မိဘနဲ့ကလေး အတူတူအိပ်သင့်မအိပ်သင့်
မိမိရင်သွေးငယ်ကို မိမိနဲ့အိပ်ရာ အတူတူထားအိပ်သင့်ပါသလားဟူသော မေးခွန်းသည် မိဘတိုင်းသိချင်ကြပါတယ်။ မြန်မာလူမျိုးများအတွက် မိဘနဲ့ခွဲသိပ်သင့်သည်ဟုမထင်ကြပါ။
အဆိုပါမေးခွန်းအတွက် အဖြေကကျယ်ပြန့်လွန်းလှပါတယ်။ အချို့လေ့လာချက်များအရ မိဘနှင့်ကလေးခွဲသိပ်ခြင်းသည် ကောင်းသည့်အချက်များသည်ဟုဆိုသော်လည်း အချို့မှာမူ အန္တရာယ်များသည်ဟုဆိုကြပါတယ်။
(1) ကလေးနှင့်မိဘ အိပ်ရာအတူထားမအိပ်သင့်သော အချက်များ
အချို့လေ့လာတွေ့ရှိချက်များအရ မိဘနှင့် ကလေးတူတူထားအိပ်ခြင်းသည် အသက်တစ်လမှ တစ်နှစ်အတွင်း ရုတ်တရက် အသက်ရှုရပ်သေဆုံးခြင်းရဲ့ အကြောင်းရင်း တစ်ရပ်အနေဖြင့် တွေ့ရှိရပါတယ်။အနောက်နိုင်ငံများတွင် ရုတ်တရက် ကလေးအသက်ရှုရပ်သေဆုံးခြင်း ၆၉% သည် မိဘနှင့် အိပ်နေစဉ် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။
အိပ်ရာအတူထား အိပ်ခြင်းသည် ကလေးငယ်အတွက် အပူချိန်လွန်ကဲခြင်း၊ လေကောင်းလေသန့်မရရှိခြင်း၊ ခေါင်းအုပ်နေခြင်းနှင့် ဆေးလိပ်အငွေ့ရူခြင်းစသည့် အန္တရာယ်များဖြစ်စေနိုင်ပါတယ်။ ထိုအကြောင်းများသည် ရုတ်တရက် ကလေးအသက်ရှုရပ်သေဆုံးခြင်း ဖြစ်စေသောအချက်များပင် ဖြစ်ပါတယ်။
ထို့အပြင် ခုတင်အိပ်ရာများသည် ကလေးငယ်များအတွက် ဒီဇိုင်းဆွဲမထုတ်လုပ်ထားသောကြောင့်
ကလေးငယ်အတွက် မမျော်လင့်သော ထိခိုက်မူများ ဥပမာ အသက်ရူပိတ်ခြင်း။ ပြုတ်ကျခြင်းနှင့် လည်ပင်းအစ်ခြင်းစသည်တို့ ဖြစ်စေနိုင်ပါတယ်။
မွေးစမှ ၃ လနှင့် လမစေ့ပေါင်မပြည့်ကလေးငယ်များအတွက် ပိုမိုဖြစ်စေနိုင်ပါတယ်။ ထိုကလေးငယ်များသည် ကိုယ်ခံအားမကောင်းသောကြောင့် လူကြီးများနှင့်အတူ မအိပ်သင့်ပါ။
(2) ကလေးနှင့် မိခင်အတူ ထားအိပ်သင့်သောကောင်းကျိုးများ
မိခင်အများစုအတွက် ကလေးကိုမိမိနှင့်အတူ ထားအိပ်စေခြင်းမှာ မိခင်နို့ကို ကြာရှည်စွာ နို့တိုက်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ကလေးငယ်သည် မိခင်နို့ကို အချ်န်ကြာမြင့်စွာသောက်သုံးရသောအကျိုးကျေးဇူးရရှိစေပါတယ်။ အချို့မိခင်များသည် နို့တိုက်ကျွေးရာတွင်အခက်အခဲတွေ ရှိတတ်ပါတယ်။
မိမိကလေးငယ်ကို မိမိနှင်ခွဲသိပ်ထားပါက မိခင်သည် ကလေးငယ်နို့ချိုတိုက်ကျွေးရန် အချိန်ယူ ထတိုက်ရသောကြောင့် ရေရှည်တွင်ပင်ပန်းမူဖြစ်လာကာ မိခင်နို့တိုက်ခြင်းကို စွန့်လွှတ်တတ်ကြပါတယ်။ ထိုအခြေအနေတွင် မိခင်နှင့်အတူ ထားသိပ်ခြင်းသည် ကလေးငယ်နို့စို့နေစဉ် မိခင်သည်လည်းကောင်းစွာအနားယူနိုင်ပါတယ်။
ထို့ကြောင့် မိခင်နှင့်အတူ ထားသိပ်ခြင်းသည် မိခင်နို့ကောင်းစွာရရှိသည့်အပြင် ကလေးရောမိခင်ပါ ကောင်းစွာအိပ်စက်မူ ပိုမိုရရှိစေပါတယ်။ အခြားသောကောင်းကျိုးများမှာ မွေးစကလေးငယ်များသည် နွေးထွေးမူအထူးလိုအပ်ပါတယ်။
ကလေးငယ်များသည် နွေးထွေးမူ။ သက်တောင့်သက်သာရှိမူနှင့် လုံခြုံမူအတွက် မိဘနှင့်အိပ်ခြင်းသည်အထူးလိုအပ်ပါတယ်။ ငယ်စဉ်မိဘနှင့် အိပ်သုသည် အရွယ်ရောက်လာသောအခါ ပိုမိုသင်ကြားမူလွယ်ကူသည်ဟု ဆိုနိုင်ပါတယ်။
၂၀၁၁ ခုနှစ်လေ့လာချက်များအရ မွေးစမှ ၃ နှစ်အထိ မိဘနှင့်အတူ သိပ်ခြင်းသည် ကလေးငယ် ၅ နှစ်အရွယ်တွင် အပြုအမူကောင်းများပိုမိုရရှိစေပါတယ်။
နိဂုံးချုပ်အရ ကလေးကျန်းမာရေးအဖွဲ့အဆိုအရ မိဘနှင့်အတူအိပ်သင့်မအိပ်သင့် ဆုံးဖြတ်မူသည် မိဘသာလျှင် ဆုံးဖြတ်မူပေးသင့်ပါတယ်။ မိဘနှင့်အတူ ထားအိပ်စေလျှင် မိဘများသည် ရုတ်တရက်ကလေးအသက်ရှုရပ်သေဆုံးခြင်းအကြောင်း အရာများကို ကောင်းစွာသဘောပေါက် ဆင်ခြင်ကာကွယ်သင့်ပါတယ်။ ကလေးငယ်ကို မိဘနှင့် အိပ်ရာခွဲသိပ်ခဲ့လျှင် ကလေးငယ်စိတ်အခြေအနေလုံခြုံနွေးထွေးမူနှင့် မိခင်နို့လုံလောက်စွာရရှိရန် အထူးဂရုပြုဆောင်ရွက်သင့်ပါတယ်။
ထို့ကြောင့် ကလေးငယ်အတွက်
– လုံခြုံသောအိပ်ရာဖန်တီးပါ။
– မိခင်နို့ကောင်းစွာရရှိရန်တိုက်ကျွေးပါ။
Dr.ပြည့်ရှင်း