓါတ္ေတြ ကို သက္ေစာင့္ဓါတ္လို႔ေတာင္ ေခၚေဝၚၾကပါတယ္။

ဒါေပမယ့္ သက္ေစာင့္ဓါတ္ေတြ ဆိုတာကလည္း နည္းရင္ လည္း အႏၲရာယ္ရွိသလို ရွိသင့္တာထက္ မ်ားသြားရင္လည္း ဒုကၡ ေရာက္ေစႏိုင္ပါတယ္။ ဒီတစ္ေခါက္ေတာ့ သတၱဳ ဓါတ္တစ္မ်ိဳး ျဖစ္တဲ့ ပိုတက္ဆီယမ္ မ်ားလာရင္ ဘာေတြ ေရွာင္ရွား စားသင့္သလဲ ကို ေဖာ္ျပေပးခ်င္ပါတယ္။

ပထမဦးဆုံး သိသင့္တာကေတာ့ ဘယ္အခ်ိန္မွာ ပိုတက္ဆီယမ္ မ်ားတတ္သလဲ ဆိုတာပါ။

1. ဆီးခ်ိဳ ေရာဂါ အထူးသျဖင့္ ဆီးခ်ိဳ ထိန္းမရတဲ့ သူေတြ မွာ ပိုတက္ဆီယမ္ တက္ တတ္ပါတယ္။
2. ေက်ာက္ကပ္ေရာဂါ
3. ပိုတက္ဆီယမ္ က ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ ထဲရွိ ဆဲလ္ အတြင္းမွာ ရွိေနတတ္တဲ့ အတြက္ မီးေလာင္တာ၊ မေတာ္တဆ တစ္ခုခု ျဖစ္တာ မ်ိဳးေတြ မွာ ဆိုရင္ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ ထဲက ဆဲလ္ အေျမာက္အျမား ပ်က္စီးသြားတဲ့ အတြက္ ဆဲလ္ ထဲက ပိုတက္ဆီယမ္ေတြ က ေသြးထဲ ေရာက္လာၿပီး ေသြးတြင္း ပိုတက္ဆီယယမ္ တက္လာေစပါတယ္။
4. ေရဓါတ္ခမ္းေျခာက္ရင္ လည္း ပိုတက္ဆီယမ္ မ်ားတတ္ပါတယ္။
5. တခ်ိဳ႕ေသာ ေသြးတိုးက်ေဆးမ်ား
6. အားေဆးမ်ားကို လိုအပ္တာ ထက္ပိုေသာက္မိရင္လည္း ပိုတက္ဆီယမ္ တက္တတ္ပါတယ္။

ေသြးတြင္း ပိုတက္ဆီယမ္ ေတြ မ်ားရင္ ဘာျဖစ္တတ္လဲ????
1. ႂကြက္သား ေတြ မလႈပ္မရွား ခ်င္ေတာ့ဘဲ အားနည္းလာျခင္း
2. ပ်ိဳ႕အပ္ျခင္း
3. ႏွလုံးခုန္ႏႈန္း မမွန္ျခင္း စတာေတြ ျဖစ္တတ္ပါတယ္။

ေသြးတြင္း ပိုတက္ဆီယမ္ ပမာဏ က ဘယ္ေလာက္ေတြရွိရမလဲ????
ပုံမွန္ – 3.5 – 5
သတိထားသင့္ – 5.1 – 6
အႏၲရာယ္ရွိ – 6.1 ႏွင့္ အထက္

ေသြးတြင္း ပိုတက္ဆီယမ္ မ်ားေနရင္ ဘာလုပ္ၾကမလဲ????

1. ပိုတက္ဆီယမ္ မ်ားတဲ့ အသားအစာေတြ ကို အာဟာရ ပညာရွင္ေတြ နဲ႔ ေဆြးေႏြးၿပီး ေလွ်ာ့စားပါ။
2. အစားအစာ အစုံကို သင့္တင့္ေအာင္ ေသခ်ာ တြက္ခ်က္ၿပီး စားေပးပါ။
3. ဆီသြပ္ဘူး အသီးေတြ၊ ဆီသြပ္ဘူး အသီးေဖ်ာ္ရည္ေတြ ေရွာင္ပါ။
4. အစိမ္းေရာင္ အ႐ြက္ ေတာ္ေတာ္မ်ားမ်ား မွာ ပိုတက္ဆီယမ္ မ်ားတဲ့ အတြက္ စားမယ္ဆိုရင္ မခ်က္ျပဳတ္ခင္မွာ ေရေႏြး ႏွင့္ တစ္မိနစ္ စိမ္ပါ။ ၿပီးရင္ ႐ိုး႐ိုးေရ မ်ားမ်ား ျဖင့္ သုံးႀကိမ္ ေလးႀကိမ္ ျပန္ေဆးပါ။
5. အ႐ြက္မ်ား ကို လွီးျဖတ္တဲ့ ေနရာမွာလည္း ခပ္ေသးေသး လွီးျဖတ္ပါ။ ဒါမွ ေရေဆးရင္ ပိုတက္ဆီယမ္ေတြ မ်ားမ်ား ေရထဲ ပါသြားလို႔ေအာင္ပါ။

အစားအစာတိုင္းမွာ ပိုတက္ဆီယမ္ ပါပါတယ္။ ဒါေပမယ့္ ပါတဲ့ ပမာဏ ေပၚ ၾကည့္ ၿပီး မ်ားမ်ား စားလို႔ရတာနဲ႔ နည္းနည္းေလွ်ာ့စားသင့္တာနဲ႔ ေရွာင္သင့္တာ နဲ႔ ဆိုၿပီး ခြဲျခားလို႔ရပါတယ္။

အစားအစာ တစ္ခု မွာ ပိုတက္ဆီယမ္
1. 200 mg ထက္မ်ားေနရင္ ပိုတက္ဆီယမ္ မ်ားတယ္ လို႔ ယူဆပါတယ္။ အဲ့ဒီလို အစားအစာ မ်ိဳးဆိုရင္ စားရင္ ပမာဏ ကို သတိတရ နဲ႔ ထိန္းစားေပးရပါမယ္။ ဥပမာ အာလူးဖုတ္ တစ္လုံး ဆိုရင္ ပိုတက္ဆီယမ္ ၉၀၀ mg ေက်ာ္တဲ့အတြက္ ေရွာင္သင့္တယ္။ ၾကက္သား ၅ က်ပ္သား မွာ ပိုတက္ဆီယမ္ ၂၀၀ mg ပါတဲ့ အတြက္ မနက္ ငါးက်ပ္သား ေလာက္ ည ငါးက်ပ္သားေလာက္ စားတာက အဆင္ေျပပါတယ္။

2. 50-200 mg ၾကားဆိုရင္ အေတာ္အသင့္မ်ား တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ သူ႔ကို ပမာဏ အမ်ားႀကီးစားမိရင္ေတာ့ ေသြးတြင္း ပိုတက္ဆီယမ္ တက္လာႏိုင္ပါတယ္။

3. 50 mg ေအာက္ဆိုရင္ေတာ့ ပိုတက္ဆီယမ္ နည္းတဲ့ အစားအစာ လို႔ယူဆပါတယ္။

တေန႔ကို ပိုတက္ဆီယမ္ ဘယ္ေလာက္စားလို႔ရလဲ????
– ပုံမွန္လူႀကီး တစ္ေယာက္ အတြက္ ဆိုရင္ – 4500-4700 mg အထိ စားလို႔ရပါတယ္။
– ေသြးတြင္း ပိုတက္ဆီယမ္ မ်ားေနတဲ့ သူဆိုရင္ တေန႔ကို 1500-2000 mg ေလာက္ ပဲ ထိန္းစားေပးႏိုင္ရင္ လုံေလာက္ပါတယ္။

အခု ကြၽန္ေတာ္ေရးေပးထားတဲ့ ဇယားေလး ကို ၾကည့္ၿပီး တတ္ႏိုင္သေလာက္ တြက္စားၾကည့္ပါ။ အာပာာရ ကြၽမ္းက်င္ပညာရွင္ ႏွင့္ စနစ္တက် ျပသၿပီး တြက္ခ်က္ စားတာ အေကာင္းဆုံးပါ။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္

သွေးတွင်း ပိုတက်ဆီယမ် များရင် ဘယ်လို စားသောက် သင့်သလဲ????

လူ့ ခန္ဓာကိုယ် မှာ ဇီဝကမ္မ ဖြစ်စဉ်အရ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အဓိက အခြေခံ ကျတဲ့ ကစီဓါတ်၊ အသားဓါတ်၊ အဆီဓါတ် တွေ ကအရေးပါသလို ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ကို သက်စောင့်ဓါတ်လို့တောင် ခေါ်ဝေါ်ကြပါတယ်။

ဒါပေမယ့် သက်စောင့်ဓါတ်တွေ ဆိုတာကလည်း နည်းရင် လည်း အန္တရာယ်ရှိသလို ရှိသင့်တာထက် များသွားရင်လည်း ဒုက္ခ ရောက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သတ္တု ဓါတ်တစ်မျိုး ဖြစ်တဲ့ ပိုတက်ဆီယမ် များလာရင် ဘာတွေ ရှောင်ရှား စားသင့်သလဲ ကို ဖော်ပြပေးချင်ပါတယ်။

ပထမဦးဆုံး သိသင့်တာကတော့ ဘယ်အချိန်မှာ ပိုတက်ဆီယမ် များတတ်သလဲ ဆိုတာပါ။

1. ဆီးချို ရောဂါ အထူးသဖြင့် ဆီးချို ထိန်းမရတဲ့ သူတွေ မှာ ပိုတက်ဆီယမ် တက် တတ်ပါတယ်။
2. ကျောက်ကပ်ရောဂါ
3. ပိုတက်ဆီယမ် က ကျွန်တော်တို့ ခန္ဓာကိုယ် ထဲရှိ ဆဲလ် အတွင်းမှာ ရှိနေတတ်တဲ့ အတွက် မီးလောင်တာ၊ မတော်တဆ တစ်ခုခု ဖြစ်တာ မျိုးတွေ မှာ ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ် ထဲက ဆဲလ် အမြောက်အမြား ပျက်စီးသွားတဲ့ အတွက် ဆဲလ် ထဲက ပိုတက်ဆီယမ်တွေ က သွေးထဲ ရောက်လာပြီး သွေးတွင်း ပိုတက်ဆီယယမ် တက်လာစေပါတယ်။
4. ရေဓါတ်ခမ်းခြောက်ရင် လည်း ပိုတက်ဆီယမ် များတတ်ပါတယ်။
5. တချို့သော သွေးတိုးကျဆေးများ
6. အားဆေးများကို လိုအပ်တာ ထက်ပိုသောက်မိရင်လည်း ပိုတက်ဆီယမ် တက်တတ်ပါတယ်။

သွေးတွင်း ပိုတက်ဆီယမ် တွေ များရင် ဘာဖြစ်တတ်လဲ????
1. ကြွက်သား တွေ မလှုပ်မရှား ချင်တော့ဘဲ အားနည်းလာခြင်း
2. ပျို့အပ်ခြင်း
3. နှလုံးခုန်နှုန်း မမှန်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

သွေးတွင်း ပိုတက်ဆီယမ် ပမာဏ က ဘယ်လောက်တွေရှိရမလဲ????
ပုံမှန် – 3.5 – 5
သတိထားသင့် – 5.1 – 6
အန္တရာယ်ရှိ – 6.1 နှင့် အထက်

သွေးတွင်း ပိုတက်ဆီယမ် များနေရင် ဘာလုပ်ကြမလဲ????

1. ပိုတက်ဆီယမ် များတဲ့ အသားအစာတွေ ကို အာဟာရ ပညာရှင်တွေ နဲ့ ဆွေးနွေးပြီး လျှော့စားပါ။
2. အစားအစာ အစုံကို သင့်တင့်အောင် သေချာ တွက်ချက်ပြီး စားပေးပါ။
3. ဆီသွပ်ဘူး အသီးတွေ၊ ဆီသွပ်ဘူး အသီးဖျော်ရည်တွေ ရှောင်ပါ။
4. အစိမ်းရောင် အရွက် တော်တော်များများ မှာ ပိုတက်ဆီယမ် များတဲ့ အတွက် စားမယ်ဆိုရင် မချက်ပြုတ်ခင်မှာ ရေနွေး နှင့် တစ်မိနစ် စိမ်ပါ။ ပြီးရင် ရိုးရိုးရေ များများ ဖြင့် သုံးကြိမ် လေးကြိမ် ပြန်ဆေးပါ။
5. အရွက်များ ကို လှီးဖြတ်တဲ့ နေရာမှာလည်း ခပ်သေးသေး လှီးဖြတ်ပါ။ ဒါမှ ရေဆေးရင် ပိုတက်ဆီယမ်တွေ များများ ရေထဲ ပါသွားလို့အောင်ပါ။

အစားအစာတိုင်းမှာ ပိုတက်ဆီယမ် ပါပါတယ်။ ဒါပေမယ့် ပါတဲ့ ပမာဏ ပေါ် ကြည့် ပြီး များများ စားလို့ရတာနဲ့ နည်းနည်းလျှော့စားသင့်တာနဲ့ ရှောင်သင့်တာ နဲ့ ဆိုပြီး ခွဲခြားလို့ရပါတယ်။

အစားအစာ တစ်ခု မှာ ပိုတက်ဆီယမ်
1. 200 mg ထက်များနေရင် ပိုတက်ဆီယမ် များတယ် လို့ ယူဆပါတယ်။ အဲ့ဒီလို အစားအစာ မျိုးဆိုရင် စားရင် ပမာဏ ကို သတိတရ နဲ့ ထိန်းစားပေးရပါမယ်။ ဥပမာ အာလူးဖုတ် တစ်လုံး ဆိုရင် ပိုတက်ဆီယမ် ၉၀၀ mg ကျော်တဲ့အတွက် ရှောင်သင့်တယ်။ ကြက်သား ၅ ကျပ်သား မှာ ပိုတက်ဆီယမ် ၂၀၀ mg ပါတဲ့ အတွက် မနက် ငါးကျပ်သား လောက် ည ငါးကျပ်သားလောက် စားတာက အဆင်ပြေပါတယ်။

2. 50-200 mg ကြားဆိုရင် အတော်အသင့်များ တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူ့ကို ပမာဏ အများကြီးစားမိရင်တော့ သွေးတွင်း ပိုတက်ဆီယမ် တက်လာနိုင်ပါတယ်။

3. 50 mg အောက်ဆိုရင်တော့ ပိုတက်ဆီယမ် နည်းတဲ့ အစားအစာ လို့ယူဆပါတယ်။

တနေ့ကို ပိုတက်ဆီယမ် ဘယ်လောက်စားလို့ရလဲ????
– ပုံမှန်လူကြီး တစ်ယောက် အတွက် ဆိုရင် – 4500-4700 mg အထိ စားလို့ရပါတယ်။
– သွေးတွင်း ပိုတက်ဆီယမ် များနေတဲ့ သူဆိုရင် တနေ့ကို 1500-2000 mg လောက် ပဲ ထိန်းစားပေးနိုင်ရင် လုံလောက်ပါတယ်။

အခု ကျွန်တော်ရေးပေးထားတဲ့ ဇယားလေး ကို ကြည့်ပြီး တတ်နိုင်သလောက် တွက်စားကြည့်ပါ။ အာပာာရ ကျွမ်းကျင်ပညာရှင် နှင့် စနစ်တကျ ပြသပြီး တွက်ချက် စားတာ အကောင်းဆုံးပါ။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

 

 

 

 

 

Previous Post

အမျိုးသမီးများ သတိထားသင့်တဲ့ ရေအိတ်တည်ခြင်း

Next Post

ဝမ်းလျှောရင် ဓာတ်ဆားရည်သောက်ပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
600

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဝမ်းလျှောရင် ဓာတ်ဆားရည်သောက်ပါ

အခုတော့အတိုအပြတ်တွေဝတ်လို့ရခဲ့ပြီ

အဖုတွေ့ထွက်တိုင်း ရေယုန်မဟုတ်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.