fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဆေးရဲ့ဆိုးကျိုးများ (၂)

864
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/09/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဆေးရဲ့ဆိုးကျိုးများ (၂)
ဘေးထွက်ဆိုးကျိုး

ဆေးတွေရဲ့ နောက်ထပ် ဆိုးကျိုးကတော့ ဘေးထွက်ဆိုးကျိုးပါ ဆေးတိုင်းမှာဘေးထွက်ဆိုးကျိုးဆိုတာရှိပါတယ် ဆေးတစ်မျိုးမျိုးပေးတော့မယ်ဆိုရင် ဒီဆေးက လူနာအတွက် ကောင်းကျိုးဆိုးကျိုး နှစ်မျိုးလုံးကိုပေးနိုင်ပါတယ် ။

ဆေးရဲ့ ဘေးထွက်ဆိုးကျိုးဆိုတာက ဆေးပမာဏ ဘယ်လောက်မှဖြစ်မယ်လို့ ကြိုမပြောထားပါဘူး ဆေးကိုကြာရှည်စွဲသောက်တဲ့သူတွေမှာတော့ ပိုဖြစ်နိုင်ပါတယ် ဒီလူနာမှာ ဒီဆေးပမာဏနဲ့ ဘေးထွက်ဆိုးကျိုးဖြစ်ပေမယ့် နောက်လူနာမှာ ဒီဆေးပမာဏမှာပဲ ဘေးထွက်ဆိုးကျိုးပေးချင်မှ ပေးမှာပါ ။ရောဂါတစ်မျိုးမျိုးအတွက် ဆေးပေးတယ်ဆိုရင် ဒီဆေးက ရောဂါကို အပြီးကောင်းစေတာလည်းဖြစ်နိုင်သလို ရောဂါကိုအခြေအနေမဆိုးအောင်ထိန်းပေးတာလည်းဖြစ်နိုင်တယ် ရောဂါကိုထိန်းပေးတာမျိုးဆိုရင်တော့ဆေးကိုကြာရှည်စွဲသုံးရဖို့ များပါလိမ့်မယ် ။

လူနာတစ်ယောက်ဟာ ဆေးတစ်မျိုးမျိုးကို အချိန်ကြာမြင့်စွာသုံးစွဲဖို့လိုလာပြီ ဆိုတာနဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးဆိုတာတွေကို သိထားဖို့လည်း လိုလာပါတယ် ဘေးထွက်ဆိုးကျိုးသိထားရုံမျှမကဘူး ဘေးထွက်ဆိုးကျိုးကို သက်သာအောင်ဘာတွေလုပ်ဖို့လိုအပ်လဲဆိုတာကိုပါ သိထားဖို့ လိုအပ်လာပါတယ်။ဥပမာအားဖြင့် သွေးလေးဘက်နာရောဂါသည်တွေ SLE ရောဂါသည်တွေမှာ ပေးနေတဲ့ Methotrexate ဆေးတွေက ရိုးတွင်းခြင်ဆီကိုအားနည်းစေတယ် သွေးအားနည်းစေတယ် ဒီဆေးသောက်သုံးနေတုန်း ကလေးယူခွင့်မရှိဘူး စသဖြင့် သတ်မှတ်ချက်တွေရှိပါတယ် ။

အကိုက်အခဲပျောက်ဆေးတွေက လူနာတွေကို အဖျားကျစေတယ် ခေါင်းကိုက်တာကိုယ်လက်ကိုက်တာတွေကို သက်သာစေတယ် ဒါပေမယ့် အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးက အစာအိမ်ထိတတ်တဲ့အတွက် ဗိုက်အောင့်တတ်တယ် ပါရာစီတမောမဟုတ်တဲ့ တစ်ခြားသော အကိုက်အခဲပျောက်ဆေးတွေဆိုရင် သုံးစွဲတဲ့ ဆေးပမာဏများလာရင် ကျောက်ကပ်ထိခိုက်နိုင်တယ် ။

တီဘီဆေးတွေသောက်ရင် အကြားအာရုံထိခိုက်နိုင်တယ် အသည်းယောင်နိုင်တယ် အသည်းအင်ဇိုင်းတွေများလာတတ်တယ် ကျောက်ကပ်အားနည်းတာမျိုးရှိထားတယ်ဆို တီဘီဆေးတစ်မျိုးကိုကျောက်ကပ်က ကောင်းစွာမဖယ်ရှားနိုင်တာကြောင့် မျက်စိထိခိုက်နိုင်တယ် ဒါကြောင့် တီဘီဆေး မပေးခင်း အသည်းနဲ့ ကျောက်ကပ်အတွက် ကြိုတင်ပြီးစစ်ဆေးသင့်တာတွေ စစ်ဖို့လိုတယ် အမြင်အာရုံ အကြားအာရုံတွေ စစ်ဆေးထားဖို့လိုတယ် တီဘီဆေးသောက်ရင်းအာရုံကြောအားဆေးတွေ ထည့်သောက်ကြတယ် ဒါတွေကြောက်လို့ တီဘီဆေးမသောက်ဘူးဆိုရင်တော့ တီဘီကမပျောက်တဲ့အပြင် အဆုတ်လည်းထိခိုက်နိုင်တယ် အသက်လည်းဒုက္ခပေးတတ်တယ် တစ်ခြားသူတွေလည်းကူးနိုင်ပါတယ် ။

ကင်ဆာရောဂါကို ဆေးသွင်းကုသတဲ့အခါ ဆေးတွေကပြင်းပါတယ် ဆေးတွေသွင်းပြီးတိုင်း ကင်ဆာသက်သာလာတာနဲ့အမျှဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေရဲ့ဒဏ်တွေလည်း ခံစားရစေပါတယ် ဆံပင်ကျွတ်တာ သွေးတိုးစေတာ သွေးအားနည်းစေတာ စသဖြင့်အမျိုးမျိုးပါ ။လေဖြတ်ထားတဲ့လူနာတစ်ချို့ရယ် နှလုံးသွေးကြောဆိုင်ရာရောဂါသည်တွေမှာ သွေးကျဲဆေးတွေစွဲသောက်ဖို့လိုလာတတ်တယ် သွေးကျဲဆေးတွေကအစာအိမ်ထိနိုင်တယ် ခန္ဓာကိုယ်ထဲမှာ သွေးစိမ့်ထွက်တတ်တယ် အရေပြားမှာ အညိုအမည်းတွေ အလိုလိုဖြစ်လာတယ်တယ် ။

ပိုးသတ်ဆေးတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိပါတယ် တစ်ချို့ဆေးတွေ ခြေလက်ထုံကျင်စေတတ်တယ် တစ်ချို့ဆေးတွေဝမ်းပျော့တတ်တယ် တစ်ချို့ဆေးတွေ ကျောက်ကပ်ထိခိုက်နိုင်တယ် တစ်ချို့ဆေးတွေကတော့ အရည်ကြည်ဖုတွေဖြစ်ပြီး အရေပြားပေါက်ပြဲလွယ်တယ် ။ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေမှာ အမှုမဲ့အမှတ်မဲ့ ထားလိုက်လို့ရတာတွေလည်းပါသလို အသက်ကို ချက်ချင်းထိခိုက်စေနိုင်တာတွေလည်း ပါပါတယ် ။
ဒီလို ဘေးထွက်ဆိုးကျိုးအမျိုးမျိုးရှိနေပေမယ့်လည်း တစ်ခါတစ်လေမှာတော့ လူနာအတွက်အကောင်းဆုံးဖြစ်မယ့်ဆေးကို ကောင်းကျိုးနဲ့ ဆိုးကျိုး ယှဉ်ပြီး ပေးနေကြရဦးမှာ ဖြစ်ပါတယ် ။

Dr. CST

Previous Post

လမ်းလျှောက်ခြင်း

Next Post

” လက်မောင်းတွင်းထည့် သန္ဓေတားဆေး “

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
600

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

" လက်မောင်းတွင်းထည့် သန္ဓေတားဆေး "

ဆီးချို ဝေဒနာရှင်တွေ အတွက် အသင့်တော်ဆုံး ဆန် ဘာဖြစ်မလဲ။

ဝမ်းပျော့ပျော့လေး သွားချင်ရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.