တစ်နေ့သော ညနေခင်းတွင် ဇီဝက ဆေးခန်းသို့ အလွန်တရာ
အမေးအမြန်းထူလှသော ဝတ်ဆန်ဆိုသည့် မိန်းမပျိုတစ်ယောက် ရောက်လာ၏။
ဆေးခန်းရှေ့ရှိ တပည့်ကျော်ထံမှ သူဝယ်လိုသော ဆေးတစ်ကတ် ဝယ်ပြီး ဇီဝက
ကို မြင်သည်နှင့် လောကွတ်ပြုပြီး လူနာလည်းပါးခိုက် စကားလက်ဆုံကျမိကြ၏ ။
ဝတ်ဆန်။ ။ ဆရာရယ် ၊ဆရာသိတဲ့အတိုင်း ညီမက ကျန်းမာရေး အမြဲလိုက်စား
တယ်ဆိုတာ ။အပတ်စဉ်လည်း ကျန်းမာရေး စာစောင်တွေ ဖတ်ရ
တာ အမော ။
ဇီဝက ။ ။ အေးလေ ၊အဲတာ ဆရာပါမကဘူး တစ်ရပ်ကွက်လုံး အသိဟာ ။
ဝတ်ဆန်။ ။ အဲလို သိလို့ပဲ ၊ညီမ သူငယ်ချင်းနဲ့ ညီမ အငြင်းပွားရသေးတယ် ။
ဇီဝက ။ ။ ဟေ ၊ဘယ်လိုဖြစ်ရတာတုန်း ။
ဝတ်ဆန်။ ။ ဒီလို ဆရာရေ ။သူက ပြောတယ် လည်ဇလုပ်ရှိတိုင်း ယောကျာၤး
မဟုတ်ဘူးတဲ့ ။အဲ့တာနဲ့ ညီမက ပြန်ပြောတာပေါ့ ။လည်ဇလုပ်ရှိရင်
ယောကျာၤးပေါ့လို့ ။အဲ့တော့ သူက ပြန်ပြောတယ် ၊ဆရာရေ ။
သူ့ အသိ အမျိုးသမီးတစ်ယောက်က လည်ဇလုပ်မှ အကြီးကြီးတဲ့ ။
ညီမလည်း ညီမ သိတာနဲ့ တခြားစီဆိုတော့ ။ဆရာ့မေးကြည့်ဦးမယ်
ပြောခဲ့ရတယ် ။အဲ့တာလေး ဆရာ ညီမကို ပြောပြပေးလို့ ရမလား ။
ဘယ်သူ မှန်လဲဆိုတာ ။
ဇီဝက ။ ။ အင်း ၊ပြောရမယ်ဆိုရင် ညည်းရော ၊ညည်းသူငယ်ချင်းရော မမှားဘူး ။
နှစ်ယောက် စလုံး မှန်သလားဆိုတော့ မမှန်ပြန်ဘူး ။
ဝတ်ဆန်။ ။ ဘယ်လို ၊ဆရာ ။
ဇီဝက ။ ။ အေး ၊နားရှုပ်သွားရောပေါ့ ။
ဒီလိုဟ ၊လည်ဇလုပ်ကို အာဒံရဲ့ ပန်းသီး “Adam’s Apple” လို့ခေါ်
တယ် ဟ။လည်ပင်းအရှေ့ဘက်ကို စူထွက်နေတဲ့ လူ့ခန္ဓာကိုယ်ရဲ့
အစိတ်အပိုင်းကို ခေါ်တာပေါ့ကွယ် ။တစ်နည်းအားဖြင့် လေပြွန်ရှေ့က
အရိုးနု အစိတ်အပိုင်းလေးပေါ့ ။သူ့ကို လည်ပင်းဂလင်း သိုင်းရွိုင်း
ဂလင်းရဲ့ ထိပ်မှာ ရှိလို့ လည်ပင်းဂလင်းအရိုးနု “Thyroid Cartilage”
လို့လည်း ခေါ်သေးတယ် ။သူက လူတိုင်းမှာ ရှိတယ် ။
ဝတ်ဆန်။ ။ ဆရာပြောသလိုဆို ဝတ်ဆန်တို့မှာလည်း အဲ့ဒီ အရိုးနု ရှိတာပေါ့နော်
ဇီဝက ။ ။ မှန်တာပေါ့ ။ကျားမ မရွေး ရှိတာပေါ့ ။
ဝတ်ဆန်။ ။ ဒါဆို ဝတ်ဆန်တို့လို မိန်းမအများစုက လည်ဇလုပ် မရှိတာကရော ။
ဇီဝက ။ ။ မရှိတာ မဟုတ်ဘူး ၊ဝတ်ဆန်ရ ။ယောကျာၤးတွေလောက် မကြီးတော့
မသိသာတော့တာ ။
ဝတ်ဆန်။ ။ အဲ့တာ ဘာဖြစ်လို့လဲ ၊ဆရာ ။
ဇီဝက ။ ။ ဘာလို့လဲဆိုရင် ၊လည်ဇလုပ်က ကျားမ မရွေး လူလားမြောက်တဲ့
အချိန်ထိက တူတူပဲ ။အဲ လူပျိုဖော် ၊အပျိုဖော်ဝင်ချိန်တွေကျတော့
မတူတော့ဘူး ။ဘာကြောင့်လဲဆိုတော့ ယောကျာၤးတွေမှာထွက်တဲ့
ကျားဟိုမုန်း တက်စတို စတီးရွန်း တွေ တအားများလာပြီး လည်ပင်း
ဂလင်းအရိုးနုကို ကြီးထွားလာစေပြီး လည်ဇလုပ်ဆိုပြီး အမျိုးသားတွေ
မှာ ထင်ရှားလာတာပေါ့ကွယ် ။
ဝတ်ဆန်။ ။ ဒါဆိုရင် ညီမသူငယ်ချင်းပြောတဲ့ သူ့အသိ အမျိုးသမီးမှာ လည်ဇလုပ်
ရှိတာကရော ၊ဆရာ ။
ဇီဝက ။ ။ တချို့ အမျိုးသမီးတွေကျတော့ လည်ဇလုပ်ကြီးတတ်တယ် ။
ဘာလို့လဲဆိုရင် ကျားဟိုမုန်းဓာတ် တက်တိုစတီးရွန်းများလို့ဖြစ်တာ ။
ကျား ဟိုမုန်းဆေးပါတဲ့ ထိုးဆေး ၊သောက်ဆေး သောက်လို့ ၊ထိုးလို့
ဖြစ်စေ ၊ကျား ဟိုမုုန်းထုတ်တဲ့ ရောဂါတစ်မျိုးမျိုး ရှိလို့ဖြစ်စေ ၊နဂိုထဲကို
က ကျားဟိုမုန်း ပိုထုတ်သူတွေဖြစ်စေ ၊မဟိုမုန်း က ကျားဟိုမုန်းနဲ့
ယှဉ်ရင် နည်းလို့ဖြစ်စေ အမျိုးသမီးတချို့ မှာ လည်ဇလုပ် ထင်းနေ
တတ်တယ် ။ဒါ့အပြင် သူတို့တွေမှာ မုတ်ဆတ်တို့ ၊နှုတ်ခမ်းမွှေးတို့
အမျိုးသားတွေလို အသံတွေ သြနေတတ်တယ် ။
ဝတ်ဆန်။ ။ အဲ့လို ဖြစ်ရင် ဘယ်လိုလုပ်ရမလဲ ၊ဆရာ ။
ဇီဝက ။ ။ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်တယ် ။ဘာကြောင့်ဖြစ်တာလဲ ဆိုတာ
ရှာဖွေရမယ် ။လည်ဇလုပ်အတွက်ကတော့ ပလတ်စတစ် ဆာဂျရီနည်း
နဲ့ ပြုပြင်လို့ရတယ် ။ဟုတ်ပလား ။ကဲ ဘာမေးစရာရှိသေးလဲ ။
ဝတ်ဆန်။ ။ ကျေးဇူးတင်လိုက်တာ ၊ဆရာ ။
ဒီနေ့တော့ ကျန်းမာရေး ဗဟုသုတ တိုးသွားပြီ ။
ညီမ့ သူငယ်ချင်းကို ပြန်ဖောက်သည်ချရမယ်။
ဆရာ လည်းမောရောပေါ့ ။နားပါဦး ဆရာ ။
ညီမကိုလည်း ပြန်ခွင့်ပြုပါဦးနော် ။
ဇီဝက ။ ။ အေး ၊အေး။
Author – ခေတ်သစ် ဇီဝက