fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ
ကျောင်းဖွင့်ချိန်
2.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/06/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
(Zawgyi)
ကျောင်းဖွင့်ချိန်
June လထဲဆိုတော့ ကျောင်းတွေစတက်ရပြီ မနက် ခင်းတွေ နေ့လည်တွေမှာကျောင်းအင်္ကျီအဖြူအဆင်းလေးတွေကို တစ်စုတစ်ဝေးတည်း မြင်ကြရတယ်။
Dr. CST
(Unicode)
ကျောင်းဖွင့်ချိန်
June လထဲဆိုတော့ ကျောင်းတွေစတက်ရပြီ မနက် ခင်းတွေ နေ့လည်တွေမှာကျောင်းအကျႌအဖြူအဆင်းလေးတွေကို တစ်စုတစ်ဝေးတည်း မြင်ကြရတယ်။
ကလေးတို့ သဘာဝကိုကြည့်ရင် တစ်ချို့လည်းကျောင်းတက်ရတာပျော်ကြတယ်။ တစ်ချို့ကျောင်းမတက်ချင်တတ်ကြပါ ကျောင်းတက်ချင်သည်ဖြစ်စေ မတက်ချင်သည်ဖြစ်စေ ကျောင်းတော့လာတက်ကြရတယ်။ ကျောင်းဖွင့်ချိန်မှာ ကြုံတွေ့ရတတ်တာလေးတွေ အတွက်ပါ။
ကျောင်းတွေပြန်ဖွင့်တော့ ကျောင်းအကျီၤ ကျောင်းပစ္စည်း အသစ်အသစ်တွေကိုယ်စီနဲ့ ကလေးလေးတွေ လွယ်အိတ်အသစ် ထမင်းဗူးအသစ်လေးတွေနဲ့ ကလေးမိဘတွေက ပြင်ဆင်ပေးတတ်ကြတယ်။ ဒါတွေက ကိုယ့်သားသမီးကို ကြွားဝါစေလိုတဲ့စိတ်ဆန္ဒနဲ့ ဝယ်ပေးတာမဟုတ်ပါဘူး။ ကလေးတွေအနေနဲ့ အသစ်တွေနဲ့ လိုချင်တဲ့ပစ္စည်းလေးတွေရတော့ကျောင်းမှာပျော်အောင်လည်းပါတယ်။ တစ်ချို့မိဘတွေကတော့ အရမ်းမပြည့်စုံတော့ အသစ်တော့မဝယ်ပေးဘဲ အရင်နှစ်က သုံးနေတာတွေနဲ့ပဲ ပြန်ပြင်ဆင်ပေးတတ်တယ်။
ဘယ်လိုပဲပြင်ဆင်ပေးပါ မိဘတွေအနေနဲ့ ကလေးတွေကို ပစ္စည်းတွေပြင်ဆင်ပေးတာအပြင် စိတ်တွေကိုလည်းပြင်ဆင်ပေးဖို့လိုပါတယ်။ ကလေးငယ်အချင်းချင်း ပြိုင်ဆိုင်မှုတွေမဖြစ်အောင် တစ်ခြားသူကို မနာလိုမဖြစ်အောင် နှိမ်ချပြောဆိုတာတွေမဖြစ်အောင် ဂရုစိုက်ကြရပါမယ်။ အသစ်ပြင်ဆင်ပေးတယ်ဆိုပေမယ့် သူငယ်ချင်းတွေနဲ့ အတူလိုအပ်တယ်ဆို ကူညီမျှဝေပေးတတ်ဖို့ သူငယ်ချင်းအချင်းချင်းသူသာတယ်ငါသာတယ်မရှိရဖို့ လိုပါတယ်။ ပြိုင်ဆိုင်ခြင်းက ကျောင်းစာမှာပဲကောင်းပါတယ် ပစ္စည်းပစ္စယာတွေနဲ့ ကလေးတွေစိတ်ထဲ ပြိုင်ဆိုင်လိုခြင်းကင်းဖို့ လိုပါတယ်။
နောက်တစ်ခုကတော့ ကျောင်းစာအုပ်တွေပါ ကျောင်းတွေမှာ တစ်နေ့သင်မယ့်ဘာသာကို အချိန်ဇယားခွဲပြီးသင်တတ်ကြပေမယ့် နေ့တိုင်းနီးပါးမှာ ဘာသာစုံပါပါနေတတ်ပါတယ် အဲ့လိုအခါမှာ ကျောင်းဖတ်စာအုပ်တွေ ရေးတဲ့စာအုပ်တွေ အကုန်သယ်ကြရတော့ ကျောင်းလွယ်အိတ်ဖြစ်စေ ကျောပိုးအိတ်ဖြစ်စေ အပြည့်ပါပဲ လူကြီးတစ်ယောက်တောင် မနည်းဆွဲမရတဲ့ အခါမျိုးဖြစ်ဖူးပါတယ်။ ဒီလို အိတ်မျိုးကိုသာ နေ့စဉ် လွယ်ကြရမယ် ကျောပိုးရမယ်ဆိုရင် ကလေးတွေရဲ့ ကျောတွေခါးတွေ လက်ပြင်ရိုးတွေနာမှာပဲ ဒဏ်လည်းဖြစ်နိုင်ပါတယ်။ ကျောင်းစာတွေအကုန်သယ်ဖို့လိုတယ်ဆိုလည်း ကလေးတွေကို တစ်အိတ်တည်း မလွယ်ပါစေနဲ့ စာအုပ်တွေ ခွဲပြီးထည့်ပေးပါ လက်ကလည်း နိုင်သလောက်ဆွဲလို့ရတဲ့ အနေအထားပြင်ဆင်ပေးပါ။ ကလေးကို အတတ်နိုင်ဆုံး ကျောင်းဝအထိ လိုက်ပို့ပေးလိုက်ပါ ဒါဆို ကလေးသယ်ရမယ့် အကွာအဝေးနည်းသွားပြီး ဒဏ်ဖြစ်ခြင်းတွေမှလည်း ကာကွယ်နိုင်ပါတယ်။
နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ကျောင်းဖွင့်ပြီးဆိုတဲ့ အခါ ကျောင်းကပေးတဲ့ အိမ်စာတွေ လုပ်ရတာတွေရှိတယ် တစ်ချို့ကျောင်းတွေက ကျောင်းဆင်းတာနဲ့ ကျူရှင်တန်းခေါ်တယ် ကလေးတွေမှာ မနက်ကျူရှင် နေ့ကျောင်း ညနေကျူရှင်နဲ့ ပတ်ချာလည်နေတတ်ပါတယ်။ ကျူရှင်တွေက မတက်မနေရဆိုတော့ ကလေးတွေမှာ ကိုယ်ပိုင်အချိန်တွေ အရမ်းနည်းလာပါတယ် စာလုပ်ချိန်ပြီးတာနဲ့ အိပ်ချိန်ဖြစ်လာကြတယ်။ ဆော့ကစားချိန်ရယ်လို့မရှိကြတော့ဘူး မိသားစုအချိန်ရယ်လို့ မရှိကြတော့ဘူး။
မိဘတွေအနေနဲ့ကျတော့လည်း တစ်ယောက်ကျူရှင်ဆို ကိုယ့်ကလေးကိုလည်း ကျူရှင်တက်စေချင်တယ်။ မတက်မနေရကျူရှင်လိုမျိုးလေးတွေလည်းဖြစ်လာတော့ မိဘတွေက ကျူရှင်ထားကိုထားနေရတယ်။ တကယ်ဆို ကိုယ့်အိမ်မှာပဲ ကျောင်းကပြန်လာတယ် ရေချိုးအဝတ်အစားလဲ ထမင်းစားဆော့ကစားပြီးစာလုပ်ဆိုပြီး အချိန်တွေ သတ်မှတ်ပြီး လုပ်မယ်ဆို ကလေးတွေလည်း စာလည်းလုပ်ရင်း မိသားစုနဲ့ အချိန်ဖြုန်းလို့ရလာပါတယ်။ ကိုယ့်မိဘမောင်နှမနဲ့ပဲစာလုပ်ဖြစ်တော့လည်း ကိုယ့်ကလေးအားနည်းချက် အားသာချက်တွေကို သတိထားမိလာပါတယ်။ အားနည်းတဲ့ ဘာသာတွေမှာ ပိုပြီးဂရုစိုက်ပေးလို့လည်းရပါတယ် ကလေးတွေအနေနဲ့လည်း ဆရာမနဲ့မို့ အများနဲ့မို့ ကြောက်နေတာမျိုးတွေမဖြစ်တော့ပါဘူး မိသားစုထဲမှာလည်း ချစ်ခင်မှုပိုပြီးရလာနိုင်ပါတယ်
ကလေးငယ်များကျောင်းဖွင့်ချိန်မှာ မြင်တွေ့ရတတ်တာလေးတွေပါ။
Dr. CST
Previous Post
တုပ်ကွေး ဖြစ်ရင် ဘယ်လို ကာကွယ်ကြမလဲ?
Next Post
ဆေးလိပ်ဘယ်လိုဖြတ်မလဲ။
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
125
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.3k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.5k
အလွှာခြားတာကောင်းလား?
2 years ago
1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
603
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ဆေးလိပ်ဘယ်လိုဖြတ်မလဲ။
ရိုးရိုးအကျိတ်နဲ့ကင်ဆာကျိတ်  ဘာကွာလဲ
အသည်းခြောက်ရောဂါအကြောင်းသိကောင်းစရာ အပိုင်း(၂)
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.