fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရောင်နဲ့လူ့စိတ်သဏ္ဍာန် (၃)

149
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/01/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
ခရမ်းရောင်

ခရမ်းနှင့်ခရမ်းပြာရောင်များမှာ အနီနှင့်အပြာကိုပေါင်းစပ်ထားသော အရောင်များဖြစ်သည်။ ခရမ်းရောင်သည် အင်္ဂလိပ်ဘာသာဖြင့် Violet ဟုခေါ်ပြီးခရမ်းပြာရောင်ကို Purple ဟုခေါ်သည်။
ထို့ကြောင့် ခရမ်းနှင့်ခရမ်းပြာရောင်များမှာ အနီနှင့်အပြာရောင်များ၏ သတ္တိနှစ်မျိုးလုံးလွှမ်းမိုးနေ၏။ ထိုသတ္တိနှစ် မျိုးကြား၌ ပြေးကစားနေသောအရောင် ဖြစ်သည်။ ခရမ်းရောင်မှာ မတည်ငြိမ်ချေ။ ဂုဏ်သတ္တိအားဖြင့် အမြဲလှုပ် ရှားနေ၏။ ထို့ကြောင့် လူပုဂ္ဂိုလ်တစ်ဦးသည် ထိုအရောင်ကို ကြိုက်လျှင်ကြိုက် မကြိုက်လျှင်လည်းမုန်းသည်။

ခရမ်းရောင်ကို ရှေးခေတ်ထုံးတမ်းဓလေ့အရ စိတ်နှလုံးကောင်းခြင်းကိုဖော်ညွှန်းသော အရောင်အဖြစ်သတ်မှတ် ထားကြသည်။
လူ၏အတွင်းသဏ္ဍာန်ခံစားချက်နှင့် ဆက်စပ်နေသော အရောင်လည်းဖြစ်သည်။ သာဓကအားဖြင့် စိတ်ဆိုး၍ မျက်နှာနီရဲသည်ဟူသော ဖော်ပြချက်မှာမမှန်ချေ။ စိတ်ဆိုးဒေါသဖြစ်နေချိန်၌ မျက်နှာသည်မနီပါ။ အသေအချာ ကြည့်ပါက ခရမ်းရောင်သို့ပြောင်းသွားသည်ကို မြင်တွေ့ရပါလိမ့်မည်ဖြစ်သည်။

လူ့သဘောလူ့မနော၌ ခရမ်းပြာအနုရောင်သည် စိတ်ကောင်းခြင်းကိုရည်ညွှန်းသည်။ ခရမ်းရင့်ရောင် စိတ်ဓာတ် ကျခြင်းသဘောကို ဖော်ပြသည်။ ထို့အပြင် အပြာရောင်ကဲ့သို့ပင် ခရမ်းရောင်သည် သစ္စာရှိခြင်းနှင့်ချမ်းသာခြင်း တို့ကိုရည်ညွှန်းပေးသည်။
၁၀ရာစု ဗာလာတိုင်းအင်ပါယာကြီးတွင် ခရမ်းရောင်ကိုနန်းတွင်းသုံးတော်ဝင်အရောင်အဖြစ် သတ်မှတ်ခဲ့၏။ မိဖု ရားများ သားဖွားသည့်အဆောင်ကို ခရမ်းရောင်ခြယ်သထား၏။ ထို့ကြောင့် ထိုခေတ်ကခရမ်းရောင်သည် ဘုရင့် သားတော်၊ သမီးတော်များနှင့်နွယ်ငင်ဆက်စပ်နေသော အရောင်ဖြစ်သည်။ ရိုမန်ကတ်သလစ်ဘာသာဝင်များ၏ ဂိုဏ်းချုပ်၊ ဂိုဏ်းခေါင်းထောက်အဆင့်ရှိ ခရစ်ယာန်ဘုန်းတော်ကြီးများ ဝတ်ဆင်ထားသည့် ခရမ်းရောင်သမ်းနေ သည့်အနီရောင်ဖြစ်သည်။

ခရမ်းရောင်သည် မသိစိတ်နှင့်နွယ်နေသော်လည်း တစ်ချိန်တည်းတွင်ဟန်လုပ်ခြင်း၊ ဟန်များခြင်း၊ ကြွားဝါခြင်း သဘောကိုလည်းဆောင်သည်။ တန်ခိုးအာဏာပါဝါရှိခြင်းတို့ကိုလည်း ဖော်ညွှန်းသည်။ အာဏာခြစားခြင်းကို လည်းညွှန်း၏။ ထို့ကြောင့်လည်း ဤအရောင်သည်အနီနှင့် အပြာကြားတွင်ကစားနေသော အရောင်အဖြစ်အ ရောင်ပညာရှင်များက သတ်မှတ်ထားဟန်တူ၏။

သို့သော် ယေဘူယျအားဖြင့်မူ ခရမ်းနှင့်ခရမ်းပြာသည် လက်တွေ့လောက၌ စိတ်လှုပ်ရှားလွယ်ခြင်း (သို့) သနား တတ်ခြင်းသဘောလည်း ဆောင်သည့်အရောင်ဖြစ်သည်။ အသုဘအခမ်းအနားများ၌ သုံးလေ့ရှိသောအရောင် မှာခရမ်းရောင်ဖြစ်သည်။ ခရမ်းရောင်ချစ်သူများသည် လူ့လောကဇာတ်ခုံ၌ တွေ့ရခဲ၏။ လူအချို့သည် ကြိုက်နှစ် သက်ကြသည်။ သို့သော် ဤအရောင်မြတ်နိုးကြသူများသည် စိတ်နှလုံးကောင်းရှိကြ၍ ဟာသဉာဏ်ရှိကြ၏။ လူ အများမမြင်တတ်သည့် သိုဝှက်နေသော ကိစ္စလေးများကိုမြင်တတ်ကြ၏။ တွေးခေါ်မြောင်မြင်ဆင်ခြင်စဉ်းစား တတ်သည့် ဉာဏ်ကြီးရှင်များဖြစ်ကြ၏။ ယင်းတို့သည် သည်းခံစိတ်ရှိ၏။ အချိန်စောင့်ဆိုင်း၏။ သို့သော် ပင် ကိုယ်စည်းကမ်းနည်း၏။ ဖြစ်သလို နေတတ်၊ စားတတ်သည်။ ထို့ကြောင့်သူတို့အပေါ် ဗဟိဒ္ဓကိုကြည့်ရုံဖြင့်အ ထင်ကြီးစရာမရှိပေ။ တစ်ပါးသူအထင်ကြီးစေရန်လည်း သူတို့ကမနေတတ်ချေ။ သို့သော်သူတို့၌ အခြားသူများ မမြင်တတ်သော ဟာကွက်အားနည်းချက်များကို ဖြည့်စည်းပေးနိုင်စွမ်းရှိသော အဇ္ဈတ္တစိတ်စွမ်းအားရှိသူများဖြစ် သည်။

ခရမ်းရောင်ကိုနှစ်သက်သူများသည် အများအားဖြင့် ရည်ရွယ်ချက်ဟူ၍ ခိုင်ခိုင်မာမာမရှိတတ်ကြပေ။ ဘာမဆို လူကလုပ်လျှင်ဖြစ်သည်ဟူသော ရုပ်ဝါဒီသမားများဖြစ်နေတတ်သည်။ လက်တွေ့ကြုံမှလည်း ယုံကြည်တတ်ကြ သည့်လူစားမျိုးဖြစ်သည်။ ထို့အပြင် ယင်းအရောင်ကိုနှစ်သက်သောသူများသည် အခြားသူများထက်မိမိကိုယ်ကို ပေါ်လွင်လိုသူများ၊ ထင်ရှားကျော်ကြားလိုသူများဖြစ်ကြသည်။ မိန်းမများထက် ယောကျ်ားများ၏အတွင်းစိတ်၌ ခရမ်းရောင်ဝတ်ဆင်ထားသော မိန်းမများ၏အခြားသူထက် ပို၍လေးစားဂရုပြုလိုစိတ်များ ဖြစ်ပေါ်စေတတ် သည်။

ခရမ်းရောင်သည် အာရုံကြောများကိုလှုပ်ရှားနိုင်စွမ်းတိုးအောင် ပြုနိုင်၏။ ဦးနှောက်ဝေဒနာများကို ပျောက်ကင်း စေနိုင်သည်။ အာရုံကြောရောင်ခြင်းဝေဒနာ၊ မျက်စိအမြှေးရောင်ခြင်းဝေဒနာ၊ အဆစ်အမြစ်ကိုက်ခဲသောဝေဒနာ၊ ဆီးအိမ်ကျောက်ကပ်နှင့် မျက်နှာ၌ဖြစ်တတ်၏။ နာကျင့်သည့်ဝေဒနာများကို ပျောက်စေနိုင်သည်။ ထို့ကြောင့် ခရမ်းစွဲကိုအစွဲပါ ဝေဒနာသက်သာစေရန် ဝတ်ဆင်ကြသည်။

လူကိုမဆိုထားဘိ၊ လင်းယုန်ငှက်များပင် ခရမ်းစွဲကျောက်သည် သူတို့၏ဥများနှင့် ငှက်ပေါက်စများကိုဘေးအန္တ ရာယ်အမျိုးမျိုးမှ အကာအကွယ်ပေးနိုင်မည်ဟု သိရှိကြသဖြင့် ခရမ်းစွဲကျောက်ကိုနှုတ်သီးဖြင့်ချီပြီး သူတို့၏အ သိုက်တွင်ထားရှိတတ်သည်။
ဥရောပ၌ ခရမ်းစွဲကျောက်ကိုနတ်သမီး၊ နတ်သားတို့နှင့် ဆက်နွယ်၍ကမ္ဘာကြီး၌ပေါ်ပေါက်လာသော ကျောက် ဟုယုံကြည်ကြသည်။ မုဆိုးများသည် ခရမ်းစွဲကျောက်ကိုဆောင်သွားခြင်းဖြင့် သားကောင်ရလွယ်သည်။ မကောင်းဆိုးဝါးရန်မှ အကာအကွယ်ရသည်။ ဦးနှောက်ဉာဏ်ကိုရွှင်မြူးစေသည်ဟု ယုံကြည်ကြသည်။ ကမ္ဘာ ကျော်ရောမဘာသာဝတ္ထုကျမ်းပြုဆရာကြီး ပလီနီ (Pliny) အေဒီ ၂၃-၇၉ က ခရမ်းစွဲကျောက်ကို ခွေးအမြီးတွင် အပွေးဖြင့် ကျစ်ထားသောကြိုးတွင်ချည်နှောင်ပြီး လည်ပင်းတွင်ဆင်မြန်းထားပါက မြွေအန္တရာယ်မှကင်းဝေးစေ သည်ဟု ဆို၏။ ထို့အပြင် ခရမ်းစွဲကျောက်သည် အစာအိမ်၌ဖြစ်သောအနာများ၊ ပိုးမွှားတို့ကြောင့်ဖြစ်သောအနာ များကိုပျောက်ကင်းစေနိုင်သည်။ ခရမ်းစွဲကျောက်မှုန့်ကို ခန္ဓာကိုယ်အသားတွင်လိမ်းကျံခြင်းအားဖြင့် အသားအ ရေ ကိုလှပစေနိုင်သည်ဟု ဆိုသည်။

Author – သန်းဝင်းလှိုင် (Vol-7 / No-40) Healthcare Journal

Previous Post

ဆင်ခြေထောက်ဆိုသည်မှာ

Next Post

ကလေးငယ်များနှင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များနှင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ

ဝါးသမ်းရင် ဘာကြောင့် မျက်ရည်ကျသလဲ

ညဘက်အိပ်နေစဉ် သုတ်လွှတ်ခြင်းနှင့် သံဝါသအိပ်မက်မက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.