(Zawgyi)
ေဒၚတင္တင္စန္းတစ္ေယာက္ ေက်ာင္းဆရာမ ဘဝႏွင့္ အလုပ္ဝင္ေနတာၾကာၿပီ။ သားသမီးမရွိ အပ်ိဳႀကီးႏွင့္ပင္ ေက်ာင္းသားေက်ာင္းသူမ်ားကို ကိုယ့္သားသမီးလိုသေဘာထားသည္။ ကေလးမ်ားကို ဆုံးမ႐ုံတင္မကပဲ သူတို႔၏ ကိစၥ အ၀၀ကို မိမိ၏ ကိစၥလိုမ်ိဳးသေဘာထားသည့္အတြက္ ကေလးမ်ားကလည္း ေဒၚတင္တင္စန္းကို ခ်စ္ၾကသည္။
ေက်ာင္းတြင္ ေမာင္ေကာင္းစံက ငယ္ငယ္ကတည္းက စာေတာ္ေသာ ေက်ာင္းသားတစ္ေယာက္ျဖစ္သည္။ အတန္းတိုင္းတြင္ စာေတာ္ေသာ ေက်ာင္းသားအျဖစ္နာမည္ႀကီးေနသည္။ ၿမိဳ႕နယ္စာေမးပြဲမ်ားတြင္လည္း ထူးခြၽန္စြာေအာင္ျမင္ေသာ ေက်ာင္းသားတစ္ေယာက္ျဖစ္သည္။ ေက်ာင္းအုပ္ဆရာႀကီးႏွင့္တကြ ဆရာဆရာမမ်ားအားလုံးက ေမာင္ေကာင္းစံကို တကၠသိုလ္ဝင္တန္းစာေမးပြဲတြင္လည္း ထူးခြၽန္စြာ ေအာင္ျမင္လိမ့္မည္ဟု ခန႔္မွန္းၾကသည္။ ေက်ာင္းဂုဏ္ေဆာင္ ေက်ာင္းသားတစ္ေယာက္ျဖစ္မည္မွာ ဧကန္မုခ်မလြဲပင္။
ေမာင္ေကာင္းစံ ေဒၚတင္တင္စန္း၏ အခန္းသို႔ ေရာက္ရွိလာေတာ့ ေမာင္ေကာင္းစံကို သတိထားမိသည္။ ႏွစ္စပိုင္းေလာက္တြင္ ေမာင္ေကာင္းစံတစ္ေယာက္ လပတ္စာေမးပြဲမ်ားတြင္ ထူးခြၽန္စြာေအာင္ျမင္ခဲ့သည္။ သို႔ေသာ္ ႏွစ္လည္ စာေမးပြဲတြင္ ေမာင္ေကာင္းစံ၏ အမွတ္မ်ားက နည္းလာသည္။ ကေလးကို ၾကည့္ရသည္မွာလည္း အရင္လိုလန္းလန္းဆန္းဆန္းမရွိဟု ေဒၚတင္တင္စန္းထင္သည္။ အရင္ က ႐ႊင္႐ႊင္လန္းလန္းရွိတတ္ေသာ ေက်ာင္းသားတစ္ေယာက္ ညႇိဳးည္ႈိးမႈိင္မႈိင္ရွိလွသည္ဟု ထင္သည္။ ကေလးကို ၾကည့္ရသည္မွ ေက်ာင္းစာတြင္ စိတ္ဝင္စားမႈအားနည္းေနသည္ဟုလည္း ထင္သည္။ ဆရာမအခ်င္းခ်င္းလည္း ေမာင္ေကာင္းစံကိုသတိထားမိလာၾကသည္။ ေမာင္ေကာင္းစံတစ္ေယာက္ စာေမးပြဲနီးမွ စိတ္ေတြ ေလလြင့္ေနသည္ဟု ဆရာမတိုင္းကယူဆၾကသည္။ ေက်ာင္းသားမ်ားမွတစ္ဆင့္ စုံစမ္းၾကည့္ေတာ့ ေက်ာင္းတြင္ေတာ့ ေမာင္ေကာင္းစံတြင္ ဘာျပသနာမွ မရွိ။ လူတိုင္းႏွင့္ ခင္ခင္မင္မင္ ဆက္ဆံသည္။ သူငယ္ခ်င္းမ်ားႏွင့္လည္း ဆက္ဆံေရးေျပျပစ္ေနသည္။ သို႔ေသာ္ ေမာင္ေကာင္းစံတြင္ ျပသနာတစ္ခုေတာ့ရွိေနရမည္။ ေဒၚတင္တင္စန္းသိသည္။ တစ္ေန႔ မုန႔္စားေက်ာင္းဆင္းခ်ိန္တြင္ ေမာင္ေကာင္းစံအား နားေနခန္းတြင္ ေခၚေတြ႕သည္။
“သားစာေမးပြဲေတြမွာအမွတ္နည္းတယ္ေနာ္”
“ဟုတ္ကဲ့ပါ။”
“စာေတြမ လိုက္ႏိုင္လို႔လား။ စာမလိုက္ႏိုင္ရင္ ဆရာမတို႔ကို လာေမးလို႔ရတယ္ေနာ္”
“ဟုတ္ကဲ့ပါဆရာမ။ကြၽန္ေတာ္လိုက္ႏိုင္ပါတယ္”
“သားအမွတ္ေတြက မေကာင္းတဲ့အထဲေတာ့မပါပါဘူး။ ဒါေပမဲ့ ဆရာမက သားကို ဒီထက္ပိုၿပီးမွန္းထားတယ္။ သားငယ္ငယ္ကဆိုရင္ သားကိုအတန္းထဲမွာ ဘယ္သူမွေက်ာ္လို႔မရေအာင္ သားက ေတာ္တာ။ အခု သား အဆင့္ေတြလည္းက်သြားတယ္။ အမွတ္ေတြလည္း နည္းသြားတယ္။ သားမွာ တစ္ခုခုမ်ားျပသနာရွိေနလို႔လား”
“မရွိပါဘူး ဆရာမ သားအဆင္ေျပပါတယ္”
ေဒၚတင္တင္စန္းတစ္ေယာက္ တပည့္ျဖစ္သူကို အားေပးလိုက္သည္။
“သားမွာ အခက္အခဲေတြရွိရင္ ဆရာမကို အခ်ိန္မေ႐ြးေျပာလို႔ရပါတယ္။ မေၾကာက္နဲ႔ေနာ္”
“ေက်းဇူးတင္ပါတယ္ ဆရာမ”
ထြက္သြားေသာ တပည့္ေလးကို ၾကည့္ၿပီး ေဒၚတင္တင္စန္းတစ္ေယာက္ သက္ျပင္းခ်မိသည္။ ေမာင္ေကာင္းစံတြင္ ျပသနာတစ္ခုခုေတာ့ရွိေနသည္။ ဘာရွိေနမွန္းသာ ေဒၚတင္တင္စန္းမသိျခင္းျဖစ္သည္။ အတန္းထဲမွ တျခားကေလးမ်ားကို စုံစမ္းၾကည့္ေတာ့လည္း အတန္းထဲတြင္ ေမာင္ေကာင္းစံတစ္ေယာက္ ဘာျပႆနာမွ မည္သူႏွင့္မွ မျဖစ္ေပ။ အိမ္မွာမ်ား ျပႆနာတစ္ခုခုရွိေနၿပီလားလို႔ထင္မိသည္။
ဒီဇင္ဘာေက်ာင္းပိတ္ခါနီး စာေမးပြဲစစ္ေတာ့ ေမာင္ေကာင္းစံ၏ အမွတ္မ်ားသည္ အလြန္နည္းပါးေနသည္။ ေက်ာင္းဂုဏ္ေဆာင္မည္ဟု ခန႔္မွန္းထားေသာ ေက်ာင္းသားတစ္ေယာက္ အမွတ္မ်ား နည္းပါးေနသည့္ အတြက္ ေဒၚတင္တင္စန္းတစ္ေယာက္ ေခါင္းမီးေတာက္ရသည္။ ကေလးတြင္ ဘာ အခက္အခဲမ်ားရွိေနၿပီလဲ။
ဒီတစ္ပတ္ေက်ာင္းပိတ္ရက္တြင္ ေမာင္ေကာင္းစံအိမ္သို႔လိုက္သြားၿပီး မိဘမ်ားႏွင့္ေတြ႕ဆုံမည္။ ကေလးကိစၥေဆြးေႏြးမည္ဟုဆုံးျဖတ္လိုက္သည္။ ေမာင္ေကာင္းစံကို လည္း ႀကိဳအသိမေပးပဲ သူ႔မိဘမ်ားႏွင့္ ကေလးကိစၥ ေျပာဆိုတိုင္ပင္မည္။ ဒါေၾကာင့္ ေက်ာင္းပိတ္တုန္း ေမာင္ေကာင္းစံ၏ အတန္းပိုင္ဆရာမျဖစ္ခဲ့ဖူးသူ ေဒၚသူဇာကိုပါေခၚ၍ ေမာင္ေကာင္းစံအိမ္သို႔ေရာက္ရွိခဲ့သည္။
ၿခံဝင္းအတြင္းသို႔ ဝင္လိုက္သည္ႏွင့္ အိမ္ထဲမွ ဧည့္သည္မ်ားျဖစ္သည္ဟု ယူဆရေသာ လူတစ္စု ထြက္လာၾကသည္။ ေမာင္ေကာင္းစံ အဘိုးျဖစ္သူမွ ေဒၚသူဇာကို ျမင္သည္ႏွင့္
“ဆရာမတို႔ပါလား။ ဝင္ပါဝင္ပါ။ ဘာကိစၥရွိလို႔ပါသလဲ။”
ေဒၚသူဇာတို႔ႏွစ္ေယာက္ ေမာင္ေကာင္းစံအဘိုးျဖစ္သူကို ေတြ႕လိုက္ရ၍ အားတက္သြားသည္။ ေဒၚသူဇာမွပင္ ေဒၚတင္တင္စန္းႏွင့္ မိတ္ဆက္ေပးသည္။
“ဒါကေတာ့ ဆရာမ ေဒၚတင္တင္စန္းပါ။ ဒီႏွစ္ ေမာင္ေကာင္းစံတို႔ရဲ႕ အတန္းပိုင္ဆရာမေပါ့”
“ဟုတ္ကဲ့ပါဆရာမ ေတြ႕ရတာ ဝမ္းသာပါတယ္။ ဘာျဖစ္လို႔မ်ားအိမ္အထိ ကိုယ္တိုင္လိုက္လာရတာ လဲဟင္။ ေျမးေလးေက်ာင္းမွာဘာျဖစ္လို႔လဲ”
ေဒၚတင္တင္စန္းမွ ဝင္ေရာက္ေျပာဆိုလိုက္သည္။
“ကေလးက ငယ္ငယ္ကတည္းက ေက်ာင္းမွာဆိုရင္ စာေတာ္တဲ့ ေက်ာင္းသားတစ္ေယာက္ပဲ အန္ကယ္။ ဒါေပမဲ့ ဒီႏွစ္မွာ ကေလးရဲ႕စြမ္းေဆာင္ရည္က်လာတယ္။ စာေမးပြဲေတြမွာ အမွတ္ေတြနည္းလာတယ္။ အဆင့္ေတြလည္းက်လာတယ္။ ငယ္ငယ္ကတည္းက ေတာ္လာတဲ့ ေက်ာင္းသားတစ္ေယာက္အေနနဲ႔ ဒီေလာက္အထိ အေျခအေနဆိုးစရာ အေၾကာင္းမရွိဘူး။ သူ႔မွာ အခက္အခဲတစ္ခုခုရွိလိမ့္မယ္လို႔ ကြၽန္မထင္တယ္။ ကေလးကိုေခၚေမးေတာ့လည္း ကြၽန္ေတာ္ အဆင္ေျပပါတယ္လို႔ပဲေျပာေနတယ္။ ဒါေၾကာင့္ ကေလးမွာ ဘာအခက္အခဲေတြမ်ားရွိေနသလဲလို႔သိရေအာင္ မိဘမ်ားနဲ႔ ေဆြးေႏြးဖို႔လာခဲ့တာပါ”
အဘိုးျဖစ္သူမွသက္ျပင္းတစ္ခ်က္ခ်လိုက္သည္။
“ဟုတ္ပါတယ္။ ကေလးမွာျပသနာမရွိပါဘူး။ ကေလးမိဘေတြမွာျပသနာရွိေနတာပါ။ ကေလးက အရင္က စိတ္ညစ္စရာ စိတ္အေႏွာက္အယွက္ျဖစ္စရာမရွိေတာ့သူ႔ပညာေရးက ေျဖာင့္ေျဖာင့္ျဖဴျဖဴးေလး ျဖစ္ေနတာေပါ့။ အခုႏွစ္စပိုင္းေလာက္မွာ ေမာင္ေကာင္းစံ မိဘႏွစ္ပါး အိမ္ေထာင္ေရး အဆင္မေျပၾကဘူး။ မိဘႏွစ္ပါးက အိမ္မွာ အၿမဲရန္ျဖစ္ေနေတာ့ ကေလးကစိတ္ညစ္ရွာတာေပါ့။ ေက်ာင္းစာမွာလည္း ဖိဖိစီးစီး မက်က္မွတ္ႏိုင္ေတာ့ ဘူး။ သူလည္း စိတ္မေကာင္းျဖစ္ရွာတာေပါ့။”
“ၾကားရတာစိတ္မေကာင္းျဖစ္လိုက္တာရွင္”
“ကေလးက ဒါေၾကာင့္ေက်ာင္းစာမလိုက္ႏိုင္တာပါ”
“ဟုတ္ကဲ့ပါကြၽန္မတို႔လည္းဒီေရာက္မွသိတာပါ”
“အခုထြက္သြားတဲ့လူေတြကို ေတြ႕လိုက္မွာေပါ့။ ရပ္ကြက္လူႀကီးနဲ႔ တရားသူႀကီးပါ။ ဒီေန႔ပဲ ကေလး အေဖနဲ႔ အေမ လက္မွတ္ထိုးၿပီး တရားဝင္ ကြာရွင္းျပတ္စဲၾကတယ္”
“ေအာ္”
ေဒၚသူဇာတစ္ေယာက္ စိတ္မေကာင္းႀကီးစြာႏွင့္ ေျပာမိသည္။
“ကေလးကိုေတာ့ သူ႔အေဒၚအိမ္ ခဏပို႔ထားတယ္။ သူျမင္ရင္ စိတ္မေကာင္းျဖစ္မွာစိုးလို႔ပါ။ ညေနမွ ျပန္ေခၚမယ္”
“သူဒါေတြသိလား”
ေဒၚတင္တင္စန္းတစ္ေယာက္ စိုးရိမ္တႀကီးေမးမိသည္။
“သူ အကုန္သိပါတယ္။ ဒီေန႔ အေဖနဲ႔ အေမ လက္မွတ္ထိုးၿပီးကြာရွင္းၾကမယ္ဆိုတာလဲ သိပါတယ္။ ဒါေၾကာင့္လည္းသူ႔ကိုေရွာင္ခိုင္းထားရတာေပါ့”
“သူ႔ရင္ထဲမွာ ေတာ္ေတာ္ကို ခံစားေနရမွာပဲ။ ဒါေၾကာင့္လည္း ေက်ာင္းမွာဆိုရင္ အရင္လို လန္းလန္းဆန္းဆန္း မရွိေတာ့ပဲ မႈိင္ေနတတ္တာ”
“ဟုတ္တာေပါ့ ဆရာမရယ္။ အခုဆိုရင္ အရင္လို ၿပဳံးၿပဳံး႐ႊင္႐ႊင္လည္းမဟုတ္ေတာ့လို႔ ကြၽန္ေတာ္တို႔ေတာင္ စိုးရိမ္ေနရတယ္။ ဆရာမတို႔လည္း ကေလးကို ဂ႐ုစိုက္ေပးပါ။ ကြၽန္ေတာ္တို႔လည္း အိမ္မွာ သူ႔ကိုဂ႐ုစိုက္ပါမယ္။”
အဘိုးျဖစ္သူမွ ေျမးျဖစ္သူကို အပ္ေနသည္။
“ဟုတ္ကဲ့ပါ အန္ကယ္။ ကြၽန္မတို႔လာလိုက္တာ အက်ိဳးအေၾကာင္းသိလိုက္ရတာေပါ့။ ကေလးအေၾကာင္းသိေတာ့ ကေလးအတြက္ လုပ္ေပးစရာရွိတာေတြလုပ္ေပးလို႔ရတာေပါ့။”
ေဒၚတင္တင္စန္းတစ္ေယာက္ အဘိုးျဖစ္သူကို ကတိေပးလိုက္သည္။
“ေက်းဇူးတင္ပါတယ္ဆရာမရယ္။ မိဘႏွစ္ပါးရဲ႕ မာနေတြ အတၱေတြဟာ သားသမီးေတြရဲ႕ဘဝကို အမ်ားႀကီးထိခိုက္နစ္နာပါတယ္။ မိဘေတြဟာ သားသမီးအတြက္ မငဲ့ညႇာၾကဘူး။ ကေလးအတြက္လည္း ဘာမွမစဥ္းစားၾကဘူးေလ။ ကေလးရဲ႕ပညာေရးကို ထိခိုက္တဲ့ အတြက္ ကြၽန္ေတာ္တို႔လည္း ဝမ္းနည္းပါတယ္။ ကြၽန္ေတာ္လည္းကြၽန္ေတာ့္ေျမးကိုဂ႐ုစိုက္ပါမယ္။ ”
“ဟုတ္ကဲ့ပါ အန္ကယ္။ ဒီေလာက္ဆိုရင္ ကြၽန္မတို႔ ကေလးအတြက္ ဘာလုပ္ေပးရမယ္ဆိုတာ နားလည္ပါၿပီ။ ကြၽန္မတို႔ အန္ကယ္နဲ႔ အၿမဲ အဆက္အသြယ္မပ်က္ေအာင္ေနၿပီး ကေလးအတြက္ အေကာင္းဆုံး လုပ္ေပးၾကတာေပါ့”
ေဒၚတင္တင္စန္းတစ္ေယာက္ အျပင္လမ္းတစ္ေလွ်ာက္ ေမာင္ေကာင္းစံေလးအေၾကာင္းေတြးမိရင္း ေၾကကြဲလာရသည္။ မိဘႏွစ္ပါး အဆင္မေျပလို႔လမ္းခြဲလိုက္ၿပီဆိုတဲ့ အသိကို ေမာင္ေကာင္းစံ ဘယ္လို စိတ္မ်ိဳးႏွင့္ လက္ခံေနပါသနည္း။ ႏုနယ္လြန္းေသာ ဘဝတြင္ ကံၾကမၼာက ရက္စက္လြန္းလွသည္။ သူမ်ားမိသားစုမ်ားကို ၾကည့္၍ အားငယ္ေနေသာ ကေလးကို ဘယ္လိုပုံစံမ်ိဳးႏွင့္ ေျဖသိမ့္ေပးရမည္နည္း။ အားေပးစကားမ်ား ဘယ္လိုေျပာၾကားရမည္နည္း။ ကေလးတစ္ေယာက္၏ အနာဂတ္ကို မိဘမ်ားဘယ္ေလာက္အထိမ်ားစဥ္းစားထားၾကသနည္း။ မိဘမ်ားက သားသမီးကို ေက်ာင္းစာတြင္ ေတာ္ေစခ်င္ တတ္ေစခ်င္ၾကသည္။ သို႔ေသာ္ သားသမီးပညာေရးအတြက္ ဘာေတြေထာက္ပံေပးရမည္ကို မသိၾက။ က်ဳရွင္ေကာင္းေကာင္းကို ေဈးႀကီးႀကီးေပး၍ ထားေပးလွ်င္ မိဘတာဝန္ေၾကေနၿပီဟု ယူဆေနပုံရသည္။ သားသမီး၏ စိတ္ဓာတ္ခြန္အားကို အားေပးအားေျမာက္ျပဳရမည္ကို မသိၾက။ သားသမီး၏ ပညာေရးကို အေထာက္အပံေပး႐ုံတင္မကပဲ မိဘမ်ားက ခ်စ္ျခင္းေမတၱာကိုပါ ေပးရမည္ကို မသိၾက ။ ထူးခြၽန္ေက်ာင္းသားတစ္ေယာက္ ေပၚေပါက္ဖို႔အတြက္ ဆရာဆရာမမ်ားတြင္သာမက မိဘမ်ားတြင္ပါ တာဝန္ရွိေၾကာင္း မိဘမ်ားသိၾကပါရဲ႕လားလို႔ပဲ စဥ္းစားခန္းဖြင့္လာမိသည္။ နက္ျဖန္မွစ၍ ေက်ာင္းတြင္ ေမာင္ေကာင္းစံကို တျခားကေလးမ်ားထက္ပိုၿပီးဂ႐ုစိုက္ရေတာ့မည္။ ကေလးရင္ထဲမွ အနာေတြကို က်က္ေအာင္ေတာ့ အခ်ိန္တစ္ခုအထိ ေစာင့္ရေပဦးမည္။
Author – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
ဒေါ်တင်တင်စန်းတစ်ယောက် ကျောင်းဆရာမ ဘဝနှင့် အလုပ်ဝင်နေတာကြာပြီ။ သားသမီးမရှိ အပျိုကြီးနှင့်ပင် ကျောင်းသားကျောင်းသူများကို ကိုယ့်သားသမီးလိုသဘောထားသည်။ ကလေးများကို ဆုံးမရုံတင်မကပဲ သူတို့၏ ကိစ္စ အ၀၀ကို မိမိ၏ ကိစ္စလိုမျိုးသဘောထားသည့်အတွက် ကလေးများကလည်း ဒေါ်တင်တင်စန်းကို ချစ်ကြသည်။
ကျောင်းတွင် မောင်ကောင်းစံက ငယ်ငယ်ကတည်းက စာတော်သော ကျောင်းသားတစ်ယောက်ဖြစ်သည်။ အတန်းတိုင်းတွင် စာတော်သော ကျောင်းသားအဖြစ်နာမည်ကြီးနေသည်။ မြို့နယ်စာမေးပွဲများတွင်လည်း ထူးချွန်စွာအောင်မြင်သော ကျောင်းသားတစ်ယောက်ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးနှင့်တကွ ဆရာဆရာမများအားလုံးက မောင်ကောင်းစံကို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်လည်း ထူးချွန်စွာ အောင်မြင်လိမ့်မည်ဟု ခန့်မှန်းကြသည်။ ကျောင်းဂုဏ်ဆောင် ကျောင်းသားတစ်ယောက်ဖြစ်မည်မှာ ဧကန်မုချမလွဲပင်။
မောင်ကောင်းစံ ဒေါ်တင်တင်စန်း၏ အခန်းသို့ ရောက်ရှိလာတော့ မောင်ကောင်းစံကို သတိထားမိသည်။ နှစ်စပိုင်းလောက်တွင် မောင်ကောင်းစံတစ်ယောက် လပတ်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့သည်။ သို့သော် နှစ်လည် စာမေးပွဲတွင် မောင်ကောင်းစံ၏ အမှတ်များက နည်းလာသည်။ ကလေးကို ကြည့်ရသည်မှာလည်း အရင်လိုလန်းလန်းဆန်းဆန်းမရှိဟု ဒေါ်တင်တင်စန်းထင်သည်။ အရင် က ရွှင်ရွှင်လန်းလန်းရှိတတ်သော ကျောင်းသားတစ်ယောက် ညှိုးည်ှိုးမှိုင်မှိုင်ရှိလှသည်ဟု ထင်သည်။ ကလေးကို ကြည့်ရသည်မှ ကျောင်းစာတွင် စိတ်ဝင်စားမှုအားနည်းနေသည်ဟုလည်း ထင်သည်။ ဆရာမအချင်းချင်းလည်း မောင်ကောင်းစံကိုသတိထားမိလာကြသည်။ မောင်ကောင်းစံတစ်ယောက် စာမေးပွဲနီးမှ စိတ်တွေ လေလွင့်နေသည်ဟု ဆရာမတိုင်းကယူဆကြသည်။ ကျောင်းသားများမှတစ်ဆင့် စုံစမ်းကြည့်တော့ ကျောင်းတွင်တော့ မောင်ကောင်းစံတွင် ဘာပြသနာမှ မရှိ။ လူတိုင်းနှင့် ခင်ခင်မင်မင် ဆက်ဆံသည်။ သူငယ်ချင်းများနှင့်လည်း ဆက်ဆံရေးပြေပြစ်နေသည်။ သို့သော် မောင်ကောင်းစံတွင် ပြသနာတစ်ခုတော့ရှိနေရမည်။ ဒေါ်တင်တင်စန်းသိသည်။ တစ်နေ့ မုန့်စားကျောင်းဆင်းချိန်တွင် မောင်ကောင်းစံအား နားနေခန်းတွင် ခေါ်တွေ့သည်။
“သားစာမေးပွဲတွေမှာအမှတ်နည်းတယ်နော်”
“ဟုတ်ကဲ့ပါ။”
“စာတွေမ လိုက်နိုင်လို့လား။ စာမလိုက်နိုင်ရင် ဆရာမတို့ကို လာမေးလို့ရတယ်နော်”
“ဟုတ်ကဲ့ပါဆရာမ။ကျွန်တော်လိုက်နိုင်ပါတယ်”
“သားအမှတ်တွေက မကောင်းတဲ့အထဲတော့မပါပါဘူး။ ဒါပေမဲ့ ဆရာမက သားကို ဒီထက်ပိုပြီးမှန်းထားတယ်။ သားငယ်ငယ်ကဆိုရင် သားကိုအတန်းထဲမှာ ဘယ်သူမှကျော်လို့မရအောင် သားက တော်တာ။ အခု သား အဆင့်တွေလည်းကျသွားတယ်။ အမှတ်တွေလည်း နည်းသွားတယ်။ သားမှာ တစ်ခုခုများပြသနာရှိနေလို့လား”
“မရှိပါဘူး ဆရာမ သားအဆင်ပြေပါတယ်”
ဒေါ်တင်တင်စန်းတစ်ယောက် တပည့်ဖြစ်သူကို အားပေးလိုက်သည်။
“သားမှာ အခက်အခဲတွေရှိရင် ဆရာမကို အချိန်မရွေးပြောလို့ရပါတယ်။ မကြောက်နဲ့နော်”
“ကျေးဇူးတင်ပါတယ် ဆရာမ”
ထွက်သွားသော တပည့်လေးကို ကြည့်ပြီး ဒေါ်တင်တင်စန်းတစ်ယောက် သက်ပြင်းချမိသည်။ မောင်ကောင်းစံတွင် ပြသနာတစ်ခုခုတော့ရှိနေသည်။ ဘာရှိနေမှန်းသာ ဒေါ်တင်တင်စန်းမသိခြင်းဖြစ်သည်။ အတန်းထဲမှ တခြားကလေးများကို စုံစမ်းကြည့်တော့လည်း အတန်းထဲတွင် မောင်ကောင်းစံတစ်ယောက် ဘာပြဿနာမှ မည်သူနှင့်မှ မဖြစ်ပေ။ အိမ်မှာများ ပြဿနာတစ်ခုခုရှိနေပြီလားလို့ထင်မိသည်။
ဒီဇင်ဘာကျောင်းပိတ်ခါနီး စာမေးပွဲစစ်တော့ မောင်ကောင်းစံ၏ အမှတ်များသည် အလွန်နည်းပါးနေသည်။ ကျောင်းဂုဏ်ဆောင်မည်ဟု ခန့်မှန်းထားသော ကျောင်းသားတစ်ယောက် အမှတ်များ နည်းပါးနေသည့် အတွက် ဒေါ်တင်တင်စန်းတစ်ယောက် ခေါင်းမီးတောက်ရသည်။ ကလေးတွင် ဘာ အခက်အခဲများရှိနေပြီလဲ။
ဒီတစ်ပတ်ကျောင်းပိတ်ရက်တွင် မောင်ကောင်းစံအိမ်သို့လိုက်သွားပြီး မိဘများနှင့်တွေ့ဆုံမည်။ ကလေးကိစ္စဆွေးနွေးမည်ဟုဆုံးဖြတ်လိုက်သည်။ မောင်ကောင်းစံကို လည်း ကြိုအသိမပေးပဲ သူ့မိဘများနှင့် ကလေးကိစ္စ ပြောဆိုတိုင်ပင်မည်။ ဒါကြောင့် ကျောင်းပိတ်တုန်း မောင်ကောင်းစံ၏ အတန်းပိုင်ဆရာမဖြစ်ခဲ့ဖူးသူ ဒေါ်သူဇာကိုပါခေါ်၍ မောင်ကောင်းစံအိမ်သို့ရောက်ရှိခဲ့သည်။
ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် အိမ်ထဲမှ ဧည့်သည်များဖြစ်သည်ဟု ယူဆရသော လူတစ်စု ထွက်လာကြသည်။ မောင်ကောင်းစံ အဘိုးဖြစ်သူမှ ဒေါ်သူဇာကို မြင်သည်နှင့်
“ဆရာမတို့ပါလား။ ဝင်ပါဝင်ပါ။ ဘာကိစ္စရှိလို့ပါသလဲ။”
ဒေါ်သူဇာတို့နှစ်ယောက် မောင်ကောင်းစံအဘိုးဖြစ်သူကို တွေ့လိုက်ရ၍ အားတက်သွားသည်။ ဒေါ်သူဇာမှပင် ဒေါ်တင်တင်စန်းနှင့် မိတ်ဆက်ပေးသည်။
“ဒါကတော့ ဆရာမ ဒေါ်တင်တင်စန်းပါ။ ဒီနှစ် မောင်ကောင်းစံတို့ရဲ့ အတန်းပိုင်ဆရာမပေါ့”
“ဟုတ်ကဲ့ပါဆရာမ တွေ့ရတာ ဝမ်းသာပါတယ်။ ဘာဖြစ်လို့များအိမ်အထိ ကိုယ်တိုင်လိုက်လာရတာ လဲဟင်။ မြေးလေးကျောင်းမှာဘာဖြစ်လို့လဲ”
ဒေါ်တင်တင်စန်းမှ ဝင်ရောက်ပြောဆိုလိုက်သည်။
“ကလေးက ငယ်ငယ်ကတည်းက ကျောင်းမှာဆိုရင် စာတော်တဲ့ ကျောင်းသားတစ်ယောက်ပဲ အန်ကယ်။ ဒါပေမဲ့ ဒီနှစ်မှာ ကလေးရဲ့စွမ်းဆောင်ရည်ကျလာတယ်။ စာမေးပွဲတွေမှာ အမှတ်တွေနည်းလာတယ်။ အဆင့်တွေလည်းကျလာတယ်။ ငယ်ငယ်ကတည်းက တော်လာတဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလောက်အထိ အခြေအနေဆိုးစရာ အကြောင်းမရှိဘူး။ သူ့မှာ အခက်အခဲတစ်ခုခုရှိလိမ့်မယ်လို့ ကျွန်မထင်တယ်။ ကလေးကိုခေါ်မေးတော့လည်း ကျွန်တော် အဆင်ပြေပါတယ်လို့ပဲပြောနေတယ်။ ဒါကြောင့် ကလေးမှာ ဘာအခက်အခဲတွေများရှိနေသလဲလို့သိရအောင် မိဘများနဲ့ ဆွေးနွေးဖို့လာခဲ့တာပါ”
အဘိုးဖြစ်သူမှသက်ပြင်းတစ်ချက်ချလိုက်သည်။
“ဟုတ်ပါတယ်။ ကလေးမှာပြသနာမရှိပါဘူး။ ကလေးမိဘတွေမှာပြသနာရှိနေတာပါ။ ကလေးက အရင်က စိတ်ညစ်စရာ စိတ်အနှောက်အယှက်ဖြစ်စရာမရှိတော့သူ့ပညာရေးက ဖြောင့်ဖြောင့်ဖြူဖြူးလေး ဖြစ်နေတာပေါ့။ အခုနှစ်စပိုင်းလောက်မှာ မောင်ကောင်းစံ မိဘနှစ်ပါး အိမ်ထောင်ရေး အဆင်မပြေကြဘူး။ မိဘနှစ်ပါးက အိမ်မှာ အမြဲရန်ဖြစ်နေတော့ ကလေးကစိတ်ညစ်ရှာတာပေါ့။ ကျောင်းစာမှာလည်း ဖိဖိစီးစီး မကျက်မှတ်နိုင်တော့ ဘူး။ သူလည်း စိတ်မကောင်းဖြစ်ရှာတာပေါ့။”
“ကြားရတာစိတ်မကောင်းဖြစ်လိုက်တာရှင်”
“ကလေးက ဒါကြောင့်ကျောင်းစာမလိုက်နိုင်တာပါ”
“ဟုတ်ကဲ့ပါကျွန်မတို့လည်းဒီရောက်မှသိတာပါ”
“အခုထွက်သွားတဲ့လူတွေကို တွေ့လိုက်မှာပေါ့။ ရပ်ကွက်လူကြီးနဲ့ တရားသူကြီးပါ။ ဒီနေ့ပဲ ကလေး အဖေနဲ့ အမေ လက်မှတ်ထိုးပြီး တရားဝင် ကွာရှင်းပြတ်စဲကြတယ်”
“အော်”
ဒေါ်သူဇာတစ်ယောက် စိတ်မကောင်းကြီးစွာနှင့် ပြောမိသည်။
“ကလေးကိုတော့ သူ့အဒေါ်အိမ် ခဏပို့ထားတယ်။ သူမြင်ရင် စိတ်မကောင်းဖြစ်မှာစိုးလို့ပါ။ ညနေမှ ပြန်ခေါ်မယ်”
“သူဒါတွေသိလား”
ဒေါ်တင်တင်စန်းတစ်ယောက် စိုးရိမ်တကြီးမေးမိသည်။
“သူ အကုန်သိပါတယ်။ ဒီနေ့ အဖေနဲ့ အမေ လက်မှတ်ထိုးပြီးကွာရှင်းကြမယ်ဆိုတာလဲ သိပါတယ်။ ဒါကြောင့်လည်းသူ့ကိုရှောင်ခိုင်းထားရတာပေါ့”
“သူ့ရင်ထဲမှာ တော်တော်ကို ခံစားနေရမှာပဲ။ ဒါကြောင့်လည်း ကျောင်းမှာဆိုရင် အရင်လို လန်းလန်းဆန်းဆန်း မရှိတော့ပဲ မှိုင်နေတတ်တာ”
“ဟုတ်တာပေါ့ ဆရာမရယ်။ အခုဆိုရင် အရင်လို ပြုံးပြုံးရွှင်ရွှင်လည်းမဟုတ်တော့လို့ ကျွန်တော်တို့တောင် စိုးရိမ်နေရတယ်။ ဆရာမတို့လည်း ကလေးကို ဂရုစိုက်ပေးပါ။ ကျွန်တော်တို့လည်း အိမ်မှာ သူ့ကိုဂရုစိုက်ပါမယ်။”
အဘိုးဖြစ်သူမှ မြေးဖြစ်သူကို အပ်နေသည်။
“ဟုတ်ကဲ့ပါ အန်ကယ်။ ကျွန်မတို့လာလိုက်တာ အကျိုးအကြောင်းသိလိုက်ရတာပေါ့။ ကလေးအကြောင်းသိတော့ ကလေးအတွက် လုပ်ပေးစရာရှိတာတွေလုပ်ပေးလို့ရတာပေါ့။”
ဒေါ်တင်တင်စန်းတစ်ယောက် အဘိုးဖြစ်သူကို ကတိပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်ဆရာမရယ်။ မိဘနှစ်ပါးရဲ့ မာနတွေ အတ္တတွေဟာ သားသမီးတွေရဲ့ဘဝကို အများကြီးထိခိုက်နစ်နာပါတယ်။ မိဘတွေဟာ သားသမီးအတွက် မငဲ့ညှာကြဘူး။ ကလေးအတွက်လည်း ဘာမှမစဉ်းစားကြဘူးလေ။ ကလေးရဲ့ပညာရေးကို ထိခိုက်တဲ့ အတွက် ကျွန်တော်တို့လည်း ဝမ်းနည်းပါတယ်။ ကျွန်တော်လည်းကျွန်တော့်မြေးကိုဂရုစိုက်ပါမယ်။ ”
“ဟုတ်ကဲ့ပါ အန်ကယ်။ ဒီလောက်ဆိုရင် ကျွန်မတို့ ကလေးအတွက် ဘာလုပ်ပေးရမယ်ဆိုတာ နားလည်ပါပြီ။ ကျွန်မတို့ အန်ကယ်နဲ့ အမြဲ အဆက်အသွယ်မပျက်အောင်နေပြီး ကလေးအတွက် အကောင်းဆုံး လုပ်ပေးကြတာပေါ့”
ဒေါ်တင်တင်စန်းတစ်ယောက် အပြင်လမ်းတစ်လျှောက် မောင်ကောင်းစံလေးအကြောင်းတွေးမိရင်း ကြေကွဲလာရသည်။ မိဘနှစ်ပါး အဆင်မပြေလို့လမ်းခွဲလိုက်ပြီဆိုတဲ့ အသိကို မောင်ကောင်းစံ ဘယ်လို စိတ်မျိုးနှင့် လက်ခံနေပါသနည်း။ နုနယ်လွန်းသော ဘဝတွင် ကံကြမ္မာက ရက်စက်လွန်းလှသည်။ သူများမိသားစုများကို ကြည့်၍ အားငယ်နေသော ကလေးကို ဘယ်လိုပုံစံမျိုးနှင့် ဖြေသိမ့်ပေးရမည်နည်း။ အားပေးစကားများ ဘယ်လိုပြောကြားရမည်နည်း။ ကလေးတစ်ယောက်၏ အနာဂတ်ကို မိဘများဘယ်လောက်အထိများစဉ်းစားထားကြသနည်း။ မိဘများက သားသမီးကို ကျောင်းစာတွင် တော်စေချင် တတ်စေချင်ကြသည်။ သို့သော် သားသမီးပညာရေးအတွက် ဘာတွေထောက်ပံပေးရမည်ကို မသိကြ။ ကျုရှင်ကောင်းကောင်းကို ဈေးကြီးကြီးပေး၍ ထားပေးလျှင် မိဘတာဝန်ကြေနေပြီဟု ယူဆနေပုံရသည်။ သားသမီး၏ စိတ်ဓာတ်ခွန်အားကို အားပေးအားမြောက်ပြုရမည်ကို မသိကြ။ သားသမီး၏ ပညာရေးကို အထောက်အပံပေးရုံတင်မကပဲ မိဘများက ချစ်ခြင်းမေတ္တာကိုပါ ပေးရမည်ကို မသိကြ ။ ထူးချွန်ကျောင်းသားတစ်ယောက် ပေါ်ပေါက်ဖို့အတွက် ဆရာဆရာမများတွင်သာမက မိဘများတွင်ပါ တာဝန်ရှိကြောင်း မိဘများသိကြပါရဲ့လားလို့ပဲ စဉ်းစားခန်းဖွင့်လာမိသည်။ နက်ဖြန်မှစ၍ ကျောင်းတွင် မောင်ကောင်းစံကို တခြားကလေးများထက်ပိုပြီးဂရုစိုက်ရတော့မည်။ ကလေးရင်ထဲမှ အနာတွေကို ကျက်အောင်တော့ အချိန်တစ်ခုအထိ စောင့်ရပေဦးမည်။
Author – ဒေါက်တာအေးချမ်းမိုး