ပါးစပ်အနံ့ဆိုးတာနဲ့ ခံတွင်းကင်ဆာ ဆက်စပ်သလား
အသက်ရှုထုတ်လိုက်သော အနံ့သည် ကင်ဆာရောဂါနဲ့ဆက်စပ်နေသည်ကို သင်သိထားပါသလား?အနံ့ဆိုးထွက်ခြင်းသည် မိမိအတွက်ယုံကြည်မူလျော့နည်းခြင်းအပြင်အခြားသူများအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ပေါင်းသင်းဆက်ဆံရေးနှင့်လုပ်ငန်းခွင်ထိခိုက်မူ ရှိလာနိုင်ပါတယ်။
ဂျပန်နိုင်ငံရှိ သုတေသနပညာရှင်များတွေ့ရှိချက်အရ အစာအိမ်ရောဂါ လက္ခဏာတစ်ရပ်မှ ခံစားသိရှိမုူ မရှိသော်လည်း အသက်ရှုနံ အနံဆိုးသည် အစာအိမ်နှင့် ခံတွင်းအတွင်းရှိ အနာနှင့်ကင်ဆာဖြစ်စေသော ဘက်တီရီးယားများကြောင့် ဟူရျ်လေ့လာတွေ့ရှိရကြောင်းရေးသားထားပါတယ်။
သုတေသနပြုချက်များအရ ဖွံဖြိုးဆဲနိုင်ငံများရှိ လူဦးရေ ၉၀% နှင့် ဖွံဖြိုးပြီးနိုင်ငံရှိလူဦးရေ ၂၀ မှ ၈၀ %သည် အစာအိမ်နှင့်အူလမ်းကြောင်းအနာများဖြစ်စေသော ဘက်တီရီးယားပိုး H pylori ကို သယ်ဆောင်ထားကြောင်းတွေ့ရှိထားပါတယ်။
လက်ရှိလေ့လာချက်အရ လူတစ်ယောက်ဧ။် ခံတွင်းတွင်ဘက်တီရီယားမျိုးစိတ်ပေါင်း ၆၀၀ကျော် ရှိနိုင်ကြောင်းနှင့် ၎င်းတို့တွင် H pyloriနှင့် သွားနှင့်ခံတွင်းရောဂါဖြစ်စေသော ပိုးများလည်းပါဝင်ပါတယ်။H pylori ပိုးသည် ခံတွင်းအတွင် အသက်ရှင်နေနိုင်ကြောင်းတွေ့ရှိရပါတယ်။
အသက်ရူအနံဆိုးသည်
– ခံတွင်းရောဂါရှိသူများ
-အစာအသောက်များကြောင့်
-သွားပိုးပေါက်ရှိသူများ။
-သွားသေချာမသန့်ရှင်းသူများနှင့် ခံတွင်းသန့်ရှင်းရေးဂရုမစိုက်သူများတွင်ဖြစ်လေ့ရှိပါတယ်။ထိုသူများတွင် ဘက်တီရီးယားပိုးများ ခိုအောင်းကပ်တွယ်နေသောကြောင့်ဖြစ်ပါတယ်။
ကပ်တွယ်နေသောဘက်တီးရီးယားပိုးများသည် အနံများထုတ်လွှတ်ပြီး အဆိုပါ အနံများတွင် ဆိုးရွားစေသော ဟိုက်ဒရိုင်ဆာလဖိုက်။မီသိုင်းအုပ်စုများပါဝင်သောကြောင့် အနံ့ဆိုးနေရခြင်းဖြစ်ပါတယ်။ရောဂါရှာဖွေရာတွင် အဆ်ုပါ ဓာတ်ပေါင်းပမာဏကိုတိုင်းတာနိုင်ပါတယ်။အများအားဖြင့် အစာအိမ်နှင်အြူလမ်းကြောင်းရောဂါများသည် အနံ့ဆိုးထွက်နိုင်ပါတယ်။
ပိုးများကြောင့် အနံ့ဆိုးတကယ်ထွက်မထွက် ဆက်လက်လေ့လာချက်အရ ဂျပန်လူမျိုး ၃၂၆ရဲ့တံထွေးကို ဗီဇစစ်ကြည့်ရာ ၂၅၁ယောက်သည် အနံ့ဆိုးထွက်စေပြီး မည်သည့်အစာအိမ်ပြဿနာတစုံတရာမရှိပါ။၎င်းတို့သည် H pyloriအပြင် သွားနှင့်ခံတွင်းရောဂါဖြစ်စေသော ဘက်တီရီးယားပိုး များစွာရှိနေကြောင့်လေ့လာတွေ့ရှိရပါတယ်။
(1) အထူးတွေ့ရှိချက်အရ
-လေ့လာသူဦးရေ ၂၁%ရဲ့ခံတွင်းတွင် H pyloriတွေ့ရှိရပါတယ်။
-ထိုတွေ့ရှိသူများတွင် အခြားခံတွင်းရောဂါနှင့်ဆိူင်သော မီးသိုင်းအုပ်စုပမာဏများခြင်း။သွားကျန်းမာရေးဆိုးရွားခြင်းနှင့်တံထွေးသွေးပါခြင်းစသည့်အချက်များပါ တွေ့ရှိရပါတယ်။
-သွားဖုံးရောင်သူ ၁၆%တွင်လည်း H pyloriရှိကြောင်းတွေ့ရှိရပါတယ်။သွားဖုံးရောင်ခြင်းဆိုးရွားခြင်းသည် H pyloriပိုးကပ်တွယ်ရန် ပိုကောင်းစေပြီး ကူစက်မူကြောင့် အနံ့ဆိုးများဖြစ်စေနိုင်ပါတယ်။
-H pyloriပိုးသည် အနံ့ဆိုးကို တိုက်ရိုက်မဖြစ်စေခဲ့လျင်လည်း အခြားပိုးများအနံ့ဆိုးထွက်အောင်သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေနိုင်ပါတယ်။
-ပါးစပ်အတွင်းရှ ိ H pyloriသည် အစာအိမ်အတွင်းဝင်ရောက်ကူးစက်ရောဂါဖြစ်စေသောကြောင့် အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများဖြစ်လာခြင်းဖြစ်ပါတယ်။
(2)အနံ့ဆိုးကာကွယ်ရန် အိမ်တွင်းနည်းလမ်းများမှာ
-နေ့စဉ် တနေ့၂ကြိမ်သွားတိုက်ပါ
-အစာစားပြီးပလုတ်ကျင်းပါ
-သွားတု အံကပ်များသေချာသန့်ရှင်းရေးလုပ်ပါ
-လျှာကိုသေချာတိုက်ပါ
-ရေများများသောက်ပါ
-အနံ့ပြင်းသောအစာအစားများရှောင်ကြဉ်ပါ
-အရက်။ဘီယာ။ဆေးလိပ်ရှောင်ပါ
-တံထွေးထွက်စေရန် ပီကေဝါးပါ။
-ဝမ်းချုပ်ခြင်းသက်သာစေရန် အသီးအရွက်နှင့် အချဉ်ဓာတ်ပါသောအသီးအနှံ့များစားသုံးပါ။