fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အသည်းကျန်းမာရေးအတွက် အစားအသောက်များ

413
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အသည္းက်န္းမာေရးအတြက္ အစားအေသာက္မ်ား

တေန႔တာ စားသံုးေသာ အစားအေသာက္မ်ားတြင္ အသည္းကို ထိခိုက္ေစသည့္ ဓာတုပစၥည္းမ်ားကင္းစင္ေရးႏွင့္ အသည္း၏ လုပ္ငန္းေဆာင္တာမ်ားေဆာင္ရြက္ရန္ လိုအပ္ေသာ အဟာရဓာတ္မ်ား ျပည့္စံုစြာရရွိေစေရးသည္ အသည္းက်န္းမာေရး အတြက္ အေျခခံအက်ဆံုး စားေသာက္မႈပံုစံပင္ျဖစ္သည္။ အစာအုပ္စု (၃)စုစလံုး ပါဝင္ေအာင္စားသံုးရမည္ျဖစ္ၿပီး အထူးသျဖင့္ ဗီတာမင္ဘီ၊ ဗီတာမင္စီႏွင့္ သတၱဳဓာတ္မ်ားႂကြယ္ဝေသာ အစားအေသာက္မ်ားသည္ အသည္းက်န္းမာေရးအတြက္ အေကာင္းဆံုးျဖစ္သျဖင့္ ၎တို႔ကို ပိုမိုစားသံုးေပသင့္သည္။

အသည္းအတြက္ စားသံုးသင့္သည့္ အစားအေသာက္မ်ား

၁။ တိရိစာၦန္အသည္းအမ်ိဳးမ်ိဳး

အသည္းအမ်ိဳးမ်ိဳးတြင္ သံဓာတ္ႏွင့္ ဗီတာမင္ဓာတ္မ်ား ျပည့္ဝစြာပါဝင္သျဖင့္ ၎တို႔ကို စားသံုျခင္းျဖင့္ မိမိတို႔အသည္း၏ လုပ္ငန္းေဆာင္တာမ်ားအတြက္လည္း လိုအပ္ေသာ အဟာရမ်ား ရရွိေစႏိုင္သည္။ ဝက္အသည္းႏွင့္ အသားတိုးေမြးျမဴေသာ တိရိစာၦန္မ်ားမွရသည့္ အသည္းမ်ားထက္ အိမ္ၾကက္၊ ေခ်ာင္းငါး၊ ျမစ္ငါးႏွင့္ ဆိတ္ အမဲစသည့္တို႔မွ ရေသာ အသည္းမ်ားကိုသာ ပိုမိုစားသံုးေပးသင့္သည္။

၂။ အပြင့္အရြက္မ်ား

ဘရိုကိုလီ၊ ကိုက္လန္၊ မုန္ညႇင္းႏွင့္ ပန္းေဂၚဖီကဲ့သုိ႔ေသာ အပြင့္အရြက္မ်ားတြင္ အဆိပ္အေတာက္မ်ား ဖယ္ရွားေပးႏိုင္ေသာ ဓာတ္ပစၥည္းမ်ားႏွင့္ ဗီတာမင္ဓာတ္မ်ား ျပည့္ဝစြာ ပါဝင္သည့္အျပင္ အစာေျခလုပ္ငန္းကိုလည္း အေထာက္အကူေပးႏိုင္သျဖင့္ အသည္းက်န္းမာေရးအတြက္ အထူးဂရုျပဳ စားသံုးသင့္သည္။

၃။ ဥအမ်ိဳးမ်ိဳး

ပံုစံမ်ိဳးစံျဖင့္ စားသံုးႏိုင္ေသာ (ဥစားၾကက္ဥမဟုတ္ေသာ)  ဥအမ်ိဳးမ်ိဳးတြင္လည္း ဗီတာမင္ေအ၊ ဗီတာမင္ဒီႏွင့္ Fatty acids မ်ား မ်ားစြာပါဝင္သျဖင့္ အသည္း က်န္းမာေရးအတြက္ စားသံုးေပး သင့္သည္။

၄။ ခ်ဥ္ေသာ အသီးအႏွံမ်ား

သံပရာသီး၊ ေရွာက္သီး၊ သံပရိုသီးႏွင့္ ဂရိတ္ဖရုသီးမ်ားတြင္ ခႏၶာကိုယ္အတြက္ လိုအပ္ေသာ ဗီတာမင္စီ၊ ပိုတက္ဆီယမ္ႏွင့္ အျခားေသာ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား ျပည့္ဝစြာပါဝင္ၿပီး ခႏၶာကိုယ္မွ အဆိပ္အေတာက္မ်ားကိုလည္း ဖယ္ရွားေပးႏိုင္သျဖင့္ မိမိႏွစ္သက္သလို စားသံုးေပးႏိုင္သည္။

၅။ အစိမ္းေရာင္ရွိေသာ အရြက္မ်ား

ကဇြန္းရြက္၊ ဟင္းႏုနယ္၊ ကိုက္လန္၊ မုန္ညႇင္း၊ ဆလပ္စသည့္ အရြက္မ်ားတြင္လည္း ပိုတက္ဆီယမ္ႏွင့္ သတၱဳဓာတ္မ်ား မ်ားစြာပါဝင္သျဖင့္ ၎တို႔ကိုလည္း အသည္းက်န္းမာေရးအတြက္ မၾကာခဏ စားသံုးေပးသင့္သည္။

၆။ ၾကက္သြန္ျဖဴ

ေသြးတြင္းရွိ အဆိပ္အေတာက္ေျပေစျခင္းႏွင့္အတူ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား မ်ားစြာပါဝင္သျဖင့္ ၾကက္သြန္ျဖဴသည္ အသည္းအတြက္ သင့္ေတာ္ေသာ အစာ တမ်ိဳးျဖစ္သည္။ ခ်က္ျပဳတ္၍ စားသံုးျခင္းထက္ အစိမ္းစားသံုးျခင္းက ပို၍ေကာင္းသည္။

၇။ ဘယ္ရီသီးမ်ား

ဘလူးဘယ္ရီသီးကဲ့သို႔ေသာ အသီးအႏွံမ်ားတြင္ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား၊ ကင္ဆာဆန္႔က်င္ပစၥည္းမ်ားႏွင့္ ေရာင္ရမ္းျခင္းကို က်ေစႏိုင္ေသာ ပစၥည္းမ်ား မ်ားစြာ ပါဝင္သလို ကိုယ္ခံအားစနစ္ကို ေကာင္းေစႏိုင္ၿပီး အသည္းပ်က္စီးျခင္းကို ကာကြယ္ ေပးႏိုင္သျဖင့္ ဘယ္ရီသီး အသီး/အရည္မ်ား မၾကာခဏ စားသံုးေပးသင့္သည္။

၈။ ေထာပတ္သီး

အသည္းပ်က္စီးျခင္းမွကာကြယ္ေပးႏိုင္ေသာ ဓာတ္ပစၥည္းမ်ား၊ ဗီတာမင္‘E’၊ ဗီတာမင္‘K’၊ ပိုတက္ဆီယမ္ဓာတ္မ်ား၊ အမွ်င္ဓာတ္မ်ားႏွင့္ ေကာင္းေသာအဆီဓာတ္မ်ား မ်ားစြာပါဝင္ၿပီး ေရွာက္သီး၊ သံပရာသီးစသည့္ ဗီတာမင္ ‘C’ ဓာတ္ မ်ားစြာပါဝင္ေသာ အသီးအႏွံမ်ားႏွင့္တြဲ၍ စားသံုးေပးျခင္းျဖင့္ အသည္းက်န္းမာေရးအတြက္ ပိုမိုေကာင္းမြန္ေသာ အက်ိဳးေက်းဇူးကို ရရွိေစႏိုင္သည္။

၉။ ေကာ္ဖီ

ေကာ္ဖီေသာက္သံုးျခင္းျဖင့္ အသည္းေျခာက္ျခင္းႏွင့္ အသည္းကင္ဆာကို ကာကြယ္ ေပးႏိုင္ေသာ္လည္း မႈိႏွင့္ အစိုျပန္ျခင္းမရွိသည့္ အသင့္ေသာက္ေကာ္ဖီ မဟုတ္ေသာ သဘာဝေကာ္ဖီမ်ိဳးကိုသာ ေသာက္သံုးေပးသင့္သည္။

၁၀။ လဘက္စိမ္းလဘက္ရည္

လဘက္စိမ္းတြင္ အသည္းက်န္းမာေရးအတြက္ အလြန္ေကာင္းမြန္ေသာ ဓာတ္တိုး ဆန႔္က်င္ပစၥည္းမ်ား ႂကြယ္ဝစြာ ပါဝင္သျဖင့္ ပံုမွန္ေသာက္သံုးေပးျခင္းျဖင့္ အဆီက်ေစ ႏိုင္ရံုသာမက အသည္းကင္ဆာကို ကာကြယ္ေပးျခင္းေၾကာင့္ သဘာဝ လဘက္စိမ္း လဘက္ရည္ကို မၾကာခဏေသာက္သံုးေပးသင့္သည္။

၁၁။ အဆီမ်ားေသာငါးမ်ားႏွင့္ ငါးႀကီးဆီ

အဆီမ်ားေသာ ငါးမ်ားႏွင့္ Omega 3 ဟုေခၚေသာ ငါးႀကီးဆီတြင္ပါဝင္သည့္ အဆီတမ်ိဳးသည္ အသည္းအင္ဇိုင္းမ်ားကို ပံုမွန္ျဖစ္ေစႏိုင္ရံုသာမက ေရာင္ရမ္းျခင္းကို က်ေစႏိုင္သျဖင့္ အသည္းပ်က္စီးျခင္းကိုလည္း ကာကြယ္ေပးႏိုင္သည္။

၁၂။ အခြံမာေသာ အေစ့အဆံမ်ား

သစ္ၾကားေစ့ကဲ့သို႔ေသာ အခြံမာသီးမ်ားအေနႏွင့္ အသည္းအတြက္လိုအပ္ေသာ ေကာင္းမြန္သည့္အဆီဓာတ္မ်ား မ်ားစြာပါဝင္ၿပီး ခႏၶာကိုယ္အတြင္း မလိုအပ္သည့္ အဆိပ္အေတာက္မ်ား ဖယ္ရွားျခင္းကိုလည္း အေထာက္အကူေပးသျဖင့္ အခြံမာအေစ့ အဆံမ်ားကို မၾကာခဏစားသံုးေပးသင့္သည္။

၁၃။ စပီရူလိုင္းနားေရညႇိ

စပီရူလိုင္းနာေရညႇိတြင္ အသားဓာတ္၊ ဗီတာမင္ဓာတ္၊ သတၱဳဓာတ္မ်ားႏွင့္ ဓာတ္တိုး ဆန္႔က်င္ပစၥည္းမ်ား မ်ားစြာပါဝင္သျဖင့္ ကိုယ္ခံအားစနစ္ေကာင္းေစရံုသာမက အဆိပ္ အေတာက္မ်ားေၾကာင့္ျဖစ္ေသာ အသည္းဆဲလ္မ်ား ပ်က္စီးျခင္းမ်ားကိုလည္း သက္သာ ေစႏိုင္သည္။

၁၃။ သံလြင္ဆီ

သံလြင္ဆီကို စားဆီအျဖစ္အသံုးျပဳေပးျခင္းျဖင့္ အသည္းအင္ဇိုင္းမ်ား ထိန္းညႇိေပး ႏိုင္ရံုသာမက အသဲအဆီဖံုးျခင္းကိုလည္း ကာကြယ္ေပးႏိုင္သျဖင့္ အစားအေသာက္မ်ား ခ်က္ျပဳတ္ျပင္ဆင္ရာတြင္ သံလြင္ဆီကို အသံုးျပဳေပးႏိုင္သည္။ သို႔ေသာ္ ေၾကာ္ခ်က္ၿပီး၍ ပိုေသာ ဆီမ်ားကို ျပန္သံုးရန္မသင့္သျဖင့္ ဟင္းမ်ားျပင္ဆင္ရာတြင္ လိုအပ္ေသာ အနည္းဆံုး ဆီပမာဏကိုသာ ထည့္သြင္းသံုးျပဳရန္လိုသည္။

အသည္းအတြက္ ေရွာင္သင့္ေသာ အစားအေသာက္မ်ား

အသည္းအတြက္အဆိပ္အေတာက္ ျဖစ္ေစႏိုင္သည့္ အစားအေသာက္မ်ား လြန္ကဲစြာစားသံုးျခင္း၊ အဟာရခ်ိဳ႕တဲ့ျခင္း၊ အရက္ဘီယာ လြန္ကဲစြာေသာက္သံုးျခင္းႏွင့္ ကိုယ္အေလးခ်ိန္ မ်ားလာျခင္းေၾကာင့္ အသည္းအဆီဖံုးျခင္းမွသည္ အသည္းေျခာက္ ေရာဂါႏွင့္ အသည္းကင္ဆာေရာဂါမ်ား တဆက္တည္း ခံစားရႏိုင္သျဖင့္ အသည္း က်န္းမာေရး အတြက္ ေရွာင္က်ဥ္သင့္ သည့္ အစားအေသာက္မ်ားကို သိရွိထားရန္ လိုၿပီး အထူးဂရုျပဳ ေရွာင္က်ဥ္ ၾကရန္လည္းလိုသည္။

အသည္းက်န္းမာေရးအတြက္ ေရွာင္က်ဥ္သင့္သည့္ အစားအေသာက္မ်ားမွာ

– အရက္အမ်ိဳးမ်ိဳး

– အသင့္စား အစားအေသာက္မ်ား

– သန္႔စင္ထားေသာ သၾကားမ်ား

– အခ်ိဳဓာတ္ လြန္ကဲသည့္ အစားအေသာက္မ်ား

– အသားတိုးေမြးျမဴထားေသာ အသားငါးမ်ား

– ႏို႔ဆီႏွင့္ ျပဳျပင္ထားေသာ ႏို႔အမ်ိဳးမ်ိဳး (ေထာပတ္၊ ဒိန္ခဲ)

– ဓာတုေဗဒ ဓာတ္ေျမၾသဇာႏွင့္ ပိုးသတ္ေဆးမ်ားျဖင့္ စိုက္ပ်ိဳးထားသည့္ အသီးအႏွံမ်ား

– သဘာဝအတိုင္းမဟုတ္ေသာ အသီးအႏွံမ်ား (အလြန္ႀကီးမားသည့္ ၾကက္သြန္၊ အာလူးစသည္ျဖင့္)

စသည္တို႔အျပင္ မလိုအပ္ပဲ ေဆးဝါးမ်ား ေသာက္သံုးျခင္း (အထူးသျဖင့္ အကိုက္အခဲ ေပ်ာက္ေဆးမ်ား) သည္လည္း အသည္းအတြက္ အဆိပ္အေတာက္မ်ား ျဖစ္ေစႏိုင္သျဖင့္ ဆရာဝန္ၫႊန္ၾကားခ်က္မရွိပဲ ေဆးဝါးမ်ား ေသာက္သံုးျခင္းကိုလည္း အထူးဂရုျပဳ ေရွာင္က်ဥ္ၾကရန္လိုသည္။

အသည္းေရာဂါ ကာကြယ္လိုသူမ်ားအတြက္ က်န္းမာေရးအႀကံျပဳခ်က္မ်ား ဂရုျပဳလိုက္နာျခင္းႏွင့္ လိုအပ္လွ်င္ အသည္းအားေဆးမ်ားႏွင့္ အသည္းအတြက္ ျဖည့္စြက္စာမ်ား သံုးစြဲေပးျခင္းကိုလည္း ျပဳလုပ္ေပးႏိုင္သည္။ အသည္းအားေဆးမ်ားကို ေစ်းကြက္အတြင္း အလြယ္တကူ ဝယ္ယူရရွိႏိုင္ၿပီး နားလည္တတ္ကၽြမ္းေသာ ဆရာဝန္ႏွင့္ တိုင္ပင္ကာ က်န္းမာေရးစစ္ေဆးမႈ ပံုမွန္ခံယူျခင္းႏွင့္ လိုအပ္လွ်င္ ၫႊန္ၾကားေသာ ေဆးဝါးမ်ားကို ႀကိဳတင္သံုးစြဲျခင္းျဖင့္ အသည္းအဆီဖံုးျခင္း၊ အသည္း ေျခာက္ျခင္းႏွင့္ အသည္းကင္ဆာေရာဂါမ်ားမွ ကာကြယ္ႏိုင္မည္ျဖစ္သည္။

အသည္းေရာဂါျပႆနာမ်ားမွ ကင္းေဝးၾကပါေစ။

Dr.တင့္တယ္

(Unicode)

အသည်းကျန်းမာရေးအတွက် အစားအသောက်များ

တနေ့တာ စားသုံးသော အစားအသောက်များတွင် အသည်းကို ထိခိုက်စေသည့် ဓာတုပစ္စည်းများကင်းစင်ရေးနှင့် အသည်း၏ လုပ်ငန်းဆောင်တာများဆောင်ရွက်ရန် လိုအပ်သော အဟာရဓာတ်များ ပြည့်စုံစွာရရှိစေရေးသည် အသည်းကျန်းမာရေး အတွက် အခြေခံအကျဆုံး စားသောက်မှုပုံစံပင်ဖြစ်သည်။ အစာအုပ်စု (၃)စုစလုံး ပါဝင်အောင်စားသုံးရမည်ဖြစ်ပြီး အထူးသဖြင့် ဗီတာမင်ဘီ၊ ဗီတာမင်စီနှင့် သတ္တုဓာတ်များကြွယ်ဝသော အစားအသောက်များသည် အသည်းကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သဖြင့် ၎င်းတို့ကို ပိုမိုစားသုံးပေသင့်သည်။

အသည်းအတွက် စားသုံးသင့်သည့် အစားအသောက်များ

၁။ တိရိစ္ဆာန်အသည်းအမျိုးမျိုး

အသည်းအမျိုးမျိုးတွင် သံဓာတ်နှင့် ဗီတာမင်ဓာတ်များ ပြည့်ဝစွာပါဝင်သဖြင့် ၎င်းတို့ကို စားသုံခြင်းဖြင့် မိမိတို့အသည်း၏ လုပ်ငန်းဆောင်တာများအတွက်လည်း လိုအပ်သော အဟာရများ ရရှိစေနိုင်သည်။ ဝက်အသည်းနှင့် အသားတိုးမွေးမြူသော တိရိစ္ဆာန်များမှရသည့် အသည်းများထက် အိမ်ကြက်၊ ချောင်းငါး၊ မြစ်ငါးနှင့် ဆိတ် အမဲစသည့်တို့မှ ရသော အသည်းများကိုသာ ပိုမိုစားသုံးပေးသင့်သည်။

၂။ အပွင့်အရွက်များ

ဘရိုကိုလီ၊ ကိုက်လန်၊ မုန်ညှင်းနှင့် ပန်းဂေါ်ဖီကဲ့သို့သော အပွင့်အရွက်များတွင် အဆိပ်အတောက်များ ဖယ်ရှားပေးနိုင်သော ဓာတ်ပစ္စည်းများနှင့် ဗီတာမင်ဓာတ်များ ပြည့်ဝစွာ ပါဝင်သည့်အပြင် အစာခြေလုပ်ငန်းကိုလည်း အထောက်အကူပေးနိုင်သဖြင့် အသည်းကျန်းမာရေးအတွက် အထူးဂရုပြု စားသုံးသင့်သည်။

၃။ ဥအမျိုးမျိုး

ပုံစံမျိုးစံဖြင့် စားသုံးနိုင်သော (ဥစားကြက်ဥမဟုတ်သော)  ဥအမျိုးမျိုးတွင်လည်း ဗီတာမင်အေ၊ ဗီတာမင်ဒီနှင့် Fatty acids များ များစွာပါဝင်သဖြင့် အသည်း ကျန်းမာရေးအတွက် စားသုံးပေး သင့်သည်။

၄။ ချဉ်သော အသီးအနှံများ
သံပရာသီး၊ ရှောက်သီး၊ သံပရိုသီးနှင့် ဂရိတ်ဖရုသီးများတွင် ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်စီ၊ ပိုတက်ဆီယမ်နှင့် အခြားသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပြည့်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်သဖြင့် မိမိနှစ်သက်သလို စားသုံးပေးနိုင်သည်။

၅။ အစိမ်းရောင်ရှိသော အရွက်များ

ကဇွန်းရွက်၊ ဟင်းနုနယ်၊ ကိုက်လန်၊ မုန်ညှင်း၊ ဆလပ်စသည့် အရွက်များတွင်လည်း ပိုတက်ဆီယမ်နှင့် သတ္တုဓာတ်များ များစွာပါဝင်သဖြင့် ၎င်းတို့ကိုလည်း အသည်းကျန်းမာရေးအတွက် မကြာခဏ စားသုံးပေးသင့်သည်။

၆။ ကြက်သွန်ဖြူ

သွေးတွင်းရှိ အဆိပ်အတောက်ပြေစေခြင်းနှင့်အတူ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ များစွာပါဝင်သဖြင့် ကြက်သွန်ဖြူသည် အသည်းအတွက် သင့်တော်သော အစာ တမျိုးဖြစ်သည်။ ချက်ပြုတ်၍ စားသုံးခြင်းထက် အစိမ်းစားသုံးခြင်းက ပို၍ကောင်းသည်။

၇။ ဘယ်ရီသီးများ

ဘလူးဘယ်ရီသီးကဲ့သို့သော အသီးအနှံများတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ကင်ဆာဆန့်ကျင်ပစ္စည်းများနှင့် ရောင်ရမ်းခြင်းကို ကျစေနိုင်သော ပစ္စည်းများ များစွာ ပါဝင်သလို ကိုယ်ခံအားစနစ်ကို ကောင်းစေနိုင်ပြီး အသည်းပျက်စီးခြင်းကို ကာကွယ် ပေးနိုင်သဖြင့် ဘယ်ရီသီး အသီး/အရည်များ မကြာခဏ စားသုံးပေးသင့်သည်။

၈။ ထောပတ်သီး

အသည်းပျက်စီးခြင်းမှကာကွယ်ပေးနိုင်သော ဓာတ်ပစ္စည်းများ၊ ဗီတာမင်‘E’၊ ဗီတာမင်‘K’၊ ပိုတက်ဆီယမ်ဓာတ်များ၊ အမျှင်ဓာတ်များနှင့် ကောင်းသောအဆီဓာတ်များ များစွာပါဝင်ပြီး ရှောက်သီး၊ သံပရာသီးစသည့် ဗီတာမင် ‘C’ ဓာတ် များစွာပါဝင်သော အသီးအနှံများနှင့်တွဲ၍ စားသုံးပေးခြင်းဖြင့် အသည်းကျန်းမာရေးအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးကို ရရှိစေနိုင်သည်။

၉။ ကော်ဖီ

ကော်ဖီသောက်သုံးခြင်းဖြင့် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာကို ကာကွယ် ပေးနိုင်သော်လည်း မှိုနှင့် အစိုပြန်ခြင်းမရှိသည့် အသင့်သောက်ကော်ဖီ မဟုတ်သော သဘာဝကော်ဖီမျိုးကိုသာ သောက်သုံးပေးသင့်သည်။

၁၀။ လဘက်စိမ်းလဘက်ရည်

လဘက်စိမ်းတွင် အသည်းကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်သဖြင့် ပုံမှန်သောက်သုံးပေးခြင်းဖြင့် အဆီကျစေ နိုင်ရုံသာမက အသည်းကင်ဆာကို ကာကွယ်ပေးခြင်းကြောင့် သဘာဝ လဘက်စိမ်း လဘက်ရည်ကို မကြာခဏသောက်သုံးပေးသင့်သည်။

၁၁။ အဆီများသောငါးများနှင့် ငါးကြီးဆီ

အဆီများသော ငါးများနှင့် Omega 3 ဟုခေါ်သော ငါးကြီးဆီတွင်ပါဝင်သည့် အဆီတမျိုးသည် အသည်းအင်ဇိုင်းများကို ပုံမှန်ဖြစ်စေနိုင်ရုံသာမက ရောင်ရမ်းခြင်းကို ကျစေနိုင်သဖြင့် အသည်းပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်သည်။

၁၂။ အခွံမာသော အစေ့အဆံများ

သစ်ကြားစေ့ကဲ့သို့သော အခွံမာသီးများအနေနှင့် အသည်းအတွက်လိုအပ်သော ကောင်းမွန်သည့်အဆီဓာတ်များ များစွာပါဝင်ပြီး ခန္ဓာကိုယ်အတွင်း မလိုအပ်သည့် အဆိပ်အတောက်များ ဖယ်ရှားခြင်းကိုလည်း အထောက်အကူပေးသဖြင့် အခွံမာအစေ့ အဆံများကို မကြာခဏစားသုံးပေးသင့်သည်။

၁၃။ စပီရူလိုင်းနားရေညှိ

စပီရူလိုင်းနာရေညှိတွင် အသားဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များနှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ များစွာပါဝင်သဖြင့် ကိုယ်ခံအားစနစ်ကောင်းစေရုံသာမက အဆိပ် အတောက်များကြောင့်ဖြစ်သော အသည်းဆဲလ်များ ပျက်စီးခြင်းများကိုလည်း သက်သာ စေနိုင်သည်။

၁၃။ သံလွင်ဆီ

သံလွင်ဆီကို စားဆီအဖြစ်အသုံးပြုပေးခြင်းဖြင့် အသည်းအင်ဇိုင်းများ ထိန်းညှိပေး နိုင်ရုံသာမက အသဲအဆီဖုံးခြင်းကိုလည်း ကာကွယ်ပေးနိုင်သဖြင့် အစားအသောက်များ ချက်ပြုတ်ပြင်ဆင်ရာတွင် သံလွင်ဆီကို အသုံးပြုပေးနိုင်သည်။ သို့သော် ကြော်ချက်ပြီး၍ ပိုသော ဆီများကို ပြန်သုံးရန်မသင့်သဖြင့် ဟင်းများပြင်ဆင်ရာတွင် လိုအပ်သော အနည်းဆုံး ဆီပမာဏကိုသာ ထည့်သွင်းသုံးပြုရန်လိုသည်။

အသည်းအတွက် ရှောင်သင့်သော အစားအသောက်များ

အသည်းအတွက်အဆိပ်အတောက် ဖြစ်စေနိုင်သည့် အစားအသောက်များ လွန်ကဲစွာစားသုံးခြင်း၊ အဟာရချို့တဲ့ခြင်း၊ အရက်ဘီယာ လွန်ကဲစွာသောက်သုံးခြင်းနှင့် ကိုယ်အလေးချိန် များလာခြင်းကြောင့် အသည်းအဆီဖုံးခြင်းမှသည် အသည်းခြောက် ရောဂါနှင့် အသည်းကင်ဆာရောဂါများ တဆက်တည်း ခံစားရနိုင်သဖြင့် အသည်း ကျန်းမာရေး အတွက် ရှောင်ကျဉ်သင့် သည့် အစားအသောက်များကို သိရှိထားရန် လိုပြီး အထူးဂရုပြု ရှောင်ကျဉ် ကြရန်လည်းလိုသည်။

အသည်းကျန်းမာရေးအတွက် ရှောင်ကျဉ်သင့်သည့် အစားအသောက်များမှာ

– အရက်အမျိုးမျိုး

– အသင့်စား အစားအသောက်များ

– သန့်စင်ထားသော သကြားများ

– အချိုဓာတ် လွန်ကဲသည့် အစားအသောက်များ

– အသားတိုးမွေးမြူထားသော အသားငါးများ

– နို့ဆီနှင့် ပြုပြင်ထားသော နို့အမျိုးမျိုး (ထောပတ်၊ ဒိန်ခဲ)

– ဓာတုဗေဒ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများဖြင့် စိုက်ပျိုးထားသည့် အသီးအနှံများ

– သဘာဝအတိုင်းမဟုတ်သော အသီးအနှံများ (အလွန်ကြီးမားသည့် ကြက်သွန်၊ အာလူးစသည်ဖြင့်)

စသည်တို့အပြင် မလိုအပ်ပဲ ဆေးဝါးများ သောက်သုံးခြင်း (အထူးသဖြင့် အကိုက်အခဲ ပျောက်ဆေးများ) သည်လည်း အသည်းအတွက် အဆိပ်အတောက်များ ဖြစ်စေနိုင်သဖြင့် ဆရာဝန်ညွှန်ကြားချက်မရှိပဲ ဆေးဝါးများ သောက်သုံးခြင်းကိုလည်း အထူးဂရုပြု ရှောင်ကျဉ်ကြရန်လိုသည်။

အသည်းရောဂါ ကာကွယ်လိုသူများအတွက် ကျန်းမာရေးအကြံပြုချက်များ ဂရုပြုလိုက်နာခြင်းနှင့် လိုအပ်လျှင် အသည်းအားဆေးများနှင့် အသည်းအတွက် ဖြည့်စွက်စာများ သုံးစွဲပေးခြင်းကိုလည်း ပြုလုပ်ပေးနိုင်သည်။ အသည်းအားဆေးများကို ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်ကာ ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူခြင်းနှင့် လိုအပ်လျှင် ညွှန်ကြားသော ဆေးဝါးများကို ကြိုတင်သုံးစွဲခြင်းဖြင့် အသည်းအဆီဖုံးခြင်း၊ အသည်း ခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါများမှ ကာကွယ်နိုင်မည်ဖြစ်သည်။

အသည်းရောဂါပြဿနာများမှ ကင်းဝေးကြပါစေ။

Previous Post

ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းသည် စိတ်ချရပါသလား?

Next Post

သားဥအိမ်ကင်ဆာအကြောင်း အပိုင်း(၂)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားဥအိမ်ကင်ဆာအကြောင်း အပိုင်း(၂)

ပျိုမေတို့နဲ့တင်းတိပ်

အမျိုးသမီးများအတွက် သားသမီးလွယ်ကူစွာ ရနိုင်ရန် နည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.