fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အဝလွန်သူများ ဆီးချိုဝေဒနာရှင်များအတွက် အစာအာဟာရ

206
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/02/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

လူ့ခန္ဓာကိုယ်ဟာရေရှည်တည်တံ့ခိုင်မြဲအောင် နေ့စဉ်အာဟာရရှိအောင်စားသောက်ဖို့ လိုပါတယ်။ မိမိစား သောက်တဲ့အစာထဲမှာပါဝင်တဲ့ စွမ်းအင်ပမာဏဟာ သုံးလိုက်တဲ့စွမ်းအင်ပမာဏထက် ပိုများနေရင်ဝခြင်း၊ ဆီးချို တက်ခြင်းဖြစ်တယ်။ ကိုယ်ခန္ဓာထဲဝင်တဲ့ ကယ်လိုရီပမာဏကိုထိန်းရမယ်။ အောက်ပါအချက်တွေလိုက်နာရ မယ်။

(၁) ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစာအာဟာရ

ထမင်းကိုဟင်းလိုသဘောထားပြီး ဟင်းကိုထမင်းလိုသဘောထား စားဖို့ဖြစ်တယ်။ ငါးနဲ့အသားစားသင့်သလို ဟင်းသီးဟင်းရွက်ကြော် (သို့) အသုပ်စုံစားခြင်းက အစားစားချင်စိတ်ခဏခြင်း ဖြစ်ပေါ်စေပြီး၊ ထမင်းတစ်ပန်း ကန်နဲ့တင်းတိမ်စေပါတယ်။ အချိုစားလည်းဝနိုင်တယ်။ ကော်ဖီသောက်ရာမှာ သကြားတစ်ဇွန်းထည့်သင့်တယ်။ ရေငတ်ရင်ရေပဲသောက်သင့်တယ်။ ရေအစား အချိုရည်မသောက်ရဘူး။ ဆီနဲ့အငန်ဓာတ်နဲတဲ့ အစာတွေစားရ မယ်။

(၂) ဆီနဲ့အငန်လျှော့စားခြင်း

ပြည့်ဝဆီ၊ မပြည့်ဝဆီ၊ ပုံပြောင်းဆီလို့ရှိကြရာ မပြည့်ဝဆီကကောင်းတဲ့အဆီဖြစ်တယ်။ မြေပဲ၊ နှမ်း၊ နေကြာနဲ့သံ လွင်ဆီတို့ဟာ မပြည့်ဝဆီပဲဖြစ်တယ်။ စက်ဆီ၊ စားအုန်းဆီနဲ့ တိရိစ္ဆာန်မှရတဲ့အဆီက ပြည့်ဝဆီဖြစ်လို့ကျန်းမာ ရေးအတွက်မသင့်လျော်ပါ။ အပူပြင်းတိုက်ထားတဲ့ဆီ (Deep Fryer) နှစ်ပြန်ကြော်ဆီတို့ဟာ ပုံပြောင်းဆီဖြစ် သွားပြီး နှလုံးသွေးကြောပိတ်၊ လေဖြတ်စေပါတယ်။ အမြန်စားအသင့်စား စနပ် (snack) တွေဖြစ်တဲ့ ပီကေ၊ ဆင်းဒဝစ်၊ ဟမ်ဘာဂါ တို့ဟာပြည့်ဝဆီ ပုံပြောင်းဆီနဲ့စိမ်ထားလို့ သွေးအတွင်းကိုလက်စထရောတက်စေပြီး အ၀ လွန်ခြင်းနဲ့ဆီးချိုဖြစ်စေတယ်။

(၃) အသား၊ ငါး၊ ဟင်းသီးဟင်းရွက်

အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ သားရေစာကိုရွေးချယ်ရာမှာ ဆီပါတဲ့အစာတွေကလူကို ဒုက္ခအပေးဆုံးဖြစ် တယ်။ ဟင်းကိုရေလုံပြုတ် (သို့) ရခိုင်ချက် (သို့) ဆီပါရုံထည့်ချက်သင့်ပါတယ်။ ဆီပြန်ဟင်းစားရပါက အသား တုံးခပ်စားနိုင်တယ်။ အဆီစမ်းပြီး နယ်ဖတ်မစားရပါ။ အာသာမပြေရင် (သို့) အစာပြေတစ်ခုခုစားချင်ရင်ဆီနဲ့ ကြော်တဲ့သားရေစာ (ဥပမာ အာလူးကြော်၊ ငါးမုန့်ကြော်၊ အီကြာကွေး) ကိုလုံးဝရှောင်ရှားသင့်ပါတယ်။

(၄) အသီးအနှံများများစားခြင်း

ယေဘူယျလျှာပေါ်တင်ကြည့်လို့ ချိုတဲ့အစာ၊ သစ်င်္သီးတွေရှောင်ရပါမယ်။ သရက်သီး၊ စပျစ်သီးတွေစိမ်းပြီး ချဉ် ရင်များများစားနိုင်ပေမယ့် မှည့်ဝင်းပြီဆိုလာရင် ဂလူးကို့စ်အချိုဓာတ်များလာလို့ ရှောင်သင့်ပါတယ်။ စပျစ်သီး၊ သစ်တော်သီး၊ နေကြာစေ့တို့ဟာ စားသင့်တဲ့သီးနှံပဲဖြစ်တယ်။ ချဉ်တဲ့၊ ခါးတဲ့၊ သစ်သီးဝလံများ၊ ကြက်ဟင်းခါး သီး၊ ကြောင်လျှာသီး၊ သကြားမကိုဋ်သီးတို့မှာ ဆီးချိုအတွက်အဝလွန်သူတွေအတွက် သင့်တော်ပါတယ်။ သစ် သီးမှည့်စားတာ အတိုင်းအတာတစ်ခုအထိ ခွင့်ပြုနိုင်ပါတယ်။

အချိုရည်၊ ဘီယာ ဆီးချိုအတွက် မသင့်တော်ပါ။ အရက်ဘီယာတို့ဟာ ခန္ဓာကိုယ်ရှိရေဓာတ်ကိုအမြန်ညစ်နွမ်း စေလို့ ရေဆာရင်ရေပဲသောက်သင့်တယ်။ အရက်ဘီယာ၊ အချိုရည်မသောက်သင့်ဘူး။ အချိုရည်ဗူးတွေမှာ ပါဝါ သကြားနဲ့ကယ်လိုရီအနဲနဲ့အများပါရှိလို့ အခြားအစားအစာနည်းတူ ချင့်ချိန်ပြီး ဗူး၊ အထုပ်တို့ပေါ်မှာ ပါဝင်တဲ့ ကယ်လိုရီပမာဏကို တွက်ချက်စားသုံးဖို့လိုပါတယ်။
ဆေးလိပ်၊ ကွမ်းဟာ ဆီးချိုသမားတွေ အဝလွန်သူတွေအတွက် ရောဂါဖြစ်စေလို့ ဆေးလိပ်၊ ကွမ်းဖြတ်ရပါမယ်။ ဆီးချိုတက်၊ မတက်သွေးစစ်ခြင်းကို တစ်ကိုယ်ရေသုံးဝယ်ထားသင့်တယ်။ တက်မယ်ထင်ရင်ဖောက်ကြည့် စစ် ဆေးပြီးမှတွက်ချက်စားသင့်ပါတယ်။ တစ်ပတ်တစ်ခါအနည်းဆုံး စစ်ရမယ်။ အားကစားကိုလည်း နေ့စဉ်နာရီ ဝက်မှတစ်နာရီ (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်သင့်ပါတယ်။ စိတ်ကူးရမှ အားကစားလုပ်တာ ရှောင်သင့်တယ်။ တစ်နေ့တာလိုအပ်တဲ့ကယ်လိုရီဟာ အားကစားလုပ်ခြင်းကနေ ချွေးအဖြစ်ပြောင်းသွားလို့ ခန္ဓာကိုယ်ထဲအဆီအဖြစ် မပြောင်းလဲနိုင်ဘူး။ အဝလွန်ခြင်း၊ ဆီးချိုတက်ခြင်း၊ သွေးတိုးနှင့်နှလုံးရောဂါတွေ လျော့ပါးစေပါတယ်။

စိတ်ဖိစီးမှုများခြင်းဟာ သွေးချိုဓာတ်တက်စေတယ်။ စိတ်ဖိစီးမှုများရင် အစားအသောက်ဖက်အာရုံပြောင်း ပေး ရင်လည်းအဆင်မပြေပါဘူး။ စိတ်ညစ်လေ အစားပိုလေဖြစ်ပြီး အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့ကိုပိုပြီးဖြစ်စေပါ တယ်။

ဆေးဝါး ဆီးချိုဆေး မက်ဖော်မင် (Metformin 500mg) တစ်နေ့မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက် (သို့) ဆ ရာဝန်ညွှန်ကြားချက်အတိုင်းသောက်ရမယ်။ နောက်ပိုင်းမက်ဖော်မင်တစ်မျိုးတည်းနဲ့ ထိန်းလို့မရရင်တွဲထားတဲ့ ဆေး ဂလူးကို့ရက်ဖို့ (Glucored Fort) ပေးလာကြတယ်။ အချို့ဂရစ်ဆလိုင်းယူဆော့ (Glyceryl Urosel) ပေး ကြတယ်။ ဆေးမှန်မှန်သောက်သင့်တယ်။

ကိုယ်အလေးချိန်လျော့ချဆေး ကိုယ်အလေးချိန်အဆီလျော့ချဆေး အတိုဗာဆင် (Atorvastatin 20 mg) တစ် နေ့တစ်လုံးသောက် (သို့) ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပေးသင့်တယ်။ ပထမတစ်မျိုးကဦးနှောက်ရှိအ စာစားချင်စိတ်ဖြစ်စေတဲ့ နေရာကိုတားတဲ့ဆေးနဲ့ ကျန်တစ်မျိုးက အဆီစုပ်ယူခြင်းကိုပိတ်တဲ့ဆေးဖြစ်တယ်။ ယင်းဆေးနှစ်မျိုးက အထောက်အကူဆေးပဲဖြစ်တယ်။ ကိုယ်တိုင်က အစားလျော့၊ အငန်လျော့၊ လေ့ကျင့်ခန်းပါ လုပ်မှကိုယ်အလေးချိန်လျော့ကျသွားပါလိမ့်မယ်။
လျော့သွားတဲ့ကိုယ်အလေးချိန်ကို ထမင်းမစားဘဲ သွားရေစာပဲစားခြင်း၊ ညစာမစားဘဲစွပ်ပြုတ်ပဲသောက်ခြင်း၊ အိပ်ခါနီးထမင်း၊ ပေါင်မုန့်၊ ခေါက်ဆွဲပြုတ်အစား ကယ်လိုရီနည်းတဲ့အစာ “ချာပါတီ”စားခြင်းလည်း မလုပ်သင့်ဘူး ရေသောက်ပြီးအိပ်သင့်ပါတယ်။

တစ်နေ့တာအစားအစာ
ဥပမာ(၁) ကယ်လိုရီ (၁၈၀၀)

၁။ နံနက် (၇) နာရီ

  1. ထမင်း (သို့) ပဲပြုတ်ထမင်းကြော် ဟင်းခပ်ဇွန်း (၄) ဇွန်း ၁၀၀ ကယ်လိုရီ
  2. ဝက်သား (သို့) ြက်သား လက်သုံးလုံးခန့်အတုံး ၅၀ ကယ်လိုရီ
  3. ရခိုင်ငှက်ပျောသီး တစ်လုံး ၅၀ ကယ်လိုရီ

လက်ဖက်ရည် (သို့) ကော်ဖီ တစ်ခွက် (ဆေးသကြား+ကော်ဖီမစ်နှစ်ဇွန်း) ဝ ကယ်လိုရီ

၂။ နေ့လည် (၁၁) နာရီ

  1. ထမင်း ဟင်းခတ်ဇွန်း (၁၂) ဇွန်း ၃၀၀ ကယ်လိုရီ
  2. ဝက်သား (သို့) ကြက်သားလက်သုံးလုံးခန့် လေးတုံး ၄၀၀ ကယ်လိုရီ

ဟင်းရွက်ပြုတ်တို့စရာ ကြိုက်နှစ်သက်သလောက် ၂၅ ကယ်လိုရီ

၃။ နေ့ခင်း အဆာပြေ (၂) နာရီ

  1. ကော်ဖီကြမ်း တစ်ခွက် ဝ ကယ်လိုရီ
  2. ပေါင်မုန့် တစ်ချပ် ၅၀ ကယ်လိုရီ

ရခိုင်ငှက်ပျောသီး တစ်လုံး ၅၀ ကယ်လိုရီ

၄။ ညနေစာ (၇-၈) နာရီ

  1. ထမင်း ဟင်းခပ်ဇွန်း (၁၂) ဇွန်း ၃၀၀ ကယ်လိုရီ
  2. ငါးခူဟင်း (၆) လက်မအရွယ် (၂)ကောင် ၃၀၀ ကယ်လိုရီ

ဟင်းရွက်ကြော် ဟင်းပန်းကန်တစ်လုံး ၅၀ ကယ်လိုရီ

၅။ ညနေ (၉) နာရီ

  1. နွားနို့၊ အိုဗာတင်း တစ်ခွက် ၅၀ ကယ်လိုရီ
  2. ဘီစကစ် (သို့) ပေါင်မုန့် (၂)ချပ်၊ တစ်ချပ် ၅၀ ကယ်လိုရီ
ဥပမာ(၂) ကယ်လိုရီ (၁၈၀၀)

၁။ နံနက် (၇) နာရီ

  1. မုန့်ဟင်းခါး+ဗူးသီးကြော် ရောင်းတမ်းတစ်ပွဲ ၁၀၀ ကယ်လိုရီ

ဘီစကစ်နဲ့ လက်ဖက်ရည်ချိုပေါ့ကျ တစ်ခွက် ၅၀ ကယ်လိုရီ

၂။ နေ့လည် (၁၁) နာရီ

  1. ထမင်း ဟင်းခတ်ဇွန်း (၁၂) ဇွန်း ၃၀၀ ကယ်လိုရီ
  2. ပုဇွန် (သို့) ငါး လက်သုံးလုံးခန့် (၄)တုံး ၃၀၀ ကယ်လိုရီ
  3. ဟင်းရွက်ကြော် ဟင်းပန်းကန် (၁) လုံး ၅၀ ကယ်လိုရီ

ချည်ရည်ဟင်း ကြိုက်နှစ်သက်သလောက် ၁၀ ကယ်လိုရီ

၃။ နေ့ခင်း အဆာပြေ (၂) နာရီ

  1. ကော်ဖီကြမ်း တစ်ခွက် ၁၀၀ ကယ်လိုရီ

ခေါက်ဆွဲပြုတ် အထုပ်တစ်ဝက် ဝ ကယ်လိုရီ

၄။ ညနေစာ (၇-၈) နာရီ

  1. ထမင်း ဟင်းခပ်ဇွန်း (၁၂) ဇွန်း ၃၀၀ ကယ်လိုရီ
  2. ပုဇွန် (သို့) ငါး လက်သုံးလုံးခန့် (၄) တုံး ၃၀၀ ကယ်လိုရီ

ပဲဟင်း လက်ဖက်ရည်(၂) ပန်းကန်စာ ၁၀၀ ကယ်လိုရီ

၅။ ညနေ (၉) နာရီ

  1. ငှက်ပျောသီး တစ်လုံး ၅၀ ကယ်လိုရီ

Author – ဒေါက်တာလွင်သန့်

Previous Post

တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ

Next Post

ဂေါက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.3k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
132

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.4k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
623

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဂေါက်

ဝက်သက်

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့် ဆက်ဆံရမည်ကိုကြောက်ရွံ့ခြင်း (Sexual Pain and Sexual Fears)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.