fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကဖင်းဓာတ် နဲ့ ကျန်းမာရေးအကောင်းအဆိုးများ 

360
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/10/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကဖင်းဓာတ် နဲ့ ကျန်းမာရေးအကောင်းအဆိုးများ

ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ကိုလာစေ့နဲ့ ကိုကိုး တို့မှာ ကဖင်းဓာတ်ပါဝင်နေတယ်ဆိုတာ အကြမ်းဖျင်းသိရှိကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်ပါဝင်မှု ပမာဏ ကတော့ အစားအစာတွေ ဒါမှမဟုတ် သောက်သုံးစရာတွေမှာ စားသုံးမယ့် စားသောက်မှုပုံစံပေါ် မူတည် နေပါတယ်။ ကဖင်းဓာတ်မှာ များပြားလှတဲ့ အကြောင်းအရာနဲ့ အချက်အလက်တွေရှိပြီး သင့်ဆီမှာ ကဖင်းဓာတ်နဲ့ ပတ်သက်ပြီး သိရှိဖို့ အခွင့်အရေးအချို့ရှိမယ်ဆိုရင်တောင် တိတိကျကျသိရှိဖို့ မလွယ်ကူပါဘူး။  ဒါဆို ကဖင်းဓာတ်နဲ့ပတ်သက်ပြီး နောက်ထပ် ဘယ်လိုမျိုးအကြောင်းအရာတွေ၊ ထင်မြင်ချက်တွေနဲ့ အကျိုးအပြစ်တွေ ရှိသေးလဲဆိုတာ ဆက်လက်လေ့လာကြည့်လိုက်ရအောင်။

ကဖင်းဓာတ်အကြောင်း သိကောင်းစရာ – ၁။ ကဖင်းဓာတ်စွဲလန်းခြင်း။

ကဖင်းဓာတ်ဟာဆိုရင် ဗဟိုအာရုံကြောစနစ်ကို တက်ကြွစေရန် လှုံဆော်ပေးပြီး ပုံမှန် မှီဝဲမယ်ဆိုပါက မပြင်ထန်တဲ့ မမှီဝဲရမနေနိုင်တဲ့ ကဖင်းဓာတ်စွဲခြင်းကိုဖြစ်စေပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်စွဲခြင်းက ဆေးစွဲခြင်းလိုမျိုး၏ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေကို မထိခိုက်စေပါဘူး။ သင်က တစ်နေ့ကို ပုံမှန်အားဖြင့် ကော်ဖီ ၂ခွက်နဲ့အထက် သောက်သုံးဖြစ်တယ်ဆို ကဖင်းဓာတ်ကို ချက်ချင်းဖြတ်လိုက်တဲ့အခါမှာ ခေါင်းကိုက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ စိုရိမ်စိတ်များခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ အာရုံစူးစိုက်ရခက်ခဲခြင်း စတဲ့ ရောဂါလက္ခဏာ်တွေကို ရက်အနည်းငယ်ထိ ခံစားရတတ်ပါတယ်။

ကဖင်းဓာတ်အကြောင်း သိကောင်းစရာ – ၂။ အိပ်မပျော်သည့်ရောဂါဖြစ်စေခြင်း။

ခန္ဓာကိုယ်ကနေ ကဖင်းဓာတ် တဝက် ကို ဖယ်ရှားဖို့အတွက် ပျှမ်းမျှ ၅-၇နာရီခန့် ကြာမြင့်ပါတယ်။ ၈-၁၀နာရီအကြာမှာတော့ ကဖင်းဓာတ် ၇၅% ကုန်ဆုံးသွားပါပြီ။ ဒါကြောင့်မို့ မနက်ပိုင်းမှာ ကော်ဖီတစ်ခွက် ဒါမှမဟုတ် ၂ခွက်သောက်သုံးထားပေမယ့် ညဖက်အိပ်စက်ခြင်ကို မထိခိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်နေ့တွေမှာ ကဖင်းဓာတ်ကို ဆက်လက်မှီဝဲမယ်ဆိုရင်တော့ အိပ်စက်ခြင်း ကို ထိခိုက်စေမှာပါ။ အများစုကတော့ အိပ်ရာမဝင်ခင် အနည်းဆုံး ၆နာရီမှာ ကဖင်းဓာတ် မမှီဝဲရင်တော့ အိပ်စက်ခြင်းကို မထိခိုက်စေပါဘူး။ ဒါပေမယ့် သင်က အရမ်းကို sensitive ဖြစ်မယ်ဆိုရင်တော့ ကဖင်းဓာတ်က အိပ်မပျော်သည့်ရောဂါ insomnia အပြင် အာရုံကြောနဲ့ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ အခြား အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့ သင့်တင့်မျှတတဲ့ ကဖင်းဓာတ်ပမာဏကို ပုံမှန်မှီဝဲပေးသင့်ပါတယ်။

ကဖင်းဓာတ်အကြောင်း သိကောင်းစရာ – ၃။ အရိုးပွရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါဖြစ်ပွားနှုန်း မြင့်မားခြင်း ။

နေ့စဉ် မှီဝဲတဲ့ကဖင်းဓာတ် ပမာဏ၇၄၄မီလီဂရမ်ထက်ပိုမြင့်မားတဲ့အခါ ဆီးထဲမှာ ကယ်လ်ဆီယမ်နဲ့ မက်ဂနက်နီဆီယမ်ဓာတ် လျှော့ကျမှုကို မြင့်မားစေပါတယ်။ သင့်အနေနဲ့ လုံလောက်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို ရနေမယ်ဆိုရင် အရိုးထိခိုက်မှုကို မဖြစ်စေပါဘူး။ ဒါပေမယ့် ကော်ဖီတစ်ခွက်မှာ နို့လက်ဖက်ရည်ဇွန်း ၂ဇွန်းလောက်ထည့်ရုံနဲ့တော့ လုံလောက်တဲ့ ကယ်လ်ဆီယမ်ပမာဏရတယ်လို့ မဆိုနိုင်ပါဘူး။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေမှာ ကဖင်းဓာတ်က ကယ်လ်ဆီယမ်ဓာတ်ပြောင်းလဲမှုဖြစ်စဉ်မှာ ထိရောက်မှု လွယ်ကူစေတဲ့အတွက် ကဖင်းဓာတ်နဲ့ တင်ပဆုံရိုးကျိုးခြင်း၊အက်ခြင်း ဆက်စပ်မှုရှိစေပါတယ်။ ဒါကြောင့်မို့ သက်ကြီးရွယ်အိုတွေက ကျန်းမာရေးအရ တစ်နေ့ကို ကဖင်းဓာတ် ၃၀၀မီလီဂရမ်ထထက်လျှော့နည်းပြီး မှီဝဲသင့်ပါတယ်။ ကဖင်းဓာတ်က ကင်ဆာရောဂါအချိုကို ကာကွယ်ပေးနိုင်စွမ်းရှိပေမယ့် သွေးတိုးသမားတွေကိုတော့ လေဖြတ်တဲ့အထိဖြစ်စေတတ်ပါတယ်။ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ နှလုံးသွေကြောရောဂါရှိသူတွေ အနေနဲ့ ကဖင်းဓာတ်ပါဝင်တဲ့ အစားအသောက်ကို စားသုံးမိတဲ့အခါမှာ နှလုံးခုန်မြန်တာတွေ၊ သွေးပေါင်ချိန်အတက်အကျတွေ ယာယီဖြစ်တတ်တဲ့အတွက် ဆရာဝန်ညွှန်ကြားချက်အတိုင်း မှီဝဲသင့်ပါတယ်။

ကဖင်းဓာတ်အကြောင်း သိကောင်းစရာ – ၄။ အမျိုးသမီးများ ကိုယ်ဝန်ရရှိရန် ခက်ခဲခြင်း။

တစ်နေ့ကို ကော်ဖီတစ်ခွက်သောက်သုံးရုံနဲ့ ကိုယ်ဝန်ရှိဖို့ ခဲယဉ်းခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးဖွားရာမှာ ချို့ယွင်းချက်ရှိခြင်း၊ လစေ့ပဲ မွေးဖွားခြင်းနဲ့ မီဖွားနှုန်းကျဆင်းတာမျိုးတွေ မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့်လို့ တစ်နေ့ကို ကဖင်းဓာတ်မှီဝဲမှု ပမာဏမြင့်မားခြင်းက ကိုယ်ဝန်ပျက်ကျခြင်းနှုန်းကို မြင့်မားစေတာမို့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ တစ်နေ့ကို ကဖင်းဓာတ် ၂၀၀မီလီဂရမ်အောက် လျှော့နည်းပြီး မှီဝဲသင့်ပါတယ်။

ကဖင်းဓာတ်အကြောင်း သိကောင်းစရာ – ၅။ ရေဓာတ်ခန်းခြောက်ခြင်း။

ဒါကတော့ မမှန်ကန်ပါဘူး။ ဘာလို့လဲဆိုတော့ သင့်တင်လျှောက်ပတ်တဲ့ ကဖင်းဓာတ်ကို မှီဝဲခြင်းက အပျော့စား ဆီရွှင်ဆေးအစွမ်းရှိပေမယ့်လည်း ရေဓာတ်ကို ခန်းခြောက်တဲ့အထိတော့ မဖြစ်စေပါဘူး။ သင့်က ကဖင်းဓာတ်ပါဝင်တဲ့ သောက်စရာတစ်မျိုးမျိုးကို သောက်သုံးထားမယ်ဆိုရင်တော့ ဆီးသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ထိန်းညှိပေးသင့်ပါတယ်။

ကဖင်းဓာတ်အကြောင်း သိကောင်းစရာ – ၆။ ကလေးများကို ဘေးဥပါဒ်ဖြစ်စေခြင်း။

ကဖင်ဓာတ်က ဘေးဥပါဒ်မဖြစ်သည့်တိုင် ကဖင်းဓာတ်ပါဝင်တဲ့ သောက်သုံးစရာများကတော့ ကလေးငယ်တွေအတွက် လုံးဝကို မကောင်းပါဘူး။ ကလေးတွေ သောက်သုံးလေ့ရှိတဲ့ ဆိုဒါ၊ အားဖြည့်အချိုရည်၊ လက်ဖက်ရည်နဲ့ အလွန်ချိုတဲ့ သရေစာတွေအားလုံးမှာ ကဖင်းဓာတ်ပါဝင်ပါတယ်။ ဒါတွေမှာ ကယ်လိုရီမပါဝင်သည့်တိုင်အောင် ကလေးငယ်များကို အဝလွန်ခြင်း ရာခိုင်နှုန်းကို မြင့်တတ်စေပါတယ်။ တချို့ကလေးတွေက ကဖင်းဓာတ်ပါဝင်တဲ့ အစားအစာ ဒါမှမဟုတ် သောက်စရာတစ်ခုခုကို မှီဝဲပြီးတဲ့အခါမှာ စိုရိမ်စိတ်များခြင်း ဒါမှမဟုတ် စိတ်အကဲဆက်ခြင်းစတဲ့ လက္ခဏာတွေ ယာယီဖြစ်တတ်ပါတယ်။

ကဖင်းဓာတ်အကြောင်း သိကောင်းစရာ – ၇။ အရက်နာကျခြင်းကို သက်သာစေခြင်း။

အရက်နာကျတဲ့အခါ ကော်ဖီသောက်ရင် အဆင်ပြေတယ်လို့ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် တုံပြန်ချိန်နဲ့ ထင်မြင်ချက်ကွဲလွဲနေတာကတော့ အမှန်တရားပါပဲ။ ဘာလို့လဲဆိုတော့ တစ်ယောက်က ကဖင်းဓာတ်နဲ့ အရက်ကို တွဲဖက်မှီဝဲမယ်ဆိုရင်တော့ သူက ယာဉ်မတော်တဆဖြစ်ဖို့ အသေချာဆုံးဖြစ်နေလို့ပါပဲ။

ကဖင်းဓာတ်အကြောင်း သိကောင်းစရာ – ၈။ ကျန်းမာရေးကို ကောင်းကျိုးမပေးခြင်း။

ဒါကတော့ လုံဝကြီးမှန်တဲ့အချက်အချက်တော့မဟုတ်ပါဘူး ဘာလို့လည်းဆိုတော့ ကဖင်းဓာတ်မှာ စိတ်ဝင်စားဖွယ် ကောင်းကျိုးအချိုကရှိပါတယ်။ အထောက်အထားခိုင်လုံမှုရှိတဲ့ ကဖင်ဓာတ်ရဲ့အကျိုးကျေးဇူးတွေကတော့..ပါကင်ဆန်ရောဂါ၊ အသည်းရောဂါ၊ အူမကြီးကင်ဆာ၊ ဆီးချိုရောဂါ ၂မျိုးနဲ့ စိတ်ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ကျစေပါတယ်။ ကဖင်းဓာတ်က ကျန်မာရေးအတွက် အကျိုးကျေးဇူးတွေရှိနေပေမယ့် “တန်းဆေးလွန်ဘေး”ဆိုတဲ့အတိုင်း ကဖင်းဓာတ်များပြာတဲ့ပမာဏကို မှီဝဲမိရင်တော့ ဘေးဥပါဒ်ဖြစ်စေတာကိုတော့ မမေ့သင့်ပါဘူး။

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာတွေကတော့ ကဖင်းဓာတ်နဲ့ပါတ်သက်ပြီး အကျိုး၊အပြစ်တွေနဲ့ အယူအဆလွဲမှားခြင်း၊ မှန်ကန်ခြင်းစတာတွေပဲဖြစ်ပါတယ်။ ကဖင်းဓာတ်အကြောင်း သိကောင်းစရာ ကို့လေ့လာဖတ်ရှုခြင်းပြီး ကျန်းမားရေးနဲ့ ညီညွတ်မျှတပြီး သင့်တင့်လျောက်ပတ်တဲ့ ကဖင်းဓာတ်ကို မျှတစွာ မှီဝဲနိုင်ကြပါစေ။

Nora

Previous Post

သူမလာသေးခင် ခံစားရတာတွေ 

Next Post

ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက်သေဆုံးနိုင်တဲ့အကြောင်းအရင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက်သေဆုံးနိုင်တဲ့အကြောင်းအရင်း

ဖြူပြာနီနာ

ကင်ဆာ  ကကြီးခကွေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.