fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သားတွေကိုချစ်ပါသည်

249
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/01/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ညေနဖက္ ႐ုံးဆင္းခ်ိန္ကိုစိုးသိန္းတစ္ေယာက္ အိမ္သို႔တန္းတန္းမတ္မတ္ ျပန္လာခဲ့၏။အိမ္တြင္ ညီမအငယ္ဆုံး Singapore မွ ျပန္ေရာက္ေန၍ သူႏွင့္ စကားေလးဘာေလးေျပာခ်င္သည္။ ေမာင္ႏွမေတြ မေတြ႕ရတာဘယ္ေလာက္ၾကာေနၿပီလဲ။ အငယ္ဆုံးႏွင့္ အႀကီးဆုံးဆိုေပမဲ့ မီးငယ္ႏွင့္ စိုးသိန္းတို႔ကငယ္ငယ္ကတည္းကသြားအတူလာအတူ။

ဆယ္တန္းၿပီးကတည္း က Singapore ထြက္သြားၿပီး Singapore မွာပဲအိမ္ေထာင္က်ေနေသာညီမငယ္ႏွင့္မေတြ႕ရတာၾကာေနၿပီ။ ညီမက Singapore မွာေယာက်ၤားႏွင့္ သားကိုထားခဲ့ၿပီးရန္ကုန္သို႔ ခဏျပန္လာျခင္းျဖစ္သည္။ ေမာင္ႏွမႏွစ္ေယာက္ ငယ္တုန္းကအေၾကာင္းေတြေျပာရင္ ညမိုးခ်ဳပ္တဲ့အထိေနျဖစ္ၾကသည္။

ေနာက္တစ္ေန႔ ညီမႏွင့္ မိန္းမတို႔ ေဈးဝယ္ ထြက္သည္။အိမ္တြင္ သားသုံးေယာက္ႏွင့္ က်န္ခဲ့ေသာကိုစိုးသိန္းတစ္ေယာက္ ျပာယာခတ္ေနေတာ့သည္။ အငယ္ဆုံးကေလးကသူငယ္တန္းဆိုေတာ့ ေရခ်ိဳးေပးရသည္။ ထမင္းခြံ႕ေကြၽးရသည္။ အလတ္ေကာင္ကေတာ့ ေလးတန္းဆိုေတာ့ သူ႔ဖာသာလုပ္တတ္ေနၿပီ။ ခိုင္းရင္ ခိုင္းတဲ့အတိုင္းလုပ္တတ္သည္။ အႀကီးဆုံးကေလးကသာနည္းနည္းေဖြေဖာက္ခ်င္သည္။ ကိုးတန္းေက်ာင္းသားျဖစ္ေနၿပီျဖစ္ေတာ့ အေဖႏွင့္ အေမစကားကိုသိပ္နားမေထာင္ခ်င္။ သူလုပ္ခ်င္တာသူလုပ္သည္။ အခုလည္းေရသြားခ်ိဳးခိုင္းၿပီးထမင္းစားခိုင္းသည္။ ကိုယ္ေတာ္က Game ေဆာ့ေနတာအေဆာ့မပ်က္။ ခဏေနပါဦးဒီမွာႏိုင္ေတာ့မွာပါလို႔သာေအာ္ေနသည္။ ေန႔လယ္တစ္နာရီေက်ာ္သြားၿပီ။ ကိုယ္ေတာ္ကထိုင္ရာကမထ။ ကိုစိုးႏိုင္ Game ကစားေနေသာအႀကီးေကာင္ ေခါင္းကိုေနာက္ကေန၍နာရင္းတစ္ခ်က္အုပ္လိုက္သည္။ အေရွ႕ကိုအာ႐ုံစိုက္ေနရင္းအေဆာ္ခံလိုက္ရ၍ ေရွ႕သို႔ ေမွာက္လ်က္ က်သြားသည္။

တိုက္တိုက္ဆိုင္ဆိုင္ပဲေျပာရမလားမသိ။ အိမ္သူသက္ထားႏွင့္ ႏွမတို႔ အိမ္ထဲဝင္လာၾကသည္။ မိန္းမကေတာ့ သူ႔သားကိုတစ္ခ်က္ၾကည့္ၿပီး သူ႔အခန္းထဲဝင္သြားသည္။ ႏွမျဖစ္သူကသူ႔တူကိုသြားထူသည္။ ၿပီးေတာ့ အကိုျဖစ္သူကိုရန္ေထာင္လိုက္ေသးသည္။
“ကေလးကိုဘယ္လိုလုပ္လိုက္တာလဲကိုကိုရယ္။ စကားနဲ႔ေျပာလဲရရဲ႕သားနဲ႔။ ဘာျဖစ္လို႔လက္ပါခ်င္ရတာလဲ”
“နင္ဘာသိလို႔လဲ။ သူ႔ကိုေရခ်ိဳးခိုင္းေနတာၾကာၿပီ။ ၿပီးရင္ထမင္းစားရေအာင္လို႔လဲေျပာၿပီးသား။ အဲဒါကိုေခၚမရဘူး။ ဒီGameပဲတစ္ခ်ိန္လုံးကစားေနတယ္။”“ေကာင္းေကာင္းေျပာရင္ရပါတယ္”
ႏွမျဖစ္သူကသူ႔တူဖက္ကေရွ႕ေနလိုက္သည္။

“ေကာင္းေကာင္းေျပာေနတာပဲ။အေဖကိုမေထမဲ့ျမင္နဲ႔။”
“သားကလည္းေဖေဖကေရခ်ိဳးၿပီးထမင္းစားခိုင္းေနတာကိုသြားစားလိုက္တာမဟုတ္ဘူး”
အႀကီးေကာင္ကိုအေဒၚျဖစ္သူကလွမ္းေခ်ာ့လိုက္သည္။ သူ႔တူကိုလည္းရင္ခြင္ထဲပိုက္ထားလိုက္သည္။ အေမျဖစ္သူထက္ေတာင္ သည္းေနေသးသည္ဟုကိုစိုးသိန္းထင္သည္။

“ဒီတစ္ပြဲထဲပါ တီတီရယ္။ ၿပီးေတာ့မွာပါ။ ကြၽန္ေတာ္ၿပီးရင္ ေရခ်ိဳးမွာပါ။ ၿပီးရင္ ထမင္းစားမွာပါ။”
ငိုမဲ့မဲ့ႏွင့္ ျပန္ေျပာသည္။ အားကိုးရွိေန၍လည္းကိုစိုးသိန္းကိုလွမ္းၿပီးမ်က္ေစာင္းထိုးလိုက္ေသးသည္။ ေနာက္တစ္ခ်ီေလာက္ကိုလွမ္းေကြၽးလိုက္ခ်င္သည့္စိတ္ေပါက္ေနသည္။ႏွမငယ္မရွိလွ်င္ ဒီအေကာင္ ဒီေန႔ေတာ့ထမင္းမစားရပဲဗိုက္ျပည့္ေနေတာ့မည္။
“သြားသြားအခုေတာ့ ေရသြားခ်ိဳးေတာ့။ ၿပီးရင္တီတီနဲ႔အတူထမင္းစားမယ္။ တီတီလည္းထမင္းဆာလွၿပီ”
ႏွမကလိမၼာပါးနပ္စြာႏွင့္ သူ႔တူကိုအခန္းျပင္သို႔လႊတ္လိုက္သည္။ သူကိုယ္တိုင္လည္းဆက္တီေပၚထိုင္ခ်လိုက္သည္။
“ကိုကိုလည္းထိုင္ပါဦး။ ေျပာစရာေလးရွိလို႔”
ကိုစိုးသိန္းထိုင္လိုက္သည္။“ကေလးေတြကိုဒီလိုပဲ႐ိုက္႐ိုက္ေနတာလား”
ေလသံတိုးတိုးေလးႏွင့္ကပ္ေမးသည္။

“အၿမဲမ႐ိုက္ပါဘူး။ တစ္ခါတစ္ေလေတာ့႐ိုက္ရတာေပါ့။ ငါေမြးထားတာေယာက်ၤားေလးသုံးေကာင္ေလ။ ေမ်ာက္ေတြအတိုင္းပဲ။ အၿမဲေအာ္ေနရတာ။ ”
ကိုစိုးသိန္းတစ္ေယာက္ သားသုံးေယာက္ကိုနာမည္ေပးလိုက္သည္။ သူကေတာ့ ေမ်ာက္အေဖႀကီးျဖစ္သြားသည္ကိုမသိ။
“ကေလးေတြကို႐ိုက္နက္ၿပီးမဆုံးမရဘူးဆိုတာကိုကိုမသိဘူးလား။”
“မီးငယ္ရယ္..ငါတို႔ငယ္ငယ္တုန္းကလည္း႐ိုက္ခံခဲ့ရတာပဲေလ”
“ေၾသာ္ကိုကိုကလည္းကိုယ္ငယ္ငယ္တုန္းကအ႐ိုက္ခံရတိုင္းကေလးေတြကို႐ိုက္ရမယ္လို႔ မရွိဘူးေလ။ ကိုကို႔ အယူအဆေတြကမွားေနျပန္ၿပီ”
“ အၿမဲတန္းေတာ့႐ိုက္ေနတာမဟုတ္ဘူးေလ။ သူ႔တို႔ကိုပါးစပ္နဲ႔အရင္ေျပာတယ္။ မရရင္ ႐ိုက္တယ္။ ဒါပဲေလ။ ႐ိုက္ေတာ့ေၾကာက္တယ္။ ေၾကာက္ေတာ့ေျပာစကားနားေထာင္တယ္။”
ကိုစိုးသိန္းကသူ႔အယူအဆကိုရွင္းျပသည္။

“အဲဒါကိုကမွားေနတာ။ ကေလးေတြကေၾကာက္လို႔ ေျပာစကားနားေထာင္တယ္ဆိုတာကို က မွားေနတာပဲ”
“ဘာမွားတာလဲ”
ကိုစိုးသိန္းစိတ္တိုလာ၍ ႏွမျဖစ္သူကိုဘုေတာေတာလိုက္သည္။

“အခုေတာ့ ကိုကိုေျပာတာကိုကေလးေတြကေၾကာက္လို႔နားေထာင္တာေပါ့။ ကိုကို႐ိုက္လည္းသူတို႔ခံရမွာပဲေလ။ မိဘကိုဘယ္ကေလးကမွ ျပန္မလုပ္ရဲဘူး။ ဒါေပမဲ့ ေနာင္တစ္ခ်ိန္ အသက္ေတြႀကီးလာတဲ့ အခ်ိန္ၾကရင္ ကိုကိုစကားကိုသူတို႔နားေထာင္ေတာ့မွာမဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ ကိုကိုသူတို႔ကို႐ိုက္လို႔မရေတာ့တဲ့ အခ်ိန္။သူတို႔ ကိုကိုကိုဂ႐ုမစိုက္ေတာ့ပဲေနလိမ့္မယ္”
“လုပ္ရဲလုပ္ၾကည့္ပါလားဒီအေကာင္ေတြ အခုကတည္း က အပိုးက်ိဳးေအာင္လုပ္ထားမယ္”
ကိုစိုးသိန္းတစ္ေယာက္ စိတ္တိုလာ၍ ႏွမျဖစ္သူကိုေျပာလိုက္သည္။

“ဒါကိုကကိုကိုမွားေနတာပဲ။ကေလးေတြကိုဆုံးမတဲ့ ေနရာမွာေၾကာက္ျခင္းတရားနဲ႔ ဆုံးမမယ္ဆိုတာသိပ္ကိုမွားယြင္းသြားၿပီ။ ကေလးေတြကိုဆိုဆုံးမတယ္ဆိုကတည္းကေကာင္းေစခ်င္တဲ့ ေစတနာပါရမယ္။ သူတို႔ေလးေတြကိုေကာင္းေစခ်င္တာေစတနာထားတာကိုသူတို႔သိေအာင္ေျပာရမယ္။ ေနာက္ၿပီးကိုယ္ျဖစ္ခ်င္တာေတြကိုသူတို႔ကိုနားလည္ေအာင္ရွင္းျပေပးရမယ္။ ကေလးကိုနားလည္ေအာင္မရွင္းျပပဲဒါလုပ္ရမယ္လို႔ ဘယ္ေတာ့မွ မေျပာရဘူး။ အက်ိဳးအျပစ္ေတြကိုရွင္းျပရမွာ ကိုကို႔တာဝန္ပဲ။ အခုေတာ့ ကိုကို က ကေလးေတြကိုနားလည္ေအာင္ရွင္းျပဖို႔ မႀကိဳးစားဘူး။ ကိုကိုသိပ္ကိုမွားတယ္။ ၿပီးေတာ့ ကေလးေတြကိုနားလည္ေပးရမယ္။ သူတို႔မွာလည္းသူတို႔အတိုင္းအတာနဲ႔ သူတို႔အသိဉာဏ္ရွိပါတယ္။ ကေလးတစ္ေယာက္ Game ကစားတာမေကာင္းဘူး။စြဲလန္းေနတာကိုမိဘကဘယ္လိုေျပာဆိုဆုံးမရမလဲ။ သူနားလည္ေအာင္ ဘယ္လိုေျပာရမလဲဆိုတာကိုကိုစဥ္းစားရမယ္”
“နင္ကနင့္တူဖက္ က လိုက္ေျပာေနတာပဲ။”

“လိုက္ေျပာတာမဟုတ္ဘူး။ ဘာမဟုတ္တဲ့ ကိစၥေလးတစ္ခုမွာကိုကိုကေလးကို႐ိုက္ေနလို႔ေျပာရတာ။ ကိုကိုလည္းငယ္ငယ္ကထမင္းေမ့ဟင္းေမ့ ကစားခဲ့တာပဲေလ။ အဲဒီတုန္းကကိုကိုအ႐ိုက္ခံရတာပဲေလ။ ကိုကိုအဲဒီလိုမ်ိဳးအ႐ိုက္ခံရေတာ့ကိုကိုႀကိဳက္လား။ ကေလးေတြ ကစားမက္တာ သဘာဝပဲေလ။ ကေလးကိုနားလည္ေအာင္ရွင္းျပရမွာ၊ စိတ္ရွည္ရမွာ ကိုကို႔တာဝန္ပဲ။ အခုေတာ့ ကိုကိုကကေလးကို႐ိုက္လိုက္တယ္။ ငါမိဘပဲသားသမီးကို႐ိုက္ႏွက္ဆုံးမဖို႔ အခြင့္အာဏာအျပည့္အဝရွိတယ္လို႔ ကိုကိုထင္ေနသလား။ မလိမၼာလို႔ ႐ိုက္ႏွက္ဆုံးမတယ္ဆိုတဲ့ ေခတ္ကုန္သြားၿပီေနာ္”
“အံမယ္။ ႀကီးႀကီးက်ယ္က်ယ္နဲ႔။ မိဘကသားသမီးကို ႐ိုက္ႏွက္ဆုံးမတဲ့ေခတ္ကုန္သြားၿပီတဲ့။ သားသမီးကိုဆုံးမဖို႔ မိဘမွာ ဝတၱရားရွိၿပီးသား။ ဝတၱရားရွိလို႔လဲ ငါကဆုံးမေနတာ။”

“မဆုံးမရဘူးလို႔ေျပာေနတာမဟုတ္ဘူး။ ဆုံးမလို႔ရတယ္။ အခုဟာက႐ိုက္ႏွက္တာကိုေျပာေနတာ။ ကေလးေတြကိုဆုံးမနည္းအမ်ားႀကီးရွိတယ္။ နားလည္ေအာင္ ရွင္းျပတာေတြ၊ ဆုေပးဒဏ္ေပးစနစ္ေတြ လည္းရွိတယ္။ အခုကထစ္ခနဲဆိုရင္ကေလးကို႐ိုက္ႏွက္ေနတာ။ ”

“နင္ ငါ့အိမ္ေပၚလည္းတက္လာေသးတယ္။ ငါ့လည္းေစာ္ကားေမာ္ကားနဲ႔။”
ကိုစိုးသိန္းေဒါသထြက္လာသည္။ မိန္းမျဖစ္သူမွ အိပ္ခန္းထဲမွ ထြက္လာသည္။ ေမာင္ႏွမႏွစ္ေယာက္ ရန္ျဖစ္လွ်င္ဆြဲဖို႔လည္းျဖစ္ႏိုင္သည္။

“ကိုကိုအိမ္ေပၚမွာကိုကို႔ ကိုေစတနာနဲ႔ေျပာေနတာ။ ကေလးတစ္ေယာက္ အ႐ိုက္ခံရရင္ ဒါကိုသူတို႔လက္ခံလိုက္တယ္လို႔ထင္လား။ သူတို႔ကအားမတန္လို႔မာန္ေလ်ာ့လိုက္တာ။ မိဘမို႔လို႔ သူတို႔ေၾကာက္လို႔သာလက္ခံလိုက္တာ။ သူတို႔အေကာင္းအဆိုးကိုသူတို႔မသိဘူး။ တစ္ခ်ိဳ႕ကေလးဆိုရင္ မိဘကိုေတာင္ အ႐ြဲ႕တိုက္ၾကဦးမယ္။ ကိုယ့္ကေလးကလိမၼာလို႔ နားေထာင္တာ။ ကိုကိုနဲ႔ေတာ့ခက္ပါတယ္”
“မိဘကသားသမီးကို႐ိုက္ႏွက္ခြင့္မရွိဘူးလို႔ နင္ကေျပာတာလား”
“မွန္လိုက္ေလျခင္း။ ငါမိဘဆိုၿပီးသားသမီးကို႐ိုက္ႏွက္ခြင့္မရွိဘူး။”

“ဘယ္သူေျပာလဲ”
“ဒါဟာကေလးတစ္ေယာက္ရဲ႕ right ပဲ။ မိဘကသားသမီးကို႐ိုက္ႏွက္ဆုံးမရင္ သားသမီးကတိုင္လို႔ရတယ္။ ဒီမိုကေရစီႏိုင္ငံေတြမွာဒီလိုပဲ။ အေမရိကားမွာလဲဒီလိုပဲ။ Singapore မွာလည္းဒီလိုပဲ။ ”
အကိုျဖစ္သူကိုနားလည္ေအာင္ေတာ့ ေသေသခ်ာခ်ာရွင္းျပရေတာ့မည္။

“ငါမၾကားဖူးဘူး။ နင္လုပ္ဇာတ္ေတြ လာမခင္းနဲ႔”
“ဘာကိစၥ လုပ္ဇာတ္ေတြခင္းရမွာလဲ။ ကိုကို႔သူငယ္ခ်င္းကိုႏိုင္လင္းတို႔ကိုသိတယ္မလား။ ကိုကို႔အတိုင္းပဲကိုႏိုင္လင္းသိပ္ၿပီးစိတ္ဆတ္တယ္။ အလုပ္ကလည္းမ်ားေတာ့ စိတ္ဖိစီးတာေတြလည္းပါမွာေပါ့။ သူစိတ္ဖိစီးတဲ့ အခ်ိန္ ကေလးကလည္းအမွားတစ္ခုခုလုပ္ရင္ ကေလးကို႐ိုက္တယ္ေလ။ ကေလးကအထက္တန္းေရာက္ေနၿပီဆိုေတာ့ သူနားလည္ေနၿပီ။ သူ႔ကို႐ိုက္တာမခံႏိုင္တဲ့ အဆုံးေက်ာင္းကိုတိုင္လိုက္တယ္။ ေက်ာင္းကမိဘႏွစ္ပါးကိုေခၚၿပီး ခံဝန္လက္မွတ္ထိုးခိုင္းၿပီးေနာက္ကို ကေလးကိုမ႐ိုက္ႏွက္ပါနဲ႔လို႔ေခၚသတိေပးတယ္။ အေဖနဲ႔ အေမေက်ာင္းက ျပန္လာေတာ့ သားဒီကိစၥကိုအမ်ားႀကီးစဥ္းစားပါေသးတယ္။ တိုင္သင့္မတိုင္သင့္ အေတာ္ၾကာၾကာစဥ္းစားၿပီးမွ ေက်ာင္းကိုတိုင္လိုက္တာပါတဲ့”
“ႏိုင္လင္းကိစၥ ငါမသိပါလား”
ကိုစိုးသိန္းအံၾသသြားသည္။ ဒီ Singapore ႏိုင္ငံက ဘယ္လိုႏိုင္ငံမ်ိဳးဘာလိမ့္လို႔လဲေတြးေတာမိသည္။

“ဘယ္သိမလဲသူတို႔ရွက္လို႔ မေျပာတာေနမွာေပါ့။ သူမ်ားႏိုင္ငံမွာကေလးေတြကို႐ိုက္ႏွက္ဆုံးမတာကိုလက္မခံဘူး။ ဒါကဥပေဒေတြ ဘာေတြနဲ႔ထိန္းထားတာ။ အဓိကေျပာခ်င္တာကေတာ့ ျမန္မာႏိုင္ငံမွာမိဘ က သားသမီးကို႐ိုက္တာဘယ္သူကမွ လာၿပီးကိုကို႔ကိုအျပစ္မေျပာဘူး။ ဒါေပမဲ့ ကိုကိုသားသမီးကို႐ိုက္ေတာ့ ဘာျဖစ္မလဲကိုကို႔သားေတြကကိုကို႔ ကိုေၾကာက္မယ္။ ရွိန္မယ္။ ေနာက္ေတာ့ ကိုကို႔ကိုခြာၾကမယ္။ ကိုကိုကေတာ့ သားသမီးကိုေကာင္းေစခ်င္လို႔ပဲဒါေပမဲ့ ကိုကို ျပန္ရမွာသားသမီးရဲ႕ဥေပကၡာပဲ။ သူတို႔မေက်နပ္တာကိုသူတို႔ေဖာ္ထုတ္ခြင့္လည္းမရွိရင္ ကေလးေတြရဲ႕စိတ္ဟာ႐ိုင္းစိုင္းလာမွာပဲ။ ကေလးေတြကိုဆိုးေအာင္ ကိုကိုမလုပ္ပါနဲ႔။ နားလည္ေအာင္ရွင္းျပပါ။ ဒဏ္ေပးတာေတြ အမ်ားႀကီးရွိတယ္။ ဒဏ္ေပးတဲ့ စနစ္ကိုလည္းက်င့္သုံးပါ။ ဒဏ္ေပးတယ္ဆိုတာ႐ိုက္ႏွက္ခိုင္းတာမဟုတ္ဘူး။ မနက္က Game ကစားလို႔ ညဖက္ TV ေပးမၾကည့္တာမ်ိဳးေတြ လုပ္လို႔ရေနတာပဲေလ။ ဒါမ်ိဳးပုံစံနဲ႔ ကေလးကိုဆုံးမကိုင္တြယ္ပါလို႔ပဲေျပာခ်င္တယ္” ေယာင္းမကလည္းမီးငယ္ကို ကိုစိုးသိန္းအေၾကာင္းတိုင္တန္းေနသည္။

“မီးငယ္ေျပာတာအမကလက္ခံတယ္။ နင့္ အကိုကထစ္ကနဲဆိုလက္ကပါခ်င္ၿပီ။ အမကေလးေတြကဒီေလာက္လည္းဆိုးတာမဟုတ္ဘူး။ သူကကိုလက္ပါခ်င္ေနတာ။ အခုဆိုအႀကီးေကာင္ေလးကအေဖကိုဆိုစိမ္းေနၿပီ။ အေဖနဲ႔ဆိုမွင္တန္းေနေနတယ္။ ဒါကိုသူလည္းသိတယ္။ သူမႀကိဳက္ဘူး။ ကေလးကဒါမ်ိဳးလုပ္ရင္ သူကေလးကိုစိတ္တိုေလ။ ႐ိုက္ခ်င္ေလ။ ကေလးကလည္း႐ိုက္ေလသူ႔ကိုမခင္တြယ္ေလပဲ။ အေဖဆိုရင္ ေရွာင္ေနတတ္တယ္။”

“ကဲဘယ္လိုလဲကိုကို။ ဒီမွာအမကလည္းေျပာေနၿပီ။ ကိုကိုကေလးေတြကို႐ိုက္တယ္ဆို။ ကေလးေတြကို႐ိုက္ႏွက္ဆုံးမတာကို ျပင္ပါ။ ကိုယ့္ရင္ကျဖစ္တဲ့ကေလးေတြကို တစ္ခါတစ္ေလမ်ားခ်စ္ခ်စ္ခင္ခင္နဲ႔ နားလည္ေအာင္ေျပာၾကည့္ပါဦး။ ကေလးေတြနဲ႔ အိမ္ထဲမွာစစ္ေအးကာလကို ျဖတ္သန္းခ်င္ေနလို႔လား။ မိသားစုဆိုတာေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနထိုင္ေနရမွာမဟုတ္လား။ အခုအႀကီးေကာင္ကကိုကို႔ကိုေရွာင္ေနၿပီ။ ေနာက္ဆိုရင္ အလတ္ေကာင္နဲ႔ အငယ္ေကာင္ကပါ သူ႔အကိုလိုျဖစ္လာရင္ ကိုကိုတို႔ လင္မယားပဲစိတ္ဆင္းရဲရမွာ။ သားသမီးကိုခ်စ္ေၾကာင္းေလးလည္းျပပါဦးကိုကိုရယ္”
ကိုစိုးသိန္းတစ္ေယာက္ မီးငယ္ေျပာသည္မ်ားကို နားေထာင္ရင္း စဥ္းစားခန္းဝင္ေနမိသည္။

မီးငယ္ေျပာသည္ကလည္းဟုတ္သည္။ ကိုစိုးသိန္းငယ္ငယ္တုန္းကအေဖက႐ိုက္ႏွက္ဆုံးမသည္။ အေဖရွိလွ်င္ ကိုစိုးသိန္းတို႔ ညီအစ္ကိုေတြ အိမ္ကိုသိပ္မကပ္ခ်င္။ အိမ္မကပ္လွ်င္ အေဖကမၾကည္ေလ။ အေမနဲ႔သာေျပာဆိုဆက္ဆံၾကသည္။ အေဖ့ကိုဆိုလွ်င္ သိပ္မခင္တြယ္ခ်င္ၾက။ သူကိုလည္းသားေတြကအေဖ့ကိုေရွာင္ၾကဥ္သလိုမ်ိဳးမျဖစ္ေစခ်င္ပါ။ သူႀကိဳးစားၿပီးျပင္ဆင္ရမည္။ေဒါသကိုလည္းထိန္းႏိုင္ေအာင္ႀကိဳးစားရမည္။ ခ်က္ခ်င္းလက္ငင္းႀကီးေတာ့ ေျပာင္းလဲႏိုင္မွာမဟုတ္။ ႀကိဳးစားၾကည့္ရမည္။ မီးငယ္ကိုလည္းဂတိေပးလိုက္သည္။
“ငါ ကေလးေတြကိုမ႐ိုက္ေတာ့ဘူးလို႔ ဂတိေပးတယ္”
မိန္းမကတၿပဳံးၿပဳံး။ အငယ္ေကာင္ က ကိုစိုးသိန္းကိုလာဖက္ၿပီး
“သားကေတာ့ ေဖေဖႀကီးကိုခ်စ္တယ္”
ကိုစိုးသိန္းသားႀကီးႏွင့္လည္းဒီလိုမ်ိဳးခ်စ္ခ်စ္ခင္ခင္ေနခ်င္ပါေသးသည္။ႏွမငယ္ေျပာသည္မ်ားကို ေသေသခ်ာခ်ာ ျပန္စဥ္းစားရင္းကိုစိုးသိန္တစ္ေယာက္ သားႀကီးကို ျပန္ေခ်ာ့ဖို႔ စဥ္းစားေနေတာ့သည္။

Author – ေဒါက္တာေအးခ်မ္းမိုး

(Unicode)

ညနေဖက် ရုံးဆင်းချိန်ကိုစိုးသိန်းတစ်ယောက် အိမ်သို့တန်းတန်းမတ်မတ် ပြန်လာခဲ့၏။အိမ်တွင် ညီမအငယ်ဆုံး Singapore မှ ပြန်ရောက်နေ၍ သူနှင့် စကားလေးဘာလေးပြောချင်သည်။ မောင်နှမတွေ မတွေ့ရတာဘယ်လောက်ကြာနေပြီလဲ။ အငယ်ဆုံးနှင့် အကြီးဆုံးဆိုပေမဲ့ မီးငယ်နှင့် စိုးသိန်းတို့ကငယ်ငယ်ကတည်းကသွားအတူလာအတူ။

ဆယ်တန်းပြီးကတည်း က Singapore ထွက်သွားပြီး Singapore မှာပဲအိမ်ထောင်ကျနေသောညီမငယ်နှင့်မတွေ့ရတာကြာနေပြီ။ ညီမက Singapore မှာယောကျၤားနှင့် သားကိုထားခဲ့ပြီးရန်ကုန်သို့ ခဏပြန်လာခြင်းဖြစ်သည်။ မောင်နှမနှစ်ယောက် ငယ်တုန်းကအကြောင်းတွေပြောရင် ညမိုးချုပ်တဲ့အထိနေဖြစ်ကြသည်။

နောက်တစ်နေ့ ညီမနှင့် မိန်းမတို့ ဈေးဝယ် ထွက်သည်။အိမ်တွင် သားသုံးယောက်နှင့် ကျန်ခဲ့သောကိုစိုးသိန်းတစ်ယောက် ပြာယာခတ်နေတော့သည်။ အငယ်ဆုံးကလေးကသူငယ်တန်းဆိုတော့ ရေချိုးပေးရသည်။ ထမင်းခွံ့ကျွေးရသည်။ အလတ်ကောင်ကတော့ လေးတန်းဆိုတော့ သူ့ဖာသာလုပ်တတ်နေပြီ။ ခိုင်းရင် ခိုင်းတဲ့အတိုင်းလုပ်တတ်သည်။ အကြီးဆုံးကလေးကသာနည်းနည်းဖွေဖောက်ချင်သည်။ ကိုးတန်းကျောင်းသားဖြစ်နေပြီဖြစ်တော့ အဖေနှင့် အမေစကားကိုသိပ်နားမထောင်ချင်။ သူလုပ်ချင်တာသူလုပ်သည်။ အခုလည်းရေသွားချိုးခိုင်းပြီးထမင်းစားခိုင်းသည်။ ကိုယ်တော်က Game ဆော့နေတာအဆော့မပျက်။ ခဏနေပါဦးဒီမှာနိုင်တော့မှာပါလို့သာအော်နေသည်။ နေ့လယ်တစ်နာရီကျော်သွားပြီ။ ကိုယ်တော်ကထိုင်ရာကမထ။ ကိုစိုးနိုင် Game ကစားနေသောအကြီးကောင် ခေါင်းကိုနောက်ကနေ၍နာရင်းတစ်ချက်အုပ်လိုက်သည်။ အရှေ့ကိုအာရုံစိုက်နေရင်းအဆော်ခံလိုက်ရ၍ ရှေ့သို့ မှောက်လျက် ကျသွားသည်။

တိုက်တိုက်ဆိုင်ဆိုင်ပဲပြောရမလားမသိ။ အိမ်သူသက်ထားနှင့် နှမတို့ အိမ်ထဲဝင်လာကြသည်။ မိန်းမကတော့ သူ့သားကိုတစ်ချက်ကြည့်ပြီး သူ့အခန်းထဲဝင်သွားသည်။ နှမဖြစ်သူကသူ့တူကိုသွားထူသည်။ ပြီးတော့ အကိုဖြစ်သူကိုရန်ထောင်လိုက်သေးသည်။
“ကလေးကိုဘယ်လိုလုပ်လိုက်တာလဲကိုကိုရယ်။ စကားနဲ့ပြောလဲရရဲ့သားနဲ့။ ဘာဖြစ်လို့လက်ပါချင်ရတာလဲ”
“နင်ဘာသိလို့လဲ။ သူ့ကိုရေချိုးခိုင်းနေတာကြာပြီ။ ပြီးရင်ထမင်းစားရအောင်လို့လဲပြောပြီးသား။ အဲဒါကိုခေါ်မရဘူး။ ဒီGameပဲတစ်ချိန်လုံးကစားနေတယ်။”“ကောင်းကောင်းပြောရင်ရပါတယ်”
နှမဖြစ်သူကသူ့တူဖက်ကရှေ့နေလိုက်သည်။

“ကောင်းကောင်းပြောနေတာပဲ။အဖေကိုမထေမဲ့မြင်နဲ့။”
“သားကလည်းဖေဖေကရေချိုးပြီးထမင်းစားခိုင်းနေတာကိုသွားစားလိုက်တာမဟုတ်ဘူး”
အကြီးကောင်ကိုအဒေါ်ဖြစ်သူကလှမ်းချော့လိုက်သည်။ သူ့တူကိုလည်းရင်ခွင်ထဲပိုက်ထားလိုက်သည်။ အမေဖြစ်သူထက်တောင် သည်းနေသေးသည်ဟုကိုစိုးသိန်းထင်သည်။

“ဒီတစ်ပွဲထဲပါ တီတီရယ်။ ပြီးတော့မှာပါ။ ကျွန်တော်ပြီးရင် ရေချိုးမှာပါ။ ပြီးရင် ထမင်းစားမှာပါ။”
ငိုမဲ့မဲ့နှင့် ပြန်ပြောသည်။ အားကိုးရှိနေ၍လည်းကိုစိုးသိန်းကိုလှမ်းပြီးမျက်စောင်းထိုးလိုက်သေးသည်။ နောက်တစ်ချီလောက်ကိုလှမ်းကျွေးလိုက်ချင်သည့်စိတ်ပေါက်နေသည်။နှမငယ်မရှိလျှင် ဒီအကောင် ဒီနေ့တော့ထမင်းမစားရပဲဗိုက်ပြည့်နေတော့မည်။
“သွားသွားအခုတော့ ရေသွားချိုးတော့။ ပြီးရင်တီတီနဲ့အတူထမင်းစားမယ်။ တီတီလည်းထမင်းဆာလှပြီ”
နှမကလိမ္မာပါးနပ်စွာနှင့် သူ့တူကိုအခန်းပြင်သို့လွှတ်လိုက်သည်။ သူကိုယ်တိုင်လည်းဆက်တီပေါ်ထိုင်ချလိုက်သည်။
“ကိုကိုလည်းထိုင်ပါဦး။ ပြောစရာလေးရှိလို့”
ကိုစိုးသိန်းထိုင်လိုက်သည်။“ကလေးတွေကိုဒီလိုပဲရိုက်ရိုက်နေတာလား”
လေသံတိုးတိုးလေးနှင့်ကပ်မေးသည်။

“အမြဲမရိုက်ပါဘူး။ တစ်ခါတစ်လေတော့ရိုက်ရတာပေါ့။ ငါမွေးထားတာယောကျၤားလေးသုံးကောင်လေ။ မျောက်တွေအတိုင်းပဲ။ အမြဲအော်နေရတာ။ ”
ကိုစိုးသိန်းတစ်ယောက် သားသုံးယောက်ကိုနာမည်ပေးလိုက်သည်။ သူကတော့ မျောက်အဖေကြီးဖြစ်သွားသည်ကိုမသိ။
“ကလေးတွေကိုရိုက်နက်ပြီးမဆုံးမရဘူးဆိုတာကိုကိုမသိဘူးလား။”
“မီးငယ်ရယ်..ငါတို့ငယ်ငယ်တုန်းကလည်းရိုက်ခံခဲ့ရတာပဲလေ”
“သြော်ကိုကိုကလည်းကိုယ်ငယ်ငယ်တုန်းကအရိုက်ခံရတိုင်းကလေးတွေကိုရိုက်ရမယ်လို့ မရှိဘူးလေ။ ကိုကို့ အယူအဆတွေကမှားနေပြန်ပြီ”
“ အမြဲတန်းတော့ရိုက်နေတာမဟုတ်ဘူးလေ။ သူ့တို့ကိုပါးစပ်နဲ့အရင်ပြောတယ်။ မရရင် ရိုက်တယ်။ ဒါပဲလေ။ ရိုက်တော့ကြောက်တယ်။ ကြောက်တော့ပြောစကားနားထောင်တယ်။”
ကိုစိုးသိန်းကသူ့အယူအဆကိုရှင်းပြသည်။

“အဲဒါကိုကမှားနေတာ။ ကလေးတွေကကြောက်လို့ ပြောစကားနားထောင်တယ်ဆိုတာကို က မှားနေတာပဲ”
“ဘာမှားတာလဲ”
ကိုစိုးသိန်းစိတ်တိုလာ၍ နှမဖြစ်သူကိုဘုတောတောလိုက်သည်။

“အခုတော့ ကိုကိုပြောတာကိုကလေးတွေကကြောက်လို့နားထောင်တာပေါ့။ ကိုကိုရိုက်လည်းသူတို့ခံရမှာပဲလေ။ မိဘကိုဘယ်ကလေးကမှ ပြန်မလုပ်ရဲဘူး။ ဒါပေမဲ့ နောင်တစ်ချိန် အသက်တွေကြီးလာတဲ့ အချိန်ကြရင် ကိုကိုစကားကိုသူတို့နားထောင်တော့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုကိုသူတို့ကိုရိုက်လို့မရတော့တဲ့ အချိန်။သူတို့ ကိုကိုကိုဂရုမစိုက်တော့ပဲနေလိမ့်မယ်”
“လုပ်ရဲလုပ်ကြည့်ပါလားဒီအကောင်တွေ အခုကတည်း က အပိုးကျိုးအောင်လုပ်ထားမယ်”
ကိုစိုးသိန်းတစ်ယောက် စိတ်တိုလာ၍ နှမဖြစ်သူကိုပြောလိုက်သည်။

“ဒါကိုကကိုကိုမှားနေတာပဲ။ကလေးတွေကိုဆုံးမတဲ့ နေရာမှာကြောက်ခြင်းတရားနဲ့ ဆုံးမမယ်ဆိုတာသိပ်ကိုမှားယွင်းသွားပြီ။ ကလေးတွေကိုဆိုဆုံးမတယ်ဆိုကတည်းကကောင်းစေချင်တဲ့ စေတနာပါရမယ်။ သူတို့လေးတွေကိုကောင်းစေချင်တာစေတနာထားတာကိုသူတို့သိအောင်ပြောရမယ်။ နောက်ပြီးကိုယ်ဖြစ်ချင်တာတွေကိုသူတို့ကိုနားလည်အောင်ရှင်းပြပေးရမယ်။ ကလေးကိုနားလည်အောင်မရှင်းပြပဲဒါလုပ်ရမယ်လို့ ဘယ်တော့မှ မပြောရဘူး။ အကျိုးအပြစ်တွေကိုရှင်းပြရမှာ ကိုကို့တာဝန်ပဲ။ အခုတော့ ကိုကို က ကလေးတွေကိုနားလည်အောင်ရှင်းပြဖို့ မကြိုးစားဘူး။ ကိုကိုသိပ်ကိုမှားတယ်။ ပြီးတော့ ကလေးတွေကိုနားလည်ပေးရမယ်။ သူတို့မှာလည်းသူတို့အတိုင်းအတာနဲ့ သူတို့အသိဉာဏ်ရှိပါတယ်။ ကလေးတစ်ယောက် Game ကစားတာမကောင်းဘူး။စွဲလန်းနေတာကိုမိဘကဘယ်လိုပြောဆိုဆုံးမရမလဲ။ သူနားလည်အောင် ဘယ်လိုပြောရမလဲဆိုတာကိုကိုစဉ်းစားရမယ်”
“နင်ကနင့်တူဖက် က လိုက်ပြောနေတာပဲ။”

“လိုက်ပြောတာမဟုတ်ဘူး။ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုမှာကိုကိုကလေးကိုရိုက်နေလို့ပြောရတာ။ ကိုကိုလည်းငယ်ငယ်ကထမင်းမေ့ဟင်းမေ့ ကစားခဲ့တာပဲလေ။ အဲဒီတုန်းကကိုကိုအရိုက်ခံရတာပဲလေ။ ကိုကိုအဲဒီလိုမျိုးအရိုက်ခံရတော့ကိုကိုကြိုက်လား။ ကလေးတွေ ကစားမက်တာ သဘာဝပဲလေ။ ကလေးကိုနားလည်အောင်ရှင်းပြရမှာ၊ စိတ်ရှည်ရမှာ ကိုကို့တာဝန်ပဲ။ အခုတော့ ကိုကိုကကလေးကိုရိုက်လိုက်တယ်။ ငါမိဘပဲသားသမီးကိုရိုက်နှက်ဆုံးမဖို့ အခွင့်အာဏာအပြည့်အဝရှိတယ်လို့ ကိုကိုထင်နေသလား။ မလိမ္မာလို့ ရိုက်နှက်ဆုံးမတယ်ဆိုတဲ့ ခေတ်ကုန်သွားပြီနော်”
“အံမယ်။ ကြီးကြီးကျယ်ကျယ်နဲ့။ မိဘကသားသမီးကို ရိုက်နှက်ဆုံးမတဲ့ခေတ်ကုန်သွားပြီတဲ့။ သားသမီးကိုဆုံးမဖို့ မိဘမှာ ဝတ္တရားရှိပြီးသား။ ဝတ္တရားရှိလို့လဲ ငါကဆုံးမနေတာ။”

“မဆုံးမရဘူးလို့ပြောနေတာမဟုတ်ဘူး။ ဆုံးမလို့ရတယ်။ အခုဟာကရိုက်နှက်တာကိုပြောနေတာ။ ကလေးတွေကိုဆုံးမနည်းအများကြီးရှိတယ်။ နားလည်အောင် ရှင်းပြတာတွေ၊ ဆုပေးဒဏ်ပေးစနစ်တွေ လည်းရှိတယ်။ အခုကထစ်ခနဲဆိုရင်ကလေးကိုရိုက်နှက်နေတာ။ ”

“နင် ငါ့အိမ်ပေါ်လည်းတက်လာသေးတယ်။ ငါ့လည်းစော်ကားမော်ကားနဲ့။”
ကိုစိုးသိန်းဒေါသထွက်လာသည်။ မိန်းမဖြစ်သူမှ အိပ်ခန်းထဲမှ ထွက်လာသည်။ မောင်နှမနှစ်ယောက် ရန်ဖြစ်လျှင်ဆွဲဖို့လည်းဖြစ်နိုင်သည်။

“ကိုကိုအိမ်ပေါ်မှာကိုကို့ ကိုစေတနာနဲ့ပြောနေတာ။ ကလေးတစ်ယောက် အရိုက်ခံရရင် ဒါကိုသူတို့လက်ခံလိုက်တယ်လို့ထင်လား။ သူတို့ကအားမတန်လို့မာန်လျော့လိုက်တာ။ မိဘမို့လို့ သူတို့ကြောက်လို့သာလက်ခံလိုက်တာ။ သူတို့အကောင်းအဆိုးကိုသူတို့မသိဘူး။ တစ်ချို့ကလေးဆိုရင် မိဘကိုတောင် အရွဲ့တိုက်ကြဦးမယ်။ ကိုယ့်ကလေးကလိမ္မာလို့ နားထောင်တာ။ ကိုကိုနဲ့တော့ခက်ပါတယ်”
“မိဘကသားသမီးကိုရိုက်နှက်ခွင့်မရှိဘူးလို့ နင်ကပြောတာလား”
“မှန်လိုက်လေခြင်း။ ငါမိဘဆိုပြီးသားသမီးကိုရိုက်နှက်ခွင့်မရှိဘူး။”

“ဘယ်သူပြောလဲ”
“ဒါဟာကလေးတစ်ယောက်ရဲ့ right ပဲ။ မိဘကသားသမီးကိုရိုက်နှက်ဆုံးမရင် သားသမီးကတိုင်လို့ရတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာဒီလိုပဲ။ အမေရိကားမှာလဲဒီလိုပဲ။ Singapore မှာလည်းဒီလိုပဲ။ ”
အကိုဖြစ်သူကိုနားလည်အောင်တော့ သေသေချာချာရှင်းပြရတော့မည်။

“ငါမကြားဖူးဘူး။ နင်လုပ်ဇာတ်တွေ လာမခင်းနဲ့”
“ဘာကိစ္စ လုပ်ဇာတ်တွေခင်းရမှာလဲ။ ကိုကို့သူငယ်ချင်းကိုနိုင်လင်းတို့ကိုသိတယ်မလား။ ကိုကို့အတိုင်းပဲကိုနိုင်လင်းသိပ်ပြီးစိတ်ဆတ်တယ်။ အလုပ်ကလည်းများတော့ စိတ်ဖိစီးတာတွေလည်းပါမှာပေါ့။ သူစိတ်ဖိစီးတဲ့ အချိန် ကလေးကလည်းအမှားတစ်ခုခုလုပ်ရင် ကလေးကိုရိုက်တယ်လေ။ ကလေးကအထက်တန်းရောက်နေပြီဆိုတော့ သူနားလည်နေပြီ။ သူ့ကိုရိုက်တာမခံနိုင်တဲ့ အဆုံးကျောင်းကိုတိုင်လိုက်တယ်။ ကျောင်းကမိဘနှစ်ပါးကိုခေါ်ပြီး ခံဝန်လက်မှတ်ထိုးခိုင်းပြီးနောက်ကို ကလေးကိုမရိုက်နှက်ပါနဲ့လို့ခေါ်သတိပေးတယ်။ အဖေနဲ့ အမေကျောင်းက ပြန်လာတော့ သားဒီကိစ္စကိုအများကြီးစဉ်းစားပါသေးတယ်။ တိုင်သင့်မတိုင်သင့် အတော်ကြာကြာစဉ်းစားပြီးမှ ကျောင်းကိုတိုင်လိုက်တာပါတဲ့”
“နိုင်လင်းကိစ္စ ငါမသိပါလား”
ကိုစိုးသိန်းအံသြသွားသည်။ ဒီ Singapore နိုင်ငံက ဘယ်လိုနိုင်ငံမျိုးဘာလိမ့်လို့လဲတွေးတောမိသည်။

“ဘယ်သိမလဲသူတို့ရှက်လို့ မပြောတာနေမှာပေါ့။ သူများနိုင်ငံမှာကလေးတွေကိုရိုက်နှက်ဆုံးမတာကိုလက်မခံဘူး။ ဒါကဥပဒေတွေ ဘာတွေနဲ့ထိန်းထားတာ။ အဓိကပြောချင်တာကတော့ မြန်မာနိုင်ငံမှာမိဘ က သားသမီးကိုရိုက်တာဘယ်သူကမှ လာပြီးကိုကို့ကိုအပြစ်မပြောဘူး။ ဒါပေမဲ့ ကိုကိုသားသမီးကိုရိုက်တော့ ဘာဖြစ်မလဲကိုကို့သားတွေကကိုကို့ ကိုကြောက်မယ်။ ရှိန်မယ်။ နောက်တော့ ကိုကို့ကိုခွာကြမယ်။ ကိုကိုကတော့ သားသမီးကိုကောင်းစေချင်လို့ပဲဒါပေမဲ့ ကိုကို ပြန်ရမှာသားသမီးရဲ့ဥပေက္ခာပဲ။ သူတို့မကျေနပ်တာကိုသူတို့ဖော်ထုတ်ခွင့်လည်းမရှိရင် ကလေးတွေရဲ့စိတ်ဟာရိုင်းစိုင်းလာမှာပဲ။ ကလေးတွေကိုဆိုးအောင် ကိုကိုမလုပ်ပါနဲ့။ နားလည်အောင်ရှင်းပြပါ။ ဒဏ်ပေးတာတွေ အများကြီးရှိတယ်။ ဒဏ်ပေးတဲ့ စနစ်ကိုလည်းကျင့်သုံးပါ။ ဒဏ်ပေးတယ်ဆိုတာရိုက်နှက်ခိုင်းတာမဟုတ်ဘူး။ မနက်က Game ကစားလို့ ညဖက် TV ပေးမကြည့်တာမျိုးတွေ လုပ်လို့ရနေတာပဲလေ။ ဒါမျိုးပုံစံနဲ့ ကလေးကိုဆုံးမကိုင်တွယ်ပါလို့ပဲပြောချင်တယ်” ယောင်းမကလည်းမီးငယ်ကို ကိုစိုးသိန်းအကြောင်းတိုင်တန်းနေသည်။

“မီးငယ်ပြောတာအမကလက်ခံတယ်။ နင့် အကိုကထစ်ကနဲဆိုလက်ကပါချင်ပြီ။ အမကလေးတွေကဒီလောက်လည်းဆိုးတာမဟုတ်ဘူး။ သူကကိုလက်ပါချင်နေတာ။ အခုဆိုအကြီးကောင်လေးကအဖေကိုဆိုစိမ်းနေပြီ။ အဖေနဲ့ဆိုမှင်တန်းနေနေတယ်။ ဒါကိုသူလည်းသိတယ်။ သူမကြိုက်ဘူး။ ကလေးကဒါမျိုးလုပ်ရင် သူကလေးကိုစိတ်တိုလေ။ ရိုက်ချင်လေ။ ကလေးကလည်းရိုက်လေသူ့ကိုမခင်တွယ်လေပဲ။ အဖေဆိုရင် ရှောင်နေတတ်တယ်။”

“ကဲဘယ်လိုလဲကိုကို။ ဒီမှာအမကလည်းပြောနေပြီ။ ကိုကိုကလေးတွေကိုရိုက်တယ်ဆို။ ကလေးတွေကိုရိုက်နှက်ဆုံးမတာကို ပြင်ပါ။ ကိုယ့်ရင်ကဖြစ်တဲ့ကလေးတွေကို တစ်ခါတစ်လေများချစ်ချစ်ခင်ခင်နဲ့ နားလည်အောင်ပြောကြည့်ပါဦး။ ကလေးတွေနဲ့ အိမ်ထဲမှာစစ်အေးကာလကို ဖြတ်သန်းချင်နေလို့လား။ မိသားစုဆိုတာပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေရမှာမဟုတ်လား။ အခုအကြီးကောင်ကကိုကို့ကိုရှောင်နေပြီ။ နောက်ဆိုရင် အလတ်ကောင်နဲ့ အငယ်ကောင်ကပါ သူ့အကိုလိုဖြစ်လာရင် ကိုကိုတို့ လင်မယားပဲစိတ်ဆင်းရဲရမှာ။ သားသမီးကိုချစ်ကြောင်းလေးလည်းပြပါဦးကိုကိုရယ်”
ကိုစိုးသိန်းတစ်ယောက် မီးငယ်ပြောသည်များကို နားထောင်ရင်း စဉ်းစားခန်းဝင်နေမိသည်။

မီးငယ်ပြောသည်ကလည်းဟုတ်သည်။ ကိုစိုးသိန်းငယ်ငယ်တုန်းကအဖေကရိုက်နှက်ဆုံးမသည်။ အဖေရှိလျှင် ကိုစိုးသိန်းတို့ ညီအစ်ကိုတွေ အိမ်ကိုသိပ်မကပ်ချင်။ အိမ်မကပ်လျှင် အဖေကမကြည်လေ။ အမေနဲ့သာပြောဆိုဆက်ဆံကြသည်။ အဖေ့ကိုဆိုလျှင် သိပ်မခင်တွယ်ချင်ကြ။ သူကိုလည်းသားတွေကအဖေ့ကိုရှောင်ကြဉ်သလိုမျိုးမဖြစ်စေချင်ပါ။ သူကြိုးစားပြီးပြင်ဆင်ရမည်။ဒေါသကိုလည်းထိန်းနိုင်အောင်ကြိုးစားရမည်။ ချက်ချင်းလက်ငင်းကြီးတော့ ပြောင်းလဲနိုင်မှာမဟုတ်။ ကြိုးစားကြည့်ရမည်။ မီးငယ်ကိုလည်းဂတိပေးလိုက်သည်။
“ငါ ကလေးတွေကိုမရိုက်တော့ဘူးလို့ ဂတိပေးတယ်”
မိန်းမကတပြုံးပြုံး။ အငယ်ကောင် က ကိုစိုးသိန်းကိုလာဖက်ပြီး
“သားကတော့ ဖေဖေကြီးကိုချစ်တယ်”
ကိုစိုးသိန်းသားကြီးနှင့်လည်းဒီလိုမျိုးချစ်ချစ်ခင်ခင်နေချင်ပါသေးသည်။နှမငယ်ပြောသည်များကို သေသေချာချာ ပြန်စဉ်းစားရင်းကိုစိုးသိန်တစ်ယောက် သားကြီးကို ပြန်ချော့ဖို့ စဉ်းစားနေတော့သည်။

Author – ဒေါက်တာအေးချမ်းမိုး

Previous Post

စိတ်ဝေဒနာလက္ခဏာများနှင့် ကြိုတင်ကာကွယ်ခြင်း

Next Post

ပါးစပ်ထဲမှာကျိန်းစပ်စပ် (ပါးစပ်နာ)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပါးစပ်ထဲမှာကျိန်းစပ်စပ် (ပါးစပ်နာ)

ဆင်ခြေထောက်ဆိုသည်မှာ

အရောင်နဲ့လူ့စိတ်သဏ္ဍာန် (၃)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.