fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

စိတ်ညစ်တဲ့အခါ

330
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/07/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A


စိတ်ညစ်တဲ့အခါ

လူူ့ဘဝဆိုတာ နေရတာသာခဏလေးပါ ကြုံရတဲ့ပြဿနာက အများကြီး ဒါကြောင့်လည်းမြန်မာစကားပုံရှိခဲ့ကြတာပါ အသက်တစ်ရာမနေရဘူးအမှုတစ်ရာကြုံရတယ်ဆိုတာပါ။ စိတ်ညစ်စရာများကြုံလာပြီဆို တစ်ခုတည်းမပြီးတတ်တာလည်းအမှန်ပဲ ဒါကြောင့် ကံဆိုးမသွားရာမိုးလိုက်လို့ရွာလို့ပြောထားတာ ပြဿနာဆိုတာ လာပြီးဆိုရင် အလုံးအရင်းနဲ့ ဝင်လာတတ်တဲ့သဘောရှိတယ်။ ပြဿနာကြုံတိုင်း စိတ်ညစ်နေရမယ် ဆိုရင် လူလည်း တစ်ဖြည်းဖြည်း လုံးပါးပါးလာနိုင်ပါတယ်။ စိတ်ညစ်စရာများလွန်းတာ ခဏခဏကြုံနေရတာတွေက ကျန်းမာရေးကိုထိခိုက်စေလာနိုင်ပါတယ် စိတ်ကျရောဂါတွေ ဖြစ်လွယ်လာနိုင်ပါတယ်။ စိတ်ညစ်စရာတွေကို ပြန်ပြီးတွန်းလှန်နိုင်မှ ကျန်းမာရေးအတွက် ကောင်းမွန်သင့်တော်ပါလိမ့်မယ်။

စိတ်ညစ်စရာကအမျိုးမျိုးဖြစ်နိုင်တယ် ကျန်းမာရေးမကောင်းတာ စီးပွားရေးအဆင်မပြေတာ အလုပ်အဆင်မပြေတာ ဖိစီးမှုများတာ အချစ်ရေးအဆင်မပြေတာ အိမ်ထောင်ရေးအဆင်မပြေတာ လူမှုရေးပြဿနာတွေများတာ စသဖြင့်ပါ။စိတ်ညစ်စရာကြုံတိုင်း စိတ်ထားတတ်ဖို့လိုပါတယ် လူသားပဲလေ ဘုရားမှမဟုတ်တာ စိတ်ညစ်စရာကြုံလာတဲ့အခါ ပြဿနာပေါ်မူတည်ပြီးအနည်းနဲ့ အများတော့ ခံစားကြရမှာပါပဲ။ စိတ်ညစ်စရာတွေကြုံလာတဲ့အခါ ပြဿနာကိုသေချာစဉ်းစားပါ စိတ်ကိုမလွှတ်ချလိုက်ပါနဲ့ ပြဿနာရဲ့ အရင်းခံကိုစဉ်းစားပါ ဖြေရှင်းလို့ရတာပဲဖြေရှင်းပါ မဖြေရှင်းနိုင်ရင် အချိန်စောင့်ပါ စိတ်ကိုဒီပြဿနာထဲပဲ နှစ်မထားပါနဲ့ ပုံမှန်လုပ်ရမယ့်အရာတိုင်း တက်လုပ်ပါ စားစရာစားအိပ်စရာအိပ်ပါ။

တစ်ချို့ကိစ္စတွေကို ဖြေရှင်းပေးလို့ရသလို တစ်ချို့ကိစ္စတွေက ဖြေရှင်းလို့မရတတ်ဘူး ဖြေရှင်းမရတဲ့ပြဿနာတွေအတွက် ထိုင်ပြီးပူဆွေးမနေစေချင်ဘူး။ ဖြစ်သမျှက အကျိုးအကြာင်းရှိပါတယ်။ အချိန်ယူပြီး ခေါင်းအေးအေးနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာပဲစဉ်းစားပါ ပြဿနာတိုင်း မပြေလည်တတ်ပါဘူး။
အများစုအားဖြင့် အမျိုးသားနဲ့ အမျိုးသမီး ယှဉ်ကြည့်လိုက်ရင် စိတ်ညစ်စရာကြုံလာတဲ့အခါ ခံနိုင်ရည်အားက အမျိုးသမီးတွေမှာ ပိုရှိပါတယ်။ ကျိုးကြောင်းဆင်ခြင်တတ်တယ် ပြဿနာမပြေလည်ရင်တောင်မှ ကိုယ်လုပ်သင့်တာကို ဆက်လုပ်နိုင်စွမ်းရှိကြပါတယ်။

အမျိုးသားတစ်ချို့ကတော့ စိတ်ညစ်စရာကြုံတိုင်း ဘာကြောင့်ဖြစ်တယ် ဘယ်လိုဖြေရှင်းလို့ရမလဲ ဆိုတာကို မစဉ်းစားမိတတ်ဘဲ စိတ်ထင်ရာစိုင်းတတ်တာတွေရှိတာကြောင့် ပြဿနာ ပိုကြီးတတ်ပါတယ်။ တစ်ချို့ကျတော့စိတ်ညစ်စရာကြုံတိုင်း အရက်သောက်တတ်ကြတယ်။ အရက်သောက်ပြီးမူးတယ်တို အားလုံးမေ့သွားတယ်လို့ပြောတတ်ကြတယ်။ ဒါကပြဿနာဖြေရှင်းတာမဟုတ်ပါဘူး ရှောင်လွှဲတာပါ ရှောင်လွှဲတာမှာတောင် နည်းလမ်းမှားနေပါတယ်။ အရက်မူးပြေသွားရင် ပြဿနာက ဒုံရင်းအတိုင်းပဲကျန်နေဦးမှာပါ အရက်နဲ့အဖော်ပြုနေတော့ ပံမြှန်ကိုယ်လုပ်ရမယ့်အရာတွေ ဘာမှဆက်ပြီးမလုပ်ဖြစ်တော့ဘဲ မသိမသာနဲ့ တစ်ဖြည်းဖြည်းအရက်ရဲ့ ကျေးကျွန် ဖြစ်လာတတ်ကြပါတယ်။

အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် စိတ်ညစ်စရာတွေ ကြုံတွေ့တဲ့အခါ မိမိတို့ရဲ့စိတ်ကို မိမိတို့ကိုယ်တိုင် တည်ငြိမ်အောင် ထိန်းမှဖြစ်မှာပါ မတည်ငြိမ်သရွေ့ စိတ်သောကရောက်ရပါမယ်။ တစ်ချို့ပိုဆိုးတယ်ဆိုရင် စိတ်ကျရောဂါတွေအထိ ဖြစ်သွားနိုင်ပါတယ်။ စိတ်ညစ်စရာတွေကို ကြုံတဲ့အခါ စိတ်ထဲ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို စာရွက်အလွတ်ပေါ်မှာ ချရေးပါ ကိုယ်ဘာပဲတွေးတွေးချရေးပါ စာလုံးလှဖို့စကားပြောလှဖို့မလိုပါဘူး။ တစ်ခြားသူမြင်မှာကြောက်ဖို့လည်းမလိုပါဘူး အကုန်ရေးပြီးရင် ရေးထားတာတွေကို အစအဆုံးသေချာပြန်ဖတ်ပါ။ ထပ်ဖြစ်လာတဲ့ ခံစားချက်ကို ထပ်ရေးပါ ပြန်ဖတ်ပါ စိတ်ထဲ ခံစားတာတွေရေးပြီးပြီးဆို ခဏတစ်ဖြုတ်တော့ စိတ်သက်သာရာရတတ်ပါတယ်။

စိတ်ညစ်စရာကြုံတိုင်း စိတ်ကိုဒီတစ်ခုထဲအပေါ်အာရုံမထားပါနဲ့ အကန့်တွေကန့်ထားပါ စိတ်ညစ်စရာလည်းညစ်ပါ ဒါနဲ့ပဲ အချိန်မကုန်ပါနဲ့ ပုံမှန်လုပ်နေကျ အလုပ်တွေ ဆက်လုပ်ပါ အိပ်ပါစားပါ။ စိတ်ညစ်စရာကြုံတဲ့ အခါ စိတ်ကို အလွတ်မထားပါနဲ့ အလုပ်ပေးထားပါ အလုပ်ရှိတဲ့သူတွေဆို ကိုယ့်အလုပ်ထဲ စိတ်နှစ်ထားဖို့လိုပါတယ် အလုပ်လုပ်နေတာက စိတ်ညစ်တာကိုသက်သာစေပါတယ်။ အလုပ်မရှိသေးလည်း အိမ်အလုပ်ကူလုပ်ပါ ကျောင်းသားဆိုစာဖတ်ပါ ပုံဆွဲပါ ဝါသနာပါတာတစ်ခုခုလုပ်ပါ တစ်ယောက်တည်းနေတဲ့သူတွေအတွက်က ဒီလိုနည်းလမ်းက အဆင်ပြေပါတယ်။ မိသားစုနဲ့ တူတူနေတဲ့သူတွေကတော့ စိတ်ညစ်တဲ့အချိန်တွေမှာ တစ်ယောက်တည်းအချိန်မဖြုန်းပါနဲ့ မိသားစုတွေနဲ့ တူတူနေပါ။ ကိုယ့်ပြဿနာကို ပြောပြရမယ်မဟုတ်ပါဘူး ဒါပေမယ့် မိသားစု နဲ့အတူ ရုပ်ရှင်ကြည့်တာ စျေးဝယ်တာအပြင်သွားတာမျိုးလုပ်ပါ။

တစ်ချို့တွေကျတော့ သူငယ်ချင်းအပေါင်းအသင်းတွေကို တွယ်တာတတ်တယ် စိတ်ချယုံကြည်ရတယ်ဆိုရင် ကိုယ်ခံစားရတာတွေကို ရင်ဖွင့်လို့ရပါတယ်။ ရင်ဖွင့်လိုက်ရတာက စိတ်ခံစားရတာတွေကိုသက်သာစေပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဘုရားကိုအာရုံပြုပါ ။ စိတ်ထဲမှာလိုချင်တောင့်တစိတ်တွေ မျှော်မှန်းထားတာတွေကို ဘုရားမှာ ပူဇော်ပါ။ စိတ်ကို လောဘ ဒေါသ မောဟ ကင်းအောင်ထားပါ ။ ဘာကိုမှ တန်ဖိုးမဖြတ်ပါနဲ့ မဝေဖန်ပါနဲ့ တရားထိုင်ပါ စိတ်ညစ်စေတဲ့သူတွေကို ဘုရားမှာ ဆုတောင်းပေးလိုက်ပါ။ စိတ်ညစ်တာကိုမွေးမြုနေသရွေ့ ဘယ်တော့မှ နလန်မထူနိုင်ပါဘူး စိတ်ညစ်စရာက ဒီတစ်ခုပြီးလည်း နောက်တစ်ခုလာမှာပါ စိတ်ညစ်ပါ ဒါပေမယ့် စိတ်ညစ်တာတစ်ခုအတွက်နဲ့ ဘဝ မထိခိုက်စေပါနဲ့။

ကြိုးစားနိုင်ကြပါစေ

Dr. CST

Previous Post

Shisha (ရှီရှား) နဲ့ ကိုယ်ဝန်ဆောင် ကျန်းမာရေး

Next Post

ကြိတ်မှန်အကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကြိတ်မှန်အကြောင်းသိကောင်းစရာ

ကိုယ်ဝန်ပျက်ကျခြင်းမဖြစ်စေဖို့ ကာကွယ်နိုင်သည့် နည်းလမ်းများ

ဒေါင်းရောဂါအကြောင်း အပိုင်း ၂

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.