ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ပမာဏကို ရရှိမှသာ ကျန်းမာသန်စွမ်းသော ကျန်းမာရေးနှင့်ညီညွှတ်သူလို့ ပြောလို့ရပါတယ်။ လိုအပ်တဲ့စွမ်းအင်ပမာဏထက် ခန္ဓာကိုယ်ကသိမ်းဆည်းထားရင် အဝလွန်ဆိုတာဖြစ်လာပါ တယ်။ ထို့အတူ လိုအပ်တဲ့စွမ်းအင်ပမာဏရအောင် ဖြည့်ဆည်းမပေးနိုင်ပြန်ရင်လည်း အာဟာရချို့တဲ့ခြင်းလို့ သတ်မှတ်ရပါတယ်။ ဒီတော့ညီညွှတ်မျှတတဲ့ အစားအစာကိုပုံမှန်စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းပြုလုပ်ခြင်း၊ ပျော်ရွှင်စရာပတ်ဝန်းကျင်ကောင်းမှာ နေထိုင်ခြင်းဖြင့် လူတန်းစေ့နေထိုင်နိုင်မည်ဖြစ်ပါသည်။
အဝလွန်ခြင်း – အင်္ဂလန်နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံအဝလွန်နေကြပါတယ်။ (BMI>25mg /m2) ဖွံ့ဖြိုးတိုးတက် နေတဲ့နိုင်ငံတွေမှာတော့ အဝလွန်တာကလျော့နည်းနေပြီး အတော်များများကမြို့ပြနေလူတွေမှာ ပိုတွေ့ရပါ တယ်။ အဝလွန်တဲ့အတွက် တချို့ကအရေးတကြီးအနေနဲ့ ပြသကြတယ်။ တချို့ကအဝလွန်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မှ ပြသကြတယ်။ အတော်များများကတော့ ကျန်းမာရေးစစ်ဆေးရင်းနဲ့မှ တွေ့ကြရပါတယ်။
မေး- အဝလွန်သူတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကဘာလဲ။
ဖြေ – ဆီးချိုရောဂါ နံပါတ်(၂)နဲ့ အဝလွန်ဖြစ်နေရင် နှလုံးသွေးကြောကျဉ်းနိုင်တယ်။ အဝလွန်မယ်၊ သွေးတိုးရှိ နေရင် လေဖြတ်ခြင်းဖြစ်နိုင်တယ်။ အဝလွန်ပြီး အသက်ရှုလမ်းကြောင်းမှာ ရှုသွင်းရှုထုတ်ရင် အလုပ်လုပ်ရင်မော မယ်။ အိပ်မပျော်တာ၊ အသက်ရှုလမ်းကြောင်းအလုပ်မလုပ်နိုင်တာတွေ ဖြစ်တတ်ပါတယ်။ အဝလွန်တဲ့အတွက် ဆီးမထိန်းနိုင်တာ၊ အဆစ်အမြစ်ရောင်တာ၊ သွေးပြန်ကြောဖောင်းတာဖြစ်တတ်သလို ရင်သား၊ သားအိမ်ကင် ဆာဖြစ်တာ၊ သားသမီးမရတာ၊ သည်းခြေကျောက်တည်တာ၊ အူမကြီးကင်ဆာ၊ ပေါင်ခြံ၊ ရင်သားအောက်အရေ ပြားရောဂါဖြစ်တာ၊ လူမှုရေးစီးပွားရေးကျဆင်းတာတွေ ဖြစ်တတ်ပါတယ်။
မေး – ဆေးလိပ်နဲ့အဝလွန်ဆက်စပ်မှုကို သိလိုပါတယ်။
ဖြေ – ဆေးလိပ်သောက်တဲ့သူက ဆေးလိပ်မသောက်တဲ့လူထက်စာလျှင် အဝလွန်သိပ်မဖြစ်ကြပါဘူး။ သို့သော် ဆေးလိပ်သောက်လို့ အဆုတ်ကင်ဆာ၊ ပါးစောင်ကင်ဆာ၊ နှလုံးသွေးကြောကျဉ်းရောဂါ ပိုဖြစ်တတ်ပါတယ်။
မေး – “ဝ” ပုံ “ဝ”နည်းဘယ်နှစ်မျိုးရှိသလဲ။
ဖြေ – နှစ်မျိုးရှိပါတယ်။ ဝမ်းဗိုက်ကလဲဆူထွက်နေတဲ့ “ဝ”ခြင်း (ပန်းသီးပုံ “ဝ”ခြင်း) နှင့် တစ်ကိုယ်လုံး “ဝ”ခြင်း (သစ်တော်သီးပုံ) ဆိုပြီးရှိပါတယ်။ ဝမ်းဗိုက်ပဲဆူထွက်တာဟာ အမျိုးသားတွေမှာပိုဖြစ်တတ်ပြီး နံပါတ်နှစ်ဆီးချို အမျိုးအစား၊ နှလုံးသွေးကြောကျဉ်းနှင့် ဇီဝကမ္မရောဂါတွေ ပိုဖြစ်တတ်ပါတယ်။
မေး – ဘာကြောင့် “ဝ” တာလဲ။
ဖြေ – သုံးစွဲတဲ့စွမ်းအင်နဲ့ စုဆောင်းတဲ့စွမ်းအင် မမျှတဘဲတစ်နေ့ကို စွမ်းအင် ၅၀-၂၀၀ Kcal (သို့) စားသောက် တဲ့ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းကိုစုဆောင်းတာ ၄-၁၀ နှစ်အထိဆက်တိုက်ဖြစ်နေရင် ၂-၂၀ ကီလိုဂရမ်အလေးချိန် တက်ပါလိမ့်မည်။
မေး – ငယ်ငယ်ကတည်းက “ဝ”နေတဲ့ကလေးက ကြီးလာရင် ”ဝ” တတ်ပါသလား။
ဖြေ – “ဝ” တတ်ပါတယ်။ BMR နဲ့လှုပ်ရှားမှုကျဆင်းရင် ပိုပြီးတော့တောင် “ဝ” တတ်ပါတယ်။
မေး – “ဝ” တာနဲ့လူနေမှုပုံစံဘယ်လို ပတ်သက်သလဲ။
ဖြေ – ပုံမှန်ပဲ သွားရည်စာတွေစားပြီး ပုံမှန်အစားအသောက်မစားတာ၊ အဆီပါတဲ့ အစားအစာတွေစားတာ၊ ချမ်း သာကြွယ်ဝလေလေ အလုပ်၊ ကျောင်းလမ်းလျှောက်သွားတာ နည်းပြီးကားနဲ့သွားတာ၊ လှုပ်ရှားမှုလုပ်အားစိုက်မှု မရှိတာ၊ ကွန်ပြူတာနဲ့ တီဗွီကြည့်ချိန်များနေတာတွေက အဝလွန်တတ်ပါတယ်။ အသေးအမွှားကိစ္စဖြစ်တဲ့ ဟိုစပ် စပ်ဒီစပ်စပ်၊ ဟိုလုပ်လုပ်ဒီလုပ်လုပ်တာ၊ ပီကေဝါးတာတွေက အဝမလွန်အောင်အနည်းငယ်တော့ ကာကွယ်ပေး ပါတယ်။
မေး -“ဝ”နိုင်သော၊ “ဝ”ဖို့အလားအလာရှိတဲ့ အရာလေးတွေရှိပါသလား။
ဖြေ – မျိုးရိုးဗီဇကလည်း “ဝ”တာကိုလွှမ်းမိုးပါတယ်။ မျိုးရိုးဗီဇက စားချင်စိတ်ကိုထိန်းတယ်။ ခန္ဓာကိုယ်ဇီဝဖြစ် ပျက်ကိုလည်း ထိန်းပါတယ်။ အဲဒီမျိုးရိုးဗီဇက ခန္ဓာကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းလောက်မှာ အကျိုးသက် ရောက်ပါတယ်။
မေး – ရုတ်တရက် “ဝ” တာတွေရှိပါသလား။
ဖြေ – သွိုင်းရိုက်ဂလင်း အလုပ်မလုပ်တဲ့ရောဂါ၊ ကူးရှင်းရောဂါ၊ ပန်ကရိယအကြိတ် ဦးခေါင်းထဲရှိအကျိတ်၊ စိတ် ငြိမ်ဆေး၊ အီစတိုဂျင်ပါတဲ့ဆေးဝါး၊ စတီးရွိုက်၊ ဘီတာတားဆေး၊ ဆီးချိုဆေးတချို့က ခဏ“ဝ”စေတတ်ပြီး အဲဒီ အကြောင်းတွေကောင်းသွားရင် ကိုယ်အလေးချိန်ကျတတ်ပါတယ်။
မေး – “ဝ” မ “ဝ” ဘာနဲ့တိုင်းတာသလဲ။
ဖြေ – အမျိုးသားတွေမှာ ခါးအတိုင်း ၁၀၂ စင်တီမီတာထက်ပိုမယ်၊ အမျိုးသမီးတွေမှာ ၈၈ စင်တီမီတာထက်ပို ရင် နှလုံးရောဂါဇီဝဖြစ်ပျက် ရောဂါဖြစ်ပွားနှုန်းများတတ်ပါတယ်။ (BMI 25-30 Kg /m2) ရှိရင် Over Weight လို့သတ်မှတ်ပါတယ်။ ၃၀ထက်ကျော်ရင်တော့ အ“ဝ”လွန်ဆိုပြီး သတ်မှတ်ပါတယ်။ ၄၀ အထက်ဆိုရင်အတော် ဆိုးဝါးတဲ့အဆင့်ကို ရောက်ပါတယ်။
နေထိုင်စားသောက်ပုံ၊ အရက်မသောက်၊ တစ်ခြား“ဝ”စေနိုင်တဲ့ရောဂါ၊ ဆေးဝါးသုံးစွဲမှု၊ နှလုံးအခြေအနေ၊ သွေး ပေါင်ချိန်၊ ဆီးချိုရှိမရှိ၊ သွေးထဲအဆီဓာတ်ပမာဏတိုင်းတာခြင်း စတာတွေကိုစစ်ဆေးရပါမယ်။
မေး – အဝလွန်သူတွေကို ဘယ်လိုကုသမှု၊ အကြံပေးမှုလုပ်ရပါသလဲ။
ဖြေ – အလေးချိန်ချနိုင်ရင် နှလုံးထိခိုက်မှုသက်သာပါတယ်။ နေထိုင်မှုပုံစံပြောင်းခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျောင်းနေအရွယ်ကလေးတွေရဲ့ စားသောက်မှုကိုသင်ပေးခြင်း၊ အစားသောက်ထုတ်တဲ့ လုပ်ငန်းခွင်တွေကိုအ ဆီနဲ့စွမ်းအင်ပါဝင်မှုနည်းအောင်ထုတ်ခိုင်းခြင်း၊ လုပ်ငန်းခွင်တွေမှာ လူအားကိုအသုံးပြုစေခြင်း၊ စက်အားသုံးတာ တွေလျှော့ချခြင်း၊ ကယ်လိုရီအနည်းဆုံး အစားအစာ စားခြင်းဖြင့်တစ်ပတ်ကို ၁.၅-၂.၅ ကီလိုဂရမ် ကျစေခြင်း၊ အမျိုးသားအတွက်တစ်နေ့ ၅၀ ဂရမ် ပရိုတင်း၊ အမျိုးသမီးအတွက် ၄၀ ဂရမ် ပရိုတင်းစားစေခြင်း လုပ်ရပါမယ်။ အစာငတ်အောင်တော့ မလုပ်ရပါ။ လုပ်ခဲ့လျှင်ကြွက်သားထု လျော့နည်းခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ ကီတုန်းပ မာဏများခြင်း၊ ဆားဓာတ်မူမမှန်ခြင်း၊ သွေးပေါင်ကျဆင်းခြင်း၊ ခေါင်းကိုက်၊ ဝမ်းပျက်၊ ပျို့အန်ခြင်းဖြစ်တတ်ပါ တယ်။
မေး – ဘယ်ဆေးဝါးတွေ သုံးရသလဲ။
ဖြေ – Orlistat ဆေးဟာအစာအိမ်နဲ့ ပန်ကရိယကထွက်တဲ့ အဆီခြေဖျက်အင်ဇိုင်း မထွက်အောင်လုပ်တဲ့အ တွက် အူကနေအဆီစုပ်ယူမှု ၃၀ ရာခိုင်နှုန်းကျဆင်းပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းပျော့ပျော့သွားခြင်း၊ ဝမ်း ထဲအဆီဓာတ်ပါခြင်း၊ လေလည်ခြင်း၊ နောက်ဖေးမထိုင်နိုင်ခြင်း၊ အဆီမှာပျော်ဝင်သော ဗိုက်တာမင်များဆုံးရှုံး ခြင်းဖြစ်တတ်ပါတယ်။ ၆၀-၁၂၀ မီလီဂရမ်အစာစားချိန်မှာ စားရပါမယ်။
Silbutramine အစာမစားချင်အောင်လုပ်ပါတယ်။ ဆိုးကျိုးက အာခေါင်ခြောက်၊ ဝမ်းချုပ်၊ အိပ်မပျော်၊ နှလုံးနဲ့ သွေးပေါင်တက်ခြင်းဖြစ်စေပါတယ်။ Rimonabant စားချင်စိတ်ကိုဖိနှိပ်ပါတယ်။ ဆိုးကျိုးက စိတ်ဓာတ်ကျဆင်း စေပါတယ်။
မေး – ခွဲစိပ်မှုလုပ်လို့ရပါသလား။
ဖြေ – အစာအိမ်ရဲ့ အရွယ်အစားကိုသေးသွားအောင် ခွဲတာတွေတော့ရှိပါတယ်။
Author – အေးကမ္ဘာဒေါက်တာချစ် (Vol-7 / No-4) Healthcare Journal