fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ချွေးတွေက ရွှဲရွှဲ

116
VIEWS
Share on FacebookShare on TwitterShare on Linkedin
05/02/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

တစ္ေန႔ေသာ ညေနခ်မ္းအခါ ဇီဝက ေဆးခန္းသို႔ အၿမဲလာကာစပ္စုေနၾက ဝတ္ဆန္ဆိုတဲ့ သူငယ္မ ေရာက္လာေလ၏ ။

ဇီဝက ။ ။ ဆို ၊လာရင္းကိစၥက ဘာတဲ့တုန္း ၊မိဝတ္ဆန္ ။
ဝတ္ဆန္။ ။ ဒီလို ဆရာေရ ။ညီမေလ ေခြၽးေတြက တအားထြက္တာ ။သူမ်ားနဲ႔ကို မတူဘူး ။ညေန အလုုပ္ကအျပန္ဆို ေခြၽးကြက္ႀကီးမွခ်ိဳင္းၾကားမွာ အႀကီးႀကီး ။အဲတာ စိတ္ညစ္ေနတာ ၊ဆရာေရ ။ဟိုဟာေလးလိမ္းလိုက္ ၊ေက်ာက္ခ်ဥ္ေလးတို႔လိုက္ နဲ႔ ဆရာေရ ။ျဖစ္ေနတာ ၾကာၿပီ ။အဲတာ ဘာေၾကာင့္ ေခြၽးက သူမ်ားေတြထက္ ပိုထြက္ရတာလဲ သိခ်င္လို႔ ၊ဆရာ ။

ဇီဝက ။ ။ ဆရာတို႔ အေနနဲ႔ ေခြၽးထြက္တာကို ေဆးပညာ အရ ဒိုင္ယာဖိုရီးဆစ္Diaphoresis လို႔ေခၚသဟ ။ေခြၽးထြက္လြန္တာကိုက်ေတာ့ hyperhyDrosis လို႔ ေခၚျပန္ေရာ ။ေခြၽးထြက္လြန္တာကို ၂မ်ိဳး ျပန္ခြဲျပန္ေရာ ။

၁)အေၾကာင္းအရင္းမရွိဘဲ ေခြၽးထြက္လြန္တာကို အေျခခံ ဟိုက္ပါ
ဟိုက္ဒ႐ိုဆစ္ Primary Hyperhydrosis တဲ့ ။
၂)အေၾကာင္းအရင္း အေျခခံ တစ္ခုခုေၾကာင့္ျဖစ္တဲ့ ဟိုက္ပါဟိုက္ဒ႐ို
ဆစ္ Secondary Hyperhydrosis ဆိုၿပီး ရွိတယ္ ။

ဝတ္ဆန္ ။ ။သူတို႔ေတြက ဘယ္လို အေၾကာင္းတရားေတြေၾကာင့္ ျဖစ္တာလဲ
ဆရာ ။

ဇီဝက ။ ။ အေျခခံ ေခြၽးထြက္လြန္ျခင္းကေတာ့ တိတိက်က် ေျပာပေလာက္တဲ့အေၾကာင္းအရင္း မရွိဘူး ဟ။ျဖစ္တတ္တာကေတာ့ ကိုယ္လက္လႈပ္ရွားမ်ားရင္ ၊စိတ္လႈွုပ္ရွားရင္ ၊ရာသီဥတုပူျပင္းရင္ အပူအစပ္အစားမ်ားရင္ ေတာ့ ပိုျဖစ္တာေပါ့ ။Secondary hyperhidrosis က်ေတာ့ တခ်ိဳ႕ေသာ ေရာဂါေတြေၾကာင့္ျဖစ္တတ္တယ္ ။ဥပမာ-တီဘီေရာဂါ ၊သိုင္း႐ြိဳင္ဂလင္းေရာဂါ ၊  က်ဴမာအႀကိတ္အဖုေရာဂါေတြ ။တခ်ိဳ႕က်ေတာ့လည္း ေသြးဆုံးကိုင္ခါနီးျဖစ္တယ္ ။တခ်ိဳ႕ဆိုရင္ေတာ့ မွီဝဲတဲ့ေဆးဝါးအေပၚျပန္လည္ တုန႔္ျပန္တဲ့အေျခအေနေတြ မွာ ျဖစ္တတ္တယ္ ။ဝတ္ဆန္။ ။ ေခြၽးကေလ ခ်ိဳင္းေတြအျပင္ ဘယ္ေနရာေတြကေရာ ထြက္တတ္ေသးလဲ ဆရာ ။

ဇီဝက ။ ။ အထူးသျဖင့္ ေခြၽးဂလင္းရွိတဲ့ေနရာေတြေပါ့ ဟာ ။
ခ်ိဳင္းၾကား ၊ေျခဖဝါး လက္ဖဝါး ၊မ်က္ႏွာတစ္ဝိုက္တို႔ေပါ့ ။

ဝတ္ဆန္။ ။ ဘယ္လိုလုပ္ရင္ ေပ်ာက္မလဲ ၊ဆရာ ။

ဇီဝက ။ ။ အဲတာကေတာ့ ျဖစ္တဲ့ အမ်ိဳးအစားေပၚမူတည္တယ္ ။Secondary Hyperhydrosis ဆိုရင္ ျဖစ္ရတဲ့ အေၾကာင္းအရင္းကိုရွာကုရတာေပါ့ ။ဥပမာ-သိုင္း႐ြိဳက္ အႀကိတ္ကိုကုတာမ်ိဳး ။
Primary Hyperhydrosis က်ေတာ့ အဓိက ကေတာ့ သက္သာေအာင္လုပ္ေပးလို႔ရတယ္ဟာ ။ေခြၽးပိုထြက္ေစမယ့္ အေနအထိုင္မ်ိဳးေရွာင္ေပါ့ဟာ ။အပူအစပ္ေရွာင္ ။ေနပူထဲ မေနနဲ႔ ။ကိုယ္လက္
လႈပ္ရွားျပင္းထန္စြာ မလုပ္နဲ႔ ။မိမိေနတဲ့ အခန္းေတြ ေလဝင္ေလထြက္ေကာင္းပါေစ ။အဝတ္အစားေတြ ပါးလ် ၿပီးေလဝင္ေလထြက္ေကာင္းပါေစ ။မ်က္ႏွာကို ျခယ္သရင္လည္း ထူပိန္းမေနေစနဲ႔ ။ေခြၽးတိတ္လိမ္းေဆး anti-perspirants ေတြလိမ္း ။ခ်ိဳင္းၾကားဆိုရင္ ေက်ာက္ခ်ဥ္လည္းသုံးလို႔ ရတယ္ ။ပိုဆိုးလာရင္ေတာ့ ဘိုေတာက္စ္ Botox ထိုးေဆးနဲ႔ ကုတာမ်ိဳး ၊ခြဲစိတ္ကုတာမ်ိဳးေတာ့ အလွအပေရးရာ ဆရာဝန္ေတြနဲ႔ တိုင္ပင္ကုသလို႔ရတယ္ ။

ဝတ္ဆန္ ။ ။ ေက်းဇူးတင္လိုက္တာ ၊ဆရာရယ္ ။ခုမွ အျပည့္အ၀ သိေတာ့တယ္ ။ဆရာေျပာသလို အရင္ဆုံးအေနအထိုင္ေတြ ဆင္ျခင္ၾကည့္တာ ေကာင္းမယ္ေနာ္ ။

ဇီဝက ။ ။ ေအးေပါ့ကြာ ။ညည္းမွာက ေရာဂါေထြေထြျပားျပားမွ မရွိတာ ။ဆရာ ေျပာသလိုသာ အရင္ က်င့္သုံးၾကည့္ ၊ဟုတ္ၿပီလား ။

ဝတ္ဆန္ ။ ။ ဟုတ္ကဲ့ပါ ၊ဆရာ ။ျပန္ခြင့္ျပဳပါဦးေနာ္ ။

ဇီဝက ။ ။ ေအး ၊ေအး ။

Author – ေခတ္သစ္ ဇီဝက

( Unicode )

တစ်နေ့သော ညနေချမ်းအခါ ဇီဝက ဆေးခန်းသို့ အမြဲလာကာစပ်စုနေကြ ဝတ်ဆန်ဆိုတဲ့ သူငယ်မ ရောက်လာလေ၏ ။

ဇီဝက ။ ။ ဆို ၊လာရင်းကိစ္စက ဘာတဲ့တုန်း ၊မိဝတ်ဆန် ။
ဝတ်ဆန်။ ။ ဒီလို ဆရာရေ ။ညီမလေ ချွေးတွေက တအားထွက်တာ ။သူများနဲ့ကို မတူဘူး ။ညနေ အလုုပ်ကအပြန်ဆို ချွေးကွက်ကြီးမှချိုင်းကြားမှာ အကြီးကြီး ။အဲတာ စိတ်ညစ်နေတာ ၊ဆရာရေ ။ဟိုဟာလေးလိမ်းလိုက် ၊ကျောက်ချဉ်လေးတို့လိုက် နဲ့ ဆရာရေ ။ဖြစ်နေတာ ကြာပြီ ။အဲတာ ဘာကြောင့် ချွေးက သူများတွေထက် ပိုထွက်ရတာလဲ သိချင်လို့ ၊ဆရာ ။

ဇီဝက ။ ။ ဆရာတို့ အနေနဲ့ ချွေးထွက်တာကို ဆေးပညာ အရ ဒိုင်ယာဖိုရီးဆစ်Diaphoresis လို့ခေါ်သဟ ။ချွေးထွက်လွန်တာကိုကျတော့ hyperhyDrosis လို့ ခေါ်ပြန်ရော ။ချွေးထွက်လွန်တာကို ၂မျိုး ပြန်ခွဲပြန်ရော ။

၁)အကြောင်းအရင်းမရှိဘဲ ချွေးထွက်လွန်တာကို အခြေခံ ဟိုက်ပါ
ဟိုက်ဒရိုဆစ် Primary Hyperhydrosis တဲ့ ။
၂)အကြောင်းအရင်း အခြေခံ တစ်ခုခုကြောင့်ဖြစ်တဲ့ ဟိုက်ပါဟိုက်ဒရို
ဆစ် Secondary Hyperhydrosis ဆိုပြီး ရှိတယ် ။

ဝတ်ဆန် ။ ။သူတို့တွေက ဘယ်လို အကြောင်းတရားတွေကြောင့် ဖြစ်တာလဲ
ဆရာ ။

ဇီဝက ။ ။ အခြေခံ ချွေးထွက်လွန်ခြင်းကတော့ တိတိကျကျ ပြောပလောက်တဲ့အကြောင်းအရင်း မရှိဘူး ဟ။ဖြစ်တတ်တာကတော့ ကိုယ်လက်လှုပ်ရှားများရင် ၊စိတ်လှုှုပ်ရှားရင် ၊ရာသီဥတုပူပြင်းရင် အပူအစပ်အစားများရင် တော့ ပိုဖြစ်တာပေါ့ ။Secondary hyperhidrosis ကျတော့ တချို့သော ရောဂါတွေကြောင့်ဖြစ်တတ်တယ် ။ဥပမာ-တီဘီရောဂါ ၊သိုင်းရွိုင်ဂလင်းရောဂါ ၊  ကျူမာအကြိတ်အဖုရောဂါတွေ ။တချို့ကျတော့လည်း သွေးဆုံးကိုင်ခါနီးဖြစ်တယ် ။တချို့ဆိုရင်တော့ မှီဝဲတဲ့ဆေးဝါးအပေါ်ပြန်လည် တုန့်ပြန်တဲ့အခြေအနေတွေ မှာ ဖြစ်တတ်တယ် ။ဝတ်ဆန်။ ။ ချွေးကလေ ချိုင်းတွေအပြင် ဘယ်နေရာတွေကရော ထွက်တတ်သေးလဲ ဆရာ ။

ဇီဝက ။ ။ အထူးသဖြင့် ချွေးဂလင်းရှိတဲ့နေရာတွေပေါ့ ဟာ ။
ချိုင်းကြား ၊ခြေဖဝါး လက်ဖဝါး ၊မျက်နှာတစ်ဝိုက်တို့ပေါ့ ။

ဝတ်ဆန်။ ။ ဘယ်လိုလုပ်ရင် ပျောက်မလဲ ၊ဆရာ ။

ဇီဝက ။ ။ အဲတာကတော့ ဖြစ်တဲ့ အမျိုးအစားပေါ်မူတည်တယ် ။Secondary Hyperhydrosis ဆိုရင် ဖြစ်ရတဲ့ အကြောင်းအရင်းကိုရှာကုရတာပေါ့ ။ဥပမာ-သိုင်းရွိုက် အကြိတ်ကိုကုတာမျိုး ။
Primary Hyperhydrosis ကျတော့ အဓိက ကတော့ သက်သာအောင်လုပ်ပေးလို့ရတယ်ဟာ ။ချွေးပိုထွက်စေမယ့် အနေအထိုင်မျိုးရှောင်ပေါ့ဟာ ။အပူအစပ်ရှောင် ။နေပူထဲ မနေနဲ့ ။ကိုယ်လက်
လှုပ်ရှားပြင်းထန်စွာ မလုပ်နဲ့ ။မိမိနေတဲ့ အခန်းတွေ လေဝင်လေထွက်ကောင်းပါစေ ။အဝတ်အစားတွေ ပါးလျ ပြီးလေဝင်လေထွက်ကောင်းပါစေ ။မျက်နှာကို ခြယ်သရင်လည်း ထူပိန်းမနေစေနဲ့ ။ချွေးတိတ်လိမ်းဆေး anti-perspirants တွေလိမ်း ။ချိုင်းကြားဆိုရင် ကျောက်ချဉ်လည်းသုံးလို့ ရတယ် ။ပိုဆိုးလာရင်တော့ ဘိုတောက်စ် Botox ထိုးဆေးနဲ့ ကုတာမျိုး ၊ခွဲစိတ်ကုတာမျိုးတော့ အလှအပရေးရာ ဆရာဝန်တွေနဲ့ တိုင်ပင်ကုသလို့ရတယ် ။

ဝတ်ဆန် ။ ။ ကျေးဇူးတင်လိုက်တာ ၊ဆရာရယ် ။ခုမှ အပြည့်အ၀ သိတော့တယ် ။ဆရာပြောသလို အရင်ဆုံးအနေအထိုင်တွေ ဆင်ခြင်ကြည့်တာ ကောင်းမယ်နော် ။

ဇီဝက ။ ။ အေးပေါ့ကွာ ။ညည်းမှာက ရောဂါထွေထွေပြားပြားမှ မရှိတာ ။ဆရာ ပြောသလိုသာ အရင် ကျင့်သုံးကြည့် ၊ဟုတ်ပြီလား ။

ဝတ်ဆန် ။ ။ ဟုတ်ကဲ့ပါ ၊ဆရာ ။ပြန်ခွင့်ပြုပါဦးနော် ။

ဇီဝက ။ ။ အေး ၊အေး ။

Author – ခေတ်သစ် ဇီဝက

Previous Post

အၿငိမ္မေနတဲ့ေျခေထာက္

Next Post

လက်မစုပ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်မစုပ်ခြင်း

သက်ငယ်အိမ်ထောင်ပြုခြင်း

သာမန် စိတ်ကြွရောဂါနှင့် အပြင်းစား စိတ်ကြွရောဂါ (Hypomania ၊ Mania)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.