fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နှိပ်နယ်ပေးခြင်းရဲ့ အကျိုးကျေးဇူးများ

246
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/06/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

နှိပ်နယ်ပေးခြင်းရဲ့ အကျိုးကျေးဇူးများ

နှိပ်နယ်ပေးတယ်ဆိုတာ အခုမှကြားဖူးတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုလာတဲ့ ရှေးရိုးကုသနည်းတစ်ခုဖြစ်ပါတယ်။ အရင်ကတည်းက အသုံးပြုလာတဲ့ နည်းတစ်ခုဖြစ်တာကြောင့် ထိရောက်မှု အတိုင်းအတာ တစ်ခုထိရှိနေမှာ ငြင်းစရာမလိုတာ အမှန်ပါ။ အခုဒီဆေးနည်းအကြောင်းကို နည်းနည်းလောက်လေ့လာကြည့်ရအောင်ပါ။

တရုတ်ပြည်မှာ ကျယ်ကျယ်ပြန့်ပြန့်စထွန်းကားခဲ့တဲ့ အပ်စိုက်ကုသနည်းလိုပဲ ဒီနှိပ်နယ်ကုသနည်းဟာလည်း ရောဂါအတော်များများကို သက်သာစေပါတယ်။ သူ့ကို အင်္ဂလိပ်လိုတော့ acupressure လို့ခေါ်ပါတယ်၊ အပ်စိုက်သလိုပဲ ခန္ဓာကိုယ်ရဲ့ နေရာတစ်နေရာကို ထိထိရောက်ရောက် နှိပ်နယ် ကုသပေးတာ ဖြစ်ပါတယ်။

နှိပ်နယ်ကုသတယ်ဆိုရာမှာလည်း ခန္ဓာကိုယ်တစ်ကိုယ်လုံးကို လိုက်နှိပ်နေတာ မဟုတ်ပဲ သူ့သတ်မှတ်ချက်နဲ့ သူသွားပါတယ်။ ကုသနည်းရဲ့ အယူအဆအရ ကျွန်တော်တို့ ခန္ဓာကိုယ်နေရာအသီးသီးမှာ စွမ်းအင်တွေသိုလှောင်ထားတဲ့ ဒါမှမဟုတ် စွမ်းအင်တွေ စီးဆင်းနေတဲ့ နေရာတွေရှိပါတယ်။

ဒီနေရာတွေမှာ သက်စောင့်ဓာတ်လို့ ယူဆရမဲ့ စွမ်းအင်တွေကိန်းအောင်းနေတယ်လို့ ဆိုပါတယ်။ တရုတ်လိုတော့ ချီ ဓာတ်ပေါ့လေ၊ ခန္ဓာကိုယ်ရဲ့ နေရာ ၁၂ ခုမှာ ဒီစွမ်းအင်တွေ ကိန်းအောင်းနေပြီး အချင်းချင်းဆက်သွယ်နေတယ်လို့ ယူဆကြတယ်။

အကြောင်းတစ်ခုခုကြောင့် နေထိုင်မကောင်းဖြစ်တယ်ဆိုတာ ဒီနေရာ ၁၂ ခုထဲက တစ်ခုခုမှာ ဆက်သွယ်တဲ့ လမ်းကြောင်းပိတ်ဆို့နေလို့ ဒါမှမဟုတ် စွမ်းအင်စီးဆင်းပုံမမှန်လို့ဖြစ်တာလို့ ယူဆကြတာကြောင့် ဒီနေရာတွေကို နှိပ်နယ်ပေးပြီး ဝေဒနာသက်သာအောင် ပြုလုပ်ပေးတာပဲ ဖြစ်တယ်။

နှိပ်ပေးတဲ့ ပညာရှင်တွေအနေနဲ့ သူတို့ရဲ့ လက်ထိပ်၊ လက်ဖဝါး၊ တံတောင်ဆစ်နဲ့ ခြေထောက်တွေကို အသုံးပြုပြီး နှိပ်နယ်ပေးတာရှိသလို ရံဖန်ရံခါမှာ အထူးပြုလုပ်ထားတဲ့ ပစ္စည်းကိရိယာတွေကို သုံးပြီးနှိပ်ပေးတာလည်း ရှိပါတယ်။

နှိပ်တဲ့အခါမှာ အပေါ်မှာပြောထားတဲ့ စွမ်းအင်သိုလှောင်၊ စီးဆင်းနေတဲ့ နေရာတွေကို ညင်ညင်သာသာ နှိပ်ပေးလေ့ရှိတယ်၊ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး အနှိပ်ခံရတဲ့ အချိန်အတိုးအလျှော့ရှိမှာပါ။

ဒီလိုကုသနည်းရဲ့ အဓိကရည်ရွယ်ချက်က လူနာရဲ့ ကျန်းမာရေးပုံမှန်အနေအထားပြန်ရအောင်၊ ခံစားနေရတဲ့ ဝေဒနာတွေသက်သာအောင်နဲ့ ခန္ဓာကိုယ်ရဲ့ မကောင်းတဲ့ဓာတ်နဲ့ ကောင်းတဲ့စွမ်းအင်ဓာတ်တွေကို ပြန်ထိန်းညှိပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။

တချို့ကျတော့လည်း နှိပ်နယ်ခြင်းကြောင့်  ဒါတွေတင်မကပဲ လူနာရဲ့ စိတ်အခြေအနေ၊ စိတ်ခံစားချက်တွေကိုပါ ပြေလျော့စေတယ်လို့ ဆိုုပါတယ်။ နှိပ်ပေးတဲ့လူက သူ့ရဲ့ စိတ်စွမ်းအင်ကတစ်ဆင့် လူနာရဲ့ ဝေဒနာကိုသက်သာစေတယ်လို့ ယူဆတဲ့သူတွေလည်း ရှိနေပါတယ်။

သို့ပေမဲ့ အထက်ကယူဆချက်တွေကို လူအားလုံးကလက်ခံထားကြတော့ မဟုတ်ပါဘူး။ သိပ္ပံနည်းကျ ဖြေရှင်းချက်မပေးနိုင်သေးတာကြောင့်လည်း လူတချို့က ဒီလိုကုသမှုကို ပြန်မေးခွန်းထုတ်တာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ နည်းစနစ်ကျကျနှိပ်နယ်ပေးမှုကို ခံယူလိုက်ပြီး ရင် ကြွက်သားတောင့်တင်းမှုတွေကိုပြေလျှော့ပေးနိုင်တာ၊ သွေးလည်ပတ်မှုကောင်းစေတာ စတာတွေကို တော့လက်ခံထားကြပါတယ်။

ဒါ့အပြင် ဒီလိုနှိပ်နယ်ပေးမှုကို ခံယူတာကြောင့်

– ကင်ဆာဆေးနဲ့ ကုသမှုခံယူပြီး အစားအသောက်ပျက်တာ၊ စိတ်ဖိစီးမှုဖြစ်နေတာ၊ နာကျင်တာ စတဲ့ဝေဒနာတွေကို နှိပ်နယ်ကုသမှု ခံယူခြင်းအားဖြင့် သက်သာစေတယ်လို့ ဆိုပါတယ်။

– နောက်ပြီး အလုပ်ပင်ပန်းလို့ ကြွက်သားနာကျင်တာ၊ သွေးဆုံးပြီးအမျိုးသမီးတွေဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုနဲ့ ခေါင်းကိုက်ခြင်း စတဲ့ ပြဿနာတွေကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။

– နောက်လေ့လာချက်တွေအရတော့ နှိပ်နယ်ကုသမှုခံယူတဲ့အခါ လူနာရဲ့ကိုယ်ထဲက endorphins ဆိုတဲ့ဟော်မုန်းဓာတ်ထွက်လာစေပြီး ဒီဟော်မုန်းဓာတ်က ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ ဒါ့ကြောင့် အနှိပ်ခံခြင်းအားဖြင့် အဆစ်အမြစ်နာကျင်ရောင်ရမ်းမှုကို သက်သာစေမှာပါ။

ဒါတွေက acupressure လို့ခေါ်တဲ့ နှိပ်နယ်ကုသနည်းရဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။ သို့ပေမဲ့ စာရေးသူတို့ ဗမာလူမျိုးအများစုက ဒီအကျိုးကျေးဇူးတွေကို သိလို့သော်လည်းကောင်း မသိပဲနဲ့ သော်လည်းကောင်းအနှိပ်ခံနေကြသူတွေ အတော်များပါတယ်။ ကိုယ့်အိမ်နားက အနှိပ်ဆရာတွေဘာတွေ ခေါ်နှိပ်ကြတယ်။

အပေါ်မှာပြောခဲ့သလိုပဲ ကျွန်တော်တို့ ခန္ဓာကို်ယ်မှာ စွမ်းအင်တွေစုနေ၊ စီးဆင်းနေတဲ့ နေရာတွေ အသီးသီးရှိပါတယ်၊ နှိပ်တယ်ဆိုရာမှာလည်း ခန္ဓာကိုယ်မှာ ဒီနေရာတွေရဲ့ တည်နေရာကို သေချာသိရှိပြီး နည်းစနစ်မှန်မှန်နှိပ်နယ်ကုသမှုခံယူမှသာ အဆင်ပြေမှာဖြစ်တယ်။ ပြောရရင် အနှိပ်သည် သည်လည်း professional တစ်ယောက်ဖြစ်နေသင့်တယ်။ ဒါမှသာ အခုပြောခဲ့တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာပါ။

တချို့အနှိပ်ခံတယ်၊ အနှိပ်ခံတယ်ပြောပြီး ပြီးရင် ကြွက်သားနာကျင်မှုက ပိုဆိုးလာတယ်ဆိုတာ နှိပ်တဲ့နည်းမမှန်ကန်လို့ပါ။ နောက်ပြီး နှိပ်တယ်ဆိုတာ ပိုနာလေ ပိုထိရောက်လေဆိုတဲ့ အယူအဆလည်း မှားပါတယ်။

ညောင်းညာကိုက်ခဲလို့ အနှိပ်ခံပါတယ်ဆိုမှာ နှိပ်လည်းပြီးရောပို နာသွားတယ်ဆိုရင် သိပ်မဟန်ပါဘူး။ ဒ့ါကြောင့် အနှိပ်ခံတော့မယ်ဆိုရင် နှိပ်ပေးမဲ့သူက တကယ့်ကို ဒီပညာရပ်မှာ ကျွမ်းကျင်တဲ့အနှိပ်သည်ဖြစ်နေမယ်ဆို အကောင်းဆုံးပါ။

နောက်တစ်ခုရှိတာက ဒီနည်းလမ်းတွေက ဟိုးရှေးပဝီသဏီကတည်းက သုံးခဲ့တဲ့နည်းလမ်းဆိုပေမဲ့ အခုထိလည်း ဒါတွေနဲ့ပတ်သတ်ပြီး လေ့လာချက်တွေပြုလုပ်နေတုန်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကုသနည်းရဲ့ ရလဒ်ကို သိပ္ပံနည်းကျအဖြေထုတ်ဖို့ကြိုးစားနေဆဲဖြစ်တာကြောင့် အနှိပ်မခံခင် သင့်ကိုကုသနေတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ကြည့်ပါ၊

တချို့ရောဂါအခြေအနေတွေက အနှိပ်ခံလိုက်တာကြောင့်ပိုဆိုးသွားတာမျိုးရှိလို့ပါ ဥပမာ အရိုးကင်ဆာ၊ အရိုးပွ၊ အရိုးပျော့ရောဂါ၊ သွေးကြောရောင်ရောဂါ စတဲ့ရောဂါအခြေအနေတွေဖြစ်ပါတယ်။

ဆေးပညာဆိုတာ အင်မတန်ကျယ်ပြန့်လှပါတယ်။ နည်းပညာဖွံ့ဖြိုးလာတာနဲ့ အမျှ ကုသနည်းအသစ်အသစ်တွေ ပိုပေါ်ထွက်လာသလို ဟိုးယခင်ခေတ်ကတည်းက ကျင့်သုံးလာခဲ့တဲ့ ဆေးနည်းတွေအားလုံးကိုလည်း ပစ်ပယ်ဖို့မလိုအပ်ပါဘူး။

အဲ့ဒီအစားခေတ်နဲ့ပိုလျော်ညီအောင် လေ့လာမှုတွေပိုလုပ်ပြီး စနစ်ကျကျကျင့်သုံးနိုင်မယ်ဆိုရင် လူနာတွေအတွက်ပိုပြီး အကျိုးဖြစ်ထွန်းစေမှာ အမှန်ပဲဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်လိုက်ရပါတယ်ခင်ဗျာ။

Dr. Wayne

Previous Post

“ဥ”ခဏခဏအောင့်ရင် ပန်းသေတတ်သလား

Next Post

ကိုယ်ဝန်ဆောင်စဉ်မှာ ဓါတ်မှန်ရိုက်ပါက ဗိုက်ထဲကကလေးထိခိုက်နိုင်လား။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
126

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်စဉ်မှာ ဓါတ်မှန်ရိုက်ပါက ဗိုက်ထဲကကလေးထိခိုက်နိုင်လား။

မေးခွန်းမေးခြင်းနဲ့ဖြေခြင်း အနုပညာ

ထိပ်ကပ်နာရောဂါ ဆင်ခြင်စရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.