(Zawgyi)
ဒီေဆာင္းပါးမွာေတာ့ အျဖစ္မ်ားေသာ္လည္း လူသိမမ်ားတဲ့ နားဖာေခ်းျပႆနာေလးေတြကို အဓိကထား ေျပာျပသြားပါ့မယ္။
နားဖာေခ်း Ear wax ေတြဟာ နားထဲမွာ သဘာဝအေလ်ာက္ နည္းနည္းစီ ထြက္တတ္ပါတယ္ ။သဘာဝအေလ်ာက္ပဲ ျပန္ေပ်ာက္သြားတတ္ပါတယ္။
ဒါေပမယ့္ မ်ားလာပါက စုခဲကာ ေျခာက္ေသြ႕လာၿပီး နားရဲ႕ လႈိဏ္ေခါင္းထဲမွာ ျပည့္လာပါတယ္။
နားဖာေခ်း ပိတ္လာရင္ အေနရခက္တတ္ပါတယ္ ။နားဖာေခ်းေတြ ေျခာက္ခဲကာ ေခါင္းလႈပ္တိုင္း နားဖာေခ်းေလးေတြ လႈပ္ေနသံ ၾကားရတတ္တယ္။
ကသိကေအာင့္ျဖစ္မယ္ ။အၾကားအာ႐ုံ ထိခိုက္တတ္တယ္။ နားယားမယ္။ နားအူမယ္ ။ေခါင္းမူးတတ္တယ္ ။နားဖာေခ်းပိတ္တာကိုု အထူးသျဖင့္ အသက္ႀကီးသူေတြ ၊ နားမၾကားလို႔ နားၾကပ္ အၿမဲတပ္ရသူေတြမွာ ပိုျဖစ္တတ္တယ္။
နားဖာေခ်း ပိတ္လာရင္ ဘယ္လို လုပ္ၾကမလဲ ဆိုရင္ ေအာက္ပါအတိုင္းလုပ္ၾကည့္ပါ။
ဂြမ္းလုံး /ဂြမ္းစ တို႔ျဖင့္ နားထဲကို ဇြတ္အတင္းထည့္ကာ နားဖာေခ်းကို ဇြတ္အတင္း
မေကာ္သင့္ပါ ။ထိုသို႔ျပဳလုပ္ရင္ နားထဲကို နားဖာေခ်းေတြ ထိုုးသြင္းလိုက္သလို ျဖစ္
တတ္တယ္ ။နားကို အနာျဖစ္ေစမယ္။
နားဖာေခ်း ႏူးေစမယ့္ သံလြင္ဆီ ၊ဗာဒံေစ့ဆီတို႔ကို နားထဲ ထည့္ေပးပါ။ ဒီဆီပုလင္း ေတြကို ေရေႏြးစိမ္ၿပီးမွ သုံးပါ ။ပိတ္ေနေသာ နားရဲ႕ ဆန႔္က်င္ဘက္ကို ေခါင္းကိုေစာင္းၿပီး အဆီကို ၃-၄ စက္ခ်ပါ ။ႏွစ္ဖက္စလုံးပိတ္ေနက တစ္ဖက္ၿပီးမွ တစ္ဖက္အစက္ခ်ပါ ။တစ္ခါ အစက္ခ်ၿပီးရင္ ထိုသို႔ ေစာင္းလ်က္ ၁၀ မိနစ္ခန႔္ ေနပါ ။ နားဖာေခ်းအတြင္း ဆီမ်ား စိမ့္ဝင္ ပ်ံ႕ႏွံ႔သြားေစၿပီး ႏူးသြားေစဖို႔ ျဖစ္တယ္။
နားဖာေခ်း ေပ်ာက္ေဆး Ear clear တို႔ကိုလည္း အလားတူ အစက္ခ် ႏိုင္ပါတယ္။ ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ ျပမလဲဆိုရင္ျဖင့္
နားဖာေခ်း ပိတ္၊မပိတ္ မေသခ်ာက
ယခင္က နားနဲ႔ ပတ္သက္ၿပီး ေရာဂါျဖစ္ဖူးက
နားကိုက္ျခင္း ၊နားျပည္ယိုျခင္း ရွိက
နားမွာ အနာရွိက
နားဆက္ပိတ္ေနေသးက မိမိ မိသားစုဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။
Author – ေခတ္သစ္ ဇီဝက
(Unicode)
ဒီဆောင်းပါးမှာတော့ အဖြစ်များသော်လည်း လူသိမများတဲ့ နားဖာချေး
ပြဿနာလေးတွေကို အဓိကထား ပြောပြသွားပါ့မယ်။
နားဖာချေး Ear wax တွေဟာ နားထဲမှာ သဘာဝအလျောက် နည်းနည်းစီ ထွက်တတ်ပါတယ် ။သဘာဝအလျောက်ပဲ ပြန်ပျောက်သွားတတ်ပါတယ်။
ဒါပေမယ့် များလာပါက စုခဲကာ ခြောက်သွေ့လာပြီး နားရဲ့ လှိုဏ်ခေါင်းထဲမှာ ပြည့်လာပါတယ်။
နားဖာချေး ပိတ်လာရင် အနေရခက်တတ်ပါတယ် ။နားဖာချေးတွေ ခြောက်ခဲကာ ခေါင်းလှုပ်တိုင်း နားဖာချေးလေးတွေ လှုပ်နေသံ ကြားရတတ်တယ်။
ကသိကအောင့်ဖြစ်မယ် ။အကြားအာရုံ ထိခိုက်တတ်တယ်။ နားယားမယ်။ နားအူမယ် ။ခေါင်းမူးတတ်တယ် ။နားဖာချေးပိတ်တာကိုု အထူးသဖြင့် အသက်ကြီးသူတွေ ၊ နားမကြားလို့ နားကြပ် အမြဲတပ်ရသူတွေမှာ ပိုဖြစ်တတ်တယ်။
နားဖာချေး ပိတ်လာရင် ဘယ်လို လုပ်ကြမလဲ ဆိုရင် အောက်ပါအတိုင်းလုပ်ကြည့်ပါ။
- ဂွမ်းလုံး /ဂွမ်းစ တို့ဖြင့် နားထဲကို ဇွတ်အတင်းထည့်ကာ နားဖာချေးကို ဇွတ်အတင်း
မကော်သင့်ပါ ။ထိုသို့ပြုလုပ်ရင် နားထဲကို နားဖာချေးတွေ ထိုုးသွင်းလိုက်သလို ဖြစ်
တတ်တယ် ။နားကို အနာဖြစ်စေမယ်။ - နားဖာချေး နူးစေမယ့် သံလွင်ဆီ ၊ဗာဒံစေ့ဆီတို့ကို နားထဲ ထည့်ပေးပါ။ ဒီဆီပုလင်း တွေကို ရေနွေးစိမ်ပြီးမှ သုံးပါ ။ပိတ်နေသော နားရဲ့ ဆန့်ကျင်ဘက်ကို ခေါင်းကိုစောင်းပြီး အဆီကို ၃-၄ စက်ချပါ ။နှစ်ဖက်စလုံးပိတ်နေက တစ်ဖက်ပြီးမှ တစ်ဖက်အစက်ချပါ ။တစ်ခါ အစက်ချပြီးရင် ထိုသို့ စောင်းလျက် ၁၀ မိနစ်ခန့် နေပါ ။ နားဖာချေးအတွင်း ဆီများ စိမ့်ဝင် ပျံ့နှံ့သွားစေပြီး နူးသွားစေဖို့ ဖြစ်တယ်။
- နားဖာချေး ပျောက်ဆေး Ear clear တို့ကိုလည်း အလားတူ အစက်ချ နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြမလဲဆိုရင်ဖြင့်
- နားဖာချေး ပိတ်၊မပိတ် မသေချာက
- ယခင်က နားနဲ့ ပတ်သက်ပြီး ရောဂါဖြစ်ဖူးက
- နားကိုက်ခြင်း ၊နားပြည်ယိုခြင်း ရှိက
- နားမှာ အနာရှိက
- နားဆက်ပိတ်နေသေးက မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Author – ခေတ်သစ် ဇီဝက