fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ရောဂါဆန်းများ

33
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/06/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ေရာဂါဆန္းမ်ား

ျမန္မာစကား တစ္ခုၾကားဖူးပါတယ္ ၉၆ ပါးေရာဂါတဲ့ ေရာဂါတစ္ခုခ်င္းစီသာ လိုက္ၿပီးေရတြက္ၾကည့္မယ္ဆို ၉၆ ခုထက္လည္းမ်ားသြားႏိုင္ပါတယ္။ ေရာဂါေတြအမ်ားႀကီးပါ။ ကူးစက္ႏိုင္တဲ့ေရာဂါေတြ မ်ိဳး႐ိုးဗီဇနဲ႔ ဆိုင္တဲ့ေရာဂါေတြ ကိုယ္ခံအားစနစ္ကကိုယ္ခႏၶာထဲမွာရွိတဲ့အရာေတြကို အလိုလို ျပန္တိုက္ေနတဲ့ေရာဂါေတြ ကင္ဆာေရာဂါေတြ မကူးစက္ႏိုင္ေပမယ့္ လူေနမႈပုံစံ အစားအေသာက္ပုံစံေတြေၾကာင့္အရွိန္အဟုန္ျပင္းျပင္းနဲ႔ ျဖစ္လာတတ္တဲ့ ဆီးခ်ိဳေသြးတိုးႏွလုံးစတဲ့ေရာဂါေတြ စသျဖင့္ ေရာဂါအမ်ိဳးမ်ိဳးရွိၾကပါတယ္။

ေရာဂါဆန္းလို႔ဆိုလိုက္တဲ့အခါမွာေတာ့ အျဖစ္နည္းတဲ့ေရာဂါေတြ ကုဖို႔ခက္တဲ့ေရာဂါေတြ ဘာေၾကာင့္ျဖစ္မွန္းမသိတဲ့ေရာဂါေတြ မ်ိဳး႐ိုးဗီဇနဲ႔ဆိုင္တဲ့ေရာဂါေတြ ကို အဓိက ရည္႐ြယ္မိတာပါ။ အျဖစ္နည္းတယ္လို႔ေျပာတာကလည္း ေနရာေဒသအလိုက္ေျပာင္းလဲတတ္ပါတယ္။ အေရွ႕ေတာင္အာရွလိုေနရာမ်ိဳးမွာ တီဘီေရာဂါက ေရာဂါဆန္းမဟုတ္သလို အေနာက္ႏိုင္ငံေတြမွာလည္း နာမည္ဆန္းဆန္းနဲ႔ေရာဂါေတြကမရွားပါဘူး။

ေနာက္တစ္ခုကေတာ့ ေရာဂါဆန္းေတြက ေပ်ာက္ေအာင္ ကုဖို႔ေဆးတိတိက်က် မရွိပါဘူး ျဖစ္လာတဲ့ေရာဂါလကၡဏာေတြအတြက္ ေဘးကေနပဲ ထိန္းေပးလို႔ရပါတယ္။ ေရာဂါရဲ႕ အရွိန္ကို မတားႏိုင္ပါဘူး။ ေရာဂါဘာေၾကာင့္ျဖစ္တယ္လို႔ေရေရရာရာမရွိတာမ်ိဳး အမ်ားစုက ေရာဂါဆန္းထဲမွာပါပါတယ္။ ေဆးပညာမွာ ဘာေၾကာင့္မွန္းမသိဘဲ ျဖစ္ေနတဲ့ ေရာဂါေတြအမ်ားႀကီးပါ ဘာေၾကာင့္ျဖစ္မွန္းမသိေတာ့ အၿပီးေပ်ာက္ေအာင္ကုဖို႔ခက္တာလည္း ရွိသလို အလိုလိုျပန္ေပ်ာက္သြားတာလည္းရွိပါတယ္။

တစ္ခ်ိဳ႕ေသာေရာဂါဆန္းေတြကေတာ့ မ်ိဳး႐ိုးဗီဇ အေျပာင္းအလဲေတြေၾကာင့္ျဖစ္လာတတ္တယ္။ မ်ိဳး႐ိုးဗီဇ ဆဲလ္ေလးေတြမွာ ရွိတဲ့ အစိတ္အပိုင္းေတြ ပုံမွန္ရွိသင့္တဲ့ေနရာမွာ ေနာက္ထပ္တစ္ခုအစားထိုးဝင္ေရာက္လာတာမ်ိဳးေတြေၾကာင့္ျဖစ္တတ္ပါတယ္။ ဥပမာ sickle cell disease လို႔ေခၚတဲ့ ေသြးေရာဂါတစ္မ်ိဳးပါ။ မ်ိဳး႐ိုးလိုက္တဲ့ေရာဂါတစ္ခ်ိဳ႕ ကလည္း ေရာဂါဆန္းေတြပါပဲ အေမဘက္ေၾကာင့္ျဖစ္တတ္တဲ့ေရာဂါေတြ မိဘတစ္ဦးဦးမွာေရာဂါ ရွိ႐ုံနဲ႔ သားသမီးတစ္ေယာက္စီတိုင္းမွာ ေရာဂါပါလာဖို႔ ၅၀ရာႏႈန္းေသခ်ာေနတဲ့ေရာဂါမ်ိဳးေတြ ကလည္းေရာဂါဆန္းထဲမွာပါပါတယ္။ ဥပမာအားျဖင့္ေတာ့ Alport’s Syndrome တို႔ Huntinton chorea တို႔လိုေရာဂါေတြပါ ကုရသိပ္ခက္ပါတယ္။

ေနာက္ထပ္ေရာဂါဆန္းတစ္မ်ိဳးကေတာ့ ကိုယ္ခံအားစနစ္မွာ ေဖာက္ျပန္မႈေလးေတြျဖစ္လာၿပီး ကိုယ္တြင္းက ေကာင္းေနတဲ့ တစ္သ်ဴးေတြ ဆဲလ္ ေတြကို ျပန္တိုက္ခိုက္တဲ့ ေရာဂါမ်ိဳးေတြပါ ေသြးေလးဘက္နာလိုမ်ိဳးေရာဂါလည္းပါပါတယ္။ ကမာၻေက်ာ္ စတီဗင္ ေဟာ့ပ္ကင္း ျဖစ္တဲ့ ေရာဂါကလည္းေရာဂါဆန္းတစ္မ်ိဳးပါပဲ အလိုလိုျဖစ္တယ္ ႐ုတ္တရက္ျဖစ္တယ္ ႂကြက္သားေတြ မသန္ေတာ့တာ လႈပ္ရွားမႈေတြမရေတာ့တာမ်ိဳးပါ။ ႂကြက္သားေတြကို အာ႐ုံခံၿပီးလႈပ္ရွားေပးေနတဲ့ေနရာေတြ ျဖည္းျဖည္းစီ ပ်က္စီးလာတာပါ Motor neurone disease လို႔ေခၚပါတယ္။ ထိတဲ့ေနရာေပၚမူတည္ၿပီး အမ်ိဳးအစားေလးမ်ိဳးထပ္ခြဲထားပါတယ္။ ဒီေရာဂါက အၿပီးေပ်ာက္ေအာင္ကုေပးလို႔မရပါဘူး ျဖစ္ေနတာေတြသက္သာဖို႔နဲ႔ ပိုမဆိုးဖို႔ လိုအပ္တဲ့ ေဆးေတြအျပင္ စက္ကိရိယာေတြပါ အသုံးျပဳၿပီးကုသရပါတယ္။

ဒီေခတ္ႀကီးမွာ ေရာဂါဆန္းေတြကလည္း ပိုပို ေပါမ်ားလာပါတယ္ ဆင့္ပြားျဖစ္လာတာေၾကာင့္ အလိုလိုျဖစ္လာတာေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။
ေရာဂါဆန္းလို႔ဆိုတာနဲ႔မွန္းထားရမွာေတာ့ ေရာဂါႀကီးႀကီးေသးေသး ကုဖို႔ခက္တယ္ဆိုတာပါပဲ။ ကိုယ္ျဖစ္ေနတဲ့ေရာဂါ ကိုယ့္မိသားစုမွာျဖစ္ေနတဲ့ေရာဂါဟာ ေရာဂါဆန္းတစ္ခုဆိုရင္ ကုဖို႔အတြက္ ပူပန္ၾကရပါတယ္ ေငြေၾကးတတ္ႏိုင္တယ္ဆိုရင္ေတာင္မွ ေဆးမရွိေသးတဲ့ ေရာဂါဆန္းေတြ အမ်ားႀကီးပါ။

Dr. CST

ရောဂါဆန်းများ

မြန်မာစကား တစ်ခုကြားဖူးပါတယ် ၉၆ ပါးရောဂါတဲ့ ရောဂါတစ်ခုချင်းစီသာ လိုက်ပြီးရေတွက်ကြည့်မယ်ဆို ၉၆ ခုထက်လည်းများသွားနိုင်ပါတယ်။ ရောဂါတွေအများကြီးပါ။ ကူးစက်နိုင်တဲ့ရောဂါတွေ မျိုးရိုးဗီဇနဲ့ ဆိုင်တဲ့ရောဂါတွေ ကိုယ်ခံအားစနစ်ကကိုယ်ခန္ဓာထဲမှာရှိတဲ့အရာတွေကို အလိုလို ပြန်တိုက်နေတဲ့ရောဂါတွေ ကင်ဆာရောဂါတွေ မကူးစက်နိုင်ပေမယ့် လူနေမှုပုံစံ အစားအသောက်ပုံစံတွေကြောင့်အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖြစ်လာတတ်တဲ့ ဆီးချိုသွေးတိုးနှလုံးစတဲ့ရောဂါတွေ စသဖြင့် ရောဂါအမျိုးမျိုးရှိကြပါတယ်။

ရောဂါဆန်းလို့ဆိုလိုက်တဲ့အခါမှာတော့ အဖြစ်နည်းတဲ့ရောဂါတွေ ကုဖို့ခက်တဲ့ရောဂါတွေ ဘာကြောင့်ဖြစ်မှန်းမသိတဲ့ရောဂါတွေ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါတွေ ကို အဓိက ရည်ရွယ်မိတာပါ။ အဖြစ်နည်းတယ်လို့ပြောတာကလည်း နေရာဒေသအလိုက်ပြောင်းလဲတတ်ပါတယ်။ အရှေ့တောင်အာရှလိုနေရာမျိုးမှာ တီဘီရောဂါက ရောဂါဆန်းမဟုတ်သလို အနောက်နိုင်ငံတွေမှာလည်း နာမည်ဆန်းဆန်းနဲ့ရောဂါတွေကမရှားပါဘူး။

နောက်တစ်ခုကတော့ ရောဂါဆန်းတွေက ပျောက်အောင် ကုဖို့ဆေးတိတိကျကျ မရှိပါဘူး ဖြစ်လာတဲ့ရောဂါလက္ခဏာတွေအတွက် ဘေးကနေပဲ ထိန်းပေးလို့ရပါတယ်။ ရောဂါရဲ့ အရှိန်ကို မတားနိုင်ပါဘူး။ ရောဂါဘာကြောင့်ဖြစ်တယ်လို့ရေရေရာရာမရှိတာမျိုး အများစုက ရောဂါဆန်းထဲမှာပါပါတယ်။ ဆေးပညာမှာ ဘာကြောင့်မှန်းမသိဘဲ ဖြစ်နေတဲ့ ရောဂါတွေအများကြီးပါ ဘာကြောင့်ဖြစ်မှန်းမသိတော့ အပြီးပျောက်အောင်ကုဖို့ခက်တာလည်း ရှိသလို အလိုလိုပြန်ပျောက်သွားတာလည်းရှိပါတယ်။

တစ်ချို့သောရောဂါဆန်းတွေကတော့ မျိုးရိုးဗီဇ အပြောင်းအလဲတွေကြောင့်ဖြစ်လာတတ်တယ်။ မျိုးရိုးဗီဇ ဆဲလ်လေးတွေမှာ ရှိတဲ့ အစိတ်အပိုင်းတွေ ပုံမှန်ရှိသင့်တဲ့နေရာမှာ နောက်ထပ်တစ်ခုအစားထိုးဝင်ရောက်လာတာမျိုးတွေကြောင့်ဖြစ်တတ်ပါတယ်။ ဥပမာ sickle cell disease လို့ခေါ်တဲ့ သွေးရောဂါတစ်မျိုးပါ။ မျိုးရိုးလိုက်တဲ့ရောဂါတစ်ချို့ ကလည်း ရောဂါဆန်းတွေပါပဲ အမေဘက်ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေ မိဘတစ်ဦးဦးမှာရောဂါ ရှိရုံနဲ့ သားသမီးတစ်ယောက်စီတိုင်းမှာ ရောဂါပါလာဖို့ ၅၀ရာနှုန်းသေချာနေတဲ့ရောဂါမျိုးတွေ ကလည်းရောဂါဆန်းထဲမှာပါပါတယ်။ ဥပမာအားဖြင့်တော့ Alport’s Syndrome တို့ Huntinton chorea တို့လိုရောဂါတွေပါ ကုရသိပ်ခက်ပါတယ်။

နောက်ထပ်ရောဂါဆန်းတစ်မျိုးကတော့ ကိုယ်ခံအားစနစ်မှာ ဖောက်ပြန်မှုလေးတွေဖြစ်လာပြီး ကိုယ်တွင်းက ကောင်းနေတဲ့ တစ်သျူးတွေ ဆဲလ် တွေကို ပြန်တိုက်ခိုက်တဲ့ ရောဂါမျိုးတွေပါ သွေးလေးဘက်နာလိုမျိုးရောဂါလည်းပါပါတယ်။ ကမ္ဘာကျော် စတီဗင် ဟော့ပ်ကင်း ဖြစ်တဲ့ ရောဂါကလည်းရောဂါဆန်းတစ်မျိုးပါပဲ အလိုလိုဖြစ်တယ် ရုတ်တရက်ဖြစ်တယ် ကြွက်သားတွေ မသန်တော့တာ လှုပ်ရှားမှုတွေမရတော့တာမျိုးပါ။ ကြွက်သားတွေကို အာရုံခံပြီးလှုပ်ရှားပေးနေတဲ့နေရာတွေ ဖြည်းဖြည်းစီ ပျက်စီးလာတာပါ Motor neurone disease လို့ခေါ်ပါတယ်။ ထိတဲ့နေရာပေါ်မူတည်ပြီး အမျိုးအစားလေးမျိုးထပ်ခွဲထားပါတယ်။ ဒီရောဂါက အပြီးပျောက်အောင်ကုပေးလို့မရပါဘူး ဖြစ်နေတာတွေသက်သာဖို့နဲ့ ပိုမဆိုးဖို့ လိုအပ်တဲ့ ဆေးတွေအပြင် စက်ကိရိယာတွေပါ အသုံးပြုပြီးကုသရပါတယ်။

ဒီခေတ်ကြီးမှာ ရောဂါဆန်းတွေကလည်း ပိုပို ပေါများလာပါတယ် ဆင့်ပွားဖြစ်လာတာကြောင့် အလိုလိုဖြစ်လာတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ရောဂါဆန်းလို့ဆိုတာနဲ့မှန်းထားရမှာတော့ ရောဂါကြီးကြီးသေးသေး ကုဖို့ခက်တယ်ဆိုတာပါပဲ။ ကိုယ်ဖြစ်နေတဲ့ရောဂါ ကိုယ့်မိသားစုမှာဖြစ်နေတဲ့ရောဂါဟာ ရောဂါဆန်းတစ်ခုဆိုရင် ကုဖို့အတွက် ပူပန်ကြရပါတယ် ငွေကြေးတတ်နိုင်တယ်ဆိုရင်တောင်မှ ဆေးမရှိသေးတဲ့ ရောဂါဆန်းတွေ အများကြီးပါ။

Dr. CST

Previous Post

အရက်စွဲနေပြီဆိုရင်

Next Post

ကိုယ်ဝန်ဆောင်နေချိန် မှာ ဘာတွေ စားကြမလဲ 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်နေချိန် မှာ ဘာတွေ စားကြမလဲ 

လူတိုင်းအဆင်ပြေစေမယ့် ကျန်းမာရေးဝန်ဆောင်မှု

ကလေးများတွင်ဖြစ်သော ဒိုင်ရာပါ သို့မဟုတ် ခါးတောင်းကျိုက်ထည် ပွန်းခြင်း (Diaper Rash)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.