fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ
ခံတွင်းအနံ့ဆိုးခြင်း
495
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/01/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
(Zawgyi)
(Unicode)
ခံတွင်းအနံ့ဆိုးခြင်းကို အာပုပ်နံ့နံခြင်း (သို့မဟုတ်) ထွက်သက်အနံ့ဆိုးခြင်းဟု ခေါ်ဆိုနိုင်ပါသည်။ နေ့စဉ်သုံး အင်္ဂလိပ်စာတွင် Bad Breath ဟုခေါ်သည်။ ခံတွင်းမသန့်ရှင်းခြင်းကြောင့် ပါးစပ်နံတတ်ပါသည်။ ထို့အတူ ဆေးလိပ်သောက်ခြင်း၊ သွားပိုးပေါက်ရှိခြင်း၊ သွားချိုးကပ်ခြင်းနှင့် သွားအတုများ တပ်ဆင်ထားခြင်းတို့ကြောင့်လည်း ခံတွင်းအနံ့ဆိုး ထွက်တတ်ပါသည်။
ခံတွင်းအနံ့ဆိုးသောအကြောင်းအရင်း
ခံတွင်းအနံ့ဆိုးရသော အဓိကအကြောင်းအရင်းမှာ ပါးစပ်အတွင်းရှိ အရိအရွဲ၊ ချွဲများ တည်ငြိမ်စုပုံလာခြင်းကြောင့် ဖြစ်ပါသည်။ ပါးစပ်ထဲတွင် ဘတ်တီးရီယးပိုးများစွာရှိပြီး ၎င်းတို့သည် ပါးစပ်ထဲမှ ပရိုတင်း (အသားဓာတ်) နှင့် စားကြွင်းစားကျန်များကို စားနေကြပါသည်။ ထိုဘတ်တီးရီယးများမှ ထွက်သော ဓာတ်ငွေ့များ (ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ် Hydrogen Sul-phide၊ မီသိုင်းမာကပ်ကန် Methyl Mercaptan) သည် ကြက်ဥပုပ်နံ့နှင့် မီးခိုးနံ့စသော အနံ့ဆိုများ ထွက်ပေါ်စေပါသည်။ ပါးစပ်ထဲမှ ဘတ်တီးရီးယားများသည် လေမရှိသော နေရာ Anaero-bic တွင် အသက်ရှင်နိုင်စွမ်းရှိပါသည်။ လေရှိပါက ဘတ်တီးရီးယားများ သေဆုံးနိုင်ပါသည်။ ပါးစပ်ထဲရှိ ဘတ်တီးရီယားများ ဆက်လက်အသက်ရှင်လေ ခံတွင်းအနံ့ဆိုးပိုထက်လေဖြစ်ပါသည်။
အသက်ကြီးများနှင့် ခံတွင်းအနံ့ဆိုး
အသက်ကြီးသူများသည် ပါးစပ် (ခံတွင်း) တွင် တံထွေးမျာ၊ အကျိအချွဲများထွက်ခြင်း နှေးလာတတ်ပါသည်။ ထို့ကြောင့် ဘတ်တီးရီးယားများ ပါးစပ်အတွင်းနေရန် အချိန်ပိုရပြီး အသက်ကြီးသောသူများတွင် ခံတွင်းအနံ့ထွက်တတ်ပါသည်။
မွေးခါစကလေးများနှင့် ခံတွင်းအနံ့ဆိုး
မွေးခါစ ကလေးများသည် ပါးစပ်ထဲမှ တံထွေးများ၊ အကျိအချွဲများ ဆက်တိုက်မရပ်မနာ၏း ထွက်နေတတ်ပါသည်။ ထို့ကြောင့် ကလေးများ၏ ပါးစပ်အတွင်း ဘတ်တီးရီးယားပိုးများ ပေါက်ပွားရန် အချိန်မရသောကြောင့် ခံတွင်းအနံ့ဆိုးမထွက်ဘဲ အလွန်ကောင်းမွန်သော ခံတွင်းန့ံ့ကို ကလေးများ ပိုင်ဆိုင်တတ်ပါသည်။
အိပ်ရာထ ခံတွင်းအနံ့ဆိုးထွက်ခြင်း
လူများ အိပ်သောအခါတွင် ပါးစပ်ထဲမှ တံထွေးများ ချွဲများသည် လှုပ်ရှားမှုနှေးကွေးလာပါသည်။ ထို့ကြောင့် ဘတ်တီးရီးယားပိုများလာပြီး နံနက်မိုးလင်း၍ အိပ်ရာမှထချိန်တွင် ခံတွင်းနံတတ်ပါသည်။
ခံတွင်း အနံ့ဆိုးထွက်သော တခြားအကြောင်းအရင်းများ
ခံတွင်းအနံ့ဆိုးထွက်သော အခြားအကြောင်းအရင်းများ ရှိပါသည်။ ဝမ်းဗိုက်ဆာခြင်း၊ စကားများစွာပြောခြင်းနှင့် နှာစေးခြင်းတို့ ဖြစ်ပါသည်။ ခံတွင်းအန့ံ့ဆိုးခြင်းသည် စိတ်နှင့်လည်း သက်ဆိုင်တတ်ပါသည်။ စိတ်ဖိစီးမှုများခြင်းနှင့် စိတ်ဓာတ်ကျခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။
အချို့သောသူများတွင် အတွင်းဇီ၀ Metabolism သဘာဝများကြောင့် ၎င်းတို့၏ ှဆီးနှင့် ချွေးများ၌ ငါးညှိနံ့ထွက်တတ်ပါသည်။ မွေးရာပါကိစ္စဖြစ်တတ်ပြီး ခံတွင်းအနံ့ဆိုးတတ်ပါသည်။
အချို့သောသူများတွင် လျှာ၏ အနောက်တွင် ဘတ်တီးရီးယားပိုးများနေရန် နေရာကျန်ပြီး ခံတွင်းအနံ့ထွက်တတ်ပါသည်။ လျှကို မခြစ်ကုတ်ဘဲထားပါက ပို၍ဆိုးတတ်ပါသည်။
အချို့သော အမျိုးသမီးများတွင် ဓမ္မတာပေါ်ချိန်တွင် ထူးခြားစွာ ပါးစပ်ပါနံတတ်သည်ကို တွေ့ရှိရပါသည်။ အင်တာဗျူးသွားထိုင်ခြင်း၊ မိမိအမျိုးသားနှင့် အတူအိပ်ရာမှ ခံတွင်းအနံ့ထွက်သူများလည်း ရှိပါသည်။
ဖျားနာ၍ နေထိုင်မကောင်းခြင်း၊ အာခေါက်ခြောက်ခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် နှာစေးခြင်းတို့တွင်လည်း ခံတွင်းအနံ့ဆိုးထွက်တတ်ပါသည်။
ခံတွင်းနံခြင်းနှင့် ဆက်နွယ်သော အစားအစာများ
တညင်းသီး၊ ကြက်သွန်နီ၊ ကြက်သွန်အဖြူနှင့် အခြားစူးရှသော အနံ့ရှိသည့် အသီးနှင့် ဟင်းသီးဟင်းရွက်များကြောင့်လည်း ခံတွင်းနံတတ်ပါသည်။ ကြက်သွန်နီဟင်းလျာသည် သွေးကြောများ၊ အဆုတ်များမှတစ်ဆင့် ခံတွင်းကို နံစေပါသည်။ ထို့အတူ ကြက်သွန်ဖြူသည် အစာအိမ်ထဲသို့ ရောက်သွားသောအခါတွင် ပါဝင်သော ကန့် (Sulphur) ဓာတ်သည် သွေးကြောမှတစ်ဆင့် အဆုတ်ထဲသို့ရောက်ပြီး နှာခေါင်းမှ ထုတ်သောလေထဲတွင် အနံ့ပါလာကာ ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်စေပါသည်။
ခံတွင်းအနံ့ဆိုးခြင်းမဖြစ်စေရန် ကာကွယ်ခြင်း
ခံတွင်းအနံ့ပျောက်စေရန် အစားအစာ စားပေးခြင်း၊ အရည်သောက်ခြင်းနှင့် ပါးစပ်ကို မခြောက်အောင် ပြုလုပ်ခြင်း ဆောင်ရွက်ရပါမည်။ မကြာခဏ ပါးစပ်နံပါက ပီကေ၊ သကြားလုံး၊ ရေနှင့် ဖျော်ရည်ပုလင်းများ ဆောင်ထားပြီး မကြာခဏစားခြင်း၊ သောက်ခြင်းများ ပြုလုပ်ရပါမည်။ ရေထဲတွင် သံပုရာသီး ညှစ်ပြီး သောက်ခြင်းနှင့် အစာ စားပြီးတိုင်း ပလုတ်ကျင်းခြင်းများလည်း ဆောင်ရွက်ရပါမည်။
ခံတွင်းအနံ့မထွက်စေရန် ဖလူရိုက်ပါဝင်သော သွားတိုက်ဆေးဖြင့် မနက်၊ ညသွားတိုက်ခြင်း၊ သွားကြားထိုးရန် ပြုလုပ်ထားသော ကြိုးကို အသုံးပြုခြင်းနှင့် ပါးစပ်ဆေးသော ဆေးရည် Mouth wash အသုံးပြုခြင်းများ ဆောင်ရွက်နိုင်ပါသည်။
ခံတွင်းအနံ့ဆိုးခြင်း မဖြစ်ပွားစေရန် အထက်ပါအတိုင်း ကာကွယ်ရပါမည်။ ထို့အပြင် တတ်ကျွမ်းနားလည်သော ခံတွင်းနှင့် သွားအထူးကုဆရာဝန်းများနှင့် တိုင်ပင်ပြသ၍ ကုသရပါမည်။ ခံတွင်းအနံ့ဆိုးခြင်းကြောင့် ချစ်သူရည်းစား၊ အိမ်ထောင်သည် လင်မယားများအား ဒုက္ခပေးတတ်ပါသည်။ လူမှုရေး၊ စီးပွားရေး အချစ်ရေးနှင့် အခြားသောကိစ္စရပ်များတွင် အနှောက်အယှက်ဖြစ်စေပါသည်။ မိမိ၏ ယုံကြည်မှုကိုလည်း လျော့နည်းစေပါသည်။ ထို့ကြောင့် ခံတွင်းအနံ့ဆိုးခြင်းကို ဂရုစိုက်သင့်ကြောင်း အကြုံပြုအပ်ပါသည်။
Author – ဒေါက်တာကောင်းစံ Healthcare Journal (VOL:7/ NO:40/PG:19)
Previous Post
သွေးအားနည်းခြင်း (Anaemia)
Next Post
ကျွန်တော့် မိသားစု ၊ကျွန်တော့် သားသမီးအတွက် စိတ်ပူတာ ကျန်းမာရေး အရ စိုးရိမ်ရလား
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
127
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.3k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.5k
အလွှာခြားတာကောင်းလား?
2 years ago
1.1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
609
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ကျွန်တော့် မိသားစု ၊ကျွန်တော့် သားသမီးအတွက် စိတ်ပူတာ ကျန်းမာရေး အရ စိုးရိမ်ရလား
ပျိုမေတို့ဓမ္မတာမမှန်လျှင် (Irregular Menstruation)
ကလေးများတွင်ဖြစ်တတ်သော ဦးနှောက်အမြှေးရောင်ရောဂါ
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.