fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ဝိတ်တက်အောင်ဆိုပြီး အသားတွေ အများကြီးစား မိနေပြီလား ????

139
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/06/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
4 min read
A A

ဝိတ္တက္ေအာင္ဆိုၿပီး အသားေတြ အမ်ားႀကီးစား မိေနၿပီလား ????

အခုေနာက္ပိုင္း က်န္းမာေရး ႏွင့္ပတ္သက္ၿပီး လူေတာ္ေတာ္မ်ားမ်ား ဂ႐ုျပဳလာတာ ကိုေတြ႕မိပါတယ္။ အခု ဆို ရန္ကုန္ မႏၲေလး ေမာ္လၿမိဳင္တို႔လို ၿမိဳ႕ႀကီးမေျပာနဲ႔ တျခား နယ္မ်ိဳ႕ေလးေတြ မွာ ပါ Gym ေတြရွိလာၾကပါတယ္။ ဒါကိုၾကည့္ျခင္း အားျဖင့္ လူေတြ က်န္းမာေရး အျမင္ ပိုျမင္လာတယ္ဆိုတာ သိႏိုင္ပါတယ္။ ဒါေပမယ့္ ဝမ္းနည္းစရာ ေကာင္းတာကေတာ့ က်န္းမာေရး အတြက္ ကိုယ္လက္လွဳပ္ရွား အားကစား က အေရးႀကီးသလို မိမိ စားေနတဲ့ စားေသာက္တဲ့ ပံုစံ ကလည္း က်န္းမရေရး နဲ႔ အမ်ားႀကီး ႏွီးေႏွာ ဆက္ႏြယ္ေနတာကို ေတာ့ သိပ္ဂ႐ုမျပဳမိၾကျပန္ပါဘူး။ 

အထူးသျဖင့္ အခုေခတ္က လည္း six pack ရေအာင္ လုပ္တဲ့ ေခတ္ဆိုေတာ့ protein အသားဓါတ္ေတြ မ်ားမ်ား စား တဲ့ အျပင္ protein supplement ေတြ ေသာက္လာၾကပါတယ္။ တခ်ိဳ႕တခ်ိဳ႕ေသာ Gym ကစားေနတဲ့ သူေတြ ေတာ္ေတာ္ႀကီး လြဲမွားစြာ အသားေတြ စားတာ၊ protein supplement ေတြ ေသာက္တာကို စိတ္မေကာင္းဖြယ္ေတြ႕ရပါတယ္။

 တကယ္ေတာ့ protein supplement ဆိုတာ ေသာက္ေတာ့မယ္လို႔ ဆံုးျဖတ္ၿပီးရင္ အာပာာရ ကို ကြ်မ္းက်င္ပိုင္ႏိုင္တဲ့ သူနဲ႔ အရင္ဆံုး ေသခ်ာေဆြးေႏြး တိုင္ပင္ၿပီးမွ ေသာက္ရမွာပါ။ အာပာာရပညာရွင္ နဲ႔ ေတြ႕ၿပီး မိမိ လတ္တေလာ ရွိေနတဲ့ အေလးခ်ိန္၊ ရွိသင့္တဲ့ အေလးခ်ိန္၊ လတ္တေလာ ခံစားေနရတဲ့ ေရာဂါ ေဝဒနာ စတာေတြ ကို ေသခ်ာ အရင္ တိုင္ပင္သင့္ပါတယ္။

 သံုးစြဲသူမ်ားလာတာႏွင့္ အမွ် supplement ေတြကလည္း အမ်ိဳးအစားေတာ္ေတာ္ ေလးမ်ားလာပါတယ္။ ဒါေပမယ့္ မ်ားေသာအား ျဖင့္ သူတို႔ အေျခ ခံ ၿပီး ထည့္ထားတာ ကေတာ့ protein အသားဓါတ္ပါပဲ။ အသားဓါတ္ကို နည္းမ်ိဳးစံု ပံုေျပာင္းၿပီး ထုတ္ထားတာ လို႔ အလြယ္ေျပာရင္ မမွားပါဘူး။

 အမ်ိဳးအစား မ်ားလာတာႏွင့္ အမွ် ဘာေတြ ျဖစ္လာႏိုင္လဲ ဆိုေတာ့ အမ်ားသိတဲ့ အတိုင္း ပိုက္ဆံေတာ့ေတာ္ေတာ္ေလးကုန္ပါတယ္။ ဒါကေတာ့ ေသာက္ေနတဲ့ သူတိုင္း သတိထားမိမွာပါ။ ဘာေၾကာင့္လဲ ဆိုေတာ့ တစ္ဗူး တစ္ဗူး ေစ်းက နည္းမွ မနည္းတာပဲ။ ေနာက္ တစ္ခု အေနနဲ႔ က်န္းမာေရး အျမင္ ဘက္က ၾကည့္ရင္ေတာ့ အသားဓါတ္ protein ေတြက လိုအပ္တဲ့ ပမာဏ ထက္ အဆမ်ားစြာပိုျပီးစား မိေနၾကပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အားလံုး နီးပါးေသာ အမ်ား အေခၚ pre work out ႏွင့္ post work out ေသာက္ေနၾကတာေတြ က protein ကိုပဲ အဓိက အေျခခံၿပီး နည္းမ်ိဳးစံု ပံုစံမ်ိဳးစံု နာမည္မ်ိဳးစံု နဲ႔ ထုတ္ထားတဲ့ အတြက္ေၾကာင့္ပါ။

 Protein အစားမ်ားရင္ ဘာေတြ ျဖစ္တတ္လဲ ဆိုေတာ့ ေက်ာက္ကပ္ပ်က္စီး ႏိုင္ပါတယ္။ အသားဓါတ္ protein ရဲ႕ ေနာက္ဆံုးစြန္႔ပစ္ ပစၥည္း ပာာ Urea (ယူရီးယား) လို႔ေခၚတဲ့ ဓါတ္ပစၥည္း တစ္မ်ိဳးပါ။ urea ို ကြ်န္ေတာ္တို႔ ေက်ာက္ကပ္ က urine (ဆီး) ထဲ မွာ စြန္႔ထုတ္ေပးပါတယ္။ အသားဓါတ္ ေတြ အမ်ားႀကီးစားရင္ စြန္႔ပစ္ ပစၥည္းျဖစ္တဲ့ Urea ကလည္း အဆမတန္ မ်ားလာပါတယ္။ ဒါကို အစမွာေတာ့ ခႏၶာကိုယ္ ရဲ႕ ဇီဝကမၼ ျဖစ္စဥ္ အရ အဆမတန္မ်ားလာတဲ့ urea ကို ဆီးကေန စြန္႔ထုတ္ေပးပါတယ္။ ေနာက္ပိုင္းမွာေတာ့ ေက်ာက္ကပ္ရဲ႕ လုပ္ႏိုင္စြမ္း (Renal Function) တျဖည္းျဖည္း က်လာၿပီး ေနာက္ဆံုးမွာ ေတာ့ ေက်ာက္ကပ္ အလုပ္မလုပ္ (Renal Failure) ႏိုင္တဲ့ အဆင့္ ထိ ေရာက္သြားႏိုင္ပါတယ္။

 ေသြးတြင္းမွာ ယူရီးယား မ်ားလာရင္ ဘာေတြ ျဖစ္တတ္လဲ

1. အသားအေရယားယံ လာျခင္း

2. ႂကြက္သားေတြ နာလာျခင္း

3. အစားအေသာက္ ပ်က္ျခင္း

4. ေအာ့အန္ျခင္း

5. မူးေဝျခင္း

6. ဝိတ္မခ်ဘဲ ဝိတ္က်လာျခင္း

7. အျမင္ အာရံု ေဝဝါးလာျခင္း

8. စိတ္ ကစဥ့္ကလ်ား ျဖစ္ျခင္း

9. အရင္ကထက္ ပိုေမာလာျခင္း၊ ေရဆာလာျခင္း

စတာေတြ ျဖစ္တတ္ပါတယ္။

ဒါဆို protein(အသားဓါတ္) ကို ဘယ္ေလာက္ စားလို႔ရလဲ???? မိမိရဲ႕ ကိုယ္ အေလးခ်ိန္ (ကီလိုဂရမ္) ကို ႏွစ္ ႏွင့္ ေျမႇာက္ၿပီး ထြက္လာတဲ့ အေျဖ ကို gram တပ္လိုက္တဲ့ ပမာဏ ထက္ပို မစားသင့္ပါဘူး။

ဥပမာ – အေလးခ်ိန္ ၆၀ ကီလိုဂရမ္ ရွိတဲ့သူဆိုပါစို႔၊ ၆၀*၂ = ၁၂၀ ဂရမ္ ထက္ ပိုၿပီး အသားဓါတ္ ကိုဂပိုၿပီးမစားသင့္ပါဘူး။ ဒါက Gym ကို အျပင္းအထန္ ကစားၿပီး six pack ထြက္ေအာင္ ႀကိဳးစားေနတဲ့ သူေတြ အတြက္ပါ။ သာမန္လူေတြ အတြက္ကေတာ့ တစ္ေန႔ကို အသားဓါတ္ ပမာဏ ပာာ မိမိရဲ႕ ကိုယ္အေလးခ်ိန္ ကို 0.8 မွ 1.2 နဲ႔ ေျမႇာက္ၿပီး ထြက္လာတဲ့ ပမာဏ ထက္ ပိုၿပီး မစားသင့္ပါဘူး။

 ဥပမာ – အေလးခ်ိန္ ၆၀ ကီလိုဂရမ္ ရွိတဲ့ သာမန္ လူတစ္ေယာက္ အတြက္ ဆိုရင္ အသားဓါတ္ ပမာဏ 60*0.8 = 48 gram မွ 60*1.2= 72 gram အတြင္းသာ စားသင့္ပါတယ္။Supplement ေတြ မွာေတာ့ အမွဳန္႔တစ္ခြက္ထည့္ရင္ protein ပမာဏ ဘယ္ေလာက္ ဂရမ္ ပါလဲဆိုတာ ကေတာ့ ဘူးေပၚ၊ အိတ္ေပၚ မွာ ေရးထားပါတယ္။ ဒါေပမဲ့ supplement တစ္ခုတည္း ကေန ပ႐ိုးဓါတ္ ရတာမပာုတ္ပါဘူး။ ကြ်န္ေတာ္တို႔ ေန႔စဥ္စားေနတဲ့ အသား၊ ငါး၊ ဥအမ်ိဳးမ်ိဳး ကေနလည္း protein ဓါတ္ေတြ ရပါေသးတယ္။

ဘယ္အသားေတြ မွာ အသားဓါတ္ ဘယ္ေလာက္ gram ေတြပါေနလဲဆိုတာေတာ့ သိဖို႔လိုပါေသးတယ္။ အခု ေဖာ္ျပထားတဲ့ အသားဓါတ္ ပမာဏ ေတြ က အသား ၁၀၀ ဂရမ္ (6က်ပ္သား) (လက္ႏွစ္လံုး အရြယ္ သံုးတံုး) မွာ ပါတဲ့ ပမာဏေတြ ျဖစ္ပါတယ္။

 1. ၾကက္သား – 20 gram

2. ဝက္သား – 24 gram

3. အမဲသား – 24 gram

4. ဆိတ္သား – 33 gram

5. ဘဲသား – 19 gram

6. ၾကက္ဥ တစ္လံုး – 6 gram

7. ေဆာ္လမြန္ငါး – 21 gram

8. ငါးေသတၱာ – 21 gram

9. တူနာငါး – 24 gram

10. ငါးၾကင္း – 16 gram

11. ငါးခူ – 15 gram

12. တီလားဗီယား – 20 gram

13. ကကတစ္ငါး – 20 gram

14. ႏြားႏို႔ (240 ml) – 8 gram

 ဒါဆို Gym ေတြမွာ ဝိတ္တက္ေအာင္ (Weight Gain) ကစားေနတဲ့ သူေတြ အာပာာရ ျပည့္ျပည့္ ဝဝ မွ်မွ်တတ စားတတ္ ေစဖို႔ ကစီဓါတ္၊ အသားဓါတ္၊ အဆီဓါတ္ ေတြ ထဲ က ဘယ္လို အစားအစာ မ်ိဳးေတြ စားသင့္လဲ ဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

 Carbohydrate မ်ားတဲ့ အစားအစာ အုပ္စု 

(၁) ကန္စြန္းဥ

(၂) Chocolate Milk Shake

(၃) နာနတ္သီး၊ ဘယ္ရီသီး၊ ငွက္ေပ်ာသီး၊ ကီဝီသီး

(၄) ထမင္း

(၅) Oatmeal

(၆) အာလူး

(၇) အီတလီေခါက္ဆြဲ

(၈) အစိမ္းေရာင္ အသီးအရြက္မ်ား

 Protein (အသားဓါတ္) ႂကြယ္ဝတဲ့ အစားအစာအုပ္စု (Muscle Build အတြက္ အဓိက စားသင့္ပါသည္)

 (၁) ၾကက္ဥ (ၾကက္ဥစားမယ္ ဆို အႏွစ္ပါစားရင္ တစ္ေန႕ ႏွစ္လံုး ထက္မပိုသင့္ပါ။ အကာပဲစားမယ္ဆိုရင္ မ်ားမ်ား စားႏိုင္ပါတယ္။)

(၂) ဒိန္ခ်ဥ္ (အဆီထုတ္ၿပီး)

(၃) ဒိန္ခဲ

(၄) ေဆာ္လမြန္ ငါး

(၅) ၾကက္သား (ဝက္သား၊အမဲသား ႏွင့္ ဆိတ္သားတို႔ ကေတာ့ အဆီဓါတ္ ႏွင့္ ကိုလက္စထေရာ (Cholesterol) မ်ားတဲ့ အတြက္ မ်ားမ်ားမစားသင့္ပါ)

(၆)တူနာငါး

 Fat (အဆီဓါတ္) ႂကြယ္ဝ တဲ့ အစားအစာမ်ား (က်န္းမာေရး အတြက္ အက်ိဳးရွိမယ့္ အဆီဓါတ္ ႂကြယ္ဝတဲ့ အစားအစာမ်ား) (Cholesterol က်ေစပါသည္။)

 (၁) ေထာပတ္သီး

(၂) Nuts

(၃) ေျမပဲ ေထာပတ္

(၄) သစ္သီးေျခာက္

 ဒါေၾကာင့္ muscle တက္ခ်င္တယ္ ဆိုၿပီး အစားအေသာက္ေတြ ကို ေရြးခ်ယ္စားေသာက္တဲ့ ေနရာမွာ မွန္ကန္တဲ့ေရြးခ်ယ္မွဳ႕ ျဖစ္ဖို႔ အမ်ားႀကီးလိုအပ္ပါတယ္။ အေရြးမွား ရင္ ေက်ာက္ကပ္ပ်က္စီး တဲ့အထိ ျဖစ္တတ္တဲ့ အတြက္ စနစ္တက် ေရြးခ်ယ္စားေသာက္ တတ္ဖို႔က အဓိက ေသာ့ခ်က္တစ္ခုျဖစ္ပါတယ္။

ေလးစားစြာျဖင့္

ေဒါက္တာ ညီညီေက်ာ္

(Unicode)

ဝိတ်တက်အောင်ဆိုပြီး အသားတွေ အများကြီးစား မိနေပြီလား ????

အခုနောက်ပိုင်း ကျန်းမာရေး နှင့်ပတ်သက်ပြီး လူတော်တော်များများ ဂရုပြုလာတာ ကိုတွေ့မိပါတယ်။ အခု ဆို ရန်ကုန် မန္တလေး မော်လမြိုင်တို့လို မြို့ကြီးမပြောနဲ့ တခြား နယ်မျို့လေးတွေ မှာ ပါ Gym တွေရှိလာကြပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် လူတွေ ကျန်းမာရေး အမြင် ပိုမြင်လာတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာကတော့ ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစား က အရေးကြီးသလို မိမိ စားနေတဲ့ စားသောက်တဲ့ ပုံစံ ကလည်း ကျန်းမရရေး နဲ့ အများကြီး နှီးနှော ဆက်နွယ်နေတာကို တော့ သိပ်ဂရုမပြုမိကြပြန်ပါဘူး။

အထူးသဖြင့် အခုခေတ်က လည်း six pack ရအောင် လုပ်တဲ့ ခေတ်ဆိုတော့ protein အငားဓါတ်တွေ များများ စား တဲ့ အပြင် protein supplement တွေ သောက်လာကြပါတယ်။ တချို့တချို့သော Gym ကစားနေတဲ့ သူတွေ တော်တော်ကြီး လွဲမှားစွာ အသားတွေ စားတာ၊ protein supplement တွေ သောက်တာကို စိတ်မကောင်းဖွယ်တွေ့ရပါတယ်။

တကယ်တော့ protein supplement ဆိုတာ သောက်တော့မယ်လို့ ဆုံးဖြတ်ပြီးရင် အာပာာရ ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ သူနဲ့ အရင်ဆုံး သေချာဆွေးနွေး တိုင်ပင်ပြီးမှ သောက်ရမှာပါ။ အာပာာရပညာရှင် နဲ့ တွေ့ပြီး မိမိ လတ်တလော ရှိနေတဲ့ အလေးချိန်၊ ရှိသင့်တဲ့ အလေးချိန်၊ လတ်တလော ခံစားနေရတဲ့ ရောဂါ ဝေဒနာ စတာတွေ ကို သေချာ အရင် တိုင်ပင်သင့်ပါတယ်။

သုံးစွဲသူများလာတာနှင့် အမျှ supplement တွေကလည်း အမျိုးအစားတော်တော် လေးများလာပါတယ်။ ဒါပေမယ့် များသောအား ဖြင့် သူတို့ အခြေ ခံ ပြီး ထည့်ထားတာ ကတော့ protein အသားဓါတ်ပါပဲ။ အသားဓါတ်ကို နည်းမျိုးစုံ ပုံပြောင်းပြီး ထုတ်ထားတာ လို့ အလွယ်ပြောရင် မမှားပါဘူး။

အမျိုးအစား များလာတာနှင့် အမျှ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတော့ အများသိတဲ့ အတိုင်း ပိုက်ဆံတော့တော်တော်လေးကုန်ပါတယ်။ ဒါကတော့ သောက်နေတဲ့ သူတိုင်း သတိထားမိမှာပါ။ ဘာကြောင့်လဲ ဆိုတော့ တစ်ဗူး တစ်ဗူး ဈေးက နည်းမှ မနည်းတာပဲ။ နောက် တစ်ခု အနေနဲ့ ကျန်းမာရေး အမြင် ဘက်က ကြည့်ရင်တော့ အသားဓါတ် protein တွေက လိုအပ်တဲ့ ပမာဏ ထက် အဆများစွာပိုပြီးစား မိနေကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အားလုံး နီးပါးသော အများ အခေါ် pre work out နှင့် post work out သောက်နေကြတာတွေ က protein ကိုပဲ အဓိက အခြေခံပြီး နည်းမျိုးစုံ ပုံစံမျိုးစုံ နာမည်မျိုးစုံ နဲ့ ထုတ်ထားတဲ့ အတွက်ကြောင့်ပါ။

Protein အစားများရင် ဘာတွေ ဖြစ်တတ်လဲ ဆိုတော့ ကျောက်ကပ်ပျက်စီး နိုင်ပါတယ်။ အသားဓါတ် protein ရဲ့ နောက်ဆုံးစွန့်ပစ် ပစ္စည်း ပာာ Urea (ယူရီးယား) လို့ခေါ်တဲ့ ဓါတ်ပစ္စည်း တစ်မျိုးပါ။ urea ို ကျွန်တော်တို့ ကျောက်ကပ် က urine (ဆီး) ထဲ မှာ စွန့်ထုတ်ပေးပါတယ်။ အသားဓါတ် တွေ အများကြီးစားရင် စွန့်ပစ် ပစ္စည်းဖြစ်တဲ့ Urea ကလည်း အဆမတန် များလာပါတယ်။ ဒါကို အစမှာတော့ ခန္ဓာကိုယ် ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ အဆမတန်များလာတဲ့ urea ကို ဆီးကနေ စွန့်ထုတ်ပေးပါတယ်။ နောက်ပိုင်းမှာတော့ ကျောက်ကပ်ရဲ့ လုပ်နိုင်စွမ်း (Renal Function) တဖြည်းဖြည်း ကျလာပြီး နောက်ဆုံးမှာ တော့ ကျောက်ကပ် အလုပ်မလုပ် (Renal Failure) နိုင်တဲ့ အဆင့် ထိ ရောက်သွားနိုင်ပါတယ်။

သွေးတွင်းမှာ ယူရီးယား များလာရင် ဘာတွေ ဖြစ်တတ်လဲ

1. အသားအရေယားယံ လာခြင်း

2. ကြွက်သားတွေ နာလာခြင်း

3. အစားအသောက် ပျက်ခြင်း

4. အော့အန်ခြင်း

5. မူးဝေခြင်း

6. ဝိတ်မချဘဲ ဝိတ်ကျလာခြင်း

7. အမြင် အာရုံ ဝေဝါးလာခြင်း

8. စိတ် ကစဉ့်ကလျား ဖြစ်ခြင်း

9. အရင်ကထက် ပိုမောလာခြင်း၊ ရေဆာလာခြင်း

စတာတွေ ဖြစ်တတ်ပါတယ်။

ဒါဆို protein(အသားဓါတ်) ကို ဘယ်လောက် စားလို့ရလဲ???? မိမိရဲ့ ကိုယ် အလေးချိန် (ကီလိုဂရမ်) ကို နှစ် နှင့် မြှောက်ပြီး ထွက်လာတဲ့ အဖြေ ကို gram တပ်လိုက်တဲ့ ပမာဏ ထက်ပို မစားသင့်ပါဘူး။

ဥပမာ – အလေးချိန် ၆၀ ကီလိုဂရမ် ရှိတဲ့သူဆိုပါစို့၊ ၆၀*၂ = ၁၂၀ ဂရမ် ထက် ပိုပြီး အသားဓါတ် ကိုဂပိုပြီးမစားသင့်ပါဘူး။ ဒါက Gym ကို အပြင်းအထန် ကစားပြီး six pack ထွက်အောင် ကြိုးစားနေတဲ့ သူတွေ အတွက်ပါ။ သာမန်လူတွေ အတွက်ကတော့ တစ်နေ့ကို အသားဓါတ် ပမာဏ ပာာ မိမိရဲ့ ကိုယ်အလေးချိန် ကို 0.8 မှ 1.2 နဲ့ မြှောက်ပြီး ထွက်လာတဲ့ ပမာဏ ထက် ပိုပြီး မစားသင့်ပါဘူး။

ဥပမာ – အလေးချိန် ၆၀ ကီလိုဂရမ် ရှိတဲ့ သာမန် လူတစ်ယောက် အတွက် ဆိုရင် အသားဓါတ် ပမာဏ 60*0.8 = 48 gram မှ 60*1.2= 72 gram အတွင်းသာ စားသင့်ပါတယ်။Supplement တွေ မှာတော့ အမှုန့်တစ်ခွက်ထည့်ရင် protein ပမာဏ ဘယ်လောက် ဂရမ် ပါလဲဆိုတာ ကတော့ ဘူးပေါ်၊ အိတ်ပေါ် မှာ ရေးထားပါတယ်။ ဒါပေမဲ့ supplement တစ်ခုတည်း ကနေ ပရိုးဓါတ် ရတာမပာုတ်ပါဘူး။ ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး ကနေလည်း protein ဓါတ်တွေ ရပါသေးတယ်။

ဘယ်အသားတွေ မှာ အသားဓါတ် ဘယ်လောက် gram တွေပါနေလဲဆိုတာတော့ သိဖို့လိုပါသေးတယ်။ အခု ဖော်ပြထားတဲ့ အသားဓါတ် ပမာဏ တွေ က အသား ၁၀၀ ဂရမ် (6ကျပ်သား) (လက်နှစ်လုံး အရွယ် သုံးတုံး) မှာ ပါတဲ့ ပမာဏတွေ ဖြစ်ပါတယ်။

1. ကြက်သား – 20 gram

2. ဝက်သား – 24 gram

3. အမဲသား – 24 gram

4. ဆိတ်သား – 33 gram

5. ဘဲသား – 19 gram

6. ကြက်ဥ တစ်လုံး – 6 gram

7. ဆော်လမွန်ငါး – 21 gram

8. ငါးသေတ္တာ – 21 gram

9. တူနာငါး – 24 gram

10. ငါးကြင်း – 16 gram

11. ငါးခူ – 15 gram

12. တီလားဗီယား – 20 gram

13. ကကတစ်ငါး – 20 gram

14. နွားနို့ (240 ml) – 8 gram

ဒါဆို Gym တွေမှာ ဝိတ်တက်အောင် (Weight Gain) ကစားနေတဲ့ သူတွေ အာပာာရ ပြည့်ပြည့် ဝဝ မျှမျှတတ စားတတ် စေဖို့ ကစီဓါတ်၊ အသားဓါတ်၊ အဆီဓါတ် တွေ ထဲ က ဘယ်လို အစားအစာ မျိုးတွေ စားသင့်လဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Carbohydrate များတဲ့ အစားအစာ အုပ်စု

(၁) ကန်စွန်းဥ

(၂) Chocolate Milk Shake

(၃) နာနတ်သီး၊ ဘယ်ရီသီး၊ ငှက်ပျောသီး၊ ကီဝီသီး

(၄) ထမင်း

(၅) Oatmeal

(၆) အာလူး

(၇) အီတလီခေါက်ဆွဲ

(၈) အစိမ်းရောင် အသီးအရွက်များ

Protein (အသားဓါတ်) ကြွယ်ဝတဲ့ အစားအစာအုပ်စု (Muscle Build အတွက် အဓိက စားသင့်ပါသည်)

(၁) ကြက်ဥ (ကြက်ဥစားမယ် ဆို အနှစ်ပါစားရင် တစ်နေ့ နှစ်လုံး ထက်မပိုသင့်ပါ။ အကာပဲစားမယ်ဆိုရင် များများ စားနိုင်ပါတယ်။)

(၂) ဒိန်ချဉ် (အဆီထုတ်ပြီး)

(၃) ဒိန်ခဲ

(၄) ဆော်လမွန် ငါး

(၅) ကြက်သား (ဝက်သား၊အမဲသား နှင့် ဆိတ်သားတို့ ကတော့ အဆီဓါတ် နှင့် ကိုလက်စထရော (Cholesterol) များတဲ့ အတွက် များများမစားသင့်ပါ)

(၆)တူနာငါး

Fat (အဆီဓါတ်) ကြွယ်ဝ တဲ့ အစားအစာများ (ကျန်းမာရေး အတွက် အကျိုးရှိမယ့် အဆီဓါတ် ကြွယ်ဝတဲ့ အစားအစာများ) (Cholesterol ကျစေပါသည်။)

(၁) ထောပတ်သီး

(၂) Nuts

(၃) မြေပဲ ထောပတ်

(၄) သစ်သီးခြောက်

ဒါကြောင့် muscle တက်ချင်တယ် ဆိုပြီး အစားအသောက်တွေ ကို ရွေးချယ်စားသောက်တဲ့ နေရာမှာ မှန်ကန်တဲ့ရွေးချယ်မှု့ ဖြစ်ဖို့ အများကြီးလိုအပ်ပါတယ်။ အရွေးမှား ရင် ကျောက်ကပ်ပျက်စီး တဲ့အထိ ဖြစ်တတ်တဲ့ အတွက် စနစ်တကျ ရွေးချယ်စားသောက် တတ်ဖို့က အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Previous Post

၀မ်းပျက်ဝမ်းလျှောရောဂါအကြောင်းသိကောင်းစရာ

Next Post

သင့် နှလုံးကျန်းမာရေး အတွက် ဘာတွေ စားသင့်သလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင့် နှလုံးကျန်းမာရေး အတွက် ဘာတွေ စားသင့်သလဲ?

ဗီတာမင် D အကြောင်းသိကောင်းစရာ

သွေးချင်းချင်းနီသော ဘဝများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.