fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆေးရဲ့ ဆိုးကျိုးများ (၁)

217
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/09/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဆေးရဲ့ ဆိုးကျိုးများ (၁)

ဓာတ်မတည့်ခြင်း

လူတိုင်းနီးပါးဟာ သောက်ဆေး ထိုးဆေး လိမ်းဆေး အမျိုးမျိုးမှာ တစ်ခုမဟုတ်တစ်ခုကိုတော့ နေမကောင်းလို့ဖြစ်စေ အားဆေးအနေနဲ့ဖြစ်စေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ဖြစ်စေ သုံးစွံဖူးကြမှာပါ ။

ဆေး လို့ဆိုလိုက်တာနဲ့ ဆေးတိုင်းမှာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိပါတယ် ကောင်းကျိုးဆိုတာက ဆေးအာနိသင်အရ သုံးစွဲသူမှာ အကျိုးဖြစ်ထွန်းတာပါ ဒီဆေးကို သောက်သုံးလိုက်ခြင်းကြောင့် လူနာမှာ ခံစားနေရတဲ့ရောဂါဝေဒနာသက်သာတာ ပျောက်ကင်းသွားတာပါ ။

ဆိုးကျိုးလို့ ပြောရင်တော့ နှစ်ပိုင်းပါပါတယ် ဆေးမတည့်တာလား ဆေးရဲ့ဘေးထွက်ဆိုးကျိုးလား ဆိုတာ အမြဲပြန်ကြည့်ရပါတယ် ဘယ်ဆေးမဆိုမှာ ဒီဆိုးကျိုးတွေဖြစ်နိုင်တယ် ။

ဆေးမတည့်ဘူးလို့ပြောရင်တော့ ဆေးမှာပါဝင်တဲ့ပစ္စည်းတွေကို ဓာတ်မတည့်တာပါ ဆေးမတည့်တာက တစ်သမတ်တည်းတည်းတွက်လို့မရပါဘူး ပထမတစ်ခါသုံးစွဲတုန်းက ဘာမှမဖြစ်ဘဲ နောက်ပိုင်းတွေမှ ဓာတ်မတည့်တာတွေ ဖြစ်နိုင်တယ် သောက်ဆေးထိုးဆေးတွေမှာ အမျိုးအစားတစ်ခုကိုတည့်ပြီး နောက်အမျိုးအစားကိုမတည့်တာလည်း ဖြစ်နိုင်တယ် ။
ဆေးမတည့်တာက မျိုးရိုးလိုက်တာလည်းရှိသလို မိသားစုထဲမှာ တစ်ဦးတစ်ယောက်တည်းဖောက်ထွက်ပြီး ဓာတ်မတည့်တာလည်းဖြစ်နိုင်တယ် ။

ဆေးမတည့်တာ အများစုကတော့ ပိုးသတ်ဆေးတွေမှာဖြစ်တတ်ကြတယ် ပင်နီဆလင်အုပ်စုတွေ ဆာဖာလ်အုပ်စုတွေ စသဖြင့်ပါ ဘယ်ပိုးသတ်ဆေးမဆို ပေးတော့မယ်ဆိုတိုင်း ဆေးမတည့်တဲ့ ရာဇဝင်ရှိဖူးလားဆိုတဲ့ မေးခွန်းမေးဖို့လိုပါတယ် မေးခွန်းမေးပြီးတိုင်းဖြေတဲ့အဖြေကိုလည်း သေချာမှတ်သားဖို့လိုပါတယ် ။

ပိုးသတ်ဆေးသောက်ဆေးတွေပေးလိုက်တဲ့အခါ ဘယ်အမျိုးအစားပဲဖြစ်စေ တစ်လုံးသောက်ပြီး ဆေးမတည့်သလိုတွေဖြစ်လာတယ်ဆိုရင်ချက်ချင်းပြန်ပြဖို့ မှာလိုက်ရပါတယ် ထိုးဆေးဆိုလည်း ပထမဆုံးအကြိမ်ဆေးထိုးတဲ့အခါ အရင်ဆုံးဆေးပမာဏအနည်းငယ်ကို ဓာတ်တည့်ခြင်းရှိမရှိ စမ်းသပ်ပြီးမှ ထိုးရပါတယ် ။

ပိုးသတ်ဆေးမှမဟုတ်ပါဘူး အကိုက်အခဲပျောက်ဆေး သွေးကျဲဆေး အစာအိမ်ဆေး ချောင်းဆိုးပျောက်ဆေး စတာတွေမှာလည်း ဓာတ်မတည့်တာတွေဖြစ်နိုင်တယ် ယုတ်စွအဆုံးအားဆေးတွေမှာတောင်မှ ဆေးဓာတ်မတည့်တာဖြစ်နိုင်ပါတယ် တစ်ချို့တွေဆို ဆေးမတည့်တာမှာ သောက်ဖို့လိုတဲ့ ဘာမီတွန်လိုဆေးမျိုး စီထရင်းလိုဆေးမျိုးတွေနဲ့ ဓာတ်မတည့်တာလည်းဖြစ်တတ်ပါတယ် ။

လူနာတွေကဒီဆေးနဲ့ဖြင့်မတည့်ပါဘူးလို့ပြောလာရင် ဆေးမတည့်တာသေချာလားကို ပြန်မေးဖို့လိုပါတယ် ဒီဆေးမတည့်တာဘယ်လိုသိလဲတို့ ဆေးသောက်တုန်းက ဘာတွေခံစားရလဲ စသဖြင့်ပြန်မေးဖို့လိုပါတယ် ။

တစ်ချို့လူနာတွေက ဆေးတစ်ခုခုသောက်ပြီး နုန်းသွားတာပဲ လှုပ်ချင်စိတ်မရှိဘူး ခေါင်းမူးနေသလိုပဲ ဆေးမတည့်ဘူးထင်တယ်ဆိုပြီးပြောတတ်ကြတယ် သူတို့တွေစိတ်ထဲ ဒါမျိုးခံစားရတာတွေက ဆေးမတည့်တာလို့ ထင်တတ်ကြတယ် ဒီလိုမျိုးတွေဖြစ်တာက ဆေးမတည့်တာမဟုတ်ပါဘူး တစ်ခြားသောအကြောင်းတစ်ခုခုဖြစ်ဖို့များပါတယ် ။

ဆေးမတည့်တဲ့အခါ လူနာမှာဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေက တစ်ကိုယ်လုံး အင်ပြင်တွေထွက်လာနိုင်တယ် တစ်ကိုယ်လုံးယားနိုင်တယ် မျက်နှာတွေယောင်တာ နီရဲတာတွေဖြစ်နိုင်တယ် ပိုဆိုးလာတဲ့အခါ အသက်ရှူကျပ်ပြီး တရွီှရွီှမြည်တာတွေ သွေးပေါင်ကျတာတွေ အထိ ဖြစ်နိုင်ပါတယ် ။

ဆေးမတည့်တဲ့အခါ သုံးစွဲနေတဲ့ ဆေးကို ချက်ချင်းရပ်လိုက်ဖို့အပြင် ဖြစ်တဲ့ လက္ခဏာအလိုက် အနှေးနဲ့အမြန်ကုသပေးဖို့ လိုအပ်ပါတယ် ။

Dr. CST

Previous Post

နှစ်ခြိုက်စွာအိပ်ပျော်စေရန်

Next Post

လမ်းလျှောက်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
600

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လမ်းလျှောက်ခြင်း

ဆေးရဲ့ဆိုးကျိုးများ (၂)

" လက်မောင်းတွင်းထည့် သန္ဓေတားဆေး "

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.