(Zawgyi)
တစ္ေန႔ေသာ ညေနေစာင္းတြင္ ဇီဝကတစ္ေယာက္ ေကာ္ဖီေလးတစ္ခြက္ႏွင့္ ပတ္ဝန္းက်င္ကို ဟိုသည္ေငးေနခိုက္ ဝတ္ဆန္ ဆိုသည့္ သူငယ္မတစ္ေယာက္ ေရာက္လာ၏ ။
ဝတ္ဆန္ ။ ။ ဆရာ ေရ ၊ခုတေလာ ညီမ ေရခ်ိဳး ေခါင္းေလွ်ာ္ၿပီးတိုင္း အေအးမိေနတာ ပုံမွန္ပဲလား ဆရာ? ေရာဂါႀကီးႀကီးမားမား ျဖစ္မွာစိုးလို႔ ။
ဇီဝက ။ ။ ဟာ ၊ညည္းကေတာ့ လုပ္ေတာ့မယ္။ ေရကို တစ္ေန႔ဘယ္ႏွႀကိမ္ခ်ိဳးေနလဲ ။ခုပဲေဆာင္းတြင္းထဲ ဝင္ေနၿပီ ။
ဝတ္ဆန္ ။ ။ ဟီး သိပ္မမ်ားပါဘူး ၊ဆရာ ။တစ္ေန႔ ႏွစ္ႀကိမ္ သုံးႀကိမ္ေလာက္ပါပဲ ။
ဇီဝက ။ ။ ေအး အဲဒါေၾကာင့္ျဖစ္တာေပါ့ ။ ခုလို ေဆာင္းတြင္းက်ေတာ့ တစ္ႀကိမ္ဆို လုံေလာက္ၿပီ ။ေႏြဆိုႏွစ္ႀကိမ္ေလာက္ဆို ေတာ္ေရာေပါ့ ။ေဆာင္းတြင္းခ်ိဳးရင္ ေရကို အေနေတာ္ မပူမေအးေလးနဲ႔ ခ်ိဳး ။
ဝတ္ဆန္။ ။ ညီမက ေရခ်ိဳးရင္ ေခါင္းမေလွ်ာ္ပဲ မေနႏိုင္လို႔ ေလွ်ာ္မိတယ္ ဆရာ ။ အဲဒါနဲ႔ေရာ ဆိုင္သလားဟင္ ။
ဇီဝက ။ ။ ဆိုင္သမွ သိပ္ဆိုင္ေပါ့ဟာ ။ လူေတြက အထူးသျဖင့္ ညည္းတို႔လို မိန္းကေလးမ်ိဳးေတြေပါ့ ။ ဆံပင္ကရွည္ရွည္ ေရခ်ိဳးတိုင္းေခါင္းေလွ်ာ္ေတာ့ ေတာ္႐ုံမေျခာက္ဘူးေလ ၊အဲ့ဒီမွာ အေအးမိေတာ့တာေပါ့ ။
ဝတ္ဆန္ ။ ။ ဒါဆိုရင္ ဘယ္ႏွႀကိမ္ေလွ်ာ္ရမလဲ ၊ဆရာ ။
ဇီဝက ။ ။ ေတာ္သင့္႐ုံေပါ့ဟာ ။တစ္ပတ္ ႏွစ္ႀကိမ္ ၊သုံးႀကိမ္ဆို လုံေလာက္ၿပီေလ ။ေအး ေလွ်ာ္ၿပီရင္လည္း ေသခ်ာ ေျခာက္ေအာင္သုံး ၊နည္းနည္း အခ်ိန္ေပးၿပီ ေျခာက္ေအာင္လုပ္ ။ေအးတဲ့ရာသီေတြ ၊ကိုယ္က မၾကာခဏ အေအးမိတတ္ရင္ ေရခ်ိဳးေခါင္းေလွ်ာ္ၿပီးတာနဲ႔ ေႏြးေႏြးေထြးေထြးေန ။
ဝတ္ဆန္ ။ ။ ဒါဆိုရင္ လူႀကီးေတြေျပာသလို “ေမြးေန႔တို႔ ေသာၾကာေန႔တို႔ တနလာေနၤ့တို႔မွာ ဆံပင္ညႇပ္ ၊ေခါင္းေလွ်ာ္”လို႔မရဘူးေပါ့ေနာ္ ။
ဇီဝက ။ ။ အဲ့လိုလည္း မဟုတ္ပါဘူး ။ ရပါတယ္ ။အဓိက ေရွးဆို႐ိုးက တစ္ပတ္ႏွစ္ႀကိမ္ သုံးႀကိမ္ထက္ပိုမေလွ်ာ္ ေစခ်င္လို႔ေပါ့ဟာ ။ဆံပင္လည္းညႇပ္ေပါ့ ၊ႀကိဳက္တဲ့ရက္ ညႇပ္လို႔ရပါတယ္ ။ညည္း အယူမသည္းရင္ေပါ့ဟာ ။
ဝတ္ဆန္ ။ ။ ေက်းဇူးတင္လိုက္တာ ၊ဆရာ ။ခုမွ ေသခ်ာ နားလည္ေတာ့တယ္ ။ ၿပီးေတာ့ ဆရာရယ္ ၊ေရခ်ိဳး တာပဲျဖစ္ျဖစ္ ၊ေခါင္းေလွ်ာ္တာပဲျဖစ္ျဖစ္ တခ်ိဳ႕က ေခါင္းက စေလာင္းတယ္ ၊တခ်ိဳ႕က်ျပန္ေတာ့ ကိုယ္ကို အရင္ေလာင္းတယ္ ၊က်န္တဲ့သူေတြက်ေတာ့ ေျခေထာက္က စေလာင္းျပန္ေရာ ။အဲ့တာကေရာ ဘယ္ဟာက မွန္လဲ ။
ဇီဝက ။ ။ အမွန္ေျပာ ရရင္ ေျခေထာက္က စေလာင္းၿပီး တျဖည္းျဖည္းခ်င္း ကိုယ္အေပၚဘက္ကို ေလာင္းခ်ိဳးတဲ့သူေတြက အမွန္ပဲ ကြယ့္ ။ဘာလို႔လဲဆိုရင္ ေခါင္းကစခ်ိဳးတာပဲျဖစ္ျဖစ္ ၊ကိုယ္က စေလာင္းတာပဲျဖစ္ျဖစ္ မိမိခႏၶာကိုယ္ဟာ ေရေလာင္းလိုက္တဲ့အခါ ႐ုတ္တရက္ အပူခ်ိန္ေတြ အေျပာင္းအလဲ ျဖစ္သြားၿပီး ေသြးလန႔္တာ ေရွာ့္ခ္ ျဖစ္သြားတတ္တယ္ ။အထူးသျဖင့္ ေရေအးနဲ႔ခ်ိဳးတဲ့သူတို႔ ၊ေအးတဲ့ အခ်ိန္ ၊ေအးတဲ့ရာသီဥတုေတြမွာေပါ့ ။ေနာက္ၿပီး ေနပူထဲက ျပန္
လာတဲ့သူေတြ ခ်က္ခ်င္းေရခ်ိဳးတာ ၊ေျခေထာက္ေရေလာင္းတာေတြေရွာင္ရမယ္ ။
ဝတ္ဆန္ ။ ။ မေရွာင္ရင္ ဘာေတြျဖစ္တတ္လဲ ၊ဆရာ ။
ဇီဝက ။ ။ ေရွာ့္ခ္ရတာ ၊ေသြးလန႔္တာ ။႐ုတ္တရက္ မ်က္စိကြယ္ ၊ေလျဖတ္တာေတြျဖစ္တတ္တယ္ ။
အခန႔္မသင့္ရင္ အသက္ဆုံးရွဴံးႏိုင္တယ္။ ဆင္ျခင္ေပါ့ကြယ္ ။
ဝတ္ဆန္။ ။ အမေလး ။ေၾကာက္စရာႀကီးပါလား ။ ဆရာေျပာသလိုပဲ ေရခ်ိဳး ၊ေခါင္းေလွ်ာ္ေတာ့မယ္ ဆရာေရ ။ အိမ္က လူႀကီးေတြကိုလည္း ဆရာေျပာတာေတြ ျပန္ေျပာျပရမယ္ ။ေက်းဇူးပဲေနာ္ ဆရာ ။
ဝတ္ဆန္ တစ္ေယာက္ ေပါ့ပါးသြက္လက္စြာ ေဆးခန္းထဲမွ ထြက္သြားတာကို ေငးၾကည့္ရင္း ဇီဝက တစ္ေယာက္ ႏႈတ္ဖ်ားမွ “ေမြးေန႔ ေသာၾကာ တနလာၤေကသာ ဆံျဖတ္ မျပဳအပ္” ဆိုတဲ့ စာခ်ိဳးေလးကို ႐ြတ္ရင္း ၿပဳံးေနမိ၏။
Author – ေခတ္သစ္ဇီဝက
(Unicode)
တစ်နေ့သော ညနေစောင်းတွင် ဇီဝကတစ်ယောက် ကော်ဖီလေးတစ်ခွက်နှင့် ပတ်ဝန်းကျင်ကို ဟိုသည်ငေးနေခိုက် ဝတ်ဆန် ဆိုသည့် သူငယ်မတစ်ယောက် ရောက်လာ၏ ။
ဝတ်ဆန် ။ ။ ဆရာ ရေ ၊ခုတလော ညီမ ရေချိုး ခေါင်းလျှော်ပြီးတိုင်း အအေးမိနေတာ ပုံမှန်ပဲလား ဆရာ? ရောဂါကြီးကြီးမားမား ဖြစ်မှာစိုးလို့ ။
ဇီဝက ။ ။ ဟာ ၊ညည်းကတော့ လုပ်တော့မယ်။ ရေကို တစ်နေ့ဘယ်နှကြိမ်ချိုးနေလဲ ။ခုပဲဆောင်းတွင်း ထဲ ဝင်နေပြီ ။
ဝတ်ဆန် ။ ။ ဟီး သိပ်မများပါဘူး ၊ဆရာ ။တစ်နေ့ နှစ်ကြိမ် သုံးကြိမ်လောက်ပါပဲ ။
ဇီဝက ။ ။ အေး အဲဒါကြောင့်ဖြစ်တာပေါ့ ။ ခုလို ဆောင်းတွင်းကျတော့ တစ်ကြိမ်ဆို လုံလောက်ပြီ ။နွေဆိုနှစ်ကြိမ်လောက်ဆို တော်ရောပေါ့ ။ဆောင်းတွင်းချိုးရင် ရေကို အနေတော် မပူမအေးေလးနဲ့ ချိုး ။
ဝတ်ဆန်။ ။ ညီမက ရေချိုးရင် ခေါင်းမလျှော်ပဲ မနေနိုင်လို့ လျှော်မိတယ် ဆရာ ။ အဲဒါနဲ့ရော ဆိုင်သလားဟင် ။
ဇီဝက ။ ။ ဆိုင်သမှ သိပ်ဆိုင်ပေါ့ဟာ ။ လူတွေက အထူးသဖြင့် ညည်းတို့လို မိန်းကလေးမျိုးတွေပေါ့ ။ ဆံပင်ကရှည်ရှည် ရေချိုးတိုင်းခေါင်းလျှော်တော့ တော်ရုံမခြောက်ဘူးလေ ၊အဲ့ဒီမှာ အအေးမိတော့တာပေါ့ ။
ဝတ်ဆန် ။ ။ ဒါဆိုရင် ဘယ်နှကြိမ်လျှော်ရမလဲ ၊ဆရာ ။
ဇီဝက ။ ။ တော်သင့်ရုံပေါ့ဟာ ။တစ်ပတ် နှစ်ကြိမ် ၊သုံးကြိမ်ဆို လုံလောက်ပြီလေ ။အေး လျှော်ပြီရင်လည်း သေချာ ခြောက်အောင်သုံး ၊နည်းနည်း အချိန်ပေးပြီ ခြောက်အောင်လုပ် ။အေးတဲ့ရာသီတွေ ၊ကိုယ်က မကြာခဏ အအေးမိတတ်ရင် ရေချိုးခေါင်းလျှော်ပြီးတာနဲ့ နွေးနွေးထွေးေထွးနေ ။
ဝတ်ဆန် ။ ။ ဒါဆိုရင် လူကြီးတွေပြောသလို “မွေးနေ့တို့ သောကြာနေ့တို့ တနလာင်္နေ့တို့မှာ ဆံပင်ညှပ် ၊ခေါင်းလျှော်”လို့မရဘူးပေါ့နော် ။
ဇီဝက ။ ။ အဲ့လိုလည်း မဟုတ်ပါဘူး ။ ရပါတယ် ။အဓိက ရှေးဆိုရိုးက တစ်ပတ်နှစ်ကြိမ် သုံးကြိမ်ထက်ပိုမလျှော် စေချင်လို့ပေါ့ဟာ ။ဆံပင်လည်းညှပ်ပေါ့ ၊ကြိုက်တဲ့ရက် ညှပ်လို့ရပါတယ် ။ညည်း အယူမသည်းရင်ပေါ့ဟာ ။
ဝတ်ဆန် ။ ။ ကျေးဇူးတင်လိုက်တာ ၊ဆရာ ။ခုမှ သေချာ နားလည်တော့တယ် ။ ပြီးတော့ ဆရာရယ် ၊ေ ရချိုး တာပဲဖြစ်ဖြစ် ၊ခေါင်းလျှော်တာပဲဖြစ်ဖြစ် တချို့က ခေါင်းက စလောင်းတယ် ၊တချို့ကျပြန်တော့ ကိုယ်ကို အရင်လောင်းတယ် ၊ကျန်တဲ့သူတွေကျတော့ ခြေထောက်က စလောင်းပြန်ရော ။အဲ့တာကရော ဘယ်ဟာက မှန်လဲ ။
ဇီဝက ။ ။ အမှန်ပြော ရရင် ခြေထောက်က စလောင်းပြီး တဖြည်းဖြည်းချင်း ကိုယ်အပေါ်ဘက်ကို ေလာင်းချိုးတဲ့သူတွေက အမှန်ပဲ ကွယ့် ။ဘာလို့လဲဆိုရင် ခေါင်းကစချိုးတာပဲဖြစ်ဖြစ် ၊ကိုယ်က စလောင်းတာပဲဖြစ်ဖြစ် မိမိခန္ဓာကိုယ်ဟာ ရေလောင်းလိုက်တဲ့အခါ ရုတ်တရက် အပူချိန်တွေ အပြောင်းအလဲ ဖြစ်သွားပြီး သွေးလန့်တာ ရှော့်ခ် ဖြစ်သွားတတ်တယ် ။အထူးသဖြင့် ရေေအးနဲ့ချိုးတဲ့သူတို့ ၊အေးတဲ့ အချိန် ၊အေးတဲ့ရာသီဥတုတွေမှာပေါ့ ။နောက်ပြီး နေပူထဲက ပြန်
လာတဲ့သူတွေ ချက်ချင်းရေချိုးတာ ၊ခြေထောက်ရေလောင်းတာတွေရှောင်ရမယ် ။
ဝတ်ဆန် ။ ။ မရှောင်ရင် ဘာတွေဖြစ်တတ်လဲ ၊ဆရာ ။
ဇီဝက ။ ။ ရှော့်ခ်ရတာ ၊သွေးလန့်တာ ။ရုတ်တရက် မျက်စိကွယ် ၊လေဖြတ်တာတွေဖြစ်တတ်တယ် ။ အခန့်မသင့်ရင် အသက်ဆုံးရှူံးနိုင်တယ်။ ဆင်ခြင်ပေါ့ကွယ် ။
ဝတ်ဆန်။ ။ အမလေး ။ကြောက်စရာကြီးပါလား ။ ဆရာပြောသလိုပဲ ရေချိုး ၊ခေါင်းလျှော်တော့မယ် ဆရာရေ ။ အိမ်က လူကြီးတွေကိုလည်း ဆရာပြောတာတွေ ပြန်ပြောပြရမယ် ။ကျေးဇူးပဲနော် ဆရာ ။
ဝတ်ဆန် တစ်ယောက် ပေါ့ပါးသွက်လက်စွာ ဆေးခန်းထဲမှ ထွက်သွားတာကို ငေးကြည့်ရင်း ဇီဝက တစ်ယောက် နှုတ်ဖျားမှ “မွေးနေ့ သောကြာ တနလာၤကေသာ ဆံဖြတ် မပြုအပ်” ဆိုတဲ့ စာချိုးလေးကို ရွတ်ရင်း ပြုံးနေမိ၏။
Author – ခေတ်သစ်ဇီဝက