Weight loss လား weight gain လား?
ယခုလိုတိုးတက်လာတဲ့ခေတ်မှာ Gymကစားတဲ့အလေ့အထလည်းခေါတ်စားလာပါတယ်။ ယောက်ျားလေးတွေသာမက မိန်းကလေးတွေတော်တော်များများကစားလာတာတွေ့ရပါတယ်။ သို့သော်ငြားလည်း အများစုမှာ ဝိတ်ချဖို့အတွက်နဲ့ ပိန်လွန်းလို့လာကျတဲ့သူတွေများပါတယ်။ Gymမကစားဖြစ်သေးတဲ့ မိန်းကလေးတွေပါ Gymကစားလာအောင် Gymကစားခြင်းဟာ ဘယ်လောက်အကျိုးရှိသလဲဆိုတော့ – ကာဒီယိုကစားနည်း နှင့် အလေးမခြင်းတို့ကို တွဲကစားခြင်းက သင့်ကို ကယ်လိုရီများလောင်ကျွမ်းမှုကိုမြှင့်တင်ပေးမှာဖြစ်ပြီး ဇီဝဖြစ်စဉ်များကိုမြှင့်တက်စေမှာပါ။ အဆီကျလာပြီး ကြွက်သားများလည်းတက်လာသဖြင့် ကျစ်ကျစ်လျစ်လျစ်နဲ့ ကျန်းမာတဲ့ခန္တာကိုယ်နဲ့ အကိတ်ဖြစ်လာမှာပါ။ သင့်ခန္ဓာကိုယ်တစ်နေ့တစ်ခြားကြည့်ကောင်းလာတာနဲ့အမျှ မိမိကိုကိုယ်ယုံကြည်မှုရှိလာပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာလာမှာပါ။ ဒါတင်မကသေးပါဘူး။ Gymကစားပြီးတဲ့အချိန်မှာ သင်ခန္ဓာကိုယ်မှ endorphinဟော်မုန်းကိုထုတ်ပေးသည့်အတွက် သင်stressဓာတ်ကိုကြံကြံခံနိုင်ပြီး စိတ်ချမ်းမြေ့မှုကိုပေးစွမ်းနိုင်မှာပါ ။မိန်းကလေးများအနေနှင့်Gymကစားခြင်းဖြင့် အဆီကျကြွက်သားအနည်းငယ်တက်လာသဖြင့် ပိုမိုသန်စွမ်းလာမှာပါ။
အရိုးပွတဲ့ရောဂါဟာ မိန်းကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ Gymကစားခြင်းနှင့် ကျန်းမာရေးနှင့်ညီသည့်အစားအသောက်များစားသုံးခြင်းက သင်၏ အရိုးအဆစ်များ၏သိပ်သည်းဆများလာစေသဖြင့် ပိုမိုသန်စွမ်းအရိုးအဆစ်များပိုင်ဆိုင်စေမှာပါ။ သကြားအစား သကြားအစားထိုးထုတ်ကုန်တွေကို ပြောင်းလဲ အသုံးပြုခြင်းကလဲ သင့်ကျန်းမာရေးအတွက် အထောက်အကူပေးနိုင်ပါတယ်။ လေ့လာချက်များအရ Gymကစားခြင်းက မကောင်းသောအဆီဖြစ်သည့် LDL ပမာဏကိုလျော့ချပေးပြီး ကျန်းမာရေးအတွက်ကောင်းသောအဆီဖြစ်သည့် HDLပမာဏကို မြှင့်တင်ပေးသည့်အတွက် နှလုံးသွေးကြောကျဉ်းခြင်းကဲ့သို့ နှလုံးနှင့်ပတ်သက်သည့်ရောဂါဖြစ်ပွားမှုကိုလျော့ချပေးသည်။ လေ့လာချက်များအရ Gymကစားခြင်းက ကင်ဆားဖြစ်ပွားမှု အထူးသဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုကို လျော့ချပေးနိုင်ကြောင်းတွေ့ရပါတယ်။ ဒါတင်မကပါဘူး ဆီးချိုသွေးတိုး၊ အဆစ်အမြစ်ယောင်ခြင်း၊ ခါးနားခြင်းတို့အပြင် အခြားသောရောဂါများမဖြစ်အောင် ကာကွယ်ပေးပါတယ်။ Gymကစားခြင်းကဲ့သိုသော အားကစားလုပ်ခြင်းက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်လာတာနှင့်အမျှ တုတ်ကွေးရောဂါနှင့်အခြားသောဗိုင်းရပ်စ်များကို မဝင်လာနိုင်အောင် တိုက်ထုတ်နိုင်မှာပါ။
Gymကစားသည့်အခါ သင်ချွေးထွက်ကိုထွက်မှာပါ။ ချွေးထွက်ခြင်းက သင်ခန္ဓာကိုယ်မှ အဆိပ်အတောက်များကိုလျော့ချပေးသောကြောင့်ဖြစ်ပါတယ်။ ကိုယ်တွင်းအဆိပ်အတောက်လျော့ကျလာတာနဲ့အမျှ ပိုမိုကျန်းမာလာမှာပါ။ အသက် ၁၆နှစ်ပဲဖြစ်ဖြစ် အသက်၆၀ပဲဖြစ်ဖြစ် Gymကစားဖို့အတွက် နောက်ကျတာ စောလွန်းတာမရှိပါဘူး။ မည့်သည့်အသက်အရွယ်မဆိုကစားလို့ရပါတယ်။ မည့်သည့်ကစားနည်းနဲ့ကစားမလဲ ဆိုတာ သင့်ရဲ့ အသက်အရွယ် နှင့် ဝိတ်ကျဖို့လား၊ ကျစ်ကျစ်လျစ်လျစ်ဖြစ်ဖို့လား၊ ကြွက်သားတက်ဖို့လား အစရှိတဲ့ မိမိဖြစ်ချင်တဲ့targetနဲ့လိုက်ပြီး ညှိနှိုင်းလို့ရပါတယ်။
Gymရောက်တာနဲ့ လာကစားတဲ့ အခြားမိန်းကလေးများကိုပါတွေ့ရမှာပါ။ Gymကစားသည်အကြောင်းပဲဖြစ်ဖြစ် အခြားအကြောင်းပဲဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးစကားပြောရင်းနဲ့ ခင်မင်ရင်းနှီးမှုတွေဖြစ်လာမှာပါ။ လေ့လာချက်များအရ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက အသက်ရှည်ကျန်းမာစေကြောင်းတွေ့ရပါတယ်။ အသက်ရှည်ရုံတင်မက ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မှာပါ။
ကျန်းမာလှပကြပါစေ