အသင့်စားခေါက်ဆွဲခြောက်များသည် လူ့ခန္ဓာကိုယ်အတွင်းရှိအစာခြေဖျက်နိုင်ပြီး ကြီးမားသည့် စွန့်ထုတ်မှုများ နှင့် သက်ဆိုင်သည့် ဓာတုဖြစ်စဉ်များကိုပြောင်းလဲနိုင်ခြင်းကြောင့် ၎င်းအသင့်စားခေါက်ဆွဲများစားသုံးခြင်းက နှလုံးရောဂါနှင့် လေဖြတ်ရောဂါများအား ဖြစ်ပွားစေနိုင်ကြောင်းဟားဗက်တက္က္ကသိုလ်လူထုကျန်းမာရေးဌာနကထုတ်ဖော်ပြောဆိုခဲ့ကြောင်းသိရသည်။
ထို့အပြင် အသင့်စားခေါက်ဆွဲများသည် နှလုံးရောဂါနှင့် လေဖြတ်ရောဂါအပြင် ခန္ဓာကိုယ်အတွင်းဇီဝဖြစ်စဉ်များ နှင့် သက်ဆိုင်သည့် ရောဂါလက္ခဏာရှိသူများတွင် သွေးတိုးခြင်းနှင့် သွေးတွင်းသကြားပါဝင်မှု ပိုမိုမြင့်တက်မှုများအပြင် ဆီးချိုရောဂါကိုလည်း ဖြစ်နိုင်ကြောင်း ဟားဗက်တက္က္ကသိုလ်လူထုကျန်းမာရေးဌာနမှ လေ့လာသူများကအသက် ၁၉ နှစ်မှ ၆၄ နှစ်အရွယ် ရောက်ရှိပြီးသည့်လူပေါင်း ၁၁၀၀၀ ကိုမေးမြန်းခဲ့ခြင်းဖြစ်ကြောင်းလည်း ဝါရှင် တန်ပို့စ်သတင်းတွင် ထုတ်ဖော်ပြောဆိုမှုများလည်းရခဲ့ကြောင်းသိရသည်။
ထို့အပြင် အသင့်စားခေါက်ဆွဲများသည် အရသာရှိပြီးအချိန်ကုန်သက်သာမှုနှင့် လွယ်ကူမြန်ဆန်စေသော်လည်းဆိုဒီယမ်ပမာဏ ပါဝင်မှုများသကဲ့သို့ ကျန်းမာရေးနှင့် ညီညွှတ်ခြင်းမရှိသည့် အဆီများပါဝင်နေသည့်အတွက် တစ်ပတ်လျှင် နှစ်ကြိမ်နှင့်အထက် စားသုံးပါကခန္ဓာကိုယ်တွင်းက ဇီဝဖြစ်စဉ်နှင့် သက်ဆိုင်သည့်ရောဂါဖြစ်နိုင်ချေအန္တရာယ်ပိုများကြောင်းလည်းသုတေသနလုပ်ဆောင်နေသည့် လူထုကျန်းမာရေးဌာနကပြောဆိုထားသည်။
ယင်းသို့ အသင့်စားခေါက်ဆွဲများစားသုံးမှုတွင် တောင်ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဟောင်ကောင်၊ အင်ဒိုနီးရှားနိုင်ငံများတို့တွင် အများဆုံးစားသုံးကြကြောင်းလည်းသိရသည်။
Vol – 7 / No- 26 (Healthcare)