ဖုန်းကြောင့်ဖြစ်သော မျက်စိပြဿနာများ
အခုလို ဖုန်းပွတ်ကြသောခေတ်မှာ လူတိုင်းနီးပါးမျက်ရိုးကိုက်တတ်ကြပါတယ်။တကယ်လက်တွေ့မျက်ရိုးကိုက်ခြင်းသည်မခံစားနိုင်သောဝေဒနာတစ်ရပ်ပါ။မျက်ခုံးအနောက်ဘက်သို့မဟုတ် ၎င်းနှင့်အနီးအနားတွင်ကိုက်ခဲနေတတ်ပါတယ်။ကိုက်ခဲမူသည် ဖြစ်စေသောအကြောင်းရင်းပေါ်မူတည်ရျ် ကြာရှည်တတ်ပါတယ်။
(1)ဖြစ်စေသောအကြောင်းရင်းများမှာ
-ခေါင်းကိုက်ခြင်း
ခေါင်းထိုးကိုက်ခြင်းနှင့်ခေါင်းခဲခြင်းအမျိုးမျိုးသောခေါင်းကိုက်ခြင်းတွင် မျက်ရိုးကိုက်ခြင်းဖြစ်စေပါတယ်။စိတ်ဖိဆီးမူကြောင့်ဖြစ်သောခေါင်းကိုက်ခြင်းတွင်လည်ပင်းကြွက်သားများတောင့်တင်းကာ မျက်ရိုးထိုးကိုက်တတ်ပါတယ်။အလင်းရောင်နှင့်လူပ်ရှားမူပင် ခေါင်းကိုက်ခြင်းသည်အပြင်းထန်ဆုံးပင်ဖြစ်ပါတယ်။ပျို့အန်ခြင်းပင်ဖြစ်စေပါတယ်။
-မျက်စိရေတိမ်
မျက်စိထဲတွင်အရည်များကာ ဖိအားများလာသောအခြေအနေတွင်မျက်ရိုးကိုက်တတ်ပါတယ်။မျက်စိအာရုံကြောအပေါ်သို့ဖိအားတစ်ခုဖြစ်စေကာ အာရုံကြောပျက်စီးစေပါတယ်။အသက်၆၀ကျော်အများစုတွင် ရေတိမ်ကြောင့်မျက်စိမမြင်မူအများဆုံးဖြစ်ပါတယ်။ရေတိမ်လက္ခဏာများမှာ
-ခေါင်းကိုက်ခြင်း
-မျက်စိဝါးခြင်း
-မျက်စိကိုက်ခြင်း
-မျက်စိ၂ထပ်မြင်ခြင်း
-ပျို့အန်ခြင်းစသည်တို့ခံစားရလေ့ရှိပါတယ်။ရေတိမ်သေချာစွာကုသခြင်းဖြင့် မျက်စိအမြင်အာရုံကွယ်ပျောက်မူသက်သာစေနိုင်ပါတယ်။
-ထိပ်ကပ်နာ
နှာခေါင်းအတွင်းရှိအခေါင်းပေါက်ငယ်များပိုးဝင်သောကြောင့်ရောင်ရမ်းမူရှိပါက မျက်ရိုးကိုက်တတ်ပါတယ်။အသက်ရူရခက်ခဲခြင်းနှင့်နှာပိတ်ခြင်းဖြစ်စေပါတယ်။ခေါင်းလူပ်ရှားမူတိုင်း ကိုက်ခဲနေတတ်ပါတယ်။ဘက်တီးရီးယားပိုး။ဓာတ်မတည့်ခြင်းနှင့် အအေးမိခြင်းကြောင့်ထိပ်ကပ်နာဖြစ်သောကြောင့်သေချာဆရာဝန်နှင့်ကုသသင့်ပါတယ်။
-နားထင်သွေးကြောရောင်ခြင်း
နားထင်သွေးကြောရောင်လာသောအခါ မျက်ရိုး့ပြင်းပြင်းထန်ထန်ကိုက်ခဲတတ်ပါတယ်။နားထင်သွေးကြောရောင်ခြင်းမှာမေရိုးနာခြင်း။အမြင်အာရုံပြသနာနှင့်ဦးရေပြားနာကျင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။စတီးရိုက်ပေးရျ်သက်သာနိုင်သော်လည်း သတိပြုကုသမူမခံယူပါက လေဖြတ်ခြင်းနှင့် အမြင်အာရုံဆုံးရှုံးခြင်းစသည်တို့ဖြစ်စေပါတယ်။
-ရေကျောက်ပိုး
ရေကျောက်ဖြစ်စေသောပိုးကူးစက်ခံရသောအခါ မျက်ရိုးကိုက်တတ်ပါတယ်။မျက်ရိုးကိုက်ခြင်းအပြင် နာကျင်ကိုက်ခဲသောအရေပြား အရည်ကြည်ဖုထွက်ခြင်းဖြစ်စေပါတယ်။
(2)ကုသမူနည်းလမ်းများ
မျက်ရိုးကိုက်ခြင်းဖြစ်စေသောအကြောင်းအရင်းပေါ်မူတည်ရျ် ကုသမူခံယူသင့်ပါတယ်။ပုံမှန်ခေါင်းကိုက်ခြင်းခံစားရပါက အကိုက်အခဲပျောက်ဆေးများနှင့်အိမ်တွင်းကုသမူနည်းလမ်းဖြင့်သက်သာနိုင်ပါတယ်။သို့သော် ကြာရှည်ခံစားရခြင်းအပြင်အခြားသောလက္ခဏာတခုခုခံစားရပါက အထူးသတိပြုကုသမူခံယူသင့်ပါတယ်။ဥပမာရေတိမ်
မျက်ရိုးကိုက်ခြင်းကိုသက်သာစေသောနည်းလမ်းများမှာ
-အနားယူခြင်း
-တရားထိုင်ခြင်း
-တိတ်ဆိတ်သောနေရာတွင်နေခြင်း
-မျက်စိပေါ်သို့ အေးရန်ရေအေးကပ်ခြင်း
-အကိုက်အခဲပျောက်ဆေး
-စိတ်ဖိဆီးမူလျော့ချခြင်းစသည်တို့ကိုပြုလုပ်သင့်ပါတယ်။
အမြင်အာရုံပြသနာများ လျော့ကျသက်သာစေရန် အာရုံစိုက်ရသောအလုပ်များ မလုပ်သင့်ပါ။ဖုန်းကြည့်ခြင်း။တီဗွီကြည့်ခြင်း။ကွန်ပြုူတာကြည့်ခြင်းစသည်တို့ကို လုံးဝမပြုလုပ်သင့်ပါ။မျက်စိအမြင်အာရုံပြသနာခံစားရပါက စောစီးစွာကုသမူခံယူသင့်ပါတယ်။သို့မှသာ မျက်စိကွယ်မူကို ကာကွယ်နိုင်ပါလိမ့်မယ်။