မှို ရရာကနေ မငိုရစေဖို
ကျွန်တော်တို့မြန်မာတွေဟာ မှိုကို ကန်စွန်းရွက်နဲ့ရောပြီးကြော်ပြီးစားလေ့ရှိသလို ငရုတ်သီးလေးထည့်ပြီး အရည်သောက်ချက်စားတာမျိုးလည်း စားလေ့ရှိပါတယ်။
တနှစ်တခါပေါ်လို့လာ ငါသာမင်းလောင်းထီးဖြူဆောင်း ဆိုတဲ့စကားထာ အတိုင်း သဘာဝမှိုဟာ တနှစ်ပတ်လုံးထွက်ရှိတာမဟုတ်ဘဲ ပူနွေးခြောက်သွေ့သော နွေရာသီဥတုကနေ စွတ်စိုထိုင်းမှိုင်းသော မိုးရာသီဥတုသို့ပြောင်းချိန် ကာလမှာပဲ ထွက်ရှိလေ့ရှိပါတယ်။အများအားဖြင့် သဘာဝမှိုဟာ သစ်ပင်ကြီးတွေရဲ့အောက်ခြေ၊ဝါးပင်တွေရဲ့အောက်ခြေ၊တောင်ပို့တောင်ကုန်းတွေရဲ့အောက်ခြေနားလေးတွေမှာ ထွက်လေ့ရှိပါတယ်။
ဒါကြောင့်ဒီကာလတွေမှာ မှိုရှာသူတွေဟာ သစ်ပင်ကြီးတွေရှိတဲ့နေရာ၊တောင်ပို့တွေရှိတဲ့နေရာ၊ဝါးပင်တွေရှိတဲ့နေရာတွေမှာ မှိုကိုလိုက်ရှာလေ့ရှိပါတယ်။ယခုလိုမိုးဦးကျရာသီဟာ မှိုတွေလှိုင်လှိုင်ထွက်ချိန်ဖြစ်တဲ့အလျောက် မှိုစားပြီး မှိုအဆိပ်သင့်ကာ ဆေးရုံကိုရောက်ရတာမျိုးတွေလည်းအများကြီးဖြစ်လေ့ရှိပါတယ်။အထူးသဖြင့်တောနယ်ဘက်တွေမှာ ဆိုရင် ပိုအဖြစ်များပါတယ်။
မှိုဆိပ်သင့်တယ်ဆိုတာက မှိုဟင်းကိုစားသုံးပြီးနောက်မှာ မူးတာ၊အော့အန်တာ၊ထိုင်းမှိုင်းလေးလံလာတာ၊တက်တာ၊သတိလစ်တာ စသဖြင့်ဖြစ်လာတာမျိုးပါ။တချို့ကလည်းမှိုဆိပ်သင့်တာကို မှိုတောက်တယ်လို့လည်း ပြောလေ့ရှိပါတယ်။မှိုဆိပ်သင့်တာ၊မှိုတောက်တာဟာ အခန့်မသင့်ရင် ပြင်းထန်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။
ဒါကြောင့်မှိုစားပြီး မှိုဆိပ်သင့်တဲ့လက္ခဏာတွေခံစားရပါက ချက်ချင်းနီးစပ်ရာဆေးရုံဆေးခန်းအမြန်သွားရပါမယ်။ဒီလိုမှိုအဆိပ်သင့်တာဖြစ်ရတဲ့အကြောင်းကတော့ စားလို့မရတဲ့မှို အဆိပ်ရှိတဲ့မှိုအမျိုးအစားကို အန္တရာယ်ကင်းတဲ့မှိုလို့ထင်ပြီးစားမိလို့ပါ။မိုးဦးကျမှာထွက်တဲ့သဘာဝမှိုအမျိုးအစားတွေဟာအများကြီးရှိပါတယ်။
အဲ့ထဲမှာမှ စားလို့ရတဲ့မှိုအမျိုးအစားတွေရှိသလို စားလို့မသင့်တဲ့ အဆိပ်ရှိနိုင်တဲ့မှိုအမျိုးအစားတွေလည်းအများကြီးပါ။ဒါ့အပြင် စားလို့ရတဲ့မှိုအမျိုးအစားထဲမှာပါပေမယ့် အခန့်မသင့်ရင် အဆိပ်သင့်စေတတ်တာမျိုးလည်းရှိပါတယ်။ဒါကြောင့် ဒီတပတ်မှာ ကျွန်တော်ဖတ်ဖူးတဲ့ အဆိပ်ရှိမှိုရဲ့သွင်ပြင်လက္ခဏာတွေနဲ့ မှိုအဆိပ်ရှိမရှိ စမ်းသပ်စစ်ဆေးနည်းအကြောင်လေးကို ပြန်လည်ရေးသားဝေမျှလိုပါတယ်။
အဆိပ်ရှိမှိုရဲ့ သွင်ပြင်လက္ခဏာတွေကတော့
၁။မှိုပွင့်ရဲ့အခြေမှာအခွက်ပါရှိတာ
၂။မှိုပွင့်ရဲ့ ရိုးတံမှာ ခြေချင်းပါရှိတာ
၃။မှိုပွင့်ထီးရွက်ပေါ်မှာ အကြေးဖတ်ငယ်တွေ ပြန့်ကျဲပါနေတာ
၄။မှိုပွင့်ထီးရွက်အတွင်းရှိ ပါးဟက်များဟာ အဖြူရောင်ဖြစ်နေတာ
၅။မှိုပွင့်ထီးရွက်ဟာ အရမ်းကို အရောင်အဆင်းတောက်ပလွန်းနေတာ
၆။မှိုပွင့်ကနေ အစိမ်းရောင်မှိုမျိုးမှုန့်များထုတ်လွှတ်နေတာ
တွေပါ။
ဒါတွေကတော့ အဆိပ်ရှိမှိုတွေမှာရှိတတ်လေ့ရှိတဲ့ သွင်ပြင်လက္ခဏာတွေပါ။သို့သော် တချို့တချို့သောမှိုများဟာ ဒီလိုအဆိပ်ရှိလက္ခဏာတွေရှိပေမယ့် စားကောင်းတဲ့မှိုအမျိုးအစားဖြစ်နေတာမျိုးတွေလည်းရှိနိုင်ပါတယ်။
ဒါပေမယ့်ဒီသွင်ပြင်လက္ခဏာတွေရှိရင်တော့ အရဲစွန့်မစားဘဲရှောင်တာ အကောင်းဆုံးဖြစ်မှာပါ။
မှိုမှာအဆိပ်ရှိမရှိစမ်းသပ်ချက်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။မှိုအရိုးတံကို လက်ဖြင့်ညစ်ကြည့်ပါက ကြေမွသွားရင်
၂။မှိုအရိုးတံကို ဓါးနဲ့လှီးကြည့်ပါက လှီးထားတဲ့နေရာမှာညိုပြာသွားတာရှိရင်
၃။မှိုကို လက်ဖြင့်ချေကြည့်ပါက သွေးရောင်ထွက်လာရင်
၄။မှိုကိုဆားရည်ထဲမှာစိမ်လိုက်ပါက သို့မဟုတ် မှိုအပေါ်ကိုဆားအနည်းငယ်ဖြူးလိုက်ပါက အရောင်ညိုမဲပြာနက်လာတာဖြစ်ရင်
၅။မှိုဟင်းအတွင်း ကြက်သွန်နီဥ ထည့်ကြည့်ပါက ကြက်သွန်ဥမဲသွားရင်
၆။မှိုဟင်းအတွင်း စတီးဇွန်းနဲ့မွှေကြည့်ပါက မှိုဟင်းမဲသွားရင်
၇။မှိုဟင်းထဲ ထမင်းလုံးထည့်ကြည့်ပါက မှိုဟင်းမဲသွားရင်
အဆိပ်ရှိတယ်လို့ ယူဆနိုင်ပါတယ်။
အထက်ပါစမ်းသပ်ချက်များနဲ့စမ်းသပ်ကြည့်ပြီး ဒီထဲက တခုခုနဲ့ညီနေပါက အဲ့မှိုကို မစားတာအကောင်းဆုံးပါပဲ။
Dr528မှို ရရာကနေ မငိုရစေဖို

Dr528