ေဆးလိပ္ျဖတ္ျခင္း၏ေကာင္းက်ိဳးမ်ား
ေဆးလိပ္ကိုနွစ္ခ်ီေသာက္တဲ႔သူ အမ်ားစုအေနနဲ႔က သူတို႔ဟာေဆးလိပ္ေသာက္တာအရမ္းၾကာခဲ႔တဲ႔အတြက္ ေဆးလိပ္ျဖတ္လိုက္လည္း က်န္းမာေရးျပန္ေကာင္းဖို႔မလြယ္နိုင္ဘူးလို႔ထင္ၾကကာ ေဆးလိပ္ျဖတ္ရန္ၾကိဳးစားဖို႔ကိုလြယ္လြယ္နဲ႔လက္ေလွ်ာ႔တတ္ၾကပါတယ္။ေဆးလိပ္ျဖတ္ရန္ၾကိဳးစားျခင္းသည္ က်န္းမာေရးအတြက္ ေကာင္းသည္႔အလုပ္ျဖစ္ေသာေၾကာင္႔ေနာက္က်သည္ဟုဆိုရန္မရွိပါ။ေဆးလိပ္ေသာက္တာကိုရပ္ရပ္ျခင္းမွာပဲ ေန႔မကူးဘဲနဲ႔ သင္႔က်န္းမာေရးကို ခ်က္ျခင္းျပန္ေကာင္းလာေစမယ္႔ အခ်က္မ်ားစြာရွိပါတယ္။
သင္ယခုေဆးလိပ္ေသာက္တာရပ္လိုက္ပါက
မိနစ္၂၀အၾကာမွာ
ေသြးဖိအားနဲ႔နွလံုးခုန္ႏႈန္းေတြပံုမွန္ျပန္ျဖစ္လာပါမယ္။
၂နာရီအၾကာမွာ
သင္႔ရဲ႕ေျခလက္ေတြအတြင္း ေသြးလွည္႔ပတ္မႈ ေကာင္းလာပါမယ္။
၈နာရီအၾကာမွာ
သင္႔ခႏၶာကိုယ္ကေန သင္ေနာက္ဆံုးေဆးလိပ္ေသာက္ခဲ႔တုန္းမွာပါတဲ႔ ကာဗြန္မိုေနာက္ဆိုဒ္ ေခၚ အဆိပ္ဓါတ္ေငြ႔ ကိုစြန္႔ထုတ္ျပီး ျဖစ္တဲ႔အတြက္ ေသြးထဲမွာ ကာဗြန္မိုေနာက္ဆိုဒ္ ပမာဏေလ်ာ႔က်ျပီး ေအာက္စီဂ်င္ပမာဏ မ်ားလာပါမယ္။
တရက္အၾကာမွာ
နွလံုးေရာဂါျဖစ္နိုင္ေျခ ေလ်ာ႔နည္းသြားပါမယ္။
နွစ္ရက္အၾကာမွာ
ကိုယ္တြင္းက နီကိုတင္းဓါတ္ေတြဖယ္ရွားျပီးသားျဖစ္တဲ႔အတြက္ သင္႔ရဲ႕အာရံုခံစားမႈေတြပိုေကာင္းလာပါမယ္။
၃ရက္အၾကာမွာ
အဆုတ္ထဲမွာရွိတဲ႔ခြ်ဲေတြနဲ႔တျခားအမႈန္ေတြကို စြန္႔ပစ္ဖယ္ရွားျပီးသားျဖစ္တဲ႔အတြက္ အသက္ရႈရတာပိုေကာင္းမြန္လာျပီး အဆုတ္ထဲက ေလျပြန္ငယ္ေလးေတြလည္း ျပန္လည္ေကာင္းမြန္လာပါမယ္။
ရက္သတၱပတ္နွစ္ပတ္အၾကာမွာ
ေသြးလည္ပတ္မႈပိုမိုေကာင္းမြန္လာျပီး အဆုတ္လည္းအရင္ကထက္ အလုပ္လုပ္လာနိုင္တဲ႔အတြက္ လမ္းေလွ်ာက္တာ၊ေျပးတာ၊ေလ႔က်င္႔ခန္းလုပ္တာ၊အလုပ္လုပ္တာ စသျဖင္႔လုပ္တဲ႔အခါမွာ အရင္လိုအေမာေဖာက္တာမ်ိဳးမရွိဘဲ အေမာခံနိုင္လာပါမယ္။
၃လအၾကာမွာ
အမ်ိဳးသားေတြဆိုရင္ သုက္ထုတ္လုပ္မႈေတြပံုမွန္ျပန္ျဖစ္လာျပီး သုက္ေကာင္အေရအတြက္တိုးလာပါမယ္။အမ်ိဳးသမီးေတြအေနနဲ႔လည္း သေႏၶေအာင္နိုင္ေျခပိုမ်ားလာပါမယ္။
၄လကေန ၉လအၾကာမွာ
သင္႔ရဲ႕အဆုတ္ဟာ အေတာ္အသင္႔ ျပန္လည္ေကာင္းမြန္တဲ႔အဆင္႔ကိုေရာက္ျပီျဖစ္တဲ႔အတြက္ ေခ်ာင္းဆိုးတာ၊နွာပိတ္တာ၊အသက္ရႈမ၀တာ၊ေမာပန္းတာေတြေလ်ာ႔နည္းလာျပီး ေလျပြန္က်ဥ္းျခင္းနဲ႔တျခားအသက္ရႈလမ္းေၾကာင္းဆိုင္ရာျပသာနာေတြလည္းေလ်ာ႔ပါးသက္သာလာပါမယ္။
ခႏၶာကိုယ္မွာလည္းစြမ္းအားျပည္႔၀လာပါမယ္။
၂ ႏွစ္ကေန ၅ ႏွစ္အၾကာမွာ
ေဆးလိပ္မေသာက္တဲ႔သူတေယာက္လို နွလံုးေရာဂါျဖစ္ပြားနိုင္ေျခအႏၱရာယ္ေလ်ာ႔က်သြားပါမယ္။
၁၀နွစ္အၾကာမွာ
ေဆးလိပ္မေသာက္တဲ႔သူတေယာက္လို အဆုတ္နဲ႔တျခားအဂၤါအစိတ္အပိုင္းမ်ားကင္ဆာျဖစ္နိုင္ေျခေတြ ေလ်ာ႔က်သြားပါမယ္။ဒါေတြကေတာ႔ ေဆးလိပ္ျဖတ္လိုက္ရင္ရမယ္႔ သင္႔က်န္းမာေရးနဲ႔ဆိုင္တဲ႔အက်ိဳးေက်းဇူးေတြပါ။တကယ္တမ္းေဆးလိပ္ျဖတ္လိုက္တဲ႔အခါမွာက် က်န္းမာေရးနဲ႔ဆိုင္တဲ႔အက်ိဳးေက်းဇူးေတြအျပင္တျခားအက်ိဳးေက်းဇူးေတြလည္းရွိပါတယ္။အဲ႔ဒါေတြကေတာ႔ ေဆးလိပ္မေသာက္တဲ႔အတြက္ အက်ီအ၀တ္ေတြ၊ဆံပင္ေတြမွာ ေဆးလိပ္နံ႕မစြဲျခင္း၊
ေဆးလိပ္ဖိုးမကုန္ဘဲ ပိုက္ဆံစုမိျခင္း၊မိမိရဲ႕ေဘးပတ္၀န္းက်င္က လူေတြလည္း ေဆးလိပ္မီးခိုးမရႈရတဲ႔အတြက္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါေတြျဖစ္ပြားနိုင္မႈေလ်ာ႔က်ျခင္း စတဲ႔အက်ိဳးေက်းဇူးေတြပါပဲ။
Dr 528
(Unicode)
ဆေးလိပ်ဖြတ်ခြင်း၏ကောင်းကျိုးများ
ဆေးလိပ်ကိုနှစ်ချီသောက်တဲ့သူ အများစုအနေနဲ့က သူတို့ဟာဆေးလိပ်သောက်တာအရမ်းကြာခဲ့တဲ့အတွက် ဆေးလိပ်ဖြတ်လိုက်လည်း ကျန်းမာရေးပြန်ကောင်းဖို့မလွယ်နိုင်ဘူးလို့ထင်ကြကာ ဆေးလိပ်ဖြတ်ရန်ကြိုးစားဖို့ကိုလွယ်လွယ်နဲ့လက်လျှော့တတ်ကြပါတယ်။ဆေးလိပ်ဖြတ်ရန်ကြိုးစားခြင်းသည် ကျန်းမာရေးအတွက် ကောင်းသည့်အလုပ်ဖြစ်သောကြောင့်နောက်ကျသည်ဟုဆိုရန်မရှိပါ။ဆေးလိပ်သောက်တာကိုရပ်ရပ်ခြင်းမှာပဲ နေ့မကူးဘဲနဲ့ သင့်ကျန်းမာရေးကို ချက်ခြင်းပြန်ကောင်းလာစေမယ့် အချက်များစွာရှိပါတယ်။
သင်ယခုဆေးလိပ်သောက်တာရပ်လိုက်ပါက
မိနစ်၂၀အကြာမှာ
သွေးဖိအားနဲ့နှလုံးခုန်နှုန်းတွေပုံမှန်ပြန်ဖြစ်လာပါမယ်။
၂နာရီအကြာမှာ
သင့်ရဲ့ခြေလက်တွေအတွင်း သွေးလှည့်ပတ်မှု ကောင်းလာပါမယ်။
၈နာရီအကြာမှာ
သင့်ခန္ဓာကိုယ်ကနေ သင်နောက်ဆုံးဆေးလိပ်သောက်ခဲ့တုန်းမှာပါတဲ့ ကာဗွန်မိုနောက်ဆိုဒ် ခေါ် အဆိပ်ဓါတ်ငွေ့ ကိုစွန့်ထုတ်ပြီး ဖြစ်တဲ့အတွက် သွေးထဲမှာ ကာဗွန်မိုနောက်ဆိုဒ် ပမာဏလျော့ကျပြီး အောက်စီဂျင်ပမာဏ များလာပါမယ်။
တရက်အကြာမှာ
နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းသွားပါမယ်။
နှစ်ရက်အကြာမှာ
ကိုယ်တွင်းက နီကိုတင်းဓါတ်တွေဖယ်ရှားပြီးသားဖြစ်တဲ့အတွက် သင့်ရဲ့အာရုံခံစားမှုတွေပိုကောင်းလာပါမယ်။
၃ရက်အကြာမှာ
အဆုတ်ထဲမှာရှိတဲ့ချွဲတွေနဲ့တခြားအမှုန်တွေကို စွန့်ပစ်ဖယ်ရှားပြီးသားဖြစ်တဲ့အတွက် အသက်ရှုရတာပိုကောင်းမွန်လာပြီး အဆုတ်ထဲက လေပြွန်ငယ်လေးတွေလည်း ပြန်လည်ကောင်းမွန်လာပါမယ်။
ရက်သတ္တပတ်နှစ်ပတ်အကြာမှာ
သွေးလည်ပတ်မှုပိုမိုကောင်းမွန်လာပြီး အဆုတ်လည်းအရင်ကထက် အလုပ်လုပ်လာနိုင်တဲ့အတွက် လမ်းလျှောက်တာ၊ပြေးတာ၊လေ့ကျင့်ခန်းလုပ်တာ၊အလုပ်လုပ်တာ စသဖြင့်လုပ်တဲ့အခါမှာ အရင်လိုအမောဖောက်တာမျိုးမရှိဘဲ အမောခံနိုင်လာပါမယ်။
၃လအကြာမှာ
အမျိုးသားတွေဆိုရင် သုက်ထုတ်လုပ်မှုတွေပုံမှန်ပြန်ဖြစ်လာပြီး သုက်ကောင်အရေအတွက်တိုးလာပါမယ်။အမျိုးသမီးတွေအနေနဲ့လည်း သန္ဓေအောင်နိုင်ခြေပိုများလာပါမယ်။
၄လကနေ ၉လအကြာမှာ
သင့်ရဲ့အဆုတ်ဟာ အတော်အသင့် ပြန်လည်ကောင်းမွန်တဲ့အဆင့်ကိုရောက်ပြီဖြစ်တဲ့အတွက် ချောင်းဆိုးတာ၊နှာပိတ်တာ၊အသက်ရှုမဝတာ၊မောပန်းတာတွေလျော့နည်းလာပြီး လေပြွန်ကျဉ်းခြင်းနဲ့တခြားအသက်ရှုလမ်းကြောင်းဆိုင်ရာပြသာနာတွေလည်းလျော့ပါးသက်သာလာပါမယ်။
ခန္ဓာကိုယ်မှာလည်းစွမ်းအားပြည့်ဝလာပါမယ်။
၂ နှစ်ကနေ ၅ နှစ်အကြာမှာ
ဆေးလိပ်မသောက်တဲ့သူတယောက်လို နှလုံးရောဂါဖြစ်ပွားနိုင်ခြေအန္တရာယ်လျော့ကျသွားပါမယ်။
၁၀နှစ်အကြာမှာ
ဆေးလိပ်မသောက်တဲ့သူတယောက်လို အဆုတ်နဲ့တခြားအင်္ဂါအစိတ်အပိုင်းများကင်ဆာဖြစ်နိုင်ခြေတွေ လျော့ကျသွားပါမယ်။ဒါတွေကတော့ ဆေးလိပ်ဖြတ်လိုက်ရင်ရမယ့် သင့်ကျန်းမာရေးနဲ့ဆိုင်တဲ့အကျိုးကျေးဇူးတွေပါ။တကယ်တမ်းဆေးလိပ်ဖြတ်လိုက်တဲ့အခါမှာကျ ကျန်းမာရေးနဲ့ဆိုင်တဲ့အကျိုးကျေးဇူးတွေအပြင်တခြားအကျိုးကျေးဇူးတွေလည်းရှိပါတယ်။အဲ့ဒါတွေကတော့ ဆေးလိပ်မသောက်တဲ့အတွက် အကျီအဝတ်တွေ၊ဆံပင်တွေမှာ ဆေးလိပ်နံ့မစွဲခြင်း၊
ဆေးလိပ်ဖိုးမကုန်ဘဲ ပိုက်ဆံစုမိခြင်း၊မိမိရဲ့ဘေးပတ်ဝန်းကျင်က လူတွေလည်း ဆေးလိပ်မီးခိုးမရှုရတဲ့အတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ပွားနိုင်မှုလျော့ကျခြင်း စတဲ့အကျိုးကျေးဇူးတွေပါပဲ။
Dr 528