အောက်ဆီတိုစင် Oxytocin ဟော်မုန်းသည် ဗီကျူထရီဂလင်း Pituitary Gland မှထွက်သော ဟော်မုန်းဖြစ် သည်။ ဗီကျူထရီဂလင်းသည် ဦးနှောက်၏အောက်ခြေ၌ကပ်လျကရှိသော ပဲစေ့အရွယ်ပြွန်မဲ့ဂလင်း တစ်ခုဖြစ် သည်။ ခန္ဓာကိုယ်အတွက်အရေးကြီးသော ဟော်မုန်းများထုတ်လုပ်ပေးသည်။ တစ်ချိန်က ပီကျူထရီဂလင်းကို “ပြွန်မဲ့ဂလင်းများ၏ အရှင်သခင်” ဟုပင်တင်စားခေါ်ခဲ့သည်။ ခန္ဓာကိုယ်ရှိပြွန်မဲ့ဂလင်း Endocriune glands များ ၏လုပ်ငန်းတာဝန်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုဖြစ်စေသော Growth Harmonoe မှာပီကျူထရီဂလင်းမှ ထွက်သည်။ အောက်ဆီ တိုစင်ကိုလည်း ပီကျူထရီဂလင်းမှပင်ထွက်သည်။ အောက်ဆီတိုစင်နှင့်ပတ်သက်ပြီး အဓိကလုပ်ငန်းနှစ်ရပ်တွေ့ ရသည်။ ဇီဝကမ္မဗေဒသဘောအရ သားသမီးမွေးဖွားခြင်းတွင် သားအိမ်ကြွက်သားများ ကျုံ့ညှစ်အောင်လှုံ့ ဆော်အားပေးသည်။ ဒုတိယလုပ်ငန်းစဉ်တစ်ခုမှာ နို့တိုက်မိခင်များတွင်ကလေးငယ်များကို နို့တိုက်ကျွေးသော အခါအောက်ဆီတိုစင်မှာ သားသမီးမွေးဖွားခြင်းနှင့် နို့ထွက်စေခြင်းတို့အတွက် အဓိကအရေးကြီးသည်ဟုဆိုနိုင် ပါသည်။
ယင်းအောက်ဆီတိုစင်နှင့်ပတ်သက်ပြီး အခြားလုပ်ငန်းများရှိ၊ မရှိဆိုခြင်းမှာ အတိအကျမပြောနိုင်ပေ။ သို့သော် Dr. Douglas Ong က အောက်ဆီတိုစင်ကိုရယ်စရာအဖြစ် Cuddle Hormone ပွေ့ဖက်ဟော်မုန်းဟု အမည် ပေးထားသည်။ ကျွန်တော့်အနေဖြင့် ပွေ့ဖက်ဟော်မုန်းအမည်အစား “အချစ်ဟော်မုန်း” Love Hormone ဟု ကင်ပွန်းတပ်လိုက်ခြင်းဖြစ်သည်။
သုတေသနပညာရှင်တချို့က Oxytocin အောက်ဆီတိုစင်သည် နို့တိုက်သတ္တဝါများတွင် တစ်ဦးနှင့်တစ်ဦး မေတ္တာနှောင်ကြိုးရစ်ပတ်မှုအတွက် လှုံ့ဆော်အားပေးနိုင်စွမ်းရှိသည်ဟု လက်ခံထားကြသည်။ ချစ်သူများကြား၊ ဇနီးမောင်နှံတို့ကြား အောက်ဆီတိုစင်သည် အရေးကြီးသောဟော်မုန်းတစ်ခုဖြစ်လာသည်။ အောက်ဆီတိုစင် သည်ယုံကြည်မှု၊ စာနာမှု၊ ကြင်နာမှု၊ ချစ်ကျွမ်းဝင်မှု၊ နားလည်နိုင်မှု စသည်တို့ကိုဖြစ်စေရုံသာမက၊ ကြောက်ရွံ့စိုး ရိမ်မှုမှလည်း ကင်းဝေးစေနိုင်သည်ဟုဆိုပါသည်။
စာဖတ်သူများအဖို့ အချစ်ဟော်မုန်းအောက်ဆီတိုစင်အကြောင်း တစေ့တစောင်းဗဟုသုတ ရရှိနိုင်မည်ဟုမျှော် လင့်ပါသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)