fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

နှာခေါင်း အစာပိုက် ထည့်ထားသော လူနာများ အတွက် အာဟာရ

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/05/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ႏွာေခါင္း အစာပိုက္ ထည့္ထားေသာ လူနာမ်ား အတြက္ အာဟာရ

(ၿမိဳ႕ေပၚ က လူနာေတြကေတာ့ ကြၽန္ေတာ္တို႔ကို လာျပေနၾကေပမယ့္ နယ္က လူနာ ႏွင့္ ဆရာ၊ ဆရာမ မ်ား တက္ႏိုင္သေလာက္ေလး လူနာရွင္ေတြ ကို လင္ဆင့္ကမ္းေပးဖို႔ ေမတၱာ ရပ္ခံ အပ္ပါသည္။) ေဆး႐ုံေတြ မွာ ၾကည့္လိုက္ရင္ ႏွာေခါင္း ပိုက္ထည့္ၿပီး အစာထည့္ေနရတဲ့ လူနာေတြ အမ်ားႀကီးေတြ႕ ရပါလိမ့္မယ္။

တကယ္တမ္း အစာပိုက္လို႔ သာေျပာတာပါ ေတာ္႐ုံတန္႐ုံ လူနာရွင္ေတြ က ေၾကာက္ၿပီး အစာသိပ္မထည့္ရဲ ၾကပါဘူး။ အလြန္ဆုံးမွ ႏြားႏို႔ေလး ထည့္၊ အာဟာရမႈန႔္ေဖ်ာ္ထည့္၊ ဆန္ျပဳတ္ ထည့္တာ ေလးေတြ ပဲ လုပ္ၾကပါတယ္။

အမွန္ဆိုရင္ ႏွာေခါင္းပိုက္ထည့္ထားတဲ့ သူေတြ လည္း အဓိက အေျခခံ အာဟာရ အေနနဲ႔ Carbohydrate (ကစီဓါတ္), Protein (အသားဓါတ္), Fat (အဆီဓါတ္) စတာေတြ အမ်ား နည္းတူလိုအပ္ပါတယ္။ ႏွာေခါင္း ပိုက္ထဲ ဆန္ျပဳတ္ေတြ ခ်ည္း ထည့္ရင္လည္း  Carbohydrate (ကစီဓါတ္၊ သၾကားဓါတ္) ေတြ ပဲ မ်ားလာၿပီး Triglycerides (ေသြးတြင္း အဆီ) ေတြ မ်ားလာၿပီး တျခား ဆိုးက်ိဳးေတြ ေတာင္ ျပန္ေပးႏိုင္ပါေသးတယ္။ ၿပီးေတာ့ ၿပီးျပည့္စုံ တဲ့ အာဟာရ လည္း မရႏိုင္ပါဘူး။ အသားဓါတ္ လည္းမရ၊ အဆီဓါတ္ လည္းမရ ေတာ့ ႂကြက္သားေတြ ဆုံးရႈံးလာတယ္၊ အ႐ိုးေပၚ အေရတင္ သလိုေတြ ျဖစ္လာတဲ့ အျပင္ အဆီဓါတ္ပါ ခ်ိဳ႕တဲ့ လာေတာ့ အဆီမွာ ေပ်ာ္ဝင္တဲ့ ဗီတာမင္ေတြ ပါ ခ်ိဳ႕တဲ့လာေစပါတယ္။

ဒါဆိုရင္ အာဟာရမႈန႔္ေတြ ေဖ်ာ္တိုက္မယ္ ဆိုရင္ေကာ????
တခ်ိဳ႕ အာဟာရမႈန႔္ ေတြ မွာ Carbohydrate (ကစီဓါတ္), Protein (အသားဓါတ္), Fat (အဆီဓါတ္) ႏွင့္ ဗီတာမင္၊ သတၱဳဓါတ္ေတြ ပါပါတယ္။ ႏွာေခါင္း ပိုက္ထဲ ထည့္လို႔ရလားဆိုေတာ့ ထည့္လို႔ရပါတယ္။ ဒါေပမယ့္ ေဈးႀကီးတယ္။ ေန႔တိုင္း အခ်ိန္တိုင္း ဒါကို မထည့္ ႏိုင္ေတာ့ ကိုယ့္ဟာ ကိုယ္ အႀကိမ္ေရ ေတြ ေလွ်ာ့လာတယ္။ ေနာက္ဆက္တြဲ အက်ိဳးဆက္ကေတာ့ လူနာ က စားရမယ့္ ပမာဏ မစားျဖစ္ေတာ့ဘဲ အာဟာရ တျဖည္းျဖည္း ခ်ိဳ႕တဲ့လာတယ္။ ကြၽန္ေတာ္ ဆိုလိုတာ က အာဟာရ မႈန႔္ ထည့္မယ္ ဆိုရင္လည္း ၾကားျဖတ္ အခ်ိန္မွာ ထည့္ ေပးလို႔ေတာ့ရပါတယ္။ ဒါေပမယ့္ အဓိက ကေတာ့ ေဈးသက္သာၿပီး အာဟာရ ျပည့္ဝ တဲ့ blenderized diet ကို ေကြၽးသင့္ပါတယ္။

Blenderized Diet ဆိုတာဘာလဲ????
မိမိအိမ္မွာ ပဲ လုပ္လို႔ရတဲ့ ႏွာေခါင္းပိုက္ ထည့္ထားတဲ့ လူနာ အတြက္ ဓါတ္ဆာပါ Carbohydrate (ကစီဓါတ္), Protein (အသားဓါတ္), Fat (အဆီဓါတ္) စတာေတြ အခ်ိဳး က်က်ပါဝင္ တဲ့ အတြက္ လူနာေတြ အာဟာရ ျပည့္ျပည့္ဝဝ ရမွာ ျဖစ္ပါတယ္။ ဘာေတြပါဝင္ ရမလဲ ဆိုေတာ့

1. ထမင္း
2. ၾကက္သား
3. ၾကက္ဥ
4. ေ႐ႊဖ႐ုံသီး
5. ငွက္ေပ်ာသီး
6. သၾကား
7. ဆီ စတာေတြ အခ်ိဳး က်က်ပါဝင္ပါတယ္။

ကယ္လိုရီ ၁၈၀၀ အတြက္ အခ်ိဳးအဆ ကေတာ့
1. ထမင္း – ထမင္းစားဇြန္း ေမာက္ေမာက္ ၁၂ ဇြန္း
2. ၾကက္သား – ၁၅ က်ပ္သား
3. ၾကက္ဥ – အႏွစ္ပါ ၂ လုံး
4. ၾကက္ဥ အကာခ်ည္း – ၆ လုံး
5. ေ႐ႊဖ႐ုံသီး – လက္ႏွစ္ဆစ္ အ႐ြယ္ ေလးတုံး
6. ငွက္ေပ်ာ္သီး သီးေမႊး – ႏွစ္လုံး
7. သၾကား – လက္ဖက္စားဇြန္း ၁ ဇြန္း
8. ဆီ – ထမင္းစားဇြန္း ၂ ဇြန္း
9. ေရ စတာေတြ လိုအပ္ပါတယ္။

ျပဳလုပ္ပုံ
1. ၾကက္သား၊ ၾကက္ဥ၊ ေ႐ႊဖ႐ုံးသီး၊ ငွက္ေပ်ာသီး၊ ဆီ၊ သၾကား တို႔ကို ေရ ၃၀၀ မီလီလီတာ ေလာက္နဲ႔ ျပဳတ္တာ ျဖစ္ျဖစ္၊ microwave ထဲ၊ oven ထဲ ျဖစ္ျဖစ္ ထည့္ၿပီး က်က္ေအာင္ ခ်က္ပါ။
2. ၿပီးရင္ ထမင္း နဲ႔ အခု ခ်က္ထားၿပီးသား ပာာေတြ ကို ေရာၿပီး အသီးေဖ်ာ္စက္ ထဲ ထည့္ၿပီး ႀကိတ္ပါ။
3. အရမ္း ပ်စ္ေနပါလိမ့္မယ္။ တကယ္ဆိုရင္ သူမ်ားႏိုင္ငံ က ေဆး႐ုံေတြ မွာ အပ်စ္အက်ဲ ကို စနစ္တက် လုပ္ပါတယ္။ ဒါေပမာ့္ ကြၽန္ေတာ္တို႔ ဆီမွာ အိမ္မွာ ပဲ ကိုယ္ထူ ကိုယ္ထ လုပ္ရမွာ ဆိုတဲ့ အတြက္ အပ်စ္ အေန အထားက ဆိုင္ေသာက္ ေထာပတ္သီး ေဖ်ာရည္ အေန အထား လို အရမ္း မပ်စ္ အရမ္း မက်ဲ တဲ့ အေျခအေန ေလာက္ အထိ ျဖစ္ေအာင္ ခုန က ႀကိတ္ထားတဲ့ အႏွစ္ေတြ ကို ေရေႏြး နဲ႔ ေရာပါ။ အရမ္းလည္း မက်ဲ ပါေစ ႏွင့္။
4. ရ လာတဲ့ အရည္ ေတြ ကို မနက္စာ ေန႔လည္စာ ညစာ ဆိုၿပီး သုံးခါ ခြဲ ထည့္ေပးပါ။ ပိုတာ ကို ေနာက္တေန႔မွာေတာ့ မသုံးမိပါေစႏွင့္။

အရသာ – တခ်ိဳ႕က ေျပာပါတယ္။ အရသာ ေကာင္းပါ့မလားဆိုၿပီး ေမးပါတယ္။ ဟုတ္ပါတယ္ အရသာ လုံးဝ မေကာင္းပါ။ ဒါေပမယ့္ ႏွာေခါင္းပိုက္ထည့္ထားတဲ့ လူတစ္ေယာက္ မွာ အရသာ ကို လည္း သူခံစားရမွာ မဟုတ္တဲ့ အတြက္ အရသာ အပိုင္း ကို ထည့္စဥ္းစား စရာ မလိုပါ။

တန္ဖိုး – ကြၽန္ေတာ္တြက္ၾကည့္တာ လူနာတစ္ေယာက္ အတြက္ အိမ္မွာ ကိုယ္တိုင္ လုပ္ရင္ သုံးေထာင္ေက်ာ္ေက်ာ္ ေလးပဲ က်ပါတယ္။ အျပင္မွာ အာဟာရ မျပည့္တဲ့ ဆန္ျပဳတ္ေတာင္ ငါးရာ တစ္ေထာင္ ေပးေနမယ့္ အစား လူနာ အတြက္ အာဟာရ ျပည့္ၿပီး ျမန္ျမန္ နလန္ထူ ႏိုင္မယ့္ ဒီလို မ်ိဳးကို ေကြၽးသင့္ပါတယ္။

မွတ္ခ်က္ – အခုေဖာ္ျပထားသည္မွာ အၾကမ္းဖ်င္း လိုက္လုပ္ႏိုင္ဖို႔ အတြက္သာ ရည္႐ြယ္ပါသည္။ ေက်ာက္ကပ္ေရာဂါ ေဝဒနာရွင္ ေတြ ဆိုရင္ေတာ့ တေန႔တာ ေသာက္ရမယ့္ ေရ ပမာဏ ေပၚ မူတည္ၿပီး အမ်ိဳးမ်ိဳး ေျပာင္းလဲ ႏိုင္ပါတယ္။ လူနာ တစ္ဦးခ်င္းေပၚ ေရာဂါ ေပၚ မူတည္ၿပီး အေျပာင္းအလဲ ေတြ ရွိပါသည္။ (ကုန္ပစၥည္း ေၾကညာျခင္း လုံးဝ မဟုတ္ပါ)

ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္

နှာခေါင်း အစာပိုက် ထည့်ထားသော လူနာများ အတွက် အာဟာရ

(မြို့ပေါ် က လူနာတွေကတော့ ကျွန်တော်တို့ကို လာပြနေကြပေမယ့် နယ်က လူနာ နှင့် ဆရာ၊ ဆရာမ များ တက်နိုင်သလောက်လေး လူနာရှင်တွေ ကို လင်ဆင့်ကမ်းပေးဖို့ မေတ္တာ ရပ်ခံ အပ်ပါသည်။) ဆေးရုံတွေ မှာ ကြည့်လိုက်ရင် နှာခေါင်း ပိုက်ထည့်ပြီး အစာထည့်နေရတဲ့ လူနာတွေ အများကြီးတွေ့ ရပါလိမ့်မယ်။

တကယ်တမ်း အစာပိုက်လို့ သာပြောတာပါ တော်ရုံတန်ရုံ လူနာရှင်တွေ က ကြောက်ပြီး အစာသိပ်မထည့်ရဲ ကြပါဘူး။ အလွန်ဆုံးမှ နွားနို့လေး ထည့်၊ အာဟာရမှုန့်ဖျော်ထည့်၊ ဆန်ပြုတ် ထည့်တာ လေးတွေ ပဲ လုပ်ကြပါတယ်။

အမှန်ဆိုရင် နှာခေါင်းပိုက်ထည့်ထားတဲ့ သူတွေ လည်း အဓိက အခြေခံ အာဟာရ အနေနဲ့ Carbohydrate (ကစီဓါတ်), Protein (အသားဓါတ်), Fat (အဆီဓါတ်) စတာတွေ အများ နည်းတူလိုအပ်ပါတယ်။ နှာခေါင်း ပိုက်ထဲ ဆန်ပြုတ်တွေ ချည်း ထည့်ရင်လည်း  Carbohydrate (ကစီဓါတ်၊ သကြားဓါတ်) တွေ ပဲ များလာပြီး Triglycerides (သွေးတွင်း အဆီ) တွေ များလာပြီး တခြား ဆိုးကျိုးတွေ တောင် ပြန်ပေးနိုင်ပါသေးတယ်။ ပြီးတော့ ပြီးပြည့်စုံ တဲ့ အာဟာရ လည်း မရနိုင်ပါဘူး။ အသားဓါတ် လည်းမရ၊ အဆီဓါတ် လည်းမရ တော့ ကြွက်သားတွေ ဆုံးရှုံးလာတယ်၊ အရိုးပေါ် အရေတင် သလိုတွေ ဖြစ်လာတဲ့ အပြင် အဆီဓါတ်ပါ ချို့တဲ့ လာတော့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေ ပါ ချို့တဲ့လာစေပါတယ်။

ဒါဆိုရင် အာဟာရမှုန့်တွေ ဖျော်တိုက်မယ် ဆိုရင်ကော????
တချို့ အာဟာရမှုန့် တွေ မှာ Carbohydrate (ကစီဓါတ်), Protein (အသားဓါတ်), Fat (အဆီဓါတ်) နှင့် ဗီတာမင်၊ သတ္တုဓါတ်တွေ ပါပါတယ်။ နှာခေါင်း ပိုက်ထဲ ထည့်လို့ရလားဆိုတော့ ထည့်လို့ရပါတယ်။ ဒါပေမယ့် ဈေးကြီးတယ်။ နေ့တိုင်း အချိန်တိုင်း ဒါကို မထည့် နိုင်တော့ ကိုယ့်ဟာ ကိုယ် အကြိမ်ရေ တွေ လျှော့လာတယ်။ နောက်ဆက်တွဲ အကျိုးဆက်ကတော့ လူနာ က စားရမယ့် ပမာဏ မစားဖြစ်တော့ဘဲ အာဟာရ တဖြည်းဖြည်း ချို့တဲ့လာတယ်။ ကျွန်တော် ဆိုလိုတာ က အာဟာရ မှုန့် ထည့်မယ် ဆိုရင်လည်း ကြားဖြတ် အချိန်မှာ ထည့် ပေးလို့တော့ရပါတယ်။ ဒါပေမယ့် အဓိက ကတော့ ဈေးသက်သာပြီး အာဟာရ ပြည့်ဝ တဲ့ blenderized diet ကို ကျွေးသင့်ပါတယ်။

Blenderized Diet ဆိုတာဘာလဲ????
မိမိအိမ်မှာ ပဲ လုပ်လို့ရတဲ့ နှာခေါင်းပိုက် ထည့်ထားတဲ့ လူနာ အတွက် ဓါတ်ဆာပါ Carbohydrate (ကစီဓါတ်), Protein (အသားဓါတ်), Fat (အဆီဓါတ်) စတာတွေ အချိုး ကျကျပါဝင် တဲ့ အတွက် လူနာတွေ အာဟာရ ပြည့်ပြည့်ဝဝ ရမှာ ဖြစ်ပါတယ်။ ဘာတွေပါဝင် ရမလဲ ဆိုတော့

1. ထမင်း
2. ကြက်သား
3. ကြက်ဥ
4. ရွှေဖရုံသီး
5. ငှက်ပျောသီး
6. သကြား
7. ဆီ စတာတွေ အချိုး ကျကျပါဝင်ပါတယ်။

ကယ်လိုရီ ၁၈၀၀ အတွက် အချိုးအဆ ကတော့
1. ထမင်း – ထမင်းစားဇွန်း မောက်မောက် ၁၂ ဇွန်း
2. ကြက်သား – ၁၅ ကျပ်သား
3. ကြက်ဥ – အနှစ်ပါ ၂ လုံး
4. ကြက်ဥ အကာချည်း – ၆ လုံး
5. ရွှေဖရုံသီး – လက်နှစ်ဆစ် အရွယ် လေးတုံး
6. ငှက်ပျော်သီး သီးမွှေး – နှစ်လုံး
7. သကြား – လက်ဖက်စားဇွန်း ၁ ဇွန်း
8. ဆီ – ထမင်းစားဇွန်း ၂ ဇွန်း
9. ရေ စတာတွေ လိုအပ်ပါတယ်။

ပြုလုပ်ပုံ
1. ကြက်သား၊ ကြက်ဥ၊ ရွှေဖရုံးသီး၊ ငှက်ပျောသီး၊ ဆီ၊ သကြား တို့ကို ရေ ၃၀၀ မီလီလီတာ လောက်နဲ့ ပြုတ်တာ ဖြစ်ဖြစ်၊ microwave ထဲ၊ oven ထဲ ဖြစ်ဖြစ် ထည့်ပြီး ကျက်အောင် ချက်ပါ။
2. ပြီးရင် ထမင်း နဲ့ အခု ချက်ထားပြီးသား ပာာတွေ ကို ရောပြီး အသီးဖျော်စက် ထဲ ထည့်ပြီး ကြိတ်ပါ။
3. အရမ်း ပျစ်နေပါလိမ့်မယ်။ တကယ်ဆိုရင် သူများနိုင်ငံ က ဆေးရုံတွေ မှာ အပျစ်အကျဲ ကို စနစ်တကျ လုပ်ပါတယ်။ ဒါပေမာ့် ကျွန်တော်တို့ ဆီမှာ အိမ်မှာ ပဲ ကိုယ်ထူ ကိုယ်ထ လုပ်ရမှာ ဆိုတဲ့ အတွက် အပျစ် အနေ အထားက ဆိုင်သောက် ထောပတ်သီး ဖျောရည် အနေ အထား လို အရမ်း မပျစ် အရမ်း မကျဲ တဲ့ အခြေအနေ လောက် အထိ ဖြစ်အောင် ခုန က ကြိတ်ထားတဲ့ အနှစ်တွေ ကို ရေနွေး နဲ့ ရောပါ။ အရမ်းလည်း မကျဲ ပါစေ နှင့်။
4. ရ လာတဲ့ အရည် တွေ ကို မနက်စာ နေ့လည်စာ ညစာ ဆိုပြီး သုံးခါ ခွဲ ထည့်ပေးပါ။ ပိုတာ ကို နောက်တနေ့မှာတော့ မသုံးမိပါစေနှင့်။

အရသာ – တချို့က ပြောပါတယ်။ အရသာ ကောင်းပါ့မလားဆိုပြီး မေးပါတယ်။ ဟုတ်ပါတယ် အရသာ လုံးဝ မကောင်းပါ။ ဒါပေမယ့် နှာခေါင်းပိုက်ထည့်ထားတဲ့ လူတစ်ယောက် မှာ အရသာ ကို လည်း သူခံစားရမှာ မဟုတ်တဲ့ အတွက် အရသာ အပိုင်း ကို ထည့်စဉ်းစား စရာ မလိုပါ။

တန်ဖိုး – ကျွန်တော်တွက်ကြည့်တာ လူနာတစ်ယောက် အတွက် အိမ်မှာ ကိုယ်တိုင် လုပ်ရင် သုံးထောင်ကျော်ကျော် လေးပဲ ကျပါတယ်။ အပြင်မှာ အာဟာရ မပြည့်တဲ့ ဆန်ပြုတ်တောင် ငါးရာ တစ်ထောင် ပေးနေမယ့် အစား လူနာ အတွက် အာဟာရ ပြည့်ပြီး မြန်မြန် နလန်ထူ နိုင်မယ့် ဒီလို မျိုးကို ကျွေးသင့်ပါတယ်။

မှတ်ချက် – အခုဖော်ပြထားသည်မှာ အကြမ်းဖျင်း လိုက်လုပ်နိုင်ဖို့ အတွက်သာ ရည်ရွယ်ပါသည်။ ကျောက်ကပ်ရောဂါ ဝေဒနာရှင် တွေ ဆိုရင်တော့ တနေ့တာ သောက်ရမယ့် ရေ ပမာဏ ပေါ် မူတည်ပြီး အမျိုးမျိုး ပြောင်းလဲ နိုင်ပါတယ်။ လူနာ တစ်ဦးချင်းပေါ် ရောဂါ ပေါ် မူတည်ပြီး အပြောင်းအလဲ တွေ ရှိပါသည်။ (ကုန်ပစ္စည်း ကြေညာခြင်း လုံးဝ မဟုတ်ပါ)

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Previous Post

ကလေးများနှင့် အိုင်တီပစ္စည်းများ

Next Post

ညဘက်သွားကြိတ်တတ်တဲ့သူတွေ အသုံးပြုသင့်တဲ့ Nightguard

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ညဘက်သွားကြိတ်တတ်တဲ့သူတွေ အသုံးပြုသင့်တဲ့ Nightguard

အနားယူခြင်း နှင့် အောင်မြင်မှု

ခရမ်းချဉ်သီးတန်ခိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.