fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

ဝါးသမ်းရင် ဘာကြောင့် မျက်ရည်ကျသလဲ

292
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/01/2017
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

တစ္ေန႔တြင္ ဇီဝက တစ္ေယာက္ ေဆးခန္းတြင္ လူနာရွင္းေနသျဖင့္
ဂ်ာနယ္တစ္ေစာင္ကို စိတ္ဝင္တစားဖတ္ေနခိုက္ ။ “ဆရာ” ဟူေသာ အသံေၾကာင့္
မ်က္လုံး ဝင့္ၾကည့္လိုက္ရာ ။ေစ့ေစ့ ေပါက္ေပါက္ေမးတတ္ေသာ ဝတ္ဆန္ဆိုသည့္
သူငယ္မပင္။

ဝတ္ဆန္။ ။ ဆရာ ၊ဘာေတြ စိတ္ဝင္တစားဖတ္ေနတာလဲ။
ဇီဝက ။ ။ ေဘာလုံး ဂ်ာနယ္ပါ ဟာ ။ဒါနဲ႔ ဆိုစမ္းပါဦး။
ညည္း ဘာစပ္စုခ်င္ျပန္သတုံး။
ဝတ္ဆန္လည္း လွ်ာေလးတစ္လစ္နဲ႔ ဇက္ကေလးပုသြားကာ
ဝတ္ဆန္။ ။ ဟီး ၊ဆရာကလည္း ။လုပ္ေတာ့မယ္။
ဝတ္ဆန္ က သိခ်င္႐ုံပါ ။

ဇီဝက ။ ။ ေအးပါ ၊ဆရာက ညည္းကို စတာပါ။
ကဲ ေျပာ ။ဒီတစ္ေခါက္ ဘာသိခ်င္လို႔လဲ။
ဝတ္ဆန္။ ။ ဝတ္ဆန္ေလ ငယ္ငယ္ကတည္းက သတိထားမိတာ တစ္ခုရွိတယ္။
ညီမတို႔ အိပ္ခ်င္လို႔ သမ္းရင္ေလ တစ္ခါတစ္ေလ မ်က္ရည္ေတြက်တာ
ဘာလို႔လဲ ဟင္။

ဇီဝက ။ ။ ေအး ၊ညည္းေမးတာကို မေျဖခင္ လူေတြ ဘာလို႔မ်က္ရည္က်တတ္လဲ
ဆိုတာ အရင္ေျပာျပမယ္ ၊ဟုတ္ၿပီလား ။
ဝတ္ဆန္။ ။ ဟုတ္ကဲ့ ။

ဇီဝက ။ ။ မ်က္ရည္က်တတ္တာ အဓိက ၄ မ်ိဳးေၾကာင့္ က်တတ္တယ္ ။
ပထမ တစ္မ်ိဳးက အေျခခံမ်က္ရည္လို႔ ေခၚႏိုင္တယ္ ။သူက
သဘာဝအေလ်ာက္ မ်က္လုံးကို အၿမဲတေစ စိုစြတ္ေနဖို႔ အတြက္
ထြက္တဲ့ မ်က္ရည္ေပါ့ ။

ေနာက္ ဒုတိယတစ္မ်ိဳးက ၾကက္သြန္လွီးခ်ိန္ ၊ေထာင္းခ်ိန္ေတြလို
အေျခအေနမ်ိဳးမွာ တန္ျပန္တုန႔္ျပန္မႈ Reflex tear တို႔က်တတ္တယ္ ။
တတိယတစ္မ်ိဳးကေတာ့ ဝမ္းသာလြန္းလို႔ျဖစ္ေစ ၊ဝမ္းနည္းလြန္းလို႔
ျဖစ္ေစ စတဲ့ စိတ္လႈပ္ရွားမႈမ်ားေၾကာင့္ က်တတ္တယ္ ။
ေနာက္ စတုတၳ တစ္မ်ိဳးက်ေတာ့ မ်က္စိနာေရာဂါစတဲ့ မ်က္စိေရာဂါတို႔
မွာ က်တတ္တဲ့ မ်က္ရည္ေပါ့။

ေအး ၊ ညည္းေမးတဲ့ အမ်ိဳးအစားကေတာ့ ေနာက္တိုးေပါ့ ။ ၅ ခုေျမာက္
လို႔သာ မွတ္လိုက္ေပါ့ ။ဆရာတို႔ ၊ညည္းတို႔ သမ္းေဝတဲ့အခ်ိန္မွာ
မ်က္ႏွာရဲ႕ႂကြက္သားေတြကို ညႇစ္လိုက္သလိုျဖစ္တယ္ ။အဲ့ဒီႂကြက္သား
ေတြဟာ မ်က္လုံးမွာ ရွိတဲ့ မ်က္ရည္ႁပြန္မ်ားနဲ႔ မ်က္ရည္ဂလင္းမ်ားကို
ညႇစ္လိုက္သလိုျဖစ္ေရာ ။ဒါနဲ႔ပင္ တို႔ေတြ သမ္းေဝရင္ မ်က္ရည္က်ၾက
သလို ျဖစ္ေရာေပါ့။

ဝတ္ဆန္။    ။ ေၾသာ္ ဒီလိုကိုး ။ဆရာေျပာျပမွပဲ ညီမလည္း သိေတာ့တယ္။
ဇီဝက ။    ။ ရပါတယ္ ၊မသိရင္ ေမးရမွာေပါ့ ။ေမးမွပဲ သိေတာ့မွာေပါ့။
ဝတ္ဆန္။    ခုလို အခ်ိန္ေပးၿပီး ရွင္းျပတဲ့ အတြက္ ေက်းဇူးတင္လိုက္တာ ၊ဆရာ။
ဝတ္ရည္ေမးတာလည္း အခ်ိန္အေတာ္ ၾကာသြားၿပီမို႔ ဝတ္ရည္ကို
ျပန္ခြင့္ျပဳပါဦးေနာ္။

ဇီဝက ။    ။ ေအး ၊ေအး ။ေနာက္လည္း က်န္းမာေရးနဲ႔ ပတ္သက္ၿပီး မသိတာရွိ
ေမးေပါ့ ဟာ။

Author – ေခတ္သစ္ဇီဝက

(Unicode)

တစ်နေ့တွင် ဇီဝက တစ်ယောက် ဆေးခန်းတွင် လူနာရှင်းနေသဖြင့်
ဂျာနယ်တစ်စောင်ကို စိတ်ဝင်တစားဖတ်နေခိုက် ။ “ဆရာ” ဟူသော အသံကြောင့်
မျက်လုံး ဝင့်ကြည့်လိုက်ရာ ။စေ့စေ့ ပေါက်ပေါက်မေးတတ်သော ဝတ်ဆန်ဆိုသည့်
သူငယ်မပင်။

ဝတ်ဆန်။ ။ ဆရာ ၊ဘာတွေ စိတ်ဝင်တစားဖတ်နေတာလဲ။
ဇီဝက ။ ။ ဘောလုံး ဂျာနယ်ပါ ဟာ ။ဒါနဲ့ ဆိုစမ်းပါဦး။
ညည်း ဘာစပ်စုချင်ပြန်သတုံး။
ဝတ်ဆန်လည်း လျှာလေးတစ်လစ်နဲ့ ဇက်ကလေးပုသွားကာ
ဝတ်ဆန်။ ။ ဟီး ၊ဆရာကလည်း ။လုပ်တော့မယ်။
ဝတ်ဆန် က သိချင်ရုံပါ ။

ဇီဝက ။ ။ အေးပါ ၊ဆရာက ညည်းကို စတာပါ။
ကဲ ပြော ။ဒီတစ်ခေါက် ဘာသိချင်လို့လဲ။
ဝတ်ဆန်။ ။ ဝတ်ဆန်လေ ငယ်ငယ်ကတည်းက သတိထားမိတာ တစ်ခုရှိတယ်။
ညီမတို့ အိပ်ချင်လို့ သမ်းရင်လေ တစ်ခါတစ်လေ မျက်ရည်တွေကျတာ
ဘာလို့လဲ ဟင်။

ဇီဝက ။ ။ အေး ၊ညည်းမေးတာကို မဖြေခင် လူတွေ ဘာလို့မျက်ရည်ကျတတ်လဲ
ဆိုတာ အရင်ပြောပြမယ် ၊ဟုတ်ပြီလား ။
ဝတ်ဆန်။ ။ ဟုတ်ကဲ့ ။

ဇီဝက ။ ။ မျက်ရည်ကျတတ်တာ အဓိက ၄ မျိုးကြောင့် ကျတတ်တယ် ။
ပထမ တစ်မျိုးက အခြေခံမျက်ရည်လို့ ခေါ်နိုင်တယ် ။သူက
သဘာဝအလျောက် မျက်လုံးကို အမြဲတစေ စိုစွတ်နေဖို့ အတွက်
ထွက်တဲ့ မျက်ရည်ပေါ့ ။

နောက် ဒုတိယတစ်မျိုးက ကြက်သွန်လှီးချိန် ၊ထောင်းချိန်တွေလို
အခြေအနေမျိုးမှာ တန်ပြန်တုန့်ပြန်မှု Reflex tear တို့ကျတတ်တယ် ။
တတိယတစ်မျိုးကတော့ ဝမ်းသာလွန်းလို့ဖြစ်စေ ၊ဝမ်းနည်းလွန်းလို့
ဖြစ်စေ စတဲ့ စိတ်လှုပ်ရှားမှုများကြောင့် ကျတတ်တယ် ။
နောက် စတုတ္ထ တစ်မျိုးကျတော့ မျက်စိနာရောဂါစတဲ့ မျက်စိရောဂါတို့
မှာ ကျတတ်တဲ့ မျက်ရည်ပေါ့။

အေး ၊ ညည်းမေးတဲ့ အမျိုးအစားကတော့ နောက်တိုးပေါ့ ။ ၅ ခုမြောက်
လို့သာ မှတ်လိုက်ပေါ့ ။ဆရာတို့ ၊ညည်းတို့ သမ်းဝေတဲ့အချိန်မှာ
မျက်နှာရဲ့ကြွက်သားတွေကို ညှစ်လိုက်သလိုဖြစ်တယ် ။အဲ့ဒီကြွက်သား
တွေဟာ မျက်လုံးမှာ ရှိတဲ့ မျက်ရည်ပြွန်များနဲ့ မျက်ရည်ဂလင်းများကို
ညှစ်လိုက်သလိုဖြစ်ရော ။ဒါနဲ့ပင် တို့တွေ သမ်းဝေရင် မျက်ရည်ကျကြ
သလို ဖြစ်ရောပေါ့။

ဝတ်ဆန်။    ။ သြော် ဒီလိုကိုး ။ဆရာပြောပြမှပဲ ညီမလည်း သိတော့တယ်။
ဇီဝက ။    ။ ရပါတယ် ၊မသိရင် မေးရမှာပေါ့ ။မေးမှပဲ သိတော့မှာပေါ့။
ဝတ်ဆန်။    ခုလို အချိန်ပေးပြီး ရှင်းပြတဲ့ အတွက် ကျေးဇူးတင်လိုက်တာ ၊ဆရာ။
ဝတ်ရည်မေးတာလည်း အချိန်အတော် ကြာသွားပြီမို့ ဝတ်ရည်ကို
ပြန်ခွင့်ပြုပါဦးနော်။

ဇီဝက ။    ။ အေး ၊အေး ။နောက်လည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး မသိတာရှိ
မေးပေါ့ ဟာ။

Author – ခေတ်သစ်ဇီဝက

Previous Post

ကလေးငယ်များနှင့် အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများ

Next Post

ညဘက်အိပ်နေစဉ် သုတ်လွှတ်ခြင်းနှင့် သံဝါသအိပ်မက်မက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ညဘက်အိပ်နေစဉ် သုတ်လွှတ်ခြင်းနှင့် သံဝါသအိပ်မက်မက်ခြင်း

သုတ်မလွှတ်ခင် မိန်းမကိုယ်ထဲမှ အပြင်ထုတ်ခြင်းနှင့် တခြား အရပ်စကား စိတ်မချရသည့် နည်းများ

ငယ်ရွယ်စဉ်ဘ၀ အမျှင်ဓာတ်များများစားရင် အမျိုးသမီးရင်သားကင်ဆာဖြစ်နှုန်းလျော့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.