fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဒန္တသုခပင်အကြောင်းသိကောင်းစရာ

457
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/07/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

















သီတာနွယ်(အမရပူရ)

(Unicode)

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒန္တသုခပင်လို့ပြောလိုက်တာနဲ့ သွားကိုက်သွားနာရာမှာသုံးရတဲ့ဆေးပင်ဆိုတာကို အတော်များများသိကြပါတယ်။

အပင်ရဲ့နာမည်ကိုဘာသာပြန်ကြည့်ပါကလည်း ဒန္တ= သွား၊သုခ = ကျန်းမာချမ်းသာခြင်း ဆိုတဲ့အတွက် သွားကျန်းမာချမ်းသာပင်(တနည်းအားဖြင့်သွားအတွက်အကျိုးရှိစေတဲ့အပင်)ဆိုပြီး အဓိပ္ပာယ် ရပါတယ်။

ဒန္တသုခပင်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာသဘာဝအလျောက်ပေါက်ရောက်လေ့ရှိပါတယ်။

အင်္ဂလိပ်လိုတော့ ဒန္တသုခပင်ကို Sweet broom weed လို့ခေါ်ပြီး ရုက္ခဗေဒလိုကတော့ Scoparia dulcis Linn လို့ခေါ်ပါတယ်။

တနှစ်ခံပင်ပျော့ပင်မျိုးဖြစ်ပါတယ်။အပင်ရဲ့အမြင့်ဟာအကြမ်းအားဖြင့်၃ပေခန့်ရှိပါတယ်။

အရွက်ဟာ ရွက်ဆိုင်ထွက်ပြီး သေးငယ်ကာလှံစွပ်ပုံစံရှိပါတယ်။ရွက်အရင်းဟာအနည်းငယ်ချွန်ပေမယ့် အရွက်နားတွေကတော့ ညီညာမှုရှိပါတယ်။

အစိမ်းရောင်ဘက်အနည်းငယ်သန်းသော အဖြူရောင်အပွင့်ငယ်ကလေးများပွင့်လေ့ရှိပါတယ်။

အသီးပုံကတော့ လှံရှည်ပုံသဏ္ဍာန် ရှိပြီး အခန်းလေးခန်းပါရှိကာ အခန်းတခန်းစီတိုင်းမှာသေးငယ်သော အညိုရောင်အစေ့ကလေးတွေမြောက်မြားစွာ ပါရှိပါတယ်။

အသုံးဝင်အစိတ်အပိုင်းအနေနဲ့ကတော့ တချို့စာအုပ်တွေမှာ အမြစ်ကလွဲပြီး အကုန်သုံးနိုင်တယ်လို့ရေးထားတာလည်းရှိသလို တချို့စာအုပ်တွေမှာကျလည်း အမြစ်အပါအဝင်တပင်လုံးအသုံးဝင်တယ်လို့ရေးထားတာလည်းရှိပါတယ်။

ဓါတုဒြပ်ပေါင်းပါဝင်မှုအနေနဲ့ ဒန္တသုခပင်မှာ Amellin,b-sitosterol နှင့် dulciol စတဲ့ဒြပ်ပေါင်းတွေပါရှိတဲ့အတွက် သွားဖုံးရောင်ခြင်းကိုသက်သာစေသောအာနိသင်၊သွားကိုက်ခြင်းကိုသက်သာစေသောအာနိသင်တွေရှိပါတယ်။

တိုင်းရင်းဆေးအသုံး သမားကိုင်အနေနဲ့ကတော့ ဒန္တသုခပင်ကို တခြားဆေးဘက်ဝင်ပစ္စည်းတွေနဲ့အချိုးကျစနစ်တကျစီမံဖော်စပ်ကာ သွားကိုက်သွားနာခြင်းကိုကုသရာမှာသုံးတာအပြင် အဖျားရောဂါ၊ဆီးချိုရောဂါ၊အသည်းရောင်အသားဝါရောဂါတွေမှာလည်းအသုံးပြုတာမျိုးရှိပါတယ်။

အိမ်သုံး ဆေးမြီးတိုအနေနဲ့ကတော့ သွားကိုက်တာ(Dentalgia)၊သွားဖုံးရောင်တာ(Gingivitis)တွေဖြစ်ပါက

ဒန္တသုခပင်ကိုရေစင်အောင်ဆေးပြီး အစိမ်းလိုက်ထောင်းကာ ရလာတဲ့အရည်ကိုနာတဲ့ကိုက်တဲ့သွား၊သွားဖုံးပေါ်သိပ်ပေးတာ သို့မဟုတ်

ဒန္တသုခပင်ကိုပြုတ်ပြီး ရလာတဲ့အရည်ကိုငုံထွေးတာ သို့မဟုတ် ပြာချပြီးရလာတဲ့အမှုန့်ကို သွားနဲ့သွားဖုံးကြားမှာသိပ်ပေးတာ တွေလုပ်ပေးခြင်းဖြင့် သွားကိုက်တာ၊သွားဖုံးရောင်တာတွေကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။

ဒါ့အပြင် ထိခိုက်ရှနာဖြစ်ပါကလည်း အိမ်သုံးဆေးမြီးတိုအနေနဲ့ ဒန္တသုခပင်ကိုရေစင်အောင်ဆေးပြီး ထောင်းကာ အနာပေါ်ကိုအုံပေးထားနိုင်ပါတယ်။

သီတာနွယ်(အမရပူရ)

Previous Post

ပခုံးလှုပ်မရသောပြဿနာ (သို့) Frozen Shoulder

Next Post

ကိုယ့်စိတ်ကိုယ် ဘယ်လိုကုမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
602

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ့်စိတ်ကိုယ် ဘယ်လိုကုမလဲ

လိင်လမ်းရေယုံ အကြောင်းသိကောင်းစရာ

Osteoarthritis ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.