fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

ငါးစားတာ ဘာတွေကောင်းပြီး  ဘာတွေဆိုးလဲ

ငါးစားတာ ဘာတွေကောင်းပြီး  ဘာတွေဆိုးလဲ

ငါးစားခြင်းဟာ လူတွေအတွက် များပြားလှသောကျန်းမာရေးကောင်းကျိုးတွေပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ်မှာ ရေထုညစ်ညမ်းမှုတွေ များပြားလာခြင်းနဲ့အတူ ရေထဲမှာနေတဲ့ငါးတွေမှာပါ အဆိပ်အတောက်သင့်တာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ငါးစားတဲ့ကောင်းကျိုးအပြင် အခန့်မသင့်ရင်ရနိုင်တဲ့ ဆိုးကျိုးအနည်းငယ်ကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

(1) အကျိုးကျေးဇူးများ

ငါးသည် ပုံမှန်အားဖြင့် ကျန်းမာရေးနှင့်သင့်တော်သော အသားဓာတ်များစွာပါဝင်ပြီး အမဲသား၊ ကြက်သားနှင့် ဝက်သားတို့နှင့်ယှဉ်လျှင် မလိုအပ်သော အဆီနှင့် ကယ်လိုရီနည်းပါးစွာ ပါဝင်ပါတယ်။ အချို့ငါးများ အထူးသဖြင့် ဆဲလယ်မွန်ငါးတွင်သွေးကြောများအတွက် အထောက်အပံ့ပေးပြီး သွေးခဲမႈလျော့ကျစေကာ နှလုံးထိခိုက်မႈ သက်သာစေသော အိုမီဂါ 3 ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆာဒင်းငါးတွင်လည်း အိုမီဂါ 3 များစွာပါဝင်ပါတယ်။ ထို့ကြောင့် ငါးစားခြင်းသည် အိုမီဂါ 3 ရရှိသောကြောင့် နှလုံးရောဂါဆိုးများဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

အိုမီဂါ 3 သည် ကြီးထွားဖွံဖြိုးမႈအတွက် အလွန်အထောက်အပံ့ကောင်းများ ရရှိစေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးသင့်လျော်ပါတယ်။ သို့သော် သေချာချက်ပြုတ်စားသုံးပါ။ အစိမ်းစားခြင်း။ မကျက်တကျက်ကင်စားခြင်းရှောင်ကျဉ်ပါ။

ငါးစားခြင်းဖြင့် အိုမင်းရင့်ရော်မႈကို ကာကွယ်ပေးပြီး မှတ်ဉာဏ်မေ့လျော့ခြင်းရောဂါများကို အထူးကာကွယ်တားဆီးပေးပါတယ်။

စိတ်ဓာတ်ကျခြင်း၊ ဝမ်းနည်းခြင်း၊ အားအင်ကုန်ခမ်းခြင်းနှင့် ဘဝအပေါ်စိတ်ကုန်ခြင်းစသော စိတ်ဝေဒနာများလည်း ငါးစားခြင်းဖြင့် အိုမီဂါ 3 ရရှိခြင်းကြောင့် သိသာစွာ သက်သာလာစေပါတယ်။

ငါးသည် ဗီတာမင် D ရရှိစေနိုင်သော တခုတည်းသော အစာအစားဖြစ်ပါတယ်။ အကယ်၍ နေရောင်ကောင်းစွာမရှိသောကြောင့် ဗီတာမင် D ဓာတ်ချို့တဲ့နေလျှင် ငါးစားခြင်းဖြင့် ရရှိစေနိုင်ပါတယ်။

အသက်ငယ်သူများ ဆီးချိုရောဂါဖြစ်လျှင် ငါးစားခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

ငါးစားခြင်းဖြင့် အမြင်အာရုံကို ကြည်လင်စေပြီး မျက်စိမှုန်ခြင်းကင်းဝေစေပါတယ်။

ငါးစားခြင်းသည် နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး တနေကုန်အားအင်ပြည့်ဝစွာ အလုပ်လုပ်နိုင်ပါလိမ့်မယ်။

(2) ဆိုးကျိုး

သို့သော် ယခုခေတ်တွင် စက်မႈထွန်းကားလာသောကြောင့် လေထု၊ ရေထုညစ်ညမ်းမႈများဖြစ်စေကာ သတ္တုစွန့်ပစ်ပစ္စည်းများ ပိုမိုများပြားလာပါတယ်။ အထူးသဖြင့် မာကျူရီကဲ့သို ပစ္စည်းများရေထဲတွင်ပါဝင်ကာ ရေနေသတ္တဝါဖြစ်သောငါးများအတွက် အဆိပ်အတောက်ဖြစ်စေပါတယ်။ အဆိုပါ မာကျူရီပါဝင်သော ငါးများကို စားသုံးမိလျှင် လူ့ကိုယ်ခန္ဓာထဲတွင်စုပြုံလာကာ လူ့ကိုယ်ခန္ဓာအတွက် အဆိပ်အတောက် ဖြစ်လာစေနိုင်ပါတယ်။ လူအများစုအတွက် မာကျူရီသင့်သော ငါးမည်မျှစားလျှင် ထိခိုက်မည်ဟု မသတ်မှတ်သော်လည်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် မာကျူရီပမာဏအနည်းမျှပင်လျှင် အထူးအရေးကြီးလှပါတယ်။

Dr.ပြည့်ရှင်း

ဆက်စပ် ဆောင်းပါးများ