တခူးခူးတေခါေခါနဲ႔ေဟာက္ေနေသာ္လည္း ႏိုးလာရင္အိပ္ေရးမဝမလန္းဆန္းျခင္း
လူႀကီးလူငယ္ က်ားမ မေ႐ြး အိပ္တဲ့အခါမွာ အေတာ္မ်ားမ်ားဟာ ေဟာက္သံ ထြက္ေလ့ရွိတတ္ပါတယ္။အမ်ိဳးသားမ်ားဟာ အမ်ိဳးသမီးမ်ားထက္ အိပ္ေနစဥ္မွာ ပိုေဟာက္ႏိုင္ပါတယ္။ေဟာက္တယ္ဆိုတာက အိပ္ေပ်ာ္ေနတုန္းအခ်ိန္မွာ အသက္ရႈလမ္းေၾကာင္းက်ဥ္းသြားတတ္လို႔ ထြက္ေပၚလာတဲ့ အသံျဖစ္ပါတယ္။အိပ္ေပ်ာ္ေနစဥ္မွာ အသိစိတ္မရွိဦးေႏွာက္ကမထိန္းခ်ဳပ္ႏိုင္လို႔ ခႏၶာကိုယ္ရွိ ႂကြက္သားေတြအကုန္နီးပါး ေလ်ာ့ရဲလာပါတယ္။
ေနာက္ၿပီး ကြၽန္ေတာ္တို႔ အိပ္တဲ့အခါမွာ အမ်ားအားျဖင့္ လွဲပီးအိပ္ေလ့ရွိပါတယ္။အဲ့လိုလွဲအိပ္တဲ့အတြက္ အိပ္ေနစဥ္ ဦးေႏွာက္ကမထိန္းခ်ဳပ္ႏိုင္လို႔ ေလ်ာ့ရဲေနတဲ့ ပါးစပ္နဲ႔လည္ေခ်ာင္းထဲမွာရွိ အာေခါင္ေပ်ာ့၊အာသီး၊လွ်ာနဲ႔ လည္ေခ်ာင္းထဲက တျခားႂကြက္သားေတြဟာ ေျမဆြဲအားေၾကာင့္ ပိုေလ်ာ့ရဲလာၿပီး အသက္ရႈလမ္းေၾကာင္းကို ပိုက်ဥ္းေျမႇာင္းေစပါတယ္။ ဒီအခါမွာေဟာက္သံထြက္ေပၚလာပါတယ္။ဒါပုံမွန္ပါပဲ။ သို႔ေသာ္ တခ်ိဳ႕သူေတြမွာ ဆိုရင္ ေဟာက္သံက ပုံမွန္ထက္ပိုက်ယ္ပိုဆိုးတတ္ပါတယ္။
ဒီလိုေဟာက္တာကိုပိုဆိုးေစတဲ့အေၾကာင္းေတြကေတာ့ အဝလြန္တာ၊ေဆးလိပ္ေသာက္တာ၊အသက္အ႐ြယ္ႀကီးလာတာ၊အေအးမိတာ၊လည္ေခ်ာင္းနာတာ၊အာသီးေရာင္တာႀကီးေနတာ၊ႏွာေခါင္းလမ္းေၾကာင္းေနာက္ဘက္ရွိ ႂကြက္သားမွ်င္အျပားေတြႀကီးေနတာ၊ နားေခါင္းနဲ႔လည္ေခ်ာင္းတဝိုက္ေနရာရွိအေျမႇးပါးေတြေရာင္ရမ္းတာ စသျဖင့္ပါ။ ဒီလိုတအားေဟာက္တဲ့သူေတြမွာဆိုရင္ ေရရွည္က် အသက္ရႈလမ္းေၾကာင္းပိတ္ကာ အသက္ရႈေခတၱခဏရပ္သြားျခင္း (ေဆးပညာအရ Obstructive Sleep Apnoea)ဆိုတဲ့ အေျခအေန မၾကာခဏ သို႔မဟုတ္ အၿမဲ ျဖစ္တတ္ေလ့ရွိပါတယ္။ ပုံမွန္ေဟာက္တာက မစိုးရိမ္ရေသာ္လည္း တအားေဟာက္ရာကေန အိပ္ေပ်ာ္ေနစဥ္မွာ အသက္ရႈလမ္းေၾကာင္းပိတ္ျခင္းေၾကာင့္ ေခတၱအသက္ရႈရပ္ျခင္းဆိုတဲ့ Obstructive Sleep Apnoea)အေျခအေန ျဖစ္လာၿပီဆိုရင္ေတာ့ စိုးရိမ္ရပါတယ္။
ဒီအေျခအေနေရာက္ၿပီဆိုရင္ ေကာင္းေကာင္းအိပ္လို႔မေပ်ာ္ျဖစ္မယ္။အိပ္ေနစဥ္မွာ ႐ုတ္တရက္လန႔္ႏိုးၿပီး အသက္ရႈရခက္သလို အသက္ရႈရင္ အားစိုက္ရႈရသလိုမ်ိဳးျဖစ္မယ္။ အိပ္ခ်ိန္ျပည့္ဝေပမယ့္(ေစာေစာအိပ္ေပမယ့္)မနက္က် လန္းလန္းဆန္းမရွိဘူး။ေခါင္းကိုမယ္၊ေန႔ဘက္ေတြဆိုရင္လည္း ပင္ပန္းႏြမ္းနယ္ၿပီး တအားငိုက္ျမည္းေနမယ္။တဝါးဝါးသန္းမယ္။ အလုပ္တခုအေပၚ အေၾကာင္းအရာတခုေပၚမွာ စိတ္ဝင္စားမႈမရွိျခင္း၊ အာ႐ုံစူးစိုက္ႏိုင္မႈ မရွိျခင္း ေမ့ေလ်ာ့လြယ္ျခင္းေတြျဖစ္လာမယ္။ ဒါေတြအျပင္ အသက္ရႈေခတၱရပ္တဲ့အခါ ေအာက္စီဂ်င္လုံေလာက္စြာမရဘဲ ေရရွည္မွာ ေသြးတြင္းေအာက္စီဂ်င္ေလ်ာ့နည္းလာၿပီး ေနာက္ဆက္တြဲအေနနဲ႔ အဆုတ္၊ႏွလုံးစတဲ့ကိုယ္တြင္းအဂၤါေတြကိုထိခိုက္တတ္ပါတယ္။ ဒီအေျခအေနျဖစ္ၿပီလို႔သံသယရွိရင္ ဟုတ္မဟုတ္ေသခ်ာေအာင္ ေအာက္ပါစမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္လို႔ရပါတယ္။
Electodes ေတြ sensors ေတြတပ္ဆင္ေပးၿပီး အိပ္ေပ်ာ္ေနစဥ္မွာ အသက္ရႈပုံ၊ေအာက္စီဂ်င္ရရွိမႈ၊ဦးေႏွာက္လႈိင္းမ်ားအေနအထားေတြကိုေလ့လာတာ၊အိပ္ေနစဥ္မွာ ကင္မရာနဲ႔ေစာင့္ၾကည့္မွတ္တမ္းတင္တာ စတဲ့ polysonography,sleep study လို႔ေခၚေသာ စတဲ့စမ္းသပ္စစ္ေဆးမႈေတြကို ေဆး႐ုံမွာျပဳလုပ္ႏိုင္ပါတယ္။ စမ္းသပ္စစ္ေဆးၾကည့္လို႔ရွိေနၿပီဆိုရင္ ျဖစ္တဲ့အေၾကာင္းရင္းကိုရွာၿပီး ေစာေစာစီးစီးကုသမႈခံယူဖို႔လိုပါတယ္။အာသီးႀကီးေနတာ၊ ႏွာေခါင္းလမ္းေၾကာင္းေနာက္ဘက္ရွိ ႂကြက္သားမွ်င္အျပားေတြႀကီးေနတာ ေၾကာင့္ဆိုရင္ေတာ့ နားႏွေခါင္းလည္ေခ်ာင္းဆရာဝန္နဲ႔ျပသၿပီး ခြဲစိတ္ကုသမႈခံယူဖို႔လိုႏိုင္ပါတယ္။
ဒါေတြအျပင္ ဝတဲ့သူ၊ကိုယ္အေလးခ်ိန္မ်ားတဲ့သူဆိုရင္လည္း ကိုယ္အေလးခ်ိန္ေလွ်ာ့တာ၊ ေဆးလိပ္ေသာက္တတ္တဲ့သူဆိုရင္လည္း ေဆးလိပ္ျဖတ္တာ၊ အိပ္တဲ့အခါမွာလည္း တဖက္ဖက္ကိုေစာင္းအိပ္ၿပီး ေနာက္ေက်ာဘက္ကေန ခြလုံးျဖစ္ျဖစ္တခုခုခံအိပ္တာ စတဲ့ျပဳျပင္ေျပာင္းလဲမႈေတြလည္းလုပ္ဖို႔လိုပါတယ္။
Dr 528
(Unicode)
တခူးခူးတခေါခေါနဲ့ဟောက်နေသော်လည်း နိုးလာရင်အိပ်ရေးမဝမလန်းဆန်းခြင်း
လူကြီးလူငယ် ကျားမ မရွေး အိပ်တဲ့အခါမှာ အတော်များများဟာ ဟောက်သံ ထွက်လေ့ရှိတတ်ပါတယ်။အမျိုးသားများဟာ အမျိုးသမီးများထက် အိပ်နေစဉ်မှာ ပိုဟောက်နိုင်ပါတယ်။ဟောက်တယ်ဆိုတာက အိပ်ပျော်နေတုန်းအချိန်မှာ အသက်ရှုလမ်းကြောင်းကျဥ်းသွားတတ်လို့ ထွက်ပေါ်လာတဲ့ အသံဖြစ်ပါတယ်။အိပ်ပျော်နေစဉ်မှာ အသိစိတ်မရှိဦးနှောက်ကမထိန်းချုပ်နိုင်လို့ ခန္ဓာကိုယ်ရှိ ကြွက်သားတွေအကုန်နီးပါး လျော့ရဲလာပါတယ်။
နောက်ပြီး ကျွန်တော်တို့ အိပ်တဲ့အခါမှာ အများအားဖြင့် လှဲပီးအိပ်လေ့ရှိပါတယ်။အဲ့လိုလှဲအိပ်တဲ့အတွက် အိပ်နေစဉ် ဦးနှောက်ကမထိန်းချုပ်နိုင်လို့ လျော့ရဲနေတဲ့ ပါးစပ်နဲ့လည်ချောင်းထဲမှာရှိ အာခေါင်ပျော့၊အာသီး၊လျှာနဲ့ လည်ချောင်းထဲက တခြားကြွက်သားတွေဟာ မြေဆွဲအားကြောင့် ပိုလျော့ရဲလာပြီး အသက်ရှုလမ်းကြောင်းကို ပိုကျဉ်းမြှောင်းစေပါတယ်။ ဒီအခါမှာဟောက်သံထွက်ပေါ်လာပါတယ်။ဒါပုံမှန်ပါပဲ။ သို့သော် တချို့သူတွေမှာ ဆိုရင် ဟောက်သံက ပုံမှန်ထက်ပိုကျယ်ပိုဆိုးတတ်ပါတယ်။
ဒီလိုဟောက်တာကိုပိုဆိုးစေတဲ့အကြောင်းတွေကတော့ အဝလွန်တာ၊ဆေးလိပ်သောက်တာ၊အသက်အရွယ်ကြီးလာတာ၊အအေးမိတာ၊လည်ချောင်းနာတာ၊အာသီးရောင်တာကြီးနေတာ၊နှာခေါင်းလမ်းကြောင်းနောက်ဘက်ရှိ ကြွက်သားမျှင်အပြားတွေကြီးနေတာ၊ နားခေါင်းနဲ့လည်ချောင်းတဝိုက်နေရာရှိအမြှေးပါးတွေရောင်ရမ်းတာ စသဖြင့်ပါ။ ဒီလိုတအားဟောက်တဲ့သူတွေမှာဆိုရင် ရေရှည်ကျ အသက်ရှုလမ်းကြောင်းပိတ်ကာ အသက်ရှုခေတ္တခဏရပ်သွားခြင်း (ဆေးပညာအရ Obstructive Sleep Apnoea)ဆိုတဲ့ အခြေအနေ မကြာခဏ သို့မဟုတ် အမြဲ ဖြစ်တတ်လေ့ရှိပါတယ်။ ပုံမှန်ဟောက်တာက မစိုးရိမ်ရသော်လည်း တအားဟောက်ရာကနေ အိပ်ပျော်နေစဉ်မှာ အသက်ရှုလမ်းကြောင်းပိတ်ခြင်းကြောင့် ခေတ္တအသက်ရှုရပ်ခြင်းဆိုတဲ့ Obstructive Sleep Apnoea)အခြေအနေ ဖြစ်လာပြီဆိုရင်တော့ စိုးရိမ်ရပါတယ်။
ဒီအခြေအနေရောက်ပြီဆိုရင် ကောင်းကောင်းအိပ်လို့မပျော်ဖြစ်မယ်။အိပ်နေစဉ်မှာ ရုတ်တရက်လန့်နိုးပြီး အသက်ရှုရခက်သလို အသက်ရှုရင် အားစိုက်ရှုရသလိုမျိုးဖြစ်မယ်။ အိပ်ချိန်ပြည့်ဝပေမယ့်(စောစောအိပ်ပေမယ့်)မနက်ကျ လန်းလန်းဆန်းမရှိဘူး။ခေါင်းကိုမယ်၊နေ့ဘက်တွေဆိုရင်လည်း ပင်ပန်းနွမ်းနယ်ပြီး တအားငိုက်မြည်းနေမယ်။တဝါးဝါးသန်းမယ်။ အလုပ်တခုအပေါ် အကြောင်းအရာတခုပေါ်မှာ စိတ်ဝင်စားမှုမရှိခြင်း၊ အာရုံစူးစိုက်နိုင်မှု မရှိခြင်း မေ့လျော့လွယ်ခြင်းတွေဖြစ်လာမယ်။ ဒါတွေအပြင် အသက်ရှုခေတ္တရပ်တဲ့အခါ အောက်စီဂျင်လုံလောက်စွာမရဘဲ ရေရှည်မှာ သွေးတွင်းအောက်စီဂျင်လျော့နည်းလာပြီး နောက်ဆက်တွဲအနေနဲ့ အဆုတ်၊နှလုံးစတဲ့ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်တတ်ပါတယ်။ ဒီအခြေအနေဖြစ်ပြီလို့သံသယရှိရင် ဟုတ်မဟုတ်သေချာအောင် အောက်ပါစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်လို့ရပါတယ်။
Electodes တွေ sensors တွေတပ်ဆင်ပေးပြီး အိပ်ပျော်နေစဉ်မှာ အသက်ရှုပုံ၊အောက်စီဂျင်ရရှိမှု၊ဦးနှောက်လှိုင်းများအနေအထားတွေကိုလေ့လာတာ၊အိပ်နေစဉ်မှာ ကင်မရာနဲ့စောင့်ကြည့်မှတ်တမ်းတင်တာ စတဲ့ polysonography,sleep study လို့ခေါ်သော စတဲ့စမ်းသပ်စစ်ဆေးမှုတွေကို ဆေးရုံမှာပြုလုပ်နိုင်ပါတယ်။ စမ်းသပ်စစ်ဆေးကြည့်လို့ရှိနေပြီဆိုရင် ဖြစ်တဲ့အကြောင်းရင်းကိုရှာပြီး စောစောစီးစီးကုသမှုခံယူဖို့လိုပါတယ်။အာသီးကြီးနေတာ၊ နှာခေါင်းလမ်းကြောင်းနောက်ဘက်ရှိ ကြွက်သားမျှင်အပြားတွေကြီးနေတာ ကြောင့်ဆိုရင်တော့ နားနှခေါင်းလည်ချောင်းဆရာဝန်နဲ့ပြသပြီး ခွဲစိတ်ကုသမှုခံယူဖို့လိုနိုင်ပါတယ်။
ဒါတွေအပြင် ဝတဲ့သူ၊ကိုယ်အလေးချိန်များတဲ့သူဆိုရင်လည်း ကိုယ်အလေးချိန်လျှော့တာ၊ ဆေးလိပ်သောက်တတ်တဲ့သူဆိုရင်လည်း ဆေးလိပ်ဖြတ်တာ၊ အိပ်တဲ့အခါမှာလည်း တဖက်ဖက်ကိုစောင်းအိပ်ပြီး နောက်ကျောဘက်ကနေ ခွလုံးဖြစ်ဖြစ်တခုခုခံအိပ်တာ စတဲ့ပြုပြင်ပြောင်းလဲမှုတွေလည်းလုပ်ဖို့လိုပါတယ်။
Dr 528