fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

လေယာဉ်စီးခြင်းကြောင့် မမျှော်လင့်ပဲ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

69
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/02/2017
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ေလယာဥ္စီးတဲ့အခါ ေလယာဥ္ မေတာ္တဆပ်က္က်မွာကို စိုးရိမ္ဖူးပါသလား။ တကယ္ဆို ေလယာဥ္ ပ်က္က်ဖို႔ထက္ သင့္အေနနဲ႔ ထီေပါက္ဖို႔ကေတာင္ ျဖစ္ႏိုင္ေျခပိုမ်ားမွာပါ။ အဲ့ဒီအစား အမွန္တကယ္ သတိျပဳသင့္တာကေတာ့ ေလယာဥ္စီးျခင္းေၾကာင့္ ႀကဳံေတြ႕ရႏိုင္တဲ့ က်န္းမာေရးျပႆနာေတြပါပဲ။

အလုံပိတ္ထားတဲ့ေလယာဥ္ထဲမွာ လူတစ္ရာေလာက္ အခ်ိန္အၾကာႀကီး အတူေနရတဲ့အတြက္ ဗိုင္းရပ္စ္ပိုး ကူးစက္ႏိုင္ေျခ မ်ားျပားတာကိုေတာ့ လူတိုင္းသေဘာေပါက္ၿပီးျဖစ္မွာပါ။ ဒါေပမယ့္ အမ်ားစု သတိမျပဳမိေသးတဲ့ က်န္းမာေရးဆိုင္ရာ ျပႆနာေတြ ရွိေနပါေသးတယ္။

(1)ေရဓာတ္ခန္းေျခာက္ျခင္း
ေလယာဥ္ထဲမွာ ရွိတဲ့ေလထုဟာ အလြန္ပဲ ေျခာက္ေသြ႕ပါတယ္။ ဒါ့ေၾကာင့္ အခ်ိန္အၾကာႀကီး ေလယာဥ္စီးရမည္ဆိုရင္ သင့္အေနနဲ႔ သုံးနာရီျခားတစ္ခါေလာက္ ေရေသာက္ေပးသင့္ပါတယ္။
သတိထားရမယ့္ အခ်က္တစ္ခ်က္က ေျမျပင္မွာရွိေနစဥ္ ကြၽန္ုပ္တို႔ဟာ လတ္ဆတ္တဲ့ အသီးအႏွံ၊ ဟင္းသီးဟင္း႐ြက္ေတြကို စားေလ့ရွိၾကပါတယ္။ ဒီလိုစားသုံးျခင္းက ကြၽန္ုပ္တို႔ ေန႔စဥ္လိုအပ္တဲ့ ေရဓာတ္ကို ကူညီျဖည့္တင္းေပးႏိုင္ပါတယ္။ ဒါေပမယ့္ ေလယာဥ္ေပၚမွာေကြၽးတဲ့ အစာနဲ႔ ေဖ်ာ္ရည္ အနည္းငယ္ကေတာ့ ကြၽန္ုပ္တို႔ရဲ႕ ေရလိုအပ္ခ်က္ကို ျပည့္ဝေအာင္ ျဖည့္ဆည္းႏိုင္ဖို႔ ခဲယဥ္းပါတယ္။ ေနာက္ၿပီး ေလယာဥ္ေပၚမွာရတဲ့ လက္ဖက္ရည္၊ ေကာ္ဖီနဲ႔ ယမကာေတြဟာ ေရဓာတ္ ခန္းေျခာက္ျခင္းကို ပိုလို႔ ဆိုး႐ြားေစႏိုင္ပါတယ္။ ဒီလိုေရဓာတ္ခန္းေျခာက္ျခင္းေၾကာင့္ အလြန္အမင္း ေခါင္းကိုက္ျခင္း၊ အေရျပားနဲ႔ ႏႈတ္ခမ္းေတြ ေျခာက္ေသြ႕ျခင္း၊ ေမာပန္းႏြမ္းနယ္ျခင္း စတာေတြ ခံစားရႏိုင္ပါတယ္။
ဒီျပႆနာကို ေျဖရွင္းႏိုင္ဖို႔ အေကာင္းဆုံး နည္းလမ္းကေတာ့ ေရမ်ားမ်ားေသာက္ေပးဖို႔ပါပဲ။

(၂) ညစ္ညမ္းေသာေလကို ရွဴရျခင္းေၾကာင့္ အဆုတ္ထိခိုက္ႏိုင္ျခင္း
ေလယာဥ္ထဲမွာရွိတဲ့ ေလေတြဟာ အင္ဂ်င္ကေနတဆင့္ အတြင္းဘက္ထဲကို အဆင့္ဆင့္ ျဖန႔္ျဖဴး ေပးထားတာျဖစ္ပါတယ္။ တခါတရံ ေလယာဥ္ထြက္ခ်ိန္ ေႏွာင့္ေႏွးတာအခါမ်ိဳးမွာ ခရီးသည္ေတြဟာ ေလဝင္ေလထြက္မႈနည္းပါးတဲ့ ေလယာဥ္ခန္းထဲမွာ အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းရတတ္ပါတယ္။ ဒီလိုအခါမ်ိဳးမွာ ေလယာဥ္တြင္းမွာရွိတဲ့ ေလထုဟာ အနံ႔ဆိုး႐ြာလာတတ္ပါတယ္။ ဒါ့အျပင္ ေလထုတြင္း ေပါက္ဖြားတဲ့ ေရာဂါပိုးမ်ားအႏၲရာယ္လည္း ရွိႏိုင္ပါေသးတယ္။ ေလေၾကာင္းလိုင္းမ်ား ကေတာ့ ဒီျပႆနာကိုကာကြယ္ဖို႔ ေလသန႔္စင္မႈျပဳလုပ္ႏိုင္တဲ့ စစ္ထုတ္ကိရိယာ (filter) ေတြ တပ္ဆင္ထားၾကပါတယ္။ ဒါေပမယ့္လည္း အဲဒီ စစ္ထုတ္ကိရိယာ (filter) ေတြရဲ႕ ထိေရာက္မႈ အတိုင္းအတာကို သက္ေသျပႏိုင္မႈ နည္းပါးေနပါေသးတယ္။

(၃) သန္းႏွင့္ၾကမ္းပိုးမ်ား
ေလယာဥ္တစ္စီးဟာ အ႐ြယ္အစားနဲ႔ ခရီးစဥ္အကြာအေဝးအေပၚ မူတည္ၿပီး တစ္ရက္ကို ခရီးစဥ္ ႏွစ္ႀကိမ္ ကေန ရွစ္ႀကိမ္အထိ ပ်ံသန္းေလ့ရွိၾကပါတယ္။ အခ်ိဳ႕ေသာေလေၾကာင္းလိုင္းမ်ားဟာ ခရီးစဥ္တစ္ခုနဲ႔ တစ္ခုၾကားမွာ ေလယာဥ္ထိုင္ခုံေခါင္းစြပ္ေတြနဲ႔ ေစာင္ေတြကို သန႔္ရွင္းေရး ျပဳလုပ္ေလ့မရွိၾကပါဘူး။ ဒါ့ေၾကာင့္ ကူးစက္ပ်ံ႕ႏွံ႔လြယ္တဲ့ သန္းနဲ႔ ၾကမ္းပိုးမ်ားဟာလည္း ေလယာဥ္စီးရင္း မေမွ်ာ္လင့္ပဲႀကဳံေတြ႕ရႏိုင္တဲ့ က်န္းမာေရးဆိုင္ရာ ျပႆနာတစ္ခု ျဖစ္ပါတယ္။

(၄) ကင္ဆာျဖစ္ႏိုင္ေျခ ျမင့္မားျခင္း
ေလယာဥ္စီးျခင္းဟာ ကင္ဆာျဖစ္ပြားႏိုင္ေျခကို ျမင့္မားေစတယ္ ဆိုတာက မယုံႏိုင္စရာ ေကာင္းပါတယ္။ ဒါေပမယ့္ ေလ့လာမႈေတြအရ ဒါဟာ ျဖစ္ႏိုင္ေျခရွိေၾကာင္း ေတြ႕ရွိလာရပါတယ္။
ဒီလိုျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းႏွစ္ခ်က္ရွိပါတယ္။ ပထမတစ္ခ်က္က ေလယာဥ္ခရီးရွည္ ပ်ံသန္းမႈဟာ ခႏၶာကိုယ္တြင္းနာရီ (body clock) ကို အေႏွာင့္အယွက္ျဖစ္ေစၿပီး ေဟာ္မုန္း ပမာဏမ်ားကို ထိခိုက္ေစပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္တြင္း ဓာတုဆိုင္ရာ ဟန္ခ်က္မညီမႈမ်ား ျဖစ္ေပၚလာၿပီး အဖုအက်ိတ္ ႀကီးထြားဖို႔ ပိုမိုလြယ္ကူလာေစပါတယ္။ ဒုတိယအခ်က္ကေတာ့ ျမင့္မားတဲ့ အျမင့္ေပမွာ ေလထုဟာ ပိုမိုပါးလႊာပါတယ္။ ဒါေၾကာင့္ ဒီအေျခအေနမွာ ခရီးသည္ေတြနဲ႔ ေလယာဥ္ ဝန္ထမ္းေတြဟာ ဓာတ္ေရာင္ျခည္ထိေတြ႕မႈကို ပင္လယ္ေျမမ်က္ႏွာျပင္မွာထက္ အဆေပါင္း ၁၀၀ ကေန ၃၀၀ အထိ ပိုမို ခံစားၾကရပါတယ္။

(၅) အတြင္းပိုင္း ေသြးျပန္ေၾကာ၌ ေသြးခဲျခင္း (Deep Vein Thrombosis)
အတြင္းပိုင္းေသြးျပန္ေၾကာ၌ေသြးခဲျခင္းဟာ အဝလြန္သူေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြမွာ ျဖစ္တတ္တာ ကိုေတာ့ သိထားၿပီး ျဖစ္ၾကပါတယ္။ ဒါဟာ ငယ္႐ြယ္သူေတြမွာေရာ ျဖစ္ႏိုင္ပါသလား။ ေၾကကြဲဖြယ္ မွတ္တမ္းတစ္ခုအရ ၾသစေတးလ်ကေန လန္ဒန္ကို နာရီ ၂၀ၾကာ ေလယာဥ္စီးခဲ့တဲ့ ၂၈ႏွစ္႐ြယ္ သတို႔သမီးေလာင္းေလး တစ္ဦးဟာ ဒီအေျခအေနေၾကာင့္ ေသဆုံးခဲ့ဖူးပါတယ္။

အတြင္းပိုင္းေသြးျပန္ေၾကာ၌ေသြးခဲျခင္းကို ခံစားရတဲ့လူေတြရဲ႕ ၂၅% ခန႔္ဟာ ေလယာဥ္ ခရီးရွည္ စီးနင္းမႈေၾကာင့္ ျဖစ္ၾကပါတယ္။ ေလယာဥ္စီးခရီးသည္ေတြအေနနဲ႔ ဒီေရာဂါကို ခံစားရတဲ့ အေၾကာင္းရင္းကေတာ့ ရွင္းပါတယ္။ အတန္ငယ္ က်ပ္တည္းတဲ့ထိုင္ခုံေတြမွာ ခရီးစဥ္တေလွ်ာက္ ၾကာရွည္စြာထိုင္ရတဲ့ ကိုယ္ေနဟန္ထားဟာ ေျခေထာက္ကေန ႏွလုံးနဲ႔အဆုတ္ေတြစီ ပုံမွန္ ေသြးလည္ပတ္မႈကို အဟန႔္အတားျဖစ္ေစတာေၾကာင့္ ျဖစ္ပါတယ္။

ဒီျပႆနာရဲ႕ အေကာင္းဆုံးေျဖရွင္းနည္းကေတာ့ ေလယာဥ္ခရီးစဥ္တေလွ်ာက္ (အထူးသျဖင့္ ခရီးရွည္ေတြမွာ) မၾကာခဏ လမ္းထေလွ်ာက္ေပးဖို႔ပဲျဖစ္ပါတယ္။

ကိန္းဂဏန္းအခ်က္အလက္ေတြအရ အဓိက အေမရိကန္ ေလေၾကာင္းလိုင္း ၉ ခုမွာ တစ္ႏွစ္အတြင္း ေလယာဥ္ပ်ံသန္းစဥ္ အေရးေပၚေဆးကုသရမႈ ၁၄၀၀၀ ဝန္းက်င္ရွိၿပီး ေလယာဥ္ပ်ံသန္းစဥ္ ေသဆုံးမႈ ၃၅၀ ဝန္းက်င္ရွိပါတယ္။ ဒါဟာ ေလယာဥ္မေတာ္တဆမႈ ေၾကာင့္ ႏွစ္စဥ္ေသဆုံးရတဲ့ အေရအတြက္ ထက္ကို ပိုမ်ားပါတယ္။

ဒါ့ေၾကာင့္ ေလယာဥ္စီးစဥ္မွာ မေမွ်ာ္လင့္ပဲ ႀကဳံေတြ႕ရႏိုင္တဲ့ က်န္းမာေရး ျပႆနာေတြကို သတိမူႏိုင္ရန္ ေရးသားေဖာ္ျပလိုက္ရပါတယ္။

Author – AKS (OnDoctor)

(Unicode)

လေယာဉ်စီးတဲ့အခါ လေယာဉ် မတော်တဆပျက်ကျမှာကို စိုးရိမ်ဖူးပါသလား။ တကယ်ဆို လေယာဉ် ပျက်ကျဖို့ထက် သင့်အနေနဲ့ ထီပေါက်ဖို့ကတောင် ဖြစ်နိုင်ခြေပိုများမှာပါ။ အဲ့ဒီအစား အမှန်တကယ် သတိပြုသင့်တာကတော့ လေယာဉ်စီးခြင်းကြောင့် ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေပါပဲ။

အလုံပိတ်ထားတဲ့လေယာဉ်ထဲမှာ လူတစ်ရာလောက် အချိန်အကြာကြီး အတူနေရတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေ များပြားတာကိုတော့ လူတိုင်းသဘောပေါက်ပြီးဖြစ်မှာပါ။ ဒါပေမယ့် အများစု သတိမပြုမိသေးတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိနေပါသေးတယ်။

(1)ရေဓာတ်ခန်းခြောက်ခြင်း

လေယာဉ်ထဲမှာ ရှိတဲ့လေထုဟာ အလွန်ပဲ ခြောက်သွေ့ပါတယ်။ ဒါ့ကြောင့် အချိန်အကြာကြီး လေယာဉ်စီးရမည်ဆိုရင် သင့်အနေနဲ့ သုံးနာရီခြားတစ်ခါလောက် ရေသောက်ပေးသင့်ပါတယ်။
သတိထားရမယ့် အချက်တစ်ချက်က မြေပြင်မှာရှိနေစဉ် ကျွန်ုပ်တို့ဟာ လတ်ဆတ်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို စားလေ့ရှိကြပါတယ်။ ဒီလိုစားသုံးခြင်းက ကျွန်ုပ်တို့ နေ့စဉ်လိုအပ်တဲ့ ရေဓာတ်ကို ကူညီဖြည့်တင်းပေးနိုင်ပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်မှာကျွေးတဲ့ အစာနဲ့ ဖျော်ရည် အနည်းငယ်ကတော့ ကျွန်ုပ်တို့ရဲ့ ရေလိုအပ်ချက်ကို ပြည့်ဝအောင် ဖြည့်ဆည်းနိုင်ဖို့ ခဲယဉ်းပါတယ်။ နောက်ပြီး လေယာဉ်ပေါ်မှာရတဲ့ လက်ဖက်ရည်၊ ကော်ဖီနဲ့ ယမကာတွေဟာ ရေဓာတ် ခန်းခြောက်ခြင်းကို ပိုလို့ ဆိုးရွားစေနိုင်ပါတယ်။ ဒီလိုရေဓာတ်ခန်းခြောက်ခြင်းကြောင့် အလွန်အမင်း ခေါင်းကိုက်ခြင်း၊ အရေပြားနဲ့ နှုတ်ခမ်းတွေ ခြောက်သွေ့ခြင်း၊ မောပန်းနွမ်းနယ်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ရေများများသောက်ပေးဖို့ပါပဲ။

(၂) ညစ်ညမ်းသောလေကို ရှူရခြင်းကြောင့် အဆုတ်ထိခိုက်နိုင်ခြင်း

လေယာဉ်ထဲမှာရှိတဲ့ လေတွေဟာ အင်ဂျင်ကနေတဆင့် အတွင်းဘက်ထဲကို အဆင့်ဆင့် ဖြန့်ဖြူး ပေးထားတာဖြစ်ပါတယ်။ တခါတရံ လေယာဉ်ထွက်ချိန် နှောင့်နှေးတာအခါမျိုးမှာ ခရီးသည်တွေဟာ လေဝင်လေထွက်မှုနည်းပါးတဲ့ လေယာဉ်ခန်းထဲမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ လေယာဉ်တွင်းမှာရှိတဲ့ လေထုဟာ အနံ့ဆိုးရွာလာတတ်ပါတယ်။ ဒါ့အပြင် လေထုတွင်း ပေါက်ဖွားတဲ့ ရောဂါပိုးများအန္တရာယ်လည်း ရှိနိုင်ပါသေးတယ်။ လေကြောင်းလိုင်းများ ကတော့ ဒီပြဿနာကိုကာကွယ်ဖို့ လေသန့်စင်မှုပြုလုပ်နိုင်တဲ့ စစ်ထုတ်ကိရိယာ (filter) တွေ တပ်ဆင်ထားကြပါတယ်။ ဒါပေမယ့်လည်း အဲဒီ စစ်ထုတ်ကိရိယာ (filter) တွေရဲ့ ထိရောက်မှု အတိုင်းအတာကို သက်သေပြနိုင်မှု နည်းပါးနေပါသေးတယ်။

(၃) သန်းနှင့်ကြမ်းပိုးများ

လေယာဉ်တစ်စီးဟာ အရွယ်အစားနဲ့ ခရီးစဉ်အကွာအဝေးအပေါ် မူတည်ပြီး တစ်ရက်ကို ခရီးစဉ် နှစ်ကြိမ် ကနေ ရှစ်ကြိမ်အထိ ပျံသန်းလေ့ရှိကြပါတယ်။ အချို့သောလေကြောင်းလိုင်းများဟာ ခရီးစဉ်တစ်ခုနဲ့ တစ်ခုကြားမှာ လေယာဉ်ထိုင်ခုံခေါင်းစွပ်တွေနဲ့ စောင်တွေကို သန့်ရှင်းရေး ပြုလုပ်လေ့မရှိကြပါဘူး။ ဒါ့ကြောင့် ကူးစက်ပျံ့နှံ့လွယ်တဲ့ သန်းနဲ့ ကြမ်းပိုးများဟာလည်း လေယာဉ်စီးရင်း မမျှော်လင့်ပဲကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။

(၄) ကင်ဆာဖြစ်နိုင်ခြေ မြင့်မားခြင်း

လေယာဉ်စီးခြင်းဟာ ကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်မားစေတယ် ဆိုတာက မယုံနိုင်စရာ ကောင်းပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ ဒါဟာ ဖြစ်နိုင်ခြေရှိကြောင်း တွေ့ရှိလာရပါတယ်။
ဒီလိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က လေယာဉ်ခရီးရှည် ပျံသန်းမှုဟာ ခန္ဓာကိုယ်တွင်းနာရီ (body clock) ကို အနှောင့်အယှက်ဖြစ်စေပြီး ဟော်မုန်း ပမာဏများကို ထိခိုက်စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ဓာတုဆိုင်ရာ ဟန်ချက်မညီမှုများ ဖြစ်ပေါ်လာပြီး အဖုအကျိတ် ကြီးထွားဖို့ ပိုမိုလွယ်ကူလာစေပါတယ်။ ဒုတိယအချက်ကတော့ မြင့်မားတဲ့ အမြင့်ပေမှာ လေထုဟာ ပိုမိုပါးလွှာပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ ခရီးသည်တွေနဲ့ လေယာဉ် ဝန်ထမ်းတွေဟာ ဓာတ်ရောင်ခြည်ထိတွေ့မှုကို ပင်လယ်မြေမျက်နှာပြင်မှာထက် အဆပေါင်း ၁၀၀ ကနေ ၃၀၀ အထိ ပိုမို ခံစားကြရပါတယ်။

(၅) အတွင်းပိုင်း သွေးပြန်ကြော၌ သွေးခဲခြင်း (Deep Vein Thrombosis)

အတွင်းပိုင်းသွေးပြန်ကြော၌သွေးခဲခြင်းဟာ အဝလွန်သူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်တာ ကိုတော့ သိထားပြီး ဖြစ်ကြပါတယ်။ ဒါဟာ ငယ်ရွယ်သူတွေမှာရော ဖြစ်နိုင်ပါသလား။ ကြေကွဲဖွယ် မှတ်တမ်းတစ်ခုအရ သြစတေးလျကနေ လန်ဒန်ကို နာရီ ၂၀ကြာ လေယာဉ်စီးခဲ့တဲ့ ၂၈နှစ်ရွယ် သတို့သမီးလောင်းလေး တစ်ဦးဟာ ဒီအခြေအနေကြောင့် သေဆုံးခဲ့ဖူးပါတယ်။

အတွင်းပိုင်းသွေးပြန်ကြော၌သွေးခဲခြင်းကို ခံစားရတဲ့လူတွေရဲ့ ၂၅% ခန့်ဟာ လေယာဉ် ခရီးရှည် စီးနင်းမှုကြောင့် ဖြစ်ကြပါတယ်။ လေယာဉ်စီးခရီးသည်တွေအနေနဲ့ ဒီရောဂါကို ခံစားရတဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။ အတန်ငယ် ကျပ်တည်းတဲ့ထိုင်ခုံတွေမှာ ခရီးစဉ်တလျှောက် ကြာရှည်စွာထိုင်ရတဲ့ ကိုယ်နေဟန်ထားဟာ ခြေထောက်ကနေ နှလုံးနဲ့အဆုတ်တွေစီ ပုံမှန် သွေးလည်ပတ်မှုကို အဟန့်အတားဖြစ်စေတာကြောင့် ဖြစ်ပါတယ်။

ဒီပြဿနာရဲ့ အကောင်းဆုံးဖြေရှင်းနည်းကတော့ လေယာဉ်ခရီးစဉ်တလျှောက် (အထူးသဖြင့် ခရီးရှည်တွေမှာ) မကြာခဏ လမ်းထလျှောက်ပေးဖို့ပဲဖြစ်ပါတယ်။

ကိန်းဂဏန်းအချက်အလက်တွေအရ အဓိက အမေရိကန် လေကြောင်းလိုင်း ၉ ခုမှာ တစ်နှစ်အတွင်း လေယာဉ်ပျံသန်းစဉ် အရေးပေါ်ဆေးကုသရမှု ၁၄၀၀၀ ဝန်းကျင်ရှိပြီး လေယာဉ်ပျံသန်းစဉ် သေဆုံးမှု ၃၅၀ ဝန်းကျင်ရှိပါတယ်။ ဒါဟာ လေယာဉ်မတော်တဆမှု ကြောင့် နှစ်စဉ်သေဆုံးရတဲ့ အရေအတွက် ထက်ကို ပိုများပါတယ်။

ဒါ့ကြောင့် လေယာဉ်စီးစဉ်မှာ မမျှော်လင့်ပဲ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို သတိမူနိုင်ရန် ရေးသားဖော်ပြလိုက်ရပါတယ်။

Author – AKS (OnDoctor)

Previous Post

မိန်းကလေးများ ငွေမကုန်ဘဲ အလှအပနည်းလမ်းကောင်းများ

Next Post

အိမ်ပြန်ချင်သည်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိမ်ပြန်ချင်သည်

စိတ်ကျဝေဒနာကို သက်သာစေနိုင်သည်

လိင်အင်္ဂါကောင်းစွာမတောင့်တင်းနိုင်ခြင်းအတွက် ကုထုံးများ ဆေးဝါးကုထုံး (သောက်ဆေးများ)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.