fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ
ယောကျာ်းနဲ့ မိန်းမ ဘယ်သူ့ဦးနှောက် ပိုသာသလဲ?
661
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/05/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
(Zawgyi ဖြင့်ဖတ်ရန်)
-အရွယ်အစား
-သက်ရောက်မှု-
Dr. ပစ်တိုင်းထောင်
(unicode)
ဟိုးရာစုနှစ်ပေါင်းများစွာကတည်းက တင်စားခဲ့သော ဆိုရိုးတစ်ခုရှိပါတယ်။ ယောကျာ်းဦးနှောက်က မားစ်ဂြိုလ်မှ ဆင်းသက်လာပြီး မိန်းမဦးနှောက်က ဗီးနပ်စ် ဂြိုလ်မှ ဆင်းသက်လာသည်ဟူ၍ အဓိပ္ပာယ်တွေ အမျိုးမျိုးဖွင့်ဆိုကြပေမယ့် အားလုံးတူညီစွာလက်ခံထားသည်က ကိုကိုတို့ရဲ့ ဦးနှောက်နဲ့ ပျိုမေတို့ရဲ့ ဦးနှောက် မတူညီကြသည်ကိုပင်။ နှစ်ပေါင်းများစွာကြာပြီးနောက် သိပ္ပံပညာတိုးတက်ထွန်းကားလာသည့်နောက် ယခုချိန်တွင်မူ သိပ္ပံပညာရပ်က ယင်းအဆိုကို ထောက်ခံနိုင်သည့် သုတေသနများစွာပေါ်ထွက်လာခဲ့တယ်။
ဟုတ်ပါသည်….ကျားနဲ့မရဲ့ဦးနှောက်အတွင်းလုပ်ငန်းဆောင်တာများကွဲပြားကြပါတယ်။ထို့ကြောင့်ပင် ယောက်ျား နဲ့ မိန်းမတို့ရဲ့ စိတ်နေစိတ်ထား၊ကိုယ်ရည်ကိုယ်သွေး၊အမူအကျင့်တို့ကွဲပြားသွားကြခြင်းပါ။သိပ္ပံနည်းကျ ယောကျာ်းနဲ့မိန်းမတို့ရဲ့ဦးနှောက်အကြောင်းကို လေ့လာကြည့်ကြရအောင်။
-အရွယ်အစား
ကျားဦးနှောက်က မဦးနှောက်ထက်ပိုကြီးပါတယ်။
သက်ရောက်မှု- လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကျော်များက ဒါ့ကြောင့်ပဲ ယောကျာ်းတွေရဲ့ IQက မိန်းမတွေရဲ့ IQထက်မြင့်တယ်လို့ ထင်မှတ်ခဲ့ကြတယ်။ဒါပေမယ့် ဒီဘက်နှစ်တွေမှာတော့ ဒါကို လက်မခံကြတော့ပါ။ ခန္ဓာကိုယ်အရွယ်အစားအရ ပိုကြီးတဲ့ ယောကျာ်းတွေက ပိုကြီးတဲ့ဦးနှောက်ပိုင်ဆိုင်တာပါ။ဒါဟာ IQပိုမြင့်တယ်ဆိုတဲ့ အဆိုရဲ့ အကြောင်းရင်း မဟုတ်ဘူးလို့ ငြင်းဆိုလာကြပါတယ်။ အရွယ်အစား ကွာခြားမှုက ဖိုနဲ့မဦးနှောက်ကြား သိသိသသာသာ သက်ရောက်မှု မရှိဘူးလို့ဆိုရမှာပါ။
-ပင်မဦးနှောက်(ဦးနှောက်ရှေ့ပိုင်း)[cerebral Hemisphere]
လူ့ရဲ့ ဦးနှောက်မှာ ပင်မဦးနှောက် နှစ်ခြမ်းရှိပါတယ်။ဘယ်ခြမ်းနဲ့ ညာခြမ်းပါ။ယောက်ျားဦးနှောက်နဲ့ မိန်းမဦးနှောက်က ဒီနေရာမှာများစွာကွားခြားသွာပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကူးလူးတဲ့ ဖိုင်ဘာလေးတွေက ကျားဦးနှောက်မှာ တစ်ခြမ်းထဲမှာပဲ ရှုပ်ထွေးပွေလီစွာ ကူးလူးနေပြီး ဘယ်ခြမ်းညာခြမ်း ဆက်စပ်ကူးသန်းမှုမှာ အရမ်း အားနည်းပါတယ်။ပြောင်းပြန်အနေဖြင့် မဦးနှောက်က ဖိုင်ဘာလမ်းကြောင်းတွေက ဘယ်ခြမ်းနဲ့ ညာခြမ်းကူးလူးဆက်သွယ်ထားတာ အရမ်းအားကောင်းနေတာကိုတွေ့ရှိကြပါတယ်။သဘောအားဖြင့် ယောကျာ်းဦးနှောက်က တခြမ်းထဲမှာပဲ အားကောင်းစွာ ကူးလူးသွယ်ယှက်ထားပြီး မဦးနှောက်က ဘယ်ညာ တဖက်နဲ့တဖက် ဆက်သွယ်ထားတဲ့နေရာမှာ ပိုအားကောင်းတာကို တွေ့ရပါတယ်။
-သက်ရောက်မှု-
ဒါကပဲ ဖိုနဲ့မကြားကြီးမားသော ကွာခြားမှုကိုဖြစ်စေပါတယ်။ အဓိကအားဖြင့် ဖိုဦးနှောက်တွေက တခြမ်းထဲမှာပဲ အားကောင်းကြတဲ့အတွက် တစ်စုံတစ်ခုကို အာရုံစူးစိုက်တဲ့နေရာမှာ အရမ်းအားကောင်းပါတယ်။ ဒါပေမယ့် အာရုံကလည်း တစ်ခုပဲ ရကြပါတယ်။ နောက်တစ်ခုအာရုံမရကြပါဘူး။ဒါကို Single-Task brain type လို့ခေါ်ပါတယ်။ ဥပမာပေးရရင် ဂိမ်းဆော့နေရင် ဂိမ်းမှဂိမ်းပဲ တခြား ရည်းစားဖုန်းခေါ်တာတို့ အပြင်ခေါ်တာတို့ဆို အာရုံနောက်တယ်ဆိုပြီး စိတ်ရှုပ်ထွေးကြပါတယ်။ အကြောင်းက ကျားတွေရဲ့ ဦးနှောက်က တစ်ခုထဲပဲ အာရုံစိုက်နိုင်လို့ပါ။ ဆန့်ကျင်ဘက်အဖြစ် မိန်းမဦးနှောက်က Multi-task type Brain ပါ။ အာရုံ နှစ်ခု သုံးခု ကို တပြိုင်နက်တွေးတောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ဖိုင်ဘာဆက်ကြောင်းလေးတွေက ဘယ်ခြမ်းနဲ့ညာခြမ်းကို ကူးလူးဆက်သွယ်ထားတာ ပိုအားကောင်းလို့ပါ။ ဥပမာ ပြောရရင်- ထမင်းစားနေရင်လည်း စာကျက်နိုင်တယ်။ စာကျက်နေရင်းနဲ့လည်း K-popအကြောင်းတွေးနိုင်မယ်။ ကိုယ်နဲ့တွဲနေပေမယ့်လည်း စိတ်ထဲက ရည်းစားဟောင်းဆီစိတ်ရောက်နေမယ်။ ဒါမျိုးတွေပါ…
နောက်တစ်ခုက အဖြစ်အပျက်တစ်ခုနဲ့ကြုံကြိုက်တဲ့အခါ ယောကျာ်းလေးရဲ့ ဦးနှောက်က စဉ်းစားပုံ တိုက်ရိုက်ဆန်ပြီး တုံ့ပြန်မှု(Action)က ပိုမြန်ပါတယ်။မိန်းကလေးဦးနှောက်ကတော့ ညာဘက်ခြမ်းက ခြုံငုံစဉ်းစား(Logical thinking)ခြင်းကို အသုံးပြုပြီးမှ ဆုံးဖြတ်ချက်ကို ဘယ်ဘက်ခြမ်းက အာရုံခံစားမှု(Intuition)နဲ့ ရွေးချယ်ပါတယ်။ ဘယ်ညာနှစ်ဖက်စလုံးကို ဖြန့်ကျက်ထားတဲ့ Fiberတွေကြောင့် မိန်းကလေးဦးနှောက်က ဒီနေရာမှာ စဉ်းစားတွေးတောပုံထောင့်စေ့ပါတယ်။ ဒါပေမယ့် တုံ့ပြန်မှု အချိန်ကတော့ယောကျာ်းလေးများလို မမြန်ဆန်ပါဘူး၊
-ဦးနှောက်အစိတ်အပိုင်းငယ်လေးများ(Specific Region)
-ရှေ့ဦးနှောက်ခြမ်းမှာပါဝင်တဲ့ အစိတ်အပိုင်း၅ခုထဲက တစ်ခု Parietal Lobeမှာ ယောကျာ်းလေးဦးနှောက်က သိသိသာသာကို မိန်းကလေးဦးနှောက်ထက်ပိုမို အားကောင်းပါတယ်။
သက်ရောက်မှု-ယင်းနေရာက အတွက်အချက်(Mathematics)နဲ့ အတွေးအခေါ် ဉာဏ်ရည်ပိုင်း(IQ)ပိုငိးကို အဓိကထမ်းဆောင်တဲ့နေရာဖြစ်တဲ့အတွက် ယင်းနေရာပိုင်းသိသိသာသာ ပိုမိုကြီးမားတဲ့ ဦးနှောက်ပိုင်ရှင် ယောကျာ်းလေးတွေက အတွက်အချက်နဲ့ IQပိုင်းမှာ မိန်းကလေးမှားထက်ပိုမို သာလွန်ပါတယ်။
-နောက်အစိတ်အပိုင်းဖြစ်တဲ့ နားထင်ဘက်ခြမ်းဦးနှောက်နေရာ(Temporal Lobe)မှာ မိန်းကလေးဦးနှောက်က ပိုမို ထင်ရှားပါတယ်
သက်ရောက်မှု-ယင်းနေရာက မှတ်ဉာဏ်ကို အဓိကထိန်းသိမ်းပေးတဲ့နေရာဖြစ်တဲ့အတွက် ယင်းနေရာအားကောင်းတဲ့ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် မှတ်ဉာဏ်အား(memory)ပိုကောင်းပါတယ်။
-နောက်ဦးနှောက်အတွင်းပင်စည်ပိုင်းနေရာမှာတည်ရှိတဲ့ limbic system မှာ မိန်းမဦးနှောက်က ပိုမိုအားကောင်းတဲ့အတွက် စကားလုံးအသုံးနှုန်းကြွယ်ဝမှု(Vocabulary)ပိုင်းမှာ ပိုမိုအားကောင်းပါတယ်။ ဒါကြောင့် မိန်းကလေးများဟာ ယောကျာ်းလေးများထက် စကားတတ်တာဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုသော် ကျားဦးနှောက်နဲ့ မဦးနှောက် ဘယ်ဟာပိုကောင်းလဲငြင်းရင် ငြင်းမဆုံးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုစီမှာ သူ့အားသာချက်နဲ့သူ ရှိနေလို့ပါ။ ကျားဦးနှောက်နဲ့ မဦးနှောက် ဘယ်သူပိုသာသလဲဟာ ငြင်းခုံနေရမယ့် အရာတစ်ခုမဟုတ်ဘူး။ ကိုယ်စီ ကိုယ်စီ အားသာချက်တွေကို စုစည်းပြီး အတူယှဉ်တွဲကာ လောကကြီးရဲ့ကောင်းကျိုးကို တက်ညီလက်ညီသယ်ပိုးထမ်းရွက်ရမှာပဲ ဖြစ်ပါတယ်။
Dr. ပစ်တိုင်းထောင်
Previous Post
အသည်းရောင်အသားဝါရောဂါများ
Next Post
သားဥကြွေမကြွေစစ်ဆေးကြမယ်
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
124
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.2k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.4k
အလွှာခြားတာကောင်းလား?
2 years ago
1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
599
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
သားဥကြွေမကြွေစစ်ဆေးကြမယ်
စိတ်ကုန်နေပြီလား
Protein Supplement တွေ ကို ဘယ်လောက် အထိသောက်နေကြလဲ????
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.