အမျိုးသား၊ အမျိုးသမီးများ ဆေးလိပ်၊ စီးကရက် မသောက်သင့်သောအကြောင်းရင်း ဆယ်ချက်ကို ဖော်ပြပေးထားပါသည်။
ဆေးလိပ်သောက်သော အမျိုးသားများသည် သန္ဓေတည်ရန်၊ ကိုယ်ဝန်ရရန် ခက်ခဲကြသည်။ ထို့အပြင် ကိုယ်ဝန်ပျက်လွယ်သည်။
စီးကရက် ဆယ်လိပ်နှင့်အထက် နေစဉ်သောက်သော အမျိုးသမီးများသည် အခြားသာမန်အမျိုးသမီးများထက် နှစ်နှစ်ခန့်စော၍ သွေးဆုံးတတ်သည်။
ဆေးလိပ်သောက်သော အမျိုးသားများသည် ပန်းသေ၊ ပန်းညှိုး၊ ပန်းကြာရှည်မလန်းနိုင်မှု ပြဿနာ ပိုမိုကြုံတွေ့ရတတ်သည်။
ဆေးလိပ်သောက်သောအမျိုးသမီးများသည် ဆေးလိပ်မသောက်သော အမျိုးသမီးများထက် သားအိမ်လည်တံ( သားအိမ်ခေါင်း ) ဖြစ်ပွားမှု၌ လေးဆခန့် ပိုကြသည်။
ဆေးလိပ်သောက်သော အမျိုးသမီးများမှ မွေးဖွားလာသော ကလေးငယ်များသည် ရုတ်တရက် ကလေးသေဆုံးမှု လက္ခဏာစု Sudden Infant Death Syndrome ဖြစ်ရန် အခွင့်အလမ်း သုံးဆ ပိုကဲသည်။
ကိုယ်တိုင် ဆေးလိပ်မသောက်သော်လည်း နေအိမ်၌ ဆေးလိပ်သောက်သူများနှင့် အတူတကွ နေထိုင်ကြရသူများသည် နှလုံးရောဂါကြောင့် သေဆုံးမှု၌ ၃၀ ရာခိုင်နှုန်း မြင့်မားကြသည်။
သားသမီး မွေးဖွားပေးနိုင်သည့်အရွယ် အမျိုးသမီးများသည် တစ်ဆင့်ခံ ဆေးလိပ်သောက်သူ ( အခြားဆေးလိပ်သောက်သူများ၏ မီးခိုးငွေ့ရှူရှိုက်ရသူ) ဖြစ်ခဲ့ပါက ရင်သားကင်ဆာ ဖြစ်ရန် အန္တရာယ်နှစ်ဆပိုများသည်။
ဆေးလိပ်သောက်သူများတွင် မျက်စိအာရုံခံလွှာ၏ မက်ကျူလာ ယိုယွင်းမှုကြောင့် မျက်စိကွယ်နိုင်သည်။
ဆေးလိပ်၊ စီးကရက်ကြောင့် အကျိုးခံစားရသူများသည် ဆေးလိပ်၊ စီးကရက် ထုတ်လုပ်ရောင်းချသူများပင်ဖြစ်သည်။
မြို့များ၏ ၅၀ ရာခိုင်နှုန်းသော အမှိုက်များမှာ ဆေးလိပ်တို၊ စီးကရက်တိုနှင့် စီးကရက်ဘူးခွံများ ဖြစ်နေကြသည်။
Author -ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)