fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နေ့လည်ဖက်တရေးတမောအိပ်တာ ကျန်းမာရေးအတွက် အကျိုးရှိသလား

107
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/10/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

နေ့လည်ဖက်တရေးတမောအိပ်တာ ကျန်းမာရေးအတွက် အကျိုးရှိသလား

တစ်နေကုန် အလုပ်လုပ်ပြီး မောပန်းနွမ်းနယ်လာတဲ့ အခါ ကျောလေးတစ်ခါလောက်ဆန့်လိုက်ရရင်ကို ရှိသမျှ ပင်ပန်းတာတွေ ပြေလျော့သွားတယ်လို့ ခံစားရတဲ့ အချိန်တွေ လူတိုင်းကိုယ်စီမှာ ရှိခဲ့ဖူးကြတယ် ညအိပ်ရာဝင်မှမဟုတ်ဘဲ တစ်ချို့လည်း နေ့လည်ဖက်မှာ ခဏတစ်ဖြုတ် ကျောဆန့်တတ်ကြတယ် ။
နေ့လည်ဖက် တစ်ရေးတစ်မောအိပ်တာ ကောင်းလား ဆိုရင်ဖြင့် ကောင်းတာလည်း ပြောကြသလို ဆိုးကျိုးတွေလည်း ပြောကြပါတယ် ။
နေ့လည်ဖက်တစ်ရေးတစ်မော အိပ်စက်တယ်ဆိုတာ ခါးရိုးဆစ်တွေနဲ့ တစ်ခြားသောအဆစ်တွေကိုအနားပေးတဲ့သဘောပါပဲ အိပ်ပျော်နေဖို့ မလိုပါဘူး လှဲပြီးအနားယူတာပါ ။
အရိုးအဆစ်တွေက လှုပ်ရှားမှုများလွန်းရင်လည်း ဒဏ်ပိစေတတ်ပါတယ် အရိုးအဆစ်တွေမှာရှိတဲ့ synovial fluid လို့ခေါ်တဲ့ လှုပ်ရှားမှုတွေ ချောမွေ့အောင် ကူညီဆောင်ရွက်ပေးနေတဲ့ အရည်တွေ တစ်ဖြည်းဖြည်း နည်းလာပြီး လှုပ်ရှားမှုတွေမှာ နာကျင်လာတတ်ပါတယ် အနေအထားမမှန်ဘဲ အလုပ်တွေလုပ်နေရတဲ့သူတွေမှာလည်း အရိုးကျီးပေါင်းတွေ အရိုးအတက်ထွက်တာတွေ ဆက်ဖြစ်လာနိုင်ပါတယ် ။
နေ့လည်ဖက်အိပ်စက်အနားယူခြင်းက အရိုးအဆစ်အတွက်သာမဟုတ်ပါဘူး သွေးလှည့်ပတ်မှုကိုလည်း ပြန်လည်ကောင်းမွန်စေပါတယ် တစ်နေကုန်မတ်မတ်နေတဲ့သူတွေမှာ ခြေထောက်တွေမှာ သွေးပြန်ကြောတွေ ထုံးတာတွေဖြစ်တတ်တာကြောင့် လှဲပြီးအနားယူခြင်းက သွေးပြန်ကြောထုံးခြင်းကို သက်သာစေပါတယ် ။
နေ့လည်ဖက်မှာ ဘာမှမတွေးဘဲ အိပ်စက်အနားယူခြင်းက စိတ်ပိုင်းဆိုင်ရာကိုလည်း အထောက်အကူဖြစ်စေပါတယ် စိတ်ညစ်စရာတွေစိတ်ဖိစီးနေတာတွေကြောင့် လေးလဲထိုင်းမှိုင်းနေတာတွေကို လျှော့ချနိုင်ပါတယ် အနားယူပြီးတဲ့အခါမှာလည်း စိတ်ဓတ်ပြန်လည်လန်းဆန်းတက်ကြွနေပြီး စိတ်အာရုံကို ပိုပြီးစုစည်းနိုင်စေပါတယ် ။
အသက်ကြီးပိုင်းတွေမှာ ညဘက်အအိပ်နည်းလာတာက ပုံမှန်ဖြစ်စဉ်တစ်ခုပါ ညဘက်ကိုစောစောအိပ်လေ ပြန်နိုးတဲ့အချိန်စောလေပါ ညဘက်ကို အချိန်နည်းနည်းနောက်ကျမှ အိပ်တယ်ဆိုရင် မနက်ကို လေးနာရီငါးနာရီလောက်မှာပြန်နိုးတတ်ကြပါတယ် ခက်တာကအသက်ကြီးပိုင်းဖြစ်လာတာနဲ့အမျှ ညဘက်မိုးချုပ်ထိ မအိပ်ဘဲနေဖို့က တစ်နေကုန်လှုပ်ရှားနေရတယ်ဆို အဆင်မပြေပါဘူး ဒါကြောင့် နေ့လည်ပိုင်းတွေမှာ ခဏတစ်ဖြုတ် အနားယူပေးသင့်တာပါ ။
ကိုယ်ဝန်ဆောင်သည်တွေမှာ ပြုပြင်လိုက်နာဖို့လိုတဲ့ နေထိုင်မှုပုံစံထဲမှာ နေ့လည်ဖက်ကို အိပ်စက်အနားယူတာလည်းတစ်ခု အပါအဝင်ပါ နေ့လည်ကို အနည်းဆုံးနှစ်နာရီလောက်အချိန်ပေးပြီး လှဲနေဖို့ လိုအပ်ပါတယ် ကိုယ်ဝန်သည်တွေမှာ လရင့်လာတာနဲ့အမျှ ဗိုက်ရဲ့ အလေးက ခါးရိုးကို ဒဏ်ပိစေပါတယ် ဆွဲငင်အားနဲ့ အောက်ဘက်ကိုပဲဆွဲနေတဲ့အခါ ခါးက ဆွဲငင်အားကိုပါ တွန်းကန်ပြီး အလုပ်လုပ်နေရပါတယ် ဝိတ်များလေ ပိုလုပ်ရလေပါ ဒါကြောင့်ကိုယ်ဝန်သည်တွေမှာ ခါးနာခြင်း မရှိရလေအောင် နေ့လည်ဖက်မှာအနားယူဖို့လိုအပ်ပါတယ် ။
ကလေးငယ်လေးတွေမှာလည်း နေ့လည်ဖက်ကို တစ်ရေးတစ်မောအိပ်စေတတ်ကြတယ် ကလေးဆိုတာက မိုးလင်းတာနဲ့ စားမယ်ကစားမယ်ပဲ လုပ်နေတတ်ပါတယ် ကစားတာများလေ ချွေးထွက်များလေ ပိုနုန်းလေပါ ကုန်ခမ်းတဲ့အားအင်တွေ အသစ်ပြန်ဖြစ်ဖို့က အိပ်စက်အနားယူဖို့လိုလာတတ်ပါတယ် အစားစားပြီးချိန်ဆို ဗိုက်လေးနေတာကြောင့်လည်း အိပ်ချင်လာတတ်ကြတယ် နေ့လည်ဖက်အိပ်ခြင်းက အင်အားအသစ်တွေကို ဖြစ်စေပါတယ် အိပ်ယာထလာတဲ့အခါမှာလည်း အစားကို ပြည့်ပြည့်ဝဝ စားစေတတ်ပါတယ် ။
စီးပွားရေးအတွက် အိမ်အတွက် အလုပ်တစ်ခုခုလုပ်ကိုင်နေတဲ့သူတွေအတွက်လည်း နေ့လည်ဖက် တစ်ရေးတစ်မောအိပ်စက်ခြင်းက ကျန်းမာရေးအတွက်သင့်တော်ပါတယ် ထိုင်လုပ်ရတဲ့ အလုပ်ဖြစ်စေ လမ်းလျှောက်ပြီးလုပ်ရတာဖြစ်စေ မတ်တပ်ရပ်ပြီးလုပ်ရတာဖြစ်စေ အလေးအပင်မရတာဖြစ်စေ ဘယ်အလုပ်မဆို လူကိုအားယုတ်စေပါတယ် တစ်နေကုန် တက်ကြွစွာလုပ်နိုင်ဖို့က နေ့လည်မှာတော့ ခဏတာ လဲှလျောင်းပေးသင့်ပါတယ် အဓိကကတော့ ခါးနဲ့ ကျောရိုးတွေ အနားရစေအောင်ပါ ဒါမှလည်း နှစ်ရှည်လများ အလုပ်ဆက်လုပ်နိုင်မှာပါ ။
နေ့လည်ဖက်မှာအိပ်စက်အနားယူတာကြောင့်ဖြစ်စေတဲ့ ဆိုးကျိုးကမရှိသလောက်ရှားပါတယ် ဒါပေမယ့် တစ်ချို့တစ်ချို့သောသူတွေကတော့ နေ့လည်ဖက်အိပ်ပျော်ပြီးရင် ပြန်နိုးလာတဲ့အခါ ခေါင်းထဲ လေးနေတတ်ပါတယ် နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ နေ့လည်ဖက်အိပ်တဲ့အခါ အရမ်းအအေးခံမိရင် ပြန်နိုးလာတဲ့အခါ ဖျားတတ်တာလေးတွေရှိပါတယ် နေ့လည်ဖက်အိပ်တာကလည်း အရမ်းနောက်မကျစေရပါဘူး ညနေဘက်အထိရောက်သွားရင် ညဘက်ပြန်အိပ်မပျော်တာတွေလည်း ဖြစ်နိုင်တတ်ပါတယ် ။

Dr. CST

Previous Post

စိုးရိမ်ပူပန်မှုတွေ နည်းနိုင်သမျှနည်း‌အောင် ဘယ်လိုနေမလဲ ?

Next Post

” ဆံပင်ပျက်စီးစေတဲ့ သတိမပြုမိတဲ့အလေ့အကျင့်များ ” 

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

" ဆံပင်ပျက်စီးစေတဲ့ သတိမပြုမိတဲ့အလေ့အကျင့်များ " 

ယောက ျာ်းတွေမှာ  ဒုတိယအဖြစ်များဆုံး  ကင်ဆာ

အိပ်နေတုန်း ဖြစ်တဲ့ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.