သိတော်မူတော်တဲ့အတိုင်း (၂၀၁၆) ခုနှစ်သြဂုတ်လ (၂၄) ရက်ညနေ (၅) နာရီကလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစ ကေး (၆ဒဿမ၈) အဆင့် အင်အားပြင်းမြေငလျင်ကြောင့် လူ(၃)ဦးသေဆုံးကာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ရှေးဟောင်းအမွေအနှစ်ပုဂံယဉ်ကျေးမှု ဘုရားပုထိုး (၉၄) ဆူထိခိုက်ပျက်စီးခဲ့ပြီး၊ မကွေး၊ စစ် ကိုင်း၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော်တို့မှာလည်း ဘုရားပုထိုးနဲ့သာသနိက အဆောက်အအုံများပြိုကျပျက်စီးခဲ့ သလို၊ မင်းဘူးမြို့ နဂါးပွက်တောင်မှ ရွှံ့ချော်ရည်များလျှံကျပြီး နံရံအက်ကွဲမှုများဖြစ်ပေါ်ခဲ့တယ် ဆိုတယ်။ ဈေး များ၊ လူနေအဆောက်အအုံအချို့ ပျက်စီးခဲ့ကြရတယ်။ ပုဂံဒေသ၌ ငလျင်ဒဏ်သင့်ဘုရားပုထိုးစေတီများ ပြန် လည်ပြင်ဆင်ရေး သေချာဆန်းစစ်လုပ်ဆောင်ရမယ်လို့ ယူနက်စကိုကပြောကြားခဲ့သလို၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ငလျင်ဒဏ်သင့်ဘုရားပုထိုးများနဲ့ ပက်သက်လို့အချိန်ယူပြင်ဆင် သွားရမယ်လို့ဆိုခဲ့သလို နိုင်ငံတော်သမ္မတဦးထင်ကျော်ကိုယ်တိုင် သြဂုတ်လ (၂၅)ရက်နေ့မှာ သွားရောက် ကြည့်ရှုပြီး ပျက်စီးသွားတဲ့ရှေးဟောင်းစေတီ ပုထိုးများကို ပြည်ပပညာရှင်များရဲ့ အကူအညီနဲ့ရှေးမူမပျက်ပြုပြင် သွားမယ်လို့ဆိုပါတယ်။
မြေငလျင်ခန့်မှန်းချက်အနေနဲ့ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ ငလျင်ကြောပေါ်ရောက်နေတဲ့ ဒေသများအတွက် ကြိုပြင်ဆင်ဇာတ်တိုက်မှုများ လုပ်ထားသင့်ပါတယ်။ ဂျပန်နိုင်ငံရဲ့မြို့ကြီးအတော်များများဟာ မြေငလျင်ကြော ပေါ်မှာတည်ဆောက်ထားမိလို့ စာသင်ကျောင်းများကအစ ငလျင်လှုပ်စဉ်ပုန်းခိုရမယ့် နေရာအနေအထားနဲ့ပတ် သက်လို့ ဇာတ်တိုက်လေ့ကျင့်ထားကြတယ်ဆိုတယ်။ ဂျပန်မှာကနေ့စဉ်ငလျင်ငယ်များ လှုပ်နေတယ်။ မြန်မာနိုင် ငံမှာလည်း စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် မြေငလျင်များပေါ်ပေါက်လာနိုင်ကြောင်း မိုးလေဝသပညာရှင်ဒေါက် တာဦးထွန်းလွင်ကပြောကြားခဲ့ဖူးတယ်။
မြေငလျင်ကြောင့် အဆောက်အအုံများပျက်စီးခြင်း၊ အက်ကွဲပြိုကျပြီးလူများသေကြေနိုင်ပါတယ်။ လမ်းတံတား များပျက်စီးနိုင်ပါတယ်။ ဆည်၊ တမံ၊ ရေကာတာများကျိုးပျက်ပြီး ရေကြီးနိုင်ပါတယ်။ ငလျင်တစ်ခုလှုပ်ခတ်ပြီး တိုင်းနောက်ဆက်တွဲငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်နိုင်ပါတယ်။
မြေငလျင်အန္တရာယ်မကျရောက်မီ ငလျင်ကြောပေါ်မှာနေထိုင်မိရက်သား ဖြစ်ခဲ့ရင်၊ မြေငလျင်ဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အဦးများဆောက်တဲ့အခါ ကျွမ်းကျင်တဲ့အင်ဂျင်နီယာများ၊ ငလျင်ပညာရှင်များနဲ့တိုင်ပင်ပြီး ရွေးချယ် ဆောက်လုပ်သင့်ပါတယ်။ ဥပမာ- ဝါး၊ ဓနိ၊ ပျဉ်ပြားကိုသုံးပြီး ဆောက်လုပ်နေသင့်ပါတယ်။ မြေသားမခိုင်မာတဲ့ နေရာများမှာ အဆောက်အဦးများမဆောက်မိဖို့ လိုအပ်ပါတယ်။
ရှေးဦးသူနာပြုနည်းများ သင်ကြားပေးထားသင့်ပါတယ်။ ရုတ်တရက် ခန္ဓာကိုယ်အပေါ်မြေသားများပိကျခဲ့ရင် အ ကောင်းဆုံးလုပ်သင့်တဲ့ မြေသားများချက်ချင်းဖယ်ပြီး အသက်ရှုမှုကောင်းမွန်အောင်နဲ့ ဘေးရန်ကင်းရှင်းအောင် ဆောင်ရွက်တတ်ဖို့လိုတယ်။ သူနာပြုဆေးသေတ္တာများ ထားရှိသင့်ပါတယ်။ မိသားစုဝင်များအားသင်ပြပေး ထားသင့် ပါတယ်။ လက်နှိပ်ဓာတ်မီး၊ ဖုန်းအပိုဘက်ထရီ၊ ရေဒီယိုနှင့်အခြားတန်ဖိုးကြီးရွှေငွေရတနာများ၊ စာရွက်စာတမ်း၊ စာချုပ်များကိုကိုယ်နဲ့ တစ်ပါတည်းသယ်ဆောင်ဖို့ မမေ့သင့်ပါ။ မိသားစုဝင်များ သိရှိအောင် လည်းတစ်ပါတည်းယူဆောင်သော ပစ္စည်းများကိုမှတ်သားရပါမယ်။ သင်ပြပေးရမယ်။
အိမ်မှာပြိုလဲကျနိုင်တဲ့ ပစ္စည်းများအနီး မအိပ်မိဖို့၊ ဘီဒို၊ မှန်ချပ်များအောက်၊ ပန်ကာအောက်မအိပ်မိဖို့ လိုပါ တယ်။ လဲကျနိုင်တဲ့ လေးလံတဲ့ပစ္စည်းများကို ကြမ်းခင်းနံရံတို့နဲ့ချည်နှောင်ထားရမယ်။ မြေငလျင်လှုပ်တဲ့ မှီခိုနိုင် တဲ့ အမာခံပရိဘောဂ၊ အရာဝတ္ထုများကိုကြိုတင်လေ့လာထားဖို့ ဥပမာ-စားပွဲအောက်၊ ခုတင်အောက် ဝင်ပုန်း နိုင်ဖို့စီမံထားနိုင်ရမယ်။ ဖြစ်နိုင်ရင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သင်တန်းများ၊ ငလျင်နဲ့နောက် ဆက်တွဲပြဿနာသင်တန်းများ၊ ဆင့်ပွားသင်တန်းများတက်ရောက်စေသင့်ပါတယ်။
မြေငလျင်လှုပ်နေစဉ်မှာ စိတ်ကိုတည်ငြိမ်အောင်ထားပြီး မိသားစုဝင်များကိုပါ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ခုတင် အောက်၊ စားပွဲအောက်ပုန်းခြင်း၊ ပြိုကျနိုင်မယ့်အရာဝတ္ထု၊ အဆောက်အအုံများအနီးမှ အမြန်ဆုံးရှောင်ရှားထွက် ခွာဖို့လိုပါတယ်။ အဆောက်အဦးထဲပိတ်မိနေရင် ဓာတ်လှေကား (သို့) လှေကားမသုံးနိုင်တော့ရင် အမာခံများ အောက်မှာ မှီခိုနေသင့်ပါတယ်။ ကွဲရှနိုင်တဲ့ပစ္စည်းများ ထားရှိရာနေရာကို မသွားသင့်ပါဘူး။ လျှပ်စစ်မီးဖြတ်ထား သင့်ပါတယ်။ အများအားဖြင့်ငလျင်ကြောင့် လျှပ်စစ်ဝါယာကြိုးများပေါက်ပြဲပူးဆက်ကာ မီးလောင်သွားတတ် တယ်။ ရှိသမျှမီးကို မီးသတ်ဆေးဗူး (သို့) ရေနဲ့ပြီးအောင်ငြိမ်းသတ်ရပါမယ်။
မြေငလျင်လှုပ်ပြီးနောက်မှာ မိမိမိသားစုဝင်များထိခိုက်မှုရှိမရှိ စစ်ဆေးသင့်ပါတယ်။ လိုအပ်ရင်ဆေးခန်း၊ ဆေးရုံ ပို့သင့်ပါတယ်။ မြေငလျင်လှုပ်စဉ် လျှပ်စစ်ဓာတ်ကြိုးများပြတ်တောက်တတ်လို့ လျှပ်စစ်အန္တရာယ်သတိထားသင့် ပါတယ်။ မြေငလျင်လှုပ်စဉ်မှာ ကွဲကျတဲ့ပစ္စည်းများကိုသေသေချာချာ ရှင်းလင်းသင့်တယ်။ ယိမ်းယိုင်အက်ကွဲ သွားပြီးပြိုကျနိုင်မယ့် အဆောက်အဦးများအနီးမသွားသင့်ပါဘူး။
ပင်လယ်ပြင်မှာငါးဖမ်းလှေ၊ သင်္ဘောပေါ်ရောက်နေရင် ပင်လယ်ဒီလှိုင်းများရုတ်တရက်ဖြစ်ပေါ်ပြီး “ဆူနာမီ” သ တိပေးချက်ထုတ်ပြန်လာနိုင်တယ်။ အနီးဆုံးကမ်းကိုအမြန်ဆုံးကပ်နိုင်အောင် ကြိုးစားရမယ်။ ကမ်းနဲ့ဝေးလွန်း ရင်လှေ၊ သင်္ဘောစသည်တို့ကိုအလိုက်သင့်မျောသွားဖို့ သတ္တိရှိရှိရင်ဆိုင်ကျော်လွှားဖို့ ရွက်များသိမ်းပြီးအလိုက် သင့်သွားဖို့လိုပါတယ်။
တောင်ခြေဒေသဖြစ်ရင် တောင်ပြိုကျနိုင်လို့ သတိထားသင့်ပါတယ်။ ငလျင်ကြောရှိတဲ့အရပ် တောင်ခြေမှာအိမ် အခိုင်အခံ့ဆောက်ပြီး နေထိုင်ခြင်းရှောင်ရှားရမယ်။ ကောလဟာလစကားများကို မယုံကြည်သင့်ပါ။ သက်ဆိုင် ရာကထုတ်ပြန်တဲ့ မိုးလေဝသနှင့်မြေငလျင်သတင်းများကိုသာ နားထောင်သင့်ပါတယ်။ ကယ်ဆယ်ရေးကိုပါဝင် ကူညီသင့်ပါတယ်။
မြေပြိုခြင်းကြောင့် သစ်ပင်အဆောက်အဦးနဲ့ အသက်အိုးအိမ်များဆုံးရှုံးရတယ်။ မြေပြိုခြင်းနဲ့အတူ သစ်ပင်ကြီး များ၊ မြေစိုင်ခဲကြီးများ၊ ကျောက်တုံးများပါပါဝင်လာနိုင်လို့ အရှိန်နဲ့ကျရင်အသက်ဆုံးရှုံးနိုင်တယ်။ မြေငလျင် ကြောင့်မြေပြိုခြင်းဖြစ်နိုင်လို့ ပျက်စီးမှုနည်းအောင်အန္တရာယ်ကင်းဒေသမှာ ဆောက်လုပ်နေထိုင်သင့်ပါတယ်။
Author – ဒေါက်တာလွင်သန့်