fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အရက် ဘယ်လိုဖြတ်မလဲ

4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/09/2021
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ပင်ပန်းလို့ အညောင်းပြေအညာပြေသောက်တာ၊ ထမင်းစားကောင်းအောင် သောက်တာ၊ စကားပြောကောင်းအောင် သောက်တာ၊ပျော်ချင်လို့ သောက်တာ၊ ဝမ်းနည်းလို့ သောက်တာ၊ အသည်းကွဲလို့ သောက်တာ၊ စိတ်ညစ်လို့ သောက်တာ စတဲ့အကြောင်းပြချက်မျိုးစုံနဲ့ အရက်ကို အစလုပ်ပြီး သောက်သုံးလေ့ရှိတတ်ကြပါတယ်။ တချို့ကျတော့ သူငယ်ချင်းတွေက အဆွယ်ကောင်းလို့ အစလုပ် သောက်မိတာလည်းရှိပါတယ်။

ဒီလိုအစလုပ်သောက်မိရာကနေ အရက်စွဲပြီး အရက်ကျေးကျွန်ဖြစ်သွားတာမျိုးတွေ အများကြီးရှိပါတယ်။အရက်စွဲပြီး အရက်ကျေးကျွန်ဖြစ်တဲ့အခါမှာကျ မသောက်ရရင်မနေနိုင်တာတွေ၊ နဂို နှစ်ပက်၊သုံးပက်လောက်သောက်ရာကနေ တဖြည်းဖြည်းနဲ့များလာတာတွေ၊အရင်က ညနေစောင်း ညပိုင်းတွေသောက်ရာကနေ မနက်အိပ်ရာထအချိန် အလုပ်လုပ်ချိန်မှာပါသောက်လာတာတွေ၊မသောက်ရတဲ့အခါ လက်တွေတုန်တာ၊လေတွေအန်တာတွေ စတဲ့ လက္ခဏာတွေဖြစ်လာပါတယ်။

ဒါ့ပြင် အသည်းရောင်တာ၊ အသည်းကြီးတာ၊ ရေဖျဉ်းစွဲတာ၊ အသည်းကင်ဆာဖြစ်တာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖောက်ပြန်တာ စတဲ့နောက်ဆက်တွဲကျန်းမာရေးပြသာနာတွေလည်းခံစားရနိုင်ပါတယ်။ ဒါကြောင့် မိမိဟာအရက်သောက်တတ်ပြီး အထက်မှာပြောထားတဲ့ အရက်စွဲတဲ့လက္ခဏာတွေရှိလာပြီဆိုရင် အချိန်မနှောင်းခင် စောစီးစွာအရက်ဖြတ်သင့်ပါတယ်။ အရက်ဖြတ်တဲ့အခါ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့မဟုတ်ရင် ဆေးရုံတက်ပြီး ဖြတ်တာက အကောင်းဆုံးနည်းလမ်းပါ။

တချို့တွေကကျ ငါ့စိတ်ငါနိုင်တာပဲဆိုပြီး ဘယ်မှာမှမပြ၊ ဘာဆေးကုသမှုမှမခံယူဘဲ တုံးတိကြီးဖြတ်တာမျိုးရှိပါတယ်။ အဲဒီလိုမျိုးက အန္တရာယ်အရမ်းများပါတယ်။ဦးနှောက်ကိုသွားထိခိုက်နိုင်ပါတယ်။အရက်ကိုရုတ်တရက်ဖြတ်လိုက်တဲ့အခါမှာ အိပ်မပျော်တာ၊စားမဝင်တာ၊ပျို့တာ၊အန်တာတွေ၊ကြောက်လန့်တာ၊တက်တာတွေဖြစ်ပါတယ်။တက်တာက အရက်ဖြတ်တဲ့သူတွေမှာလည်းဖြစ်တတ်သလို အရက်သောက်တာ သက်တမ်းအရမ်းကြာတဲ့သူတွေမှာလည်းဖြစ်နိုင်ပါတယ်။သောက်နေကျအရက်ကလည်းမသောက်ရတဲ့အပြင် အိပ်လည်းမအိပ်၊စားလည်းမစားတော့ ဖြစ်တတ်ပါတယ်။

အရက်ကို ရုတ်တရက်ကြီးဖြတ်တဲ့သူအများစုက အရက်ဖြတ်ပြီး သုံးလေးရက်အတွင်းမှာပဲ အရက်ကြောင်ကြောင်သွားတတ်ကြပါတယ်။အရက်ကြောင်ကြောင်တယ်ဆိုတာက အသိစိတ်တွေလွတ်သွားပြီး တောင်ပြေးမြောက်ပြေး ပြေးတာ၊တကယ်မဟုတ်ဘဲ ကိုယ်ပေါ်ကိုအကောင်တွေတက်လာနေတယ်ဆိုပြီးလျှောက်အော်တာ၊မျက်နှာသစ်တယ်ဆိုပြီး သဲတွေနဲ့မျက်နှာပွတ်တာ စတာမျိုးတွေခံစားရတာမျိုးပါ။

အရပ်အခေါ်ကတော့အရက်ငန်းဖမ်းတယ်လို့ခေါ်ပါတယ်။ ဒီလိုအရက်ငန်းဖမ်းတဲ့သူတွေက သူတို့ကိုယ် သူတို့ဖြစ်ဖြစ်၊ သူတစ်ပါးကိုပဲဖြစ်ဖြစ် အန္တရာယ်ပေးနိုင်ပါတယ်။အရက်ငန်းဖမ်းတဲ့သူတွေရဲ့အသိအာရုံထဲမှာ မရှိတာတွေမြင်တာ၊ကြားတာတွေ ဖြစ်တာကြောင့် တခြားလူကို အသားလွတ် တစ်ခုခုနဲ့လိုက်ထုတာ၊ ဓားနဲ့လိုက်ခုတ်တာတွေလည်းရှိပါတယ်။ ဒါ့ပြင် အဲဒီလိုမရှိတာတွေ မြင်တာကြားတာတွေကိုမခံစားနိုင်လို့ သူတို့ကိုယ်သူတို့သတ်သေတာမျိုးလည်းရှိပါတယ်။ဒီလိုအရက်ကြောင်(အရက်ငန်းဖမ်း)တာက နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ထိပြီး လုံးဝအသိစိတ်ပျောက်သွားတာ၊မှတ်ဉာဏ်တွေလုံးဝပျောက်ပြီး အတိတ်မေ့သလိုဖြစ်တာ၊သူငယ်ပြန်သလိုဖြစ်တာတွေဖြစ်နိုင်ပါတယ်။

ဒါတွေကြောင့်မို့ ဖြစ်နိုင်ရင် အိမ်မှာအရက်ကို တုံးတိဖြတ်တာမျိုးမလုပ်စေချင်ပါဘူး။ဆေးရုံတက်ဖြတ်ဖို့အဆင်မပြေသေးရင် လျှော့သောက်တာမျိုးပဲလုပ်ပါ။ဆေးရုံမှာကျ အရက်ဖြတ်တဲ့အခါဖြစ်လာနိုင်တဲ့ပြသာနာတွေ တအားမဆိုးအောင်အတွက် သောက်ဆေးတွေ၊ထိုးဆေးတွေနဲ့ လိုအပ်သလို ထိန်းထားပေးနိုင်ပါတယ်။ ဒီတော့ အရက်ဖြတ်တဲ့သူအနေနဲ့ခံစားရတာလည်းသက်သာပါတယ်။ခုနောက်ပိုင်းမှာဆိုရင် ဆေးရုံတွေအနေနဲ့ အရက်ဖြတ်ပေးရုံသာမက အရက်ကိုဘာကြောင့်စွဲလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေပေါ်မူတည်ပြီးကုသပေးတာတွေပါရှိလာပါပြီ။

ဆေးရုံတက်အရက်ဖြတ်ရင် အကြမ်းအားဖြင့် ၁၀ရက်လောက်တော့ ဆေးရုံမှာနေဖို့လိုပါတယ်။လူနာစောင့်၁ယောက်လည်းထည့်ပေးဖို့လိုပါတယ်။

Dr 528

Previous Post

အစာစားချိန်မမှန်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

Next Post

ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေမယ့် နည်းလမ်း ၁၂ ခု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေမယ့် နည်းလမ်း ၁၂ ခု

ကိုဗစ်ကြောင့် အဆုတ်အတွက်အရမ်းစိုးရိမ်ခဲ့တယ်ဆိုတဲ့ အဆိုတော်ပိုးမီ

ကဖင်းစွဲနေပြီလား ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.