စားလို့မရတဲ့ မှို
မိူပေါသောမိုးရာသီမှာ စားလို့မရတဲ့မိူကြောင့် သင်စိတ်ဒုက္ခရောက်နေပါသလား?သင့်ခြေသည်းလက်သည်းမိူစွဲနေခြင်းကို ပထမဦးစွာ လက်သည်းအဝါရောင်အစက် သို့မဟုတ် အဖြူရောင်အစက်များထင်လာကာ ခြေသည်းလက်သည်းတစ်ခုလုံး အရောင်ပြောင်းသည်အထိ ဖြစ်လာနိုင်ပါတယ်။
ခြေသည်းလက်သည်းမိူဖြစ်ရသောအကြောင်းရင်းများမှာ
-အရေပြားpH ပမာဏမမှန်ခြင်း
-ကိုယ်ခံအားနည်းခြင်း
-စိုစွတ်သောပတ်ဝန်းကျင်နှင့်အမြဲထိတွေ့ခြင်း
-ဆီးချိုရှိခြင်း
-တကိုယ်ရည်သန့်ရှင်းမူနည်းခြင်းစသည်တို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။
ခြေသည်းလက်သည်းမိူစွဲခြင်းသည်တဦးနှင့်တဦးကူးစက်နိုင်ပါတယ်။ခြေသည်းလက်သည်းမူ်စွဲခြင်းကို အလွယ်တကူကုသရန်အိမ်တွင်းနည်းများရှိပါတယ်။
(1)ပန်းသီရှာလကာရည်
ပန်းသီးရှာလကာတွင် အက်ဆစ်သတ္တိရှိပြီး မိူပြန့်ပွားရန်ကာကွယ်ပေးပါတယ်။၎င်းအရည်သည် မိူနှင့်ဘက်တီရီးယားကိုသေစေနိုင်ပါတယ်။ပန်းသီရှာလကာအရည်နှင့်ရေ ဆတူရောရိ နေ့စဉ် နာရီဝက်ခန့်စိမ်ပေးပါ။စိမ်ပြီးနောက် ခြောက်သွေ့အောင်သုတ်ပေးပါ။ပန်းသီရှာလကာအရည်သည် အကောင်းဆုံးအိမ်တွင်းနည်းတစ်ခုပင်ဖြစ်ပါတယ်။မိူပိုးကူးစက်မူကိုလည်းကာကွယ်ပေးပါတယ်။
(2)ဆန်မူန့်နှင့်ပန်းသီးရှာလကာရည်ချေးချွတ်ခြင်း
ခြေသည်းလက်သည်းမိူအတွက် အခြားသောပန်းသီးရှာလကာရည်ကို ဆန်မူန့်နှင့်ရောကာ မိမိဖြစ်နေသောခြေသည်းလက်သည်းကို ချေးချွတ်ပေးပါ။တပတ် ၂ကြိမ် ၃ကြိမ်ပြုလုပ်ခြင်းဖြင့် သက်သာစေပါတယ်။
(3)လဘက်ဆီ
လဘက်ဆီသည် သဘာဝဆေးဘက်ဝင်အဆီတမျိုးဖြစ်ပါတယ်။မိူပိုးသေစေပြီး ပိုးသတ်ဆေးအနေဖြင့်လည်းအသုံးတည့်ပါတယ်။လဘက်ဆီကို အုန်းဆီနှင့်ရောကာ ခြေသည်းလက်သည်းပေါ်တွင် သုတ်လိမ်းထားပါ။ဆယ်မိနစ်ခန့်ထားကာ သွားပွတ်တံဖြင့်ညင်သာစွာတိုက်ပေးပါ။တနေ့ ၂ကြိမ် ၃ကြိမ်ပြုလုပ်ပါက ပိုမိုသိသာစွာသက်သာစေပါတယ်။
(4)မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါသုံးခြင်းဖြင့် မိူပိုးသေစေနိုင်ပြီး အနံ့ဆိုးများကာကွယ်ပေးပါတယ်။ရေပူ ၄ခွက်ကို မုနါ့ဖုတ်ဆိုဒါ ခွက်တဝက်/3% ဟိုင်ဒရိုဂျင်ပါအောက်ဆိုဒ်/ဆားခွက်တဝက်/ရှာလကာရည်တဝက် ရောမွှေပါ။အဆိုပါ အရည်ထဲကို ဆယ်မိနစ်ခန့်စိမ်ထားပါ။ပြီးလျှင်ရေဆေးချပါ။
(5)ရှာလကာအဖြူရည်
အရေပြားpHကို ထိန်းပြီးမိူပိုးကိုသေစေနိုင်တဲ့လွယ်ကူသော ရှာလကာအဖြူရည် သည် အိမ်တွင်းဆေးနည်းကောင်းတမျိုးဖြစ်ပါတယ်။ရေနွေး၂ဆနှင့် ရှာလကာအဖြူရည်၁ဆရောကာ ခြေသည်းလက်သည်းကို ၁၅မိနစ်စိမ်ပြီး ရေဆေးချလိုက်ပါ။ခြောက်သွေ့အောင်သုတ်ထားပါ။တနေ့၂ကြိမ်ပြုလုပ်ပါက မိူပိုးကိုသေချာစွာ ကုသနိုင်ပါတယ်။
(6)လစ်စထရင်းပါးစပ်ဆေးရည်
သင့်အိမ်တွင် လစ်ထရင်းပါးစပ်ဆေးရည်တွင် ခြေသည်းလက်သည်းကို နာရီဝက်စိမ်ပါ။ပြီးနောက် ညင်သာစွာပွတ်လိုက်ပါ။တနေ့၂ကြိမ်ပြုလုပ်ပေးပါက သိသာစွာကောင်းမွန်လာသည်ကို တွေ့ရှိပါလိမ့်မယ်။
(7)လစ်စထရင်းအရည်နှင့်ရှာလကာရည်အဖြူ
အဆိုပါအရည်၂ခုဆတူရောရျ် ခြေသည်းလက်သည်း နာရီဝက်စိမ်ပါကလည်း မိူကိုသေစေနိုင်ပြီးလွယ်ကူသောနည်းဖြစ်ပါတယ်။
(8)ကြက်သွန်ဖြူအဆီ
သံလွင်ဆီနှင့်ကြက်သွန်ဖြူအဆီကိုဆတူရောရျ် ခြေသည်းလက်သည်းမိူရှိသောနေရာကို လိမ်းရျ်ပတ်တီးဆီးထားပါ။ပိုးသေသည်အထိနေ့စဉ်ပြုလုပ်ပေးပါ။ကြက်သွန်ဖြူကိုစားပေးပါက မိူပိုးသတ်သောအစွမ်းရှိပါသောကြောင့် အမြန်ပျောက်ကင်းစေပါတယ်။
(9)လိမော်ရည်နှင့်သံလွင်ဆီ
လိမော်ရည်နှင့်သံလွင်ဆီဆတူရောရျ် ဖြစ်တဲ့နေရာကို ညင်သာစွာသုတ်လိမ်းပါ။လိမော်ရည်သည်ပိုးသေစေနိုင်သောအစွမ်းရှိကာသံလွင်ဆီကြောင့်အရေပြားနူးညံစေပါတယ်။
(10)ဆားနှင့်ရှာလကာအဖြူရည်
ခြေသည်းလက်သည်းပိုးအတွက် လွယ်ကူသောနည်းလမ်းတစ်ခုမှာ ဆားနှင့်ရှာလကာရည်ရောကာ စိမ်ပေးပါ။သေချာစွာခြောက်သွေ့အောင်ထားပါ။တနေ့၂ကြိမ်ပြုလုပ်ပါက ခြေသည်းပိုးလက်သည်းပိုးကိုသက်သာပျောက်ကင်းစေပါတယ်။
(11)အရက်ပြန်ဆွတ်ခြင်း
နံနက်တိုင်းအရက်ပြန်၇၀%ကို ၂စက်ခန့်အမြဲသုတ်လိမ်းပေးပ့ကလအနည်းငယ်အတွင်း ယားယံသက်သာစေပါတယ်။
(12)ဗီတာမင် အီး
ဗီတာမင်အီးသည် လက်သည်းခြေသည်းမိူပိုးအတွက် အလွန်အသုံးဝင်သောနည်းဖြစ်ပါတယ်။
(13)ဆနွင်းမူန့်
ဆနွင်းမူန့်သည် အံ့သြဖွယ်မိူပိုးသတ်ဆေးတလက်ဖြစ်ပါတယ်။ဆနွင်းမူန့်ကို ခြေသည်းလက်သည်းနေရာကိုသိပ်ထားပါ။ပြီးမှဂအခြောက်ခံကာ ရေဆေးချပါ။
(14)ပင်လယ်ဆားနှင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်
အဆိုပါ၂မျိုးကို ဆတူရော၍ ခြေသည်းလက်သည်းကို စိမ်ထားပေးပါ။နေ့စဉ်ပြုလုပ်ပေးပါက မိူပိုးသေစေပြီး ခြေသည်းလက်သည်းများ ကြည်လင်သန့်ရှင်စေပါတယ်။
အထက်ပါနည်းလမ်းများသည် ခြေသည်းလက်သည်းမိူစွဲခြင်းအတွက် အိမ်တွင်းဆေးနည်းကောင်းများဖြစ်ရျ် ငွေကုန်သက်သာအချိန်ကုန်သက်သာစေသောနည်းလမ်းကောင်းများပင်ဖြစ်ပါတယ်။
Dr. ပြည့်ရှင်း